< ၂ ဓမ္မရာဇဝင် 24 >

1 နောက် တဖန်ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလ လူနှင့် ယုဒ လူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကိုတိုက်တွန်း လေ၏။
And again the anger of the LORD was kindled against Israel, and he moved David against them to say, Go, number Israel and Judah.
2 ရှင် ဘုရင်ကလည်း ၊ လူ ပေါင်း မည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် ဣသရေလ ခရိုင် ရှိသမျှ တို့ကို ရှောက်သွား ၍ ၊ လူ တို့ကို ရေတွက် လော့ဟု အထံ တော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘ အား မိန့် တော်မူ၏”
For the king said to Joab the captain of the host, which was with him, Go now through all the tribes of Israel, from Dan even to Beersheba, and number all of you the people, that I may know the number of the people.
3 ယွာဘ ကလည်း ၊ ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် လူ တို့ကို ထပ်၍ အဆ တရာ တိုးပွါးစေသဖြင့် ၊ ကျွန်တော် သခင် အရှင်မင်းကြီး မြင် မည် အကြောင်းပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင် အရှင် မင်းကြီးသည် ဤ အမှု ကို အဘယ်ကြောင့် နှစ်သက် တော်မူသနည်းဟု ရှင်ဘုရင် အား လျှောက် လေ ၏”
And Joab said unto the king, Now the LORD your God add unto the people, no matter how many they be, an hundredfold, and that the eyes of my lord the king may see it: but why does my lord the king delight in this thing?
4 သို့သော်လည်း အမိန့် တော်သည် ယွာဘ စကား နှင့် ဗိုလ် များ စကားကို နိုင် သဖြင့် ၊ ယွာဘ နှင့် ဗိုလ် များ တို့သည် လူ တို့ကိုရေတွက် အံ့သောငှါ အထံ တော်မှ ထွက်သွား ကြ၏။
Notwithstanding the king's word prevailed against Joab, and against the captains of the host. And Joab and the captains of the host went out from the presence of the king, to number the people of Israel.
5 ယော်ဒန် မြစ်ကိုကူး ၍ ဂဒ် ချိုင့် ၌ ရှိသော အာရော် မြို့အရှေ့ဘက်၊ ယာဇာ မြို့အနား မှာ တပ်ချ ကြ၏။
And they passed over Jordan, and pitched in Aroer, on the right side of the city that lies in the midst of the river of Gad, and toward Jazer:
6 ဂိလဒ် ပြည်၊ နောက် သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန် ပြည်သို့ ဝိုင်း သွား ၍၊
Then they came to Gilead, and to the land of Tahtimhodshi; and they came to Danjaan, and about to Zidon,
7 တုရု ရဲတိုက် သို့၎င်း ၊ ဟိဝိ မြို့ များ၊ ခါနာနိ မြို့များ အလုံးစုံ တို့သို့၎င်း ရောက် ၍ ၊ ယုဒ ပြည်တောင် ပိုင်း၊ ဗေရရှေဘ မြို့၌ လက်စသတ် ကြ၏။
And came to the strong hold of Tyre, and to all the cities of the Hivites, and of the Canaanites: and they went out to the south of Judah, even to Beersheba.
8 ထိုသို့ တပြည်လုံး ရှောက်သွား ၍ ကိုး လ နှင့် အရက် နှစ် ဆယ်လွန် မှ ယေရုရှလင် မြို့သို့ ရောက် ကြ၏။
So when they had gone through all the land, they came to Jerusalem at the end of nine months and twenty days.
9 ယွာဘ သည်လည်း လူ ပေါင်း စာရင်း ကို ရှင်ဘုရင် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ ရှစ် သိန်း၊ ယုဒ အမျိုး ၌ ငါး သိန်းရှိ ကြ၏။
And Joab gave up the sum of the number of the people unto the king: and there were in Israel eight hundred thousand valiant men that drew the sword; and the men of Judah were five hundred thousand men.
10 ၁၀ ဒါဝိဒ် သည် လူ တို့ကို ရေတွက် ပြီးမှ နောင်တ ရ၍ ၊ အကျွန်ုပ်ပြု မိသော အမှု၌ အလွန် ပြစ်မှား ပါပြီ။ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကျွန် ၏အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရား အား တောင်းပန် လေ၏”
And David's heart stroke him after that he had numbered the people. And David said unto the LORD, I have sinned greatly in that I have done: and now, I plead to you, O LORD, take away the iniquity of your servant; for I have done very foolishly.
11 ၁၁ ဒါဝိဒ် သည် နံနက် အချိန်၌ ထ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် သို့ ရောက်လာ ၍၊
For when David was up in the morning, the word of the LORD came unto the prophet Gad, David's seer, saying,
12 ၁၂ ဒါဝိဒ် ထံ သို့သွား လော့။ အရာသုံး ပါးကိုသင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး ရမည်ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလော့ဟု မိန့် တော်မူသည်အတိုင်း၊
Go and say unto David, Thus says the LORD, I offer you three things; choose you one of them, that I may do it unto you.
13 ၁၃ ဂဒ် သည် ဒါဝိဒ် ထံ သို့သွား ၍ ၊ ပြည် တော်၌ သုံးနှစ်ပတ်လုံးအစာအာဟာရ ခေါင်းပါး စေရမည်လော။ သို့မဟုတ် ရန်သူ တို့သည် သုံး လ ပတ်လုံးလိုက် ၍ ကိုယ်တော် ပြေး တော်မူရမည်လော။ သို့မဟုတ် ပြည် တော်၌ သုံး ရက် ပတ်လုံးကာလနာ ရောက် စေရမည်လော။ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန် လျှောက်ရမည်ကို စဉ်းစား ဆင်ခြင်တော်မူပါဟု လျှောက် လေ၏”
So Gad came to David, and told him, and said unto him, Shall seven years of famine come unto you in your land? or will you flee three months before your enemies, while they pursue you? or that there be three days' pestilence in your land? now advise, and see what answer I shall return to him that sent me.
14 ၁၄ ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
And David said unto Gad, I am in a great strait: let us fall now into the hand of the LORD; for his mercies are great: and let me not fall into the hand of man.
15 ၁၅ ထိုနေ့နံနက် မှစ၍ ချိန်းချက် သော အချိန် တိုင်အောင် ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ ၊ ဒန် မြို့မှ သည် ဗေရရှေဘ မြို့ တိုင်အောင် လူ ခုနစ် သောင်းသေ ကြ၏။
So the LORD sent a pestilence upon Israel from the morning even to the time appointed: and there died of the people from Dan even to Beersheba seventy thousand men.
16 ၁၆ ကောင်းကင် တမန်သည် ယေရုရှလင် မြို့ကို ဖျက်ဆီး မည်ဟု လက် ကိုဆန့် သောအခါ ၊ ထာဝရဘုရား သည် ထိုဘေး ကြောင့် နောင်တ ရတော်မူ၍ ၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု လူ တို့ကို ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်းအနား မှာ ရှိ ၏။
And when the angel stretched out his hand upon Jerusalem to destroy it, the LORD repented him of the evil, and said to the angel that destroyed the people, It is enough: stay now your hand. And the angel of the LORD was by the threshingplace of Araunah the Jebusite.
17 ၁၇ လူ တို့ကို ဒဏ်ခတ် သော ကောင်းကင်တမန် ကို ဒါဝိဒ် သည်မြင် သောအခါ ၊ အကျွန်ုပ် ပြစ်မှား ပါပြီ။ ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါ သနည်း။ လက် တော်သည် အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး ၌ ရောက် စေတော်မူပါဟု ထာဝရဘုရား အား တောင်းပန် လေ၏။
And David spoke unto the LORD when he saw the angel that stroke the people, and said, Lo, I have sinned, and I have done wickedly: but these sheep, what have they done? let your hand, I pray you, be against me, and against my father's house.
18 ၁၈ ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊
And Gad came that day to David, and said unto him, Go up, rear an altar unto the LORD in the threshing floor of Araunah the Jebusite.
19 ၁၉ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ် သည် သွား လေ၏။
And David, according to the saying of Gad, went up as the LORD commanded.
20 ၂၀ ထိုသို့ရှင် ဘုရင်သည် အခြံအရံ တော်နှင့်တကွကြွလာ သည်ကို အရောန သည် ကြည့် ၍ မြင် လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်လျက်၊
And Araunah looked, and saw the king and his servants coming on toward him: and Araunah went out, and bowed himself before the king on his face upon the ground.
21 ၂၁ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ရှိရာသို့ အဘယ်ကြောင့် ကြွလာ တော်မူသနည်း ဟု မေးလျှောက် လျှင် ၊ ဒါဝိဒ် က၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လို၍၊ သင်၏ကောက်နယ် တလင်းကို ဝယ် အံ့သောငှါ လာသည်ဟု အမိန့် ရှိသော်၊
And Araunah said, Wherefore is my lord the king come to his servant? And David said, To buy the threshing floor of you, to build an altar unto the LORD, that the plague may be stayed from the people.
22 ၂၂ အရောန က၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော် တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များရှိပါ၏။ ထင်း ဘို့ ကောက်နယ် တန်ဆာ၊ နွား နှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက် လျက်၊
And Araunah said unto David, Let my lord the king take and offer up what seems good unto him: behold, here be oxen for burnt sacrifice, and threshing instruments and other instruments of the oxen for wood.
23 ၂၃ အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် ကို လက်ခံ တော်မူပါစေသောဟု လျှောက် လေ၏။
All these things did Araunah, as a king, give unto the king. And Araunah said unto the king, The LORD your God accept you.
24 ၂၄ ရှင် ဘုရင်ကလည်း ၊ ထိုသို့ငါမ ယူ ရ။ စင်စစ် အဘိုး ပေး၍ ငါဝယ် မည်။ ကိုယ်ငွေ မကုန်ဘဲငါ ၏ ဘုရား သခင်ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ငါမ ပူဇော်လိုဟု အရောန အား ဆို သဖြင့် ၊ ငွေ အကျပ် ငါး ဆယ်ကိုပေး ၍၊ ထိုကောက်နယ် တလင်းနှင့် နွား တို့ကို ဝယ် ပြီးမှ၊
And the king said unto Araunah, Nay; but I will surely buy it of you at a price: neither will I offer burnt offerings unto the LORD my God of that which does cost me nothing. So David bought the threshing floor and the oxen for fifty shekels of silver.
25 ၂၅ ထို အရပ်၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရား သည်လည်း ၊ ဣသရေလ ပြည် အဘို့ ဆုတောင်း သောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်း စေတော်မူ၏။
And David built there an altar unto the LORD, and offered burnt offerings and peace offerings. So the LORD was implored for the land, and the plague was stayed from Israel.

< ၂ ဓမ္မရာဇဝင် 24 >