< ၂ ဓမ္မရာဇဝင် 5 >

1 ထိုအခါ ဣသရေလ အမျိုးအနွယ် အပေါင်း တို့သည် ဒါဝိဒ် ရှိရာဟေဗြုန် မြို့သို့ လာ ၍ ၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ၏။
Then all the tribes of Israel came to David to Hebron, and spoke, saying, Behold, we are thy bone and thy flesh.
2 အထက် က ရှောလု သည် ကျွန်တော် တို့၌ ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင် သွားလျက် ၊ သွင်း ပြန်လျက်နေ တော်မူပြီ။ ထာဝရဘုရား ကလည်း ၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကို လုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆို ကြ၏။
In times past, when Saul was king over us, it was thou who led out and brought in Israel. And Jehovah said to thee, Thou shall be shepherd of my people Israel, and thou shall be prince over Israel.
3 ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာဟေဗြုန် မြို့သို့ ရောက်လာ လျှင် ၊ ဒါဝိဒ် မင်းကြီး သည် ဟေဗြုန် မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သူတို့သည် ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
So all the elders of Israel came to the king to Hebron. And king David made a covenant with them in Hebron before Jehovah, and they anointed David king over Israel.
4 ဒါဝိဒ် သည် နန်း ထိုင်သောအခါ အသက် သုံး ဆယ်ရှိ၏။ အနှစ် လေး ဆယ်စိုးစံ လေ၏။
David was thirty years old when he began to reign, and he reigned forty years.
5 ဟေဗြုန် မြို့၌ နေ၍ ယုဒ ပြည်ကို ခုနစ် နှစ် နှင့် ခြောက် လ မင်း ပြု၏။ ယေရုရှလင် မြို့၌ နေ၍ ယုဒ ပြည်နှင့် ဣသရေလ ပြည်တရှောက်လုံး ကို အနှစ်သုံး ဆယ်သုံး နှစ် မင်း ပြု၏။
In Hebron he reigned over Judah seven years and six months, and in Jerusalem he reigned thirty-three years over all Israel and Judah.
6 တဖန် ရှင် ဘုရင်သည် မိမိ လူ တို့ကိုခေါ်၍၊ ပြည်သား ရင်းယေဗုသိ လူတို့ရှိရာယေရုရှလင် မြို့သို့ ချီ သွားလျှင် ၊ သူတို့က သင်သည် ဤ မြို့ထဲသို့မ ဝင် ရ။ မျက်စိ ကန်းသောသူနှင့် ခြေဆွံ့ သောသူတို့ကလည်း၊ ဒါဝိဒ် သည်ဤ မြို့ထဲသို့ မ ဝင် ရဟု ဆို ကာမျှနှင့် သင့် ကို ဆီးတား လိမ့်မည်ဟု ဆို ကြ၏။
And the king and his men went to Jerusalem against the Jebusites, the inhabitants of the land, who spoke to David, saying, Unless thou take away the blind and the lame, thou shall not come in here, thinking, David cannot come in here.
7 သို့ရာတွင် ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက် ယူလေ၏။
Nevertheless David took the stronghold of Zion; the same is the city of David.
8 ထို နေ့၌ ဒါဝိဒ် က၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက် ပြီးမှ ကျုံး ကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာ သို့ မ ဝင် ရဟု ဒါဝိဒ် အသက် ကို မုန်း လျက်ပြောဆို သောမျက်စိ ကန်းနှင့် ခြေဆွံ့ သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
And David said on that day, Whoever smites the Jebusites, let him get up to the watercourse, and smite the lame and the blind, the hated by David's soul, because the blind and the lame say, He cannot come into the house.
9 ထိုနောက် ဒါဝိဒ် သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် လေ၏။ မိလ္လော အရပ် ပတ်လည် ၌၎င်း ၊ အတွင်း ဘက်၌၎င်း တည်ဆောက် လေ၏။
And David dwelt in the stronghold, and called it the city of David. And David built round about from Millo and inward.
10 ၁၀ ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
And David grew greater and greater, for Jehovah, the God of hosts, was with him.
11 ၁၁ တုရု မင်းကြီး ဟိရံ သည် သံတမန် နှင့်တကွ အာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို ဒါဝိဒ် ထံသို့ စေလွှတ် ၍ သူတို့သည် နန်း တော်ကိုတည်ဆောက် ကြ၏။
And Hiram king of Tyre sent messengers to David, and cedar trees, and carpenters, and masons, and they built David a house.
12 ၁၂ ထာဝရဘုရား သည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူကြောင်း နှင့် မိမိ လူ ဣသရေလ အမျိုးအဘို့ အလိုငှါ၊ နိုင်ငံ ကို ချီးမြှောက် တော်မူကြောင်း ကို ဒါဝိဒ် သိမြင် ၏။
And David perceived that Jehovah had established him king over Israel, and that he had exalted his kingdom for his people Israel's sake.
13 ၁၃ ဒါဝိဒ် သည် ဟေဗြုန် မြို့မှ ပြောင်း သောနောက် ၊ ယေရုရှလင် မြို့သူမယားကြီး မယားငယ် တို့ကို ထပ်၍သိမ်းယူ သဖြင့် သား သမီး များတို့ကို မြင် လေ၏။
And David took for him more concubines and wives out of Jerusalem, after he came from Hebron, and there were yet sons and daughters born to David.
14 ၁၄ ယေရုရှလင် မြို့၌ ဒါဝိဒ်မြင် သော သားတို့ အမည် ကား၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်၊
And these are the names of those who were born to him in Jerusalem: Shammua, and Shobab, and Nathan, and Solomon,
15 ၁၅ ဣဗဟာ ၊ ဧလိရွှ ၊ နေဖက် ၊ ယာဖျာ၊
and Ibhar, and Elishua, and Nepheg, and Japhia,
16 ၁၆ ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် တည်း။
and Elishama, and Eliada, and Eliphelet.
17 ၁၇ ဒါဝိဒ် ကို ဘိသိက် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ခန့်ထားကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ထိုလူအပေါင်း တို့သည် ဒါဝိဒ် ကို ရှာ ၍လာ ကြ၏။ ထိုသိတင်းကိုဒါဝိဒ် သည် ကြား သောအခါ ရဲတိုက် သို့ သွား ၏။
And when the Philistines heard that they had anointed David king over Israel, all the Philistines went up to seek David. And David heard of it, and went down to the stronghold.
18 ၁၈ ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
Now the Philistines had come and spread themselves in the valley of Rephaim.
19 ၁၉ ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ ရှိရာသို့ သွား ရပါမည်လော။ အကျွန်ုပ် လက် ၌ အပ် တော်မူ မည်လောဟု ထာဝရဘုရား ကို မေး လျှောက် လျှင် ၊ ထာဝရဘုရား ကသွား လော့။ ငါသည် ဖိလိတ္တိ လူတို့ကို သင့် လက် သို့ ဆက်ဆက်အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
And David inquired of Jehovah, saying, Shall I go up against the Philistines? Will thou deliver them into my hand? And Jehovah said to David, Go up, for I will certainly deliver the Philistines into thy hand.
20 ၂၀ ဒါဝိဒ် သည် ဗာလပေရဇိမ် မြို့သို့ သွား ၍ သူ တို့ကိုလုပ်ကြံ ပြီးမှ ၊ ထာဝရဘုရား သည် ရေ ထ၍ ဖြိုဖျက် သကဲ့သို့ ၊ ငါ့ ရန်သူ တို့ကို ငါ့ ရှေ့ မှာ ဖြိုဖျက် တော်မူပြီဟုဆို လျက်၊ ထို အရပ် ကို ဗာလပေရဇိမ် အမည် ဖြင့် တွင်စေသတည်း။
And David came to Baal-perazim, and David smote them there. And he said, Jehovah has broken my enemies before me, like the breach of waters. Therefore he called the name of that place Baal-perazim.
21 ၂၁ ထို အရပ်၌ ဖိလိတ္တိလူများ ပစ်ထား သောရုပ်တု များကို၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ရှင်းရှင်းဖျက်ဆီး ကြ၏။
And they left their images there, and David and his men took them away.
22 ၂၂ တဖန် ဖိလိတ္တိ လူတို့သည် လာ ၍ ရေဖိမ် ချိုင့် ၌ အနှံ့အပြား နေကြ၏။
And the Philistines came up yet again, and spread themselves in the valley of Rephaim.
23 ၂၃ ဒါဝိဒ် သည်လည်း မေးလျှောက် သော်၊ ထာဝရဘုရား က၊ တည့်တည့်မ တက် ရ။ သူ တို့နောက် သို့ ဝိုင်း ၍ ပိုးစာ တောတဘက် ၌ ချီ ရမည်။
And when David inquired of Jehovah, he said, Thou shall not go up. Make a circuit behind them, and come upon them opposite the mulberry trees.
24 ၂၄ ပိုးစာ ပင်ဖျား ၌ စစ်ချီ သံ ကိုကြား သောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရား သည် ဖိလိတ္တိ တပ် ကို လုပ်ကြံ ခြင်းငှါ သင့် ရှေ့ မှာ ကြွသွား လိမ့်မည်ဟု မိန့် တော်မူသည်အတိုင်း၊
And it shall be, when thou hear the sound of marching in the tops of the mulberry trees, that then thou shall bestir thyself, for then Jehovah has gone out before thee to smite the army of the Philistines.
25 ၂၅ ဒါဝိဒ် သည်ပြု ၍ ဖိလိတ္တိ လူတို့ကိုဂေဗ မြို့မှ သည် ဂါဇေရ မြို့တိုင်အောင် လုပ်ကြံ လေ၏။
And David did so, as Jehovah commanded him, and smote the Philistines from Geba until thou come to Gezer.

< ၂ ဓမ္မရာဇဝင် 5 >