< ၂ ဓမ္မရာဇဝင် 23 >
1 ၁ ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
၁ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
2 ၂ ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
၂ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
3 ၃ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
၃ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
4 ၄ မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
၄မိုးရွာပြီးနောက်မိုးသားများကင်းစင်လျက် အရုဏ်တက်ချိန်အခါမြက်များကိုအရောင် လက်စေသည့်နေမင်းနှင့်တူ၏''
5 ၅ ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
၅ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
6 ၆ အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
၆သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။
7 ၇ ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
၇ယင်းတို့ကိုကိုင်တွယ်ရန်သံတန်ဆာသို့မဟုတ် လှံတံကိုအသုံးပြုရ၏။ ထိုဆူးပင်တို့သည်မီးရှို့၍လုံးဝဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
8 ၈ ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
၈ဒါဝိဒ်၏သူရဲကောင်းတို့၏နာမည်များကို ဖော်ပြအံ့။ ပထမသူရဲကောင်းမှာဟပေါနိ မြို့သား၊ သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင် ယာရှောဘံဘက်ရှိဗက်ဖြစ်သည်။ သူသည်တိုက် ပွဲတစ်ခုတည်း၌လူရှစ်ရာကိုမိမိ၏လှံဖြင့် ထိုးသတ်ခဲ့သူဖြစ်၏။
9 ၉ သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
၉သူရဲကောင်းသုံးဦးတို့အနက်ဒုတိယသူရဲ ကောင်းမှာအာဟော၏သားချင်းစုဝင်ဒေါဒေါ ၏သား၊ ဧလာဇာဖြစ်၏။ အခါတစ်ပါးက ဧလာဇာသည်စစ်ဆင်ရန်စုရုံးလျက်ရှိသော ဖိလိတ္တိအမျိုးသားတို့အားဒါဝိဒ်နှင့်တကွ စိန်ခေါ်ခဲ့၏။ ဣသရေလအမျိုးသားတို့ ဆုတ်ခွာကြသော်လည်း၊-
10 ၁၀ ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
၁၀သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။
11 ၁၁ သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
၁၁တတိယသူရဲကောင်းမှာအာဂိ၏သား၊ ဟရရိမြို့သားရှမ္မဖြစ်၏။ ဖိလိတ္တိအမျိုး သားတို့သည်ပဲခင်းရှိသောလေဟိအရပ် တွင်စုရုံးလျက်နေကြ၏။ ဣသရေလ အမျိုးသားတို့သည်ဖိလိတ္တိအမျိုးသား တို့ထံမှထွက်ပြေးကြသော်လည်း၊-
12 ၁၂ ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
၁၂ရှမ္မသည်ပဲခင်းမှမဆုတ်ခွာဘဲခုခံကာ ကွယ်ကာဖိလိတ္တိအမျိုးသားတို့ကိုသတ် ဖြတ်သဖြင့် ထိုနေ့၌ထာဝရဘုရားသည် အောင်ပွဲကြီးကိုခံစေတော်မူ၏။
13 ၁၃ ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
၁၃ကောက်ရိတ်ချိန်နီးသောအခါရဲဘော်သုံး ကျိပ်ဝင်သူရဲကောင်းသုံးယောက်တို့သည် ဒါဝိဒ်ရှိရာအဒုလံဥမင်သို့ဆင်းသွား ကြ၏။ ထိုအချိန်၌ဖိလိတ္တိအမျိုးသား တစ်စုသည်ရေဖိမ်ချိုင့်ဝှမ်း၌တပ်စခန်း ချလျက်ရှိနေကြ၏။-
14 ၁၄ ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
၁၄ထိုအခါကဒါဝိဒ်သည်တောင်ပေါ်ခံတပ် ထဲတွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စု ကဗက်လင်မြို့ကိုသိမ်းယူထားကြ၏။-
15 ၁၅ ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
၁၅ဒါဝိဒ်က``ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကိုငါသောက်ချင်ပါဘိ'' ဟုတောင့်တပြောဆိုမိရာ၊-
16 ၁၆ ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
၁၆နာမည်ကျော်ရဲဘော်သုံးယောက်တို့သည် ဖိလိတ္တိတပ်စခန်းကိုထိုးဖောက်ပြီးနောက် ရေတွင်းမှရေကိုခပ်ယူ၍ဒါဝိဒ်ထံသို့ ယူဆောင်ခဲ့ကြ၏။ သို့ရာတွင်မင်းကြီးသည် ထိုရေကိုသောက်တော်မမူဘဲထာဝရ ဘုရားအားပူဇော်သည့်အနေဖြင့်သွန်း လောင်းလျက်၊-
17 ၁၇ အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
၁၇``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အဘယ် နည်းနှင့်မျှဤရေကိုမသောက်နိုင်ပါ။ အသက် စွန့်၍ရေခပ်ကြသူတို့၏သွေးကိုသောက် သည်နှင့်တူပါလိမ့်မည်'' ဟုလျှောက်၏။ ဤကားနာမည်ကျော်သူရဲကောင်းသုံးဦး တို့၏စွန့်စားခန်းများပင်တည်း။
18 ၁၈ ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
၁၈ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။-
19 ၁၉ သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
၁၉သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်မင်းသည် သူ့အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
20 ၂၀ အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
၂၀ကပ်ဇေလမြို့မှယောယဒ၏သားဗေ နာယသည်နာမည်ကျော်သူရဲကောင်းတစ်ဦး ဖြစ်၏။ သူသည်ရဲဝံ့စွန့်စားရသောအမှု များကိုပြုခဲ့၏။ သူသည်အလွန်ကြီးမား သောမောဘစစ်သူရဲနှစ်ယောက်ကိုသတ် ခဲ့၏။ အလွန်ချမ်းဧသောဆောင်းနေ့တစ်နေ့ ၌သားရဲတွင်းတစ်ခုသို့ဝင်၍ခြင်္သေ့တစ် ကောင်ကိုသတ်ခဲ့၏။-
21 ၂၁ ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
၂၁သူသည်လှံကိုကိုင်ဆောင်ထားသူအလွန် ကြီးမားသောအီဂျစ်အမျိုးသားတစ် ယောက်ကိုလည်းသတ်ခဲ့၏။ ဗေနာယသည် ထိုသူကိုတင်းပုတ်ဖြင့်တိုက်ခိုက်ကာသူ ၏လက်မှလှံကိုလုယူလိုက်၏။ ထိုနောက် ထိုလှံဖြင့်ပင်သူ့အားသတ်လိုက်၏။-
22 ၂၂ ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
၂၂ဤသည်တို့ကားရဲဘော်သုံးကျိပ်ဝင်ဗေ နာယ၏စွန့်စားခန်းများပင်ဖြစ်၏။-
23 ၂၃ ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
၂၃သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်သည်သူ့ အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့်ခန့် ထားတော်မူ၏။
24 ၂၄ ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
၂၄ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ ယွာဘ၏ညီအာသဟေလ၊ ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ ဖာလာတိမြို့သားဟေလက် တေကောမြို့နေဣကေရှ၏သားဣရ အနေသောသိမြို့သားအဗျေဇာ၊ ဟုရှသိမြို့သားမေဗုန္နဲ၊ အဟောဟိမြို့သားဇာလမုန်၊ နေတောဖာသိမြို့သားမဟာရဲနှင့် ဗာနာ၏သားဟေလက်၊ ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ ပိရသောနိမြို့သားဗေနာယ၊ ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊ အရဗမြို့သားအဗျာလဗုန်၊ ဗာဟုမိမြို့သားအာဇမာဝက်၊ ရှာလဗောနိမြို့သားဧလျာဘ၊ ယာရှင်၏သားများ၊ ယောနသန်၊ ဟာရာရိမြို့သားရှမ္မ၊ အာရာမြို့နေရှာရ၏သားအဟိအံ၊ မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ ကရမေလမြို့သားဟေဇရဲ၊ အာရပ်မြို့သားဖာရဲ၊ ဇောဘမြို့နေနာသန်၏သားဣဂါလ၊ ဂဒ်နယ်၏သားဗာနိ၊ အမ္မုန်အမျိုးသားဇေလက်၊ ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင် ဗေရောသိမြို့သားနဟာရဲ၊ ဣသရိမြို့သားဣရနှင့်ဂါရက်၊ ဟိတ္တိအမျိုးသားဥရိယ၊ စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
25 ၂၅ ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
၂၅
26 ၂၆ ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
၂၆
27 ၂၇ အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
၂၇
28 ၂၈ အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
၂၈
29 ၂၉ နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
၂၉
30 ၃၀ ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
၃၀
31 ၃၁ အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
၃၁
32 ၃၂ ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
၃၂
33 ၃၃ ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
၃၃
34 ၃၄ မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
၃၄
35 ၃၅ ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
၃၅
36 ၃၆ ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
၃၆
37 ၃၇ အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
၃၇
38 ၃၈ ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
၃၈
39 ၃၉ ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။
၃၉