< ၂ ဓမ္မရာဇဝင် 22 >
1 ၁ ဒါဝိဒ် သည် ရှောလု မင်းမှစ၍ ရန်သူ အပေါင်း တို့ လက် မှ ထာဝရဘုရား ကယ်လွှတ် တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်တွင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
၁ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
2 ၂ ထာဝရဘုရား သည်ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကို ကယ်လွှတ် သော သခင်၊
၂ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
3 ၃ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏အကွယ် အကာ၊ ငါ့ ကိုကယ်တင် သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါ ခိုလှုံ ရာ၊ ငါ့ ကိုကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ကယ်လွှတ် တော်မူ၏။
၃ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
4 ၄ ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်းလျှောက် ၍ ၊ ရန်သူ တို့လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
၄ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။
5 ၅ သေခြင်း လှိုင်း တံပိုးတို့သည် ငါ့ ကို ဝိုင်း မိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်း ကြောင့် ငါ ကြောက်လန့် ရ၏။
၅သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
6 ၆ မရဏာ နိုင်ငံ၏ ကြိုး တို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကို ကျော့မိ လျက် ရှိ၏။ (Sheol )
၆မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။ (Sheol )
7 ၇ ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ၊ ထာဝရဘုရား ကို ခေါ် ၍ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ်သောအသံ ကို ဗိမာန် တော်ထဲမှာ ကြား တော်မူ၍ ၊ အော်ဟစ် သောအသံသည် နား တော်ထဲသို့ ဝင်လေ၏။
၇ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
8 ၈ ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ မိုဃ်း ကောင်းကင်အမြစ် တို့သည် တရွေ့ရွေ့ လှုပ်ရှား ကြ၏။
၈ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
9 ၉ နှာခေါင်း တော်ထဲက မီးခိုး ထွက် ၍ ၊ နှုတ် တော်ထဲက မီးလောင် သောအားဖြင့် မီးခဲ တောက် လေ၏။
၉နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
10 ၁၀ မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ် လေ၏။
၁၀မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
11 ၁၁ ခေရုဗိမ် ကို စီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာ ထင်ရှား တော်မူ၏။
၁၁ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
12 ၁၂ မှောင်မိုက် တည်းဟူသော တခဲနက် သော ရေ နှင့် ထူထပ် သောမိုဃ်းတိမ် တို့ကို ကိုယ်တော် ၌ ကာရံ စေတော်မူ၏။
၁၂မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။
13 ၁၃ ရှေ့ တော်၌ ရောင်ခြည် ကြောင့် မီးခဲ တောက် လျက် ရှိ၏။
၁၃ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ၏။
14 ၁၄ ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရားသည် အသံ တော်ကို လွှင့် တော်မူ၏။
၁၄ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
15 ၁၅ လေး မြှားတို့ကိုပစ် ၍ လျှပ်စစ် ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ် သို့ ခွဲ၍ ရှုံး စေတော်မူ၏။
၁၅လေးမြှားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏။
16 ၁၆ ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။
၁၆ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ၏။
17 ၁၇ အထက် အရပ်က လက်တော်ကိုဆန့် ၍၊ တခဲနက် သော ရေ ထဲက ငါ့ ကို ဆယ် ယူ တော်မူ၏။
၁၇အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။
18 ၁၈ ငါ့ ကိုမုန်း သော သူတည်းဟူသောငါ ပြိုင် ၍ မနိုင်နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ်လွှတ် တော်မူ၏။
၁၈ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
19 ၁၉ ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည် ငါ မှီခိုရာ ဖြစ် ၍၊
၁၉ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးထားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ်၍၊
20 ၂၀ ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကိုနှစ်သက် သောကြောင့် ကယ်လွှတ် တော်မူ၏။
၂၀ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။
21 ၂၁ ငါ ဖြောင့်မတ်ခြင်း ရှိသည်အလျောက် ထာဝရဘုရား သည် အကျိုး ကိုပေး၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
၂၁ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။
22 ၂၂ အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့အစဉ်လိုက် ၏။ ငါ ၏ဘုရား သခင့်ထံမှ ပြစ်မှား ၍ မ သွား။
၂၂အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍ မသွား။
23 ၂၃ စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့ တော်တို့မှ မ လွှဲ။
၂၃စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှမလွှဲ။
24 ၂၄ ရှေ့ တော်မှာဖြောင့်မတ် ၍ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
၂၄ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏ ။
25 ၂၅ ထိုကြောင့် ရှေ့ တော်မှာ ထင်ရှားသော ငါ ၏ဖြောင့်မတ် ခြင်း၊ စင်ကြယ် ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရား သည် ငါ ၌အကျိုး ကိုပေး တော်မူပြီ။
၂၅ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
26 ၂၆ သနား တတ်သောသူအား ကိုယ်တော်သည်သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်းသဘောကို၎င်း၊
၂၆သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို၎င်း၊
27 ၂၇ သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို ၎င်း၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သော သဘောကို ၎င်း ပြတော်မူ၏။
၂၇သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎င်း ပြတော်မူ၏။
28 ၂၈ နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာန ထောင်လွှားသောသူတို့ ကို ကား ရှုတ်ချ ခြင်းငှါကြည့်မှတ် တော်မူ၏။
၂၈နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ၏။
29 ၂၉ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် အကျွန်ုပ် ၏ မှောင်မိုက် ကို လင်း စေတော်မူ၏။
၂၉အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ မှောင်မိုက်ကို လင်းစေတော်မူ၏။
30 ၃၀ အကျွန်ုပ်သည်ကိုယ်တော် ကို အမှီပြု၍ တပ် ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြုလျက် မြို့ရိုး ကို ကျော် ၍ဝင်ပါပြီ။
၃၀အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ဝါပပြီ။
31 ၃၁ ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏ သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
၃၁ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသောသူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။
32 ၃၂ ထာဝရဘုရား မှတပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ်မည် သော ကျောက် ရှိသနည်း။
၃၂ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း။
33 ၃၃ ထိုဘုရား သခင်သည် ငါ ၏ခွန်အား ၊ ငါ၏တန်ခိုး ဖြစ်၍ ငါ သွားရာလမ်း ကို ဖြောင့် စေတော်မူ၏။
၃၃ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုး ဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
34 ၃၄ ငါ့ ခြေ ကိုသမင် ခြေကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင်ထား တော်မူ၏။
၃၄ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
35 ၃၅ ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါသွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင် ၏။
၃၅ငါ့လက်ကို စစ်မှု၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ၍၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏။
36 ၃၆ ကိုယ်တော်သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကိုအပ် ၍ ၊ သည်းခံ တော်မူခြင်းအားဖြင့်အကျွန်ုပ် သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
၃၆ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။
37 ၃၇ အကျွန်ုပ် သွားသော လမ်း ကို ရှင်းလင်း ၍ ခြေ မချော် စေခြင်းငှါပြုတော်မူသောအားဖြင့်၊
၃၇အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
38 ၃၈ အကျွန်ုပ်သည် ရန်သူ တို့ကို လိုက် ဖျက်၍ ၊ သူ တို့ကို မ ပယ်ရှင်း မှီ တိုင်အောင်မ ပြန် ပါ။
၃၈အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက်၍၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ။
39 ၃၉ သူတို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍၊ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ်နင်း ပယ်ရှင်း ပါ၏။
၃၉သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ၏။
40 ၄၀ အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တစ်ဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
၄၀အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။
41 ၄၁ အကျွန်ုပ် ကို မုန်း သော ရန်သူ တို့၏လည်ပင်း ကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
၄၁အကျွန်ုပ်ကို မုန်းသော ရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ၏။
42 ၄၂ သူတို့သည် အော်ဟစ် ကြသောအခါ ကယ်တင် သော သူမ ရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
၄၂သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။
43 ၄၃ ထိုအခါ အကျွန်ုပ်သည်သူ တို့ကို မြေမှုန့် ကိုကဲ့သို့ ညက်ညက် ချေပြီးမှ၊ လမ်း ၌ အမှိုက် ကိုကဲ့သို့ နင်း ၍ ဖြန့်ကြဲ လေ၏။
၄၃ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကိုကဲ့သို့နင်း၍ ဖြန့်ကြဲ လေ၏။
44 ၄၄ လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသား တို့၏ အကဲအမှူး ဖြစ်စေခြင်းငှါစောင့်ရှောက် တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည် အကျွန်ုပ် ထံ၌ ကျွန် ခံ ပါ၏။
၄၄လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
45 ၄၅ တပါးအမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ၍ အကျွန်ုပ် စကားသံကိုကြား သည် ခဏခြင်းတွင် နားထောင် ကြပါ၏။
၄၅တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ၏။
46 ၄၆ ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲက တုန်လှုပ် လျက် ထွက်ကြပါ၏။
၄၆ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
47 ၄၇ ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် သော ကျောက် ၏ဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
၄၇ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
48 ၄၈ ငါ့ ဘက် ၌ တရား သဖြင့်စီရင်၍ ၊ လူစု တို့ကို ငါ့ အောက် မှာနှိမ့်ချ သော သူကား ဘုရား သခင်ပေတည်း။
၄၈ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း။
49 ၄၉ ရန်သူ တို့လက်မှ ငါ့ ကိုကယ်လွှတ် တော်မူ၏။ အကျွန်ုပ် တစ်ဘက်၌ထ သောသူတို့ အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကို မြှောက်တင် ၍၊ လုယူ ဖျက်ဆီးတတ်သောသူ ၏လက်မှ ကယ်လွှတ် တော်မူ၏။
၄၉ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။
50 ၅၀ ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ နာမ တော် ကို ထောမနာသီချင်း ဆိုပါမည်။
၅၀ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည်။
51 ၅၁ ဘုရားသခင် သည် မိမိ ခန့်ထားသောမင်းကြီး ကို ကယ်တင် သော ရဲတိုက် ဖြစ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍အမျိုးအနွယ် အား ၊ ကာလ အစဉ်အဆက်ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။
၅၁ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။