< ၂ ဓမ္မရာဇဝင် 6 >

1 တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင်၊
And David again gathered together all the chosen men of Israel, thirty thousand.
2 ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။
And David arose, and went with all the people who were with him to Baalah, that is, Kiriath Jearim of Judah, to bring up from there the ark of God, which is called there by the name of Jehovah enthroned on the cherubim.
3 ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် ၍ တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။
And they set the ark of God on a new cart, and brought it out of the house of Abinadab that was on the hill. And Uzza and Ahio, the sons of Abinadab, guided the cart
4 ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။
with the ark; and Ahio was walking in front of the ark.
5 ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။
And David and the children of Israel played before Jehovah with all their strength and with songs, and with harps, and with stringed instruments, and with tambourines, and with castanets, and with cymbals.
6 နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။
And when they came to the threshing floor of Nodan, Uzza reached out his hand to the ark of God, to steady it; for the oxen stumbled.
7 ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့် ၊ သူသည်သေတ္တာ တော်နား မှာ သေ လေ၏။
And Jehovah became angry at Uzza; and God struck him there for his error; and there he died before God.
8 ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။
And David was displeased, because Jehovah had broken forth on Uzza; and he called that place Perez Uzza, to this day.
9 ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက်၊
And David was afraid of Jehovah that day; and he said, "How can the ark of God come to me?" Now the ark of Jehovah arrived,
10 ၁၀ မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
but David was not willing to move the ark of Jehovah with him to the City of David; so David diverted it to the house of Obed-Edom the Gittite.
11 ၁၁ ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
And the ark of Jehovah remained in the house of Obed-Edom the Gittite three months, and Jehovah blessed Obed-Edom and all his house.
12 ၁၂ ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ၌ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါ ၊ တဖန် သွား ၍ ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။
And it was told king David, saying, "Jehovah has blessed the house of Obed-Edom and all that belongs to him because of the ark of God." And David said, "I will bring back the blessing to my house." And David went and brought up the ark of Jehovah from the house of Obed-Edom into the City of David with joy.
13 ၁၃ ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှ ၊ နွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။
And it was so, that, when those who bore the ark had gone six steps, he sacrificed an ox and a fattened calf.
14 ၁၄ ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။
And David danced before Jehovah with all his might; and he was clothed in a linen ephod.
15 ၁၅ ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက် ၊ တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
And David and all Israel brought up the ark of Jehovah with shouting, and with the sound of the trumpet.
16 ၁၆ ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
Now, as the ark entered the City of David, Mikal the daughter of Saul looked out at the window, and saw king David leaping and dancing before Jehovah; and she despised him in her heart.
17 ၁၇ ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ၌ ထား ကြပြီးမှ ၊ ဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။
And they brought in the ark of Jehovah, and set it in its place, in the midst of the tent that David had set up for it; and David offered burnt offerings and peace offerings before Jehovah.
18 ၁၈ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။
And when David had made an end of offering the burnt offering and the peace offerings, he blessed the people in the name of Jehovah of hosts.
19 ၁၉ ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှ ၊ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
And he gave to all the people, even among the whole multitude of Israel, both to men and women, to everyone a portion of bread, a date cake, and a raisin cake. So all the people departed everyone to his house.
20 ၂၀ ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ ၊ ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။
And then David returned to bless his household. Mikal the daughter of Saul came out to meet David. And she greeted him, and said, "How glorious the king of Israel was today, who uncovered himself today in the eyes of the servants of his servants, as one of the vain fellows shamelessly uncovers himself."
21 ၂၁ ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။
And David said to Mikal, "I was dancing before Jehovah. Blessed be Jehovah, who chose me above your father, and above all his house, to appoint me prince over his people Israel; therefore I will celebrate before Jehovah.
22 ၂၂ ထိုမျှမက ၊ ငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကား ၊ ငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။
And I will be yet more vile than this, and will be lowly in your eyes. But of the servants of whom you have spoken, they shall honor me."
23 ၂၃ ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။
And Mikal the daughter of Saul had no child to the day of her death.

< ၂ ဓမ္မရာဇဝင် 6 >