< ၂ ဓမ္မရာဇဝင် 4 >
1 ၁ အာဗနာ သည် ဟေဗြုန် မြို့၌ သေ ကြောင်း ကို ရှောလု ၏သား သည် ကြား သော် အားလျော့ ၏။ ဣသရေလ လူအပေါင်း တို့သည် ပူပန် သောစိတ်ရှိကြ၏။
၁အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလူ၏သားသည် ကြားသော် အားလျော့၏။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။
2 ၂ ရှောလု ၏သား ၌ ဗာနာ နှင့် ရေခပ် အမည် ရှိသောသူတည်းဟူသောတပ်မှူး နှစ် ယောက်ရှိ ၏။ သူတို့ သည် ဗင်္ယာမိန် အမျိုး ဗေရောသိ အနွယ်ရိမ္မုန် ၏သား ဖြစ်ကြ ၏။ ဗေရုတ် မြို့သည် ဗင်္ယာမိန် ခရိုင်အဝင်ဖြစ်သော်လည်း၊
၂ရှောလု၏သား၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန်၏သား ဖြစ်ကြ ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း၊
3 ၃ ဗေရောသိ လူတို့သည် ဂိတ္တိမ် မြို့သို့ ပြေး ၍ ယနေ့ တိုင်အောင် တည်းခို လျက် နေ ကြသတည်း။
၃ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက် နေကြသတည်း။
4 ၄ ရှောလု ၏သား ယောနသန် ၌ ခြေဆွံ့ သော သား တယောက်ရှိရစ်၏။ သူသည် အသက်ငါး နှစ် ရှိ သောအခါ ၊ ယေဇရေလ မြို့မှ ရှောလု နှင့် ယောနသန် တို့၏ သိတင်း ကိုကြားလျှင်၊ အထိန်း သည် သူ့ ကိုချီ ၍ ပြေး စဉ်တွင်၊ အလျင်အမြန် ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏။ ထိုသူငယ် ၏အမည် ကား မေဖိဗောရှက် တည်း။
၄ရှောလု၏သား ယောနသန်၌ ခြေဆွံ့သော သားတယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသော အခါ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့၏ သိတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ ပြေးစဉ် တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည် ကျ၍ ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။
5 ၅ ဗေရောသိ အမျိုး ရိမ္မုန် ၏သား ရေခပ် နှင့် ဗာနာ တို့ သည် ဣရှဗောရှက် အိမ် သို့ သွား ၍ မွန်းတည့် အချိန်၌ ရောက် ၏။ ထိုအချိန်၌ ဣရှဗောရှက် သည် အိပ် တတ်၏။
၅ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။
6 ၆ ထိုညီ အစ်ကိုရေခပ် နှင့် ဗာနာ တို့သည် စပါး ကို ထုတ် ဟန်ဆောင်၍ အိမ် အလယ် သို့ ဝင် ပြီးလျှင်၊
၆ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ ဝင်ပြီးလျှင်၊
7 ၇ အိပ်ခန်း ထဲ အိပ်ရာ ပေါ် မှာ အိပ် လျက်နေသောဣရှဗောရှက်၏ဝမ်း ကို ထိုး ၍ သတ် သဖြင့် ၊ ဦးခေါင်း ကို ဖြတ် ယူ ပြီးမှ တညဉ့်လုံး လွင်ပြင် လမ်း ဖြင့်ပြေး ၍ လွတ် ကြ၏။
၇အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ ၏။
8 ၈ ဣရှဗောရှက် ၏ ဦးခေါင်း ကို ဟေဗြုန် မြို့ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့၍ ၊ ကိုယ်တော် အသက် ကိုရှာ သော ကိုယ်တော် ရန်သူ ရှောလု ၏ သား ဣရှဗောရှက် ၏ ဦးခေါင်း ကို ကြည့်ရှု တော်မူပါ။ ကျွန်တော် သခင် အရှင် မင်းကြီး ခံရတော်မူသောအပြစ် ကိုထာဝရဘုရား သည် ရှောလု ၌ ၎င်း ၊ သူ ၏အမျိုးအနွယ် ၌ ၎င်း၊ ယနေ့ ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆို သော်၊
၈ဣရှဗောရှက်၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု၏ သားဣရှဗောရှက်၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု၌၎င်း၊ သူ၏အမျိုးအနွယ်၌၎င်း၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊
9 ၉ ဒါဝိဒ် က၊ ငါ့ အသက် ကို ဘေး ဥပဒ်အပေါင်း တို့မှ ရွေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း၊
၉ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊
10 ၁၀ အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက် စရာသိတင်းကိုပြောမည်အကြံရှိ လျက်၊ ရှောလု သေ ပါပြီဟု ငါ့ အား ကြားပြော သောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့်ဆု ကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ် မြို့၌ ငါကိုင်ဆွဲ ၍ သတ် ၏။
၁၀အရင်တခါလူတယောက်သည် လာ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက်၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍သတ်၏။
11 ၁၁ ထိုမျှမက လူဆိုး တို့သည် ဖြောင့်မတ် သောသူကိုသူ ၏ အိမ် အတွင်း အိပ်ရာ ပေါ် မှာသတ် လျှင် ၊ သာ၍ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ ၏ အသွေး ကို သင် တို့၌ ငါတောင်း ၍ သင် တို့ကိုမြေကြီး ပေါ်က ပယ်ရှား သင့်သည်မ ဟုတ်လော ဟု ဗေရောသိ အမျိုး၊ ရိမ္မုန် ၏သား ရေခပ် နှင့် ညီ ဗာနာ အားဆို ပြီးလျှင်၊
၁၁ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင်သူ၏ အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင်၊
12 ၁၂ လုလင် တို့ကိုမိန့် တော်မူ၍ ထိုသူနှစ်ယောက် ကိုသတ် ကြ၏။ လက် ခြေ တို့ကိုဖြတ် ၍ ဟေဗြုန် ရေကန် အနား မှာ ဆွဲထား ကြ၏။ ဣရှဗောရှက် ၏ ဦးခေါင်း ကိုကား ယူ ၍ ဟေဗြုန် မြို့တွင် အာဗနာ သင်္ချိုင်း ၌ သင်္ဂြိုဟ် ကြ၏။
၁၂လုလင်တို့ကကိုမိန့်တော်မူ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။