< ၂ ဓမ္မရာဇဝင် 7 >
1 ၁ ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။
Lorsque le roi fut établi dans sa maison et que Yahweh lui eut donné du repos en le délivrant de tous ses ennemis à l’entour,
2 ၂ ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊
le roi dit à Nathan le prophète: « Vois donc! J’habite dans une maison de cèdre, et l’arche de Dieu habite au milieu de la tente! »
3 ၃ နာသန် က၊ အကြံ တော်ရှိသမျှ အတွင်းပြု တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက် ၏။
Nathan répondit au roi: « Va, fais tout ce que tu as dans le cœur, car Yahweh est avec toi. »
4 ၄ ထို ညဉ့် တွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နာသန် သို့ ရောက် ၍၊
Cette nuit-là, la parole de Yahweh fut adressée à Nathan en ces termes:
5 ၅ ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။
« Va dire à mon serviteur, à David: Ainsi parle Yahweh: Est-ce toi qui me bâtirais une maison pour que j’y habite?
6 ၆ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သောနေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့် ငါမ နေ။ တဲ အမျိုးမျိုးနှင့် ငါလှည့်လည် ပြီ။
Car je n’ai pas habité dans une maison depuis le jour où j’ai fait monter d’Égypte les enfants d’Israël jusqu’à ce jour; j’ai voyagé sous une tente et dans un tabernacle.
7 ၇ ဣသရေလ အမျိုးသားတို့နှင့် ငါလှည့်လည် ရာ အရပ်ရပ် တို့၌ ၊ ငါ ၏လူ ဣသရေလ အမျိုးကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
Pendant tout le temps que j’ai voyagé avec tous les enfants d’Israël, ai-je dit un mot à l’un des chefs d’Israël à qui j’ai ordonné de paître mon peuple d’Israël, en disant: Pourquoi ne me bâtissez-vous pas une maison de cèdre?
8 ၈ ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။
Maintenant, tu diras à mon serviteur, à David: Ainsi parle Yahweh des armées: Je t’ai pris au pâturage, derrière les brebis, pour être prince sur mon peuple, sur Israël;
9 ၉ သင်သွား လေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ ပယ်ရှား သဖြင့် ၊ မြေကြီး သား တို့တွင် လူကြီး ၏ဂုဏ် အသရေကဲ့သို့ သင် ၌ ကြီးစွာ သော ဂုဏ် အသရေကို ငါပေး ပြီ။
j’ai été avec toi partout où tu allais, j’ai exterminé tous tes ennemis devant toi, et je t’ai fait un grand nom, comme le nom des grands qui sont sur la terre;
10 ၁၀ ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊
j’ai assigné un lieu à mon peuple, à Israël, et je l’ai planté, et il habite chez lui, et il ne sera plus troublé, et les fils d’iniquité ne l’opprimeront plus, comme autrefois
11 ၁၁ ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
et comme au jour où j’avais établi des juges sur mon peuple d’Israël. Je t’ai accordé du repos en te délivrant de tous tes ennemis. Et Yahweh t’annonce qu’il te fera une maison.
12 ၁၂ သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး တို့နှင့်အတူ အိပ်ပျော် သောအခါ သင် ၏ရင်သွေး ၊ သင် မှ ဆင်းသက် သော သားကိုငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
Quand tes jours seront accomplis et que tu seras couché avec tes pères, j’élèverai ta postérité après toi, celui qui sortira de tes entrailles, et j’affermirai sa royauté.
13 ၁၃ ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။
C’est lui qui bâtira une maison à mon nom, et j’affermirai pour toujours le trône de son royaume.
14 ၁၄ ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
Je serai pour lui un père, et il sera pour moi un fils. S’il fait le mal, je le châtierai avec une verge d’hommes et des coups de fils d’hommes.
15 ၁၅ သို့ရာတွင် သင့် ရှေ့ မှာ ငါပယ်ရှား သော ရှောလု ၌ ငါ ၏ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
Mais ma grâce ne se retirera pas de lui, comme je l’ai retirée de Saül, que j’ai retiré de devant toi.
16 ၁၆ သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။
Ta maison et ta royauté seront pour toujours assurées devant toi; ton trône sera affermi pour toujours. »
17 ၁၇ ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
Nathan parla à David selon toutes ces paroles et toute cette vision.
18 ၁၈ ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။
Le roi David vint et demeura devant Yahweh; et il dit: « Qui suis-je, Seigneur Yahweh, et quelle est ma maison, pour que vous m’ayez fait arriver jusque-là?
19 ၁၉ သို့ရာတွင် အိုအရှင် ထာဝရဘုရား ၊ ထို ကျေးဇူးတော်ကို သာမည ကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် ကို ကြာမြင့် စွာသောကာလနှင့် ယှဉ်လျက်မိန့် တော်မူပါသည်တကား။ အိုအရှင် ထာဝရဘုရား ၊ လူ တို့သည် ထိုသို့ စီရင်လေ့ရှိပါ သလော။
Et c’est encore peu de chose à vos yeux, Seigneur Yahweh; vous avez parlé aussi de la maison de votre serviteur pour les temps lointains: c’est agir à mon égard selon la loi de l’homme, Seigneur Yahweh!
20 ၂၀ ဒါဝိဒ် သည် အဘယ်သို့ တိုးတက် ၍ လျှောက် ရပါမည်နည်း။ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ၏ကျွန် ကို သိ တော်မူ၏။
Que pourrait vous dire de plus David? Vous connaissez votre serviteur, Seigneur Yahweh!
21 ၂၁ နှုတ်ကပတ် တော်ကိုထောက်၍ ၊ အလို တော်ရှိသည်အတိုင်း ကိုယ်တော် ၏ကျွန် သိ ရမည်အကြောင်း၊ ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ပြု တော်မူပြီ။
C’est à cause de votre parole et selon votre cœur que vous avez fait toute cette grande chose, pour la faire connaître à votre serviteur.
22 ၂၂ သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။
C’est pourquoi vous êtes grand, Seigneur Yahweh! car nul n’est semblable à vous, et il n’y a pas d’autre Dieu que vous, d’après tout ce que nous avons entendu de nos oreilles.
23 ၂၃ နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
Quelle autre nation y a-t-il sur la terre comme votre peuple, comme Israël, que Dieu est venu racheter pour en faire son peuple, pour lui faire un nom et accomplir pour vous des choses grandes et des prodiges en faveur de votre terre, en chassant de devant votre peuple, que vous vous êtes racheté d’Égypte, les nations et leurs dieux?
24 ၂၄ အကြောင်းမူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော် အဘို့ ခိုင်ခံ့ မြဲမြံစေ၍ ၊ ကိုယ်တော် ထာဝရဘုရား သည် သူ တို့၏ဘုရား သခင်ဖြစ် တော်မူ၏။
Vous avez affermi votre peuple d’Israël pour qu’il soit votre peuple à jamais, et vous, Yahweh, vous êtes devenu son Dieu.
25 ၂၅ ယခု မှာ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော်ကို အစဉ်အမြဲ တည် စေတော်မူပါ။ မိန့် တော်မူသည်အတိုင်း ပြု တော်မူပါ။
Maintenant donc, Yahweh Dieu, la parole que vous avez dite au sujet de votre serviteur et au sujet de sa maison, maintenez-la à jamais et agissez selon votre parole;
26 ၂၆ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစိုးရသောဘုရား သခင်ဖြစ်တော်မူသည်ဟူ၍ နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌တည် ပါစေသော။
et que votre nom soit glorifié à jamais, et que l’on dise: Yahweh des armées est Dieu sur Israël! Et que la maison de votre serviteur David soit affermie devant vous.
27 ၂၇ အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။
Car vous-même Yahweh des armées, Dieu d’Israël, vous vous êtes révélé à votre serviteur, en disant: Je te bâtirai une maison; c’est pourquoi votre serviteur s’est enhardi à vous adresser cette prière.
28 ၂၈ ယခု လည်း အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်မှန်တော်မူ၏။ စကား တော်လည်း မှန် ပါ၏။ ဤ ကျေးဇူး ကိုကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
Maintenant, Seigneur Yahweh, c’est vous qui êtes Dieu, et vos paroles sont vraies. Or vous avez dit à votre serviteur cette parole agréable;
29 ၂၉ သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်း ၊ ကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား ၊ အမိန့် တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသောမင်္ဂလာ ကို၊ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် အစဉ်အမြဲ ခံရပါစေသောဟု ဆုတောင်းသတည်း။
maintenant, qu’il vous plaise de bénir la maison de votre serviteur, afin qu’elle subsiste à jamais devant vous. Car c’est vous, Seigneur Yahweh, qui avez parlé, et par votre bénédiction la maison de votre serviteur sera bénie éternellement. »