< ၂ ဓမ္မရာဇဝင် 24 >
1 ၁ နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။
Nuevamente ardió la ira de Yahvé contra Israel, y movió a David contra ellos, diciendo: “Ve, cuenta a Israel y a Judá”.
2 ၂ ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏”
El rey dijo a Joab, el capitán del ejército, que estaba con él: “Ve ahora de un lado a otro por todas las tribus de Israel, desde Dan hasta Beerseba, y cuenta el pueblo, para que yo sepa la suma del pueblo.”
3 ၃ ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏”
Joab dijo al rey: “Ahora, que el Señor, tu Dios, añada al pueblo, por más que sea, cien veces, y que los ojos de mi señor el rey lo vean. Pero, ¿por qué se complace mi señor el rey en esto?”.
4 ၄ သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။
No obstante, la palabra del rey prevaleció contra Joab y contra los capitanes del ejército. Joab y los capitanes del ejército salieron de la presencia del rey para contar al pueblo de Israel.
5 ၅ ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။
Pasaron el Jordán y acamparon en Aroer, a la derecha de la ciudad que está en medio del valle de Gad, y hasta Jazer;
6 ၆ ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊
luego llegaron a Galaad y a la tierra de Tahtim Hodshi; y llegaron a Dan Jaan y alrededor de Sidón,
7 ၇ တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။
y llegaron a la fortaleza de Tiro, y a todas las ciudades de los heveos y de los cananeos; y salieron al sur de Judá, en Beerseba.
8 ၈ ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။
Después de recorrer todo el país, llegaron a Jerusalén al cabo de nueve meses y veinte días.
9 ၉ ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။
Joab entregó al rey la suma del recuento del pueblo; y había en Israel ochocientos mil hombres valientes que sacaban la espada, y los de Judá eran quinientos mil hombres.
10 ၁၀ ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏”
El corazón de David se conmovió después de haber contado al pueblo. David dijo a Yahvé: “He pecado mucho en lo que he hecho. Pero ahora, Yahvé, quita, te lo ruego, la iniquidad de tu siervo; porque he actuado con mucha insensatez.”
11 ၁၁ ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊
Cuando David se levantó por la mañana, llegó la palabra de Yahvé al profeta Gad, vidente de David, diciendo:
12 ၁၂ ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊
“Ve y habla a David: “Yahvé dice: “Te ofrezco tres cosas. Elige una de ellas, para que te la haga””.
13 ၁၃ ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏”
Gad vino a David y le dijo: “¿Te vendrán siete años de hambre en tu tierra? ¿O huirás tres meses ante tus enemigos mientras te persiguen? ¿O habrá tres días de pestilencia en tu tierra? Responde ahora, y considera qué respuesta daré al que me ha enviado”.
14 ၁၄ ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
David dijo a Gad: “Estoy en apuros. Caigamos ahora en la mano de Yahvé, porque sus misericordias son grandes. No caiga en la mano del hombre”.
15 ၁၅ ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။
El Señor envió una peste sobre Israel desde la mañana hasta la hora señalada, y murieron setenta mil hombres del pueblo, desde Dan hasta Beerseba.
16 ၁၆ ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။
Cuando el ángel extendió su mano hacia Jerusalén para destruirla, Yahvé se despreocupó del desastre y dijo al ángel que destruía al pueblo: “Es suficiente. Ahora retira tu mano”. El ángel de Yahvé estaba junto a la era de Arauná el jebuseo.
17 ၁၇ လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
David habló a Yahvé cuando vio al ángel que golpeaba al pueblo, y dijo: “He aquí que he pecado y he obrado perversamente; pero estas ovejas, ¿qué han hecho? Por favor, que tu mano esté contra mí y contra la casa de mi padre”.
18 ၁၈ ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊
Gad vino aquel día a David y le dijo: “Sube y construye un altar a Yahvé en la era de Arauna el jebuseo.”
19 ၁၉ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။
David subió según el dicho de Gad, tal como lo había ordenado el Señor.
20 ၂၀ ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊
Arauna se asomó y vio que el rey y sus servidores se acercaban a él. Entonces Arauna salió y se inclinó ante el rey con el rostro en tierra.
21 ၂၁ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊
Arauna dijo: “¿Por qué ha venido mi señor el rey a su siervo?” David dijo: “Para comprar tu era, para construir un altar a Yahvé, para que la plaga deje de afligir al pueblo”.
22 ၂၂ အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊
Arauna dijo a David: “Que mi señor el rey tome y ofrezca lo que le parezca bien. He aquí el ganado para el holocausto, y los trillos y los yugos de los bueyes para la leña.
23 ၂၃ အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။
Todo esto, oh rey, lo da Arauna al rey”. Arauna dijo al rey: “Que Yahvé, tu Dios, te acepte”.
24 ၂၄ ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊
El rey le dijo a Arauna: “No, pero ciertamente te lo compraré por un precio. No ofreceré a Yahvé mi Dios holocaustos que no me cuestan nada”. Así que David compró la era y los bueyes por cincuenta siclos de plata.
25 ၂၅ ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။
David construyó allí un altar a Yahvé, y ofreció holocaustos y ofrendas de paz. Así se suplicó a Yahvé por la tierra, y la plaga se alejó de Israel.