< ၂ ဓမ္မရာဇဝင် 7 >

1 ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။
And it came to pass, when the king dwelt in his house, and the LORD had given him rest from all his enemies round about,
2 ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊
that the king said unto Nathan the prophet: 'See now, I dwell in a house of cedar, but the ark of God dwelleth within curtains.'
3 နာသန် က၊ အကြံ တော်ရှိသမျှ အတွင်းပြု တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက် ၏။
And Nathan said to the king: 'Go, do all that is in thy heart; for the LORD is with thee.'
4 ထို ညဉ့် တွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နာသန် သို့ ရောက် ၍၊
And it came to pass the same night, that the word of the LORD came unto Nathan, saying:
5 ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။
'Go and tell My servant David: Thus saith the LORD: Shalt thou build Me a house for Me to dwell in?
6 ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သောနေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့် ငါမ နေ။ တဲ အမျိုးမျိုးနှင့် ငါလှည့်လည် ပြီ။
for I have not dwelt in a house since the day that I brought up the children of Israel out of Egypt, even to this day, but have walked in a tent and in a tabernacle.
7 ဣသရေလ အမျိုးသားတို့နှင့် ငါလှည့်လည် ရာ အရပ်ရပ် တို့၌ ၊ ငါ ၏လူ ဣသရေလ အမျိုးကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
In all places wherein I have walked among all the children of Israel, spoke I a word with any of the tribes of Israel, whom I commanded to feed My people Israel, saying: Why have ye not built Me a house of cedar?
8 ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။
Now therefore thus shalt thou say unto My servant David: Thus saith the LORD of hosts: I took thee from the sheepcote, from following the sheep, that thou shouldest be prince over My people, over Israel.
9 သင်သွား လေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ ပယ်ရှား သဖြင့် ၊ မြေကြီး သား တို့တွင် လူကြီး ၏ဂုဏ် အသရေကဲ့သို့ သင် ၌ ကြီးစွာ သော ဂုဏ် အသရေကို ငါပေး ပြီ။
And I have been with thee whithersoever thou didst go, and have cut off all thine enemies from before thee; and I will make thee a great name, like unto the name of the great ones that are in the earth.
10 ၁၀ ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊
And I will appoint a place for My people Israel, and will plant them, that they may dwell in their own place, and be disquieted no more; neither shall the children of wickedness afflict them any more, as at the first,
11 ၁၁ ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
even from the day that I commanded judges to be over My people Israel; and I will cause thee to rest from all thine enemies. Moreover the LORD telleth thee that the LORD will make thee a house.
12 ၁၂ သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး တို့နှင့်အတူ အိပ်ပျော် သောအခါ သင် ၏ရင်သွေး ၊ သင် မှ ဆင်းသက် သော သားကိုငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
When thy days are fulfilled, and thou shalt sleep with thy fathers, I will set up thy seed after thee, that shall proceed out of thy body, and I will establish his kingdom.
13 ၁၃ ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။
He shall build a house for My name, and I will establish the throne of his kingdom for ever.
14 ၁၄ ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
I will be to him for a father, and he shall be to Me for a son; if he commit iniquity, I will chasten him with the rod of men, and with the stripes of the children of men;
15 ၁၅ သို့ရာတွင် သင့် ရှေ့ မှာ ငါပယ်ရှား သော ရှောလု ၌ ငါ ၏ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
but My mercy shall not depart from him, as I took it from Saul, whom I put away before thee.
16 ၁၆ သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။
And thy house and thy kingdom shall be made sure for ever before thee; thy throne shall be established for ever.'
17 ၁၇ ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
According to all these words, and according to all this vision, so did Nathan speak unto David.
18 ၁၈ ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။
Then David the king went in, and sat before the LORD; and he said: 'Who am I, O Lord GOD, and what is my house, that Thou hast brought me thus far?
19 ၁၉ သို့ရာတွင် အိုအရှင် ထာဝရဘုရား ၊ ထို ကျေးဇူးတော်ကို သာမည ကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် ကို ကြာမြင့် စွာသောကာလနှင့် ယှဉ်လျက်မိန့် တော်မူပါသည်တကား။ အိုအရှင် ထာဝရဘုရား ၊ လူ တို့သည် ထိုသို့ စီရင်လေ့ရှိပါ သလော။
And this was yet a small thing in Thine eyes, O Lord GOD; but Thou hast spoken also of Thy servant's house for a great while to come; and this too after the manner of great men, O Lord GOD.
20 ၂၀ ဒါဝိဒ် သည် အဘယ်သို့ တိုးတက် ၍ လျှောက် ရပါမည်နည်း။ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ၏ကျွန် ကို သိ တော်မူ၏။
And what can David say more unto Thee? for Thou knowest Thy servant, O Lord GOD.
21 ၂၁ နှုတ်ကပတ် တော်ကိုထောက်၍ ၊ အလို တော်ရှိသည်အတိုင်း ကိုယ်တော် ၏ကျွန် သိ ရမည်အကြောင်း၊ ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ပြု တော်မူပြီ။
For Thy word's sake, and according to Thine own heart, hast Thou wrought all this greatness, to make Thy servant know it.
22 ၂၂ သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။
Therefore Thou art great, O LORD God; for there is none like Thee, neither is there any God beside Thee, according to all that we have heard with our ears.
23 ၂၃ နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
And who is like Thy people, like Israel, a nation one in the earth, whom God went to redeem unto Himself for a people, and to make Him a name, and to do for Thy land great things and tremendous, even for you, in driving out from before Thy people, whom Thou didst redeem to Thee out of Egypt, the nations and their gods?
24 ၂၄ အကြောင်းမူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော် အဘို့ ခိုင်ခံ့ မြဲမြံစေ၍ ၊ ကိုယ်တော် ထာဝရဘုရား သည် သူ တို့၏ဘုရား သခင်ဖြစ် တော်မူ၏။
And Thou didst establish to Thyself Thy people Israel to be a people unto Thee for ever; and Thou, LORD, becamest their God.
25 ၂၅ ယခု မှာ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော်ကို အစဉ်အမြဲ တည် စေတော်မူပါ။ မိန့် တော်မူသည်အတိုင်း ပြု တော်မူပါ။
And now, O LORD God, the word that Thou hast spoken concerning Thy servant, and concerning his house, confirm Thou it for ever, and do as Thou hast spoken.
26 ၂၆ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစိုးရသောဘုရား သခင်ဖြစ်တော်မူသည်ဟူ၍ နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌တည် ပါစေသော။
And let Thy name be magnified for ever, that it may be said: The LORD of hosts is God over Israel; and the house of Thy servant David shall be established before Thee.
27 ၂၇ အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။
For Thou, O LORD of hosts, the God of Israel, hast revealed to Thy servant, saying: I will build thee a house; therefore hath Thy servant taken heart to pray this prayer unto Thee.
28 ၂၈ ယခု လည်း အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်မှန်တော်မူ၏။ စကား တော်လည်း မှန် ပါ၏။ ဤ ကျေးဇူး ကိုကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
And now, O Lord GOD, Thou alone art God, and Thy words are truth, and Thou hast promised this good thing unto Thy servant;
29 ၂၉ သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်း ၊ ကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား ၊ အမိန့် တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသောမင်္ဂလာ ကို၊ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် အစဉ်အမြဲ ခံရပါစေသောဟု ဆုတောင်းသတည်း။
now therefore let it please Thee to bless the house of Thy servant, that it may continue for ever before Thee; for Thou, O Lord GOD, hast spoken it; and through Thy blessing let the house of Thy servant be blessed for ever.'

< ၂ ဓမ္မရာဇဝင် 7 >