< ၂ ဓမ္မရာဇဝင် 21 >

1 ထိုနောက် ဒါဝိဒ် လက်ထက် ၌ သုံး နှစ် ပတ်လုံးအစာ အာဟာရ ခေါင်းပါးခြင်းဖြစ် ၍၊ ဒါဝိဒ် သည်ထာဝရဘုရား ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ဂိဗောင် လူတို့ကိုသတ် သော ရှောလု နှင့် လူအသက် ကိုသတ် တတ် သော ရှောလုအမျိုး ကြောင့် ဤအမှုရောက်လေပြီဟု မိန့် တော်မူ၏။
During the reign of David there was a famine for three successive years, and David sought the face of the LORD. And the LORD said, “It is because of the blood shed by Saul and his family, because he killed the Gibeonites.”
2 ဂိဗောင် လူတို့သည် ဣသရေလ အမျိုး အဝင် မ ဟုတ်၊ ကျန်ကြွင်း သော အာမောရိ အမျိုးဖြစ်ကြ၏။ ဣသရေလ အမျိုး တို့သည် သူ တို့အား သစ္စာ ဂတိထားကြ သော်လည်း ၊ ရှောလု သည် ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူ တို့ကိုသတ် မည်ဟု အားထုတ် သတည်း။
At this, David summoned the Gibeonites and spoke to them. (Now the Gibeonites were not Israelites, but a remnant of the Amorites. The Israelites had taken an oath concerning them, but in his zeal for Israel and Judah, Saul had sought to kill them.)
3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင် လူတို့ကို ခေါ်၍၊ သင် တို့အဘို့ အဘယ်သို့ ပြု ရမည်နည်း။ သင်တို့သည် ထာဝရဘုရား ၏ အမွေ တော်ကို ကောင်းကြီး ပေးစေခြင်းငှါ အဘယ်သို့ အပြစ် ဖြေရမည်နည်းဟုမေး လျှင်၊
So David asked the Gibeonites, “What shall I do for you? How can I make amends so that you may bless the inheritance of the LORD?”
4 ဂိဗောင် လူတို့က၊ ကျွန်တော် တို့သည်ရှောလု နှင့် သူ ၏အမျိုး ၌ ရွှေ ငွေ ကိုမ တောင်းပါ။ ကျွန်တော် တို့ အတွက် ဣသရေလ အမျိုးသားတစုံတယောက် ကိုမျှ ကိုယ်တော်သည် မ သတ် ရဟု ပြန် လျှောက်ကြသော် ၊ သင် တို့တောင်း သည်အတိုင်း ငါပြု မည်ဟု မိန့် တော်မူ၏။
The Gibeonites said to him, “We need no silver or gold from Saul or his house, nor should you put to death anyone in Israel for us.” “Whatever you ask, I will do for you,” he replied.
5 သူတို့ကလည်း၊ ကျွန်တော် တို့ကို ညှဉ်းဆဲ ၍ ဣသရေလ နိုင်ငံ အတွင်း၌ အလျှင်းမနေရမည်အကြောင်းသုတ်သင် ပယ်ရှင်းခြင်းငှါကြိုးစား သော သူ ဖြစ်၏။
And they answered the king, “As for the man who consumed us and plotted against us to exterminate us from existing within any border of Israel,
6 သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။
let seven of his male descendants be delivered to us so that we may hang them before the LORD at Gibeah of Saul, the chosen of the LORD.” “I will give them to you,” said the king.
7 သို့သော်လည်း ဒါဝိဒ် နှင့် ရှောလု ၏သား ယောနသန် တို့သည် ထာဝရဘုရား ရှေ့တော်၌ တယောက်နှင့် တယောက်သစ္စာ ဂတိထားသောကြောင့် ၊ ရှင် ဘုရင်သည် ရှောလု ၏သား ယောနသန် မြင်သောမေဖိဗောရှက် ကို နှမြော တော်မူ၏။
Now the king spared Mephibosheth son of Jonathan, the son of Saul, because of the oath before the LORD between David and Jonathan son of Saul.
8 သို့ဖြစ်၍ ရှင် ဘုရင်သည် အဲအာ သမီး ရိဇပ ဘွားမြင် သော ရှောလု ၏ သား အာမောနိ နှင့် မေဖိဗောရှက် နှစ် ယောက်မှစ၍၊ ရှောလု ၏ သမီး မေရပ် တွင် မေဟောလသိ အမျိုး ဗာဇိလဲ ၏ သား အဒြေလ မြင် သော သား ငါး ယောက်တို့ကို ယူ ၍၊
But the king took Armoni and Mephibosheth, the two sons whom Rizpah daughter of Aiah had borne to Saul, as well as the five sons whom Merab daughter of Saul had borne to Adriel son of Barzillai the Meholathite.
9 ဂိဗောင် လူတို့လက် သို့ အပ် သဖြင့် ၊ သူတို့သည် တောင် ပေါ် တွင် ထာဝရဘုရား ရှေ့ တော်၌ ဆွဲထား ၍ ၊ ထိုသူ ခုနစ် ယောက်တို့သည် မုယော စပါး ရိတ် စ ကာလ၊ တနေ့ ခြင်းတွင် အသေ သတ်ခြင်းကို ခံရ၍ တပြိုင်နက် သေ ကြ၏။
And he delivered them into the hands of the Gibeonites, and they hanged them on the hill before the LORD. So all seven of them fell together; they were put to death in the first days of the harvest, at the beginning of the barley harvest.
10 ၁၀ အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
And Rizpah the daughter of Aiah took sackcloth and spread it out for herself on a rock. From the beginning of the harvest until the rain from heaven poured down on the bodies, she did not allow the birds of the air to rest on them by day, nor the beasts of the field by night.
11 ၁၁ ရှောလု ၏ကိုယ်လုပ်တော် အဲအာ သမီး ရိဇပ ပြု သော အမှုကို ဒါဝိဒ် သည် ကြား သောအခါ၊
When David was told what Saul’s concubine Rizpah, daughter of Aiah, had done,
12 ၁၂ ဖိလိတ္တိ လူတို့သည် ဂိလဗော တောင်၌ ရှောလု ကို သတ် ၍၊ အလောင်းတော်ကိုဆွဲထား ရာဗက်ရှမ် လမ်း မှ ခိုးသွား သော ဂိလဒ် ပြည်ယာဗက်မြို့သူ မြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလု အရိုး နှင့် သား တော် ယောနသန် အရိုး တို့ကိုယူ ၍၊
he went and took the bones of Saul and his son Jonathan from the men of Jabesh-gilead, who had stolen them from the public square of Beth-shan where the Philistines had hung the bodies after they had struck down Saul at Gilboa.
13 ၁၃ ထို အရပ်မှ ဆောင် သွားသဖြင့် ၊ ဆွဲထား သောသူတို့ ၏ အရိုး များကိုလည်း စုသိမ်း ပြီးလျှင်၊
So David had the bones of Saul and his son Jonathan brought from there, along with the bones of those who had been hanged.
14 ၁၄ ဗင်္ယာမိန် ပြည် ၊ ဇေလ ရွာ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင် မှာထား သမျှ အတိုင်း ပြု ကြ ပြီးသည်နောက် ၊ နိုင်ငံ တော်အဘို့ ဆုတောင်း သော စကားကို ဘုရား သခင်နားထောင်တော်မူ၏။
And they buried the bones of Saul and his son Jonathan in Zela in the land of Benjamin, in the tomb of Saul’s father Kish. After they had done everything the king had commanded, God answered their prayers for the land.
15 ၁၅ နောက် တဖန် ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ် နှင့် သူ ၏ ကျွန် တို့ သည် ဆီးကြို၍ တိုက်လှန် ကြစဉ်၊ ဒါဝိဒ် သည် မောပန်း လျက်နေလေ၏။
Once again the Philistines waged war against Israel, and David and his servants went down and fought against the Philistines; but David became exhausted.
16 ၁၆ ရေဖိမ် အမျိုး ဣရှဗိဗေနုပ် သည် အချိန် သုံး ပိဿာရှိသော ကြေးဝါ လှံ ကို ကိုင်၍ ၊ အသစ် သော စစ် တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ် ကိုသတ် မည်ဟု ကြံလေ၏။
Then Ishbi-benob, a descendant of Rapha, whose bronze spear weighed three hundred shekels and who was bearing a new sword, resolved to kill David.
17 ၁၇ ဇေရုယာ သား အဘိရှဲ သည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက် သတ်လေ၏။ ထိုအခါ ဒါဝိဒ် ၏ လူ တို့က၊ ဣသရေလ အလင်း ကွယ် မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော် တို့နှင့်အတူ နောက် တဖန် စစ်ချီ ကြွ တော်မ မူရာဟု ကျိန်ဆို လျက် လျှောက် ကြ၏။
But Abishai son of Zeruiah came to his aid, struck the Philistine, and killed him. Then David’s men swore to him, “You must never again go out with us to battle, so that the lamp of Israel may not be extinguished.”
18 ၁၈ နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကိုသတ် လေ၏။
Some time later at Gob, there was another battle with the Philistines. At that time Sibbecai the Hushathite killed Saph, one of the descendants of Rapha.
19 ၁၉ နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဗက်လင် မြို့သားဖြစ်သော ယဣရ ၏သား ဧလဟာနန် သည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသောလှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျက် ၏ ညီလာခမိ ကိုသတ် လေ၏။
Once again there was a battle with the Philistines at Gob, and Elhanan son of Jair the Bethlehemite killed the brother of Goliath the Gittite, the shaft of whose spear was like a weaver’s beam.
20 ၂၀ နောက် တဖန် ဂါသ မြို့မှ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက် တစ်ဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တစ်ဘက်၌ ခြေ ခြောက် ချောင်းစီ၊ ပေါင်း နှစ် ဆယ်လေး ချောင်းရှိသောရေဖိမ် အမျိုးသား တယောက်သည်၊
And there was still another battle at Gath, where there was a man of great stature with six fingers on each hand and six toes on each foot—twenty-four in all. He too was descended from Rapha,
21 ၂၁ ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ၏။
and when he taunted Israel, Jonathan the son of David’s brother Shimei killed him.
22 ၂၂ ထို သူလေး ယောက်တို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး၏သား ဖြစ်၍၊ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့ လက် ဖြင့် သေ ကြ၏။
So these four descendants of Rapha in Gath fell at the hands of David and his servants.

< ၂ ဓမ္မရာဇဝင် 21 >