< ၂ ဓမ္မရာဇဝင် 6 >
1 ၁ တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင်၊
David again gathered together all the chosen men of Israel, thirty thousand.
2 ၂ ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။
David arose and went with all the people who were with him from Baale Judah, to bring up from there God’s ark, which is called by the Name, even the name of Yahweh of Armies who sits above the cherubim.
3 ၃ ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် ၍ တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။
They set God’s ark on a new cart, and brought it out of Abinadab’s house that was on the hill; and Uzzah and Ahio, the sons of Abinadab, drove the new cart.
4 ၄ ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။
They brought it out of Abinadab’s house which was in the hill, with God’s ark; and Ahio went before the ark.
5 ၅ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။
David and all the house of Israel played before Yahweh with all kinds of instruments made of cypress wood, with harps, with stringed instruments, with tambourines, with castanets, and with cymbals.
6 ၆ နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။
When they came to the threshing floor of Nacon, Uzzah reached for God’s ark and took hold of it, for the cattle stumbled.
7 ၇ ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့် ၊ သူသည်သေတ္တာ တော်နား မှာ သေ လေ၏။
Yahweh’s anger burned against Uzzah, and God struck him there for his error; and he died there by God’s ark.
8 ၈ ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။
David was displeased because Yahweh had broken out against Uzzah; and he called that place Perez Uzzah to this day.
9 ၉ ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက်၊
David was afraid of Yahweh that day; and he said, “How could Yahweh’s ark come to me?”
10 ၁၀ မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
So David would not move Yahweh’s ark to be with him in David’s city; but David carried it aside into Obed-Edom the Gittite’s house.
11 ၁၁ ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
Yahweh’s ark remained in Obed-Edom the Gittite’s house three months; and Yahweh blessed Obed-Edom and all his house.
12 ၁၂ ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ၌ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါ ၊ တဖန် သွား ၍ ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။
King David was told, “Yahweh has blessed the house of Obed-Edom, and all that belongs to him, because of God’s ark.” So David went and brought up God’s ark from the house of Obed-Edom into David’s city with joy.
13 ၁၃ ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှ ၊ နွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။
When those who bore Yahweh’s ark had gone six paces, he sacrificed an ox and a fattened calf.
14 ၁၄ ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။
David danced before Yahweh with all his might; and David was clothed in a linen ephod.
15 ၁၅ ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက် ၊ တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
So David and all the house of Israel brought up Yahweh’s ark with shouting and with the sound of the trumpet.
16 ၁၆ ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
As Yahweh’s ark came into David’s city, Michal the daughter of Saul looked out through the window and saw King David leaping and dancing before Yahweh; and she despised him in her heart.
17 ၁၇ ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ၌ ထား ကြပြီးမှ ၊ ဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။
They brought in Yahweh’s ark, and set it in its place in the middle of the tent that David had pitched for it; and David offered burnt offerings and peace offerings before Yahweh.
18 ၁၈ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။
When David had finished offering the burnt offering and the peace offerings, he blessed the people in the name of Yahweh of Armies.
19 ၁၉ ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှ ၊ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
He gave to all the people, even among the whole multitude of Israel, both to men and women, to everyone a portion of bread, dates, and raisins. So all the people departed, each to his own house.
20 ၂၀ ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ ၊ ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။
Then David returned to bless his household. Michal the daughter of Saul came out to meet David, and said, “How glorious the king of Israel was today, who uncovered himself today in the eyes of his servants’ maids, as one of the vain fellows shamelessly uncovers himself!”
21 ၂၁ ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။
David said to Michal, “It was before Yahweh, who chose me above your father, and above all his house, to appoint me prince over the people of Yahweh, over Israel. Therefore I will celebrate before Yahweh.
22 ၂၂ ထိုမျှမက ၊ ငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကား ၊ ငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။
I will be yet more undignified than this, and will be worthless in my own sight. But the maids of whom you have spoken will honor me.”
23 ၂၃ ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။
Michal the daughter of Saul had no child to the day of her death.