< ၂ ဓမ္မရာဇဝင် 8 >
1 ၁ ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင် သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူ လေ၏။
And it came to pass after this, that David smote the Philistines, and humbled them: and David took Metheg-haammah out of the hand of the Philistines.
2 ၂ မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။
And he smote Moab, and measured them with a line, laying them down on the ground; and he measured with two lines to put to death, and with one full line to keep alive. And the Moabites became David's servants, bringing presents.
3 ၃ ဇောဘ မင်းကြီး ရဟောဘ ၏သား ဟာဒဒေဇာ သည် ဥဖရတ် မြစ် နား မြေကိုသိမ်းယူခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် တိုက်ဖျက် ၍၊
David smote also Hadad'ezer, the son of Rechob, the king of Zobah, as he went to extend his territory at the river Euphrates.
4 ၄ ရထားတထောင် ၊ မြင်းစီး သူရဲခုနစ် ထောင်၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကိုသိမ်းထား ပြီးမှ ၊ အခြားသောမြင်းရထား ရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
And David captured from him a thousand and seven hundred horsemen, and twenty thousand men on foot: and David hamstringed all the chariot-teams, but reserved of them a hundred chariot-teams.
5 ၅ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ်ပြီးမှ၊
And the Syrians of Damascus then came to aid Hadad'ezer, the king of Zobah, when David slew of the Syrians twenty and two thousand men.
6 ၆ ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့် တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
And David put garrisons in Syria of Damascus: and the Syrians became servants to David, bearing presents. And the Lord helped David whithersoever he went.
7 ၇ ဟာဒဒေဇာ ၏ ကျွန် တို့စွဲကိုင် သော ရွှေ ဒိုင်းလွှား များကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင်သွား ၏။
And David took the shields of gold that belonged to the servants of Hadad'ezer, and brought them to Jerusalem.
8 ၈ ဟာဒဒေဇာ အစိုးရသောဘေတ မြို့နှင့် ဗေရောသဲ မြို့မှ ဒါဝိဒ် မင်းကြီး သည် များစွာ သောကြေးဝါ ကို သိမ်းသွား ၏။
And from Betach, and from Berothai, cities of Hadad'ezer, did king David take exceedingly much copper.
9 ၉ ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကို၊ ဟာမတ် မင်းကြီး တောဣ သည် ကြား လျှင်၊
And when To'i the king of Chamath heard that David had smitten all the host of Hadad'ezer,
10 ၁၀ မိမိ ရန်သူ ဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိ သား ယောရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍၊ ယောရံ သည် ငွေ ဖလား ၊ ရွှေ ဖလား ၊ ကြေးဝါ ဖလား တို့ကို ဆောင် လျက်လာ ၏။
Then did To'i send Yoram his son unto king David, to ask him after his well-being, and to bless him, because that he had fought against Hadad'ezer, and smitten him; for Hadad'ezer had been engaged in wars with To'i; and he had in his hand vessels of silver, and vessels of gold, and vessels of copper:
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူ အောင်မြင် သော ရှုရိ ပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၌ သိမ်းယူ သော ရွှေ ငွေ ကို၎င်း၊
These also did king David sanctify unto the Lord, with the silver and gold that he had sanctified from all the nations which he subdued;
12 ၁၂ ဇောဘ မင်းကြီး ရဟောဘ သား ဟာဒဒေဇာ ၏ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရားအား ပူဇော်၏။
From Syria, and from Moab, and from the children of 'Ammon, and from the Philistines, and from 'Amalek, and from the spoil of Hadad'ezer, the son of Rechob, the king of Zobah.
13 ၁၃ ဆားချိုင့်တွင် ဧဒုံလူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ ရာမှ ၊ ဒါဝိဒ် သည် ပြန် လာသောအခါ ဂုဏ် အသရေကြီး၏။
And David acquired a name when he returned from his smiting the Syrians in the valley of salt, eighteen thousand men.
14 ၁၄ ဧဒုံ ပြည်အရပ်ရပ် ၌ မြို့စောင့် တပ်တို့ကိုထား ၍၊ ဧဒုံ ပြည်သားအပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
And he put garrisons in Edom; throughout all Edom put he garrisons, and all the Edomites became servants to David. And the Lord helped David whithersoever he went.
15 ၁၅ ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ ၍ ၊ နိုင်ငံ တော်သားတို့တွင် တရား မှုကို စီရင် ဆုံးဖြတ်တော်မူ၏။
And David reigned over all Israel; and David did what is just and right unto all his people.
16 ၁၆ ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ် ၏သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
And Joab the son of Zeruyah was over the army; and Jehoshaphat the son of Achilud was recorder;
17 ၁၇ အဟိတုပ် သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
And Zadok the son of Achitub, and Achimelech the son of Ebyathar, were priests; and Serayah was scribe;
18 ၁၈ ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည်လည်း မင်းသား အရာနှင့်နေ ကြ၏။
And Banayahu the son of Yehoyada' was over both the Kerethites and the Pelethites; and David's sons were officers of state.