< ၂ ဓမ္မရာဇဝင် 20 >
1 ၁ ထိုအခါ ဗင်္ယာမိန် အမျိုးဗိခရိ ၏သား ရှေဘ အမည် ရှိသောအဓမ္မ လူတယောက်ရှိ၏။ ထိုသူသည်တံပိုး မှုတ် ၍၊ အိုဣသရေလ အမျိုး၊ ငါ တို့သည် ဒါဝိဒ် ၌ တဘို့ ကိုမျှ မ ဆိုင်။ ယေရှဲ ၏သား ကို အမွေ မ ခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ သွားကြဟုဆို သဖြင့်၊
၁ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
2 ၂ ဣသရေလ အမျိုးသား အပေါင်း တို့သည် ဒါဝိဒ် ထံ တော်မှ ထွက် ၍ဗိခရိ သား ရှေဘ နောက် သို့ လိုက်ကြ ၏။ ယုဒ အမျိုးသား တို့မူကား ၊ ယော်ဒန် မြစ်မှ သည် ယေရုရှလင် မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ် ကြ၏။
၂ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
3 ၃ ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။
၃ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
4 ၄ ရှင် ဘုရင်ကလည်း ၊ သုံး ရက် အတွင်းတွင် ယုဒ လူ တို့ကို စုဝေး စေပြီးလျှင် ၊ ထိုသူတို့နှင့်အတူကိုယ်တိုင်လာ ရမည်ဟု အာမသ အား မိန့် တော်မူ၏။
၄မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
5 ၅ အာမသ သည်သွား ၍ ယုဒ လူတို့ကို နှိုးဆော် သဖြင့် ၊ ချိန်းချက် သော အချိန် ကို လွန် စေ၏။
၅အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-
6 ၆ ဒါဝိဒ် ကလည်း ၊ အဗရှလုံ ပြုသည်ထက် ဗိခရိ သား ရှေဘ သည်သာ၍အပြစ် ပြုလိမ့်မည်။ သင့် သခင် ၏ ကျွန် တို့ကိုခေါ် ၍ ထိုသူ ကိုလိုက် လော့။ သို့မဟုတ် သူသည် ခိုင်ခံ့ သောမြို့ တစုံတမြို့ထဲသို့ ဝင်၍ ငါ တို့ လက် မှ လွတ် လိမ့်မည်ဟု အဘိရှဲ အား မိန့် တော်မူသည်အတိုင်း၊
၆ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
7 ၇ အဘိရှဲနောက်မှာ ယွာဘ ၏လူ များနှင့် ခေရသိ လူ၊ ပေလသိ လူများမှစ၍ခွန်အား ကြီးသောသူအပေါင်း တို့သည် ဗိခရိ သား ရှေဘ ကို လိုက် အံ့သောငှါ ယေရုရှလင် မြို့မှ ထွက်သွား ကြ၏။
၇သို့ဖြစ်၍ယွာဘ၏လူများ၊ ကိုယ်ရံတော်တပ် သားများနှင့်အခြားတပ်သားအပေါင်းတို့ သည် အဘိရှဲနှင့်အတူရှေဘကိုလိုက်လံ ရှာဖွေရန်ယေရုရှလင်မြို့မှထွက်ခွာကြ လေသည်။-
8 ၈ ဂိဗောင် မြို့၌ ရှိသော ကျောက် ကြီး သို့ ရောက်ကြသောအခါ၊ အာမသ သည်သူ တို့ ရှေ့ သို့ချီသွား လေ၏။ ယွာဘ သည် မိမိ ဝတ်သော အဝတ် ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ် မှာလည်း ထား ကိုအိမ်နှင့်တကွဆွဲလျက် ထား၏။ သွား စဉ်တွင်ထားသည် လျှော ၍ကျ၏။
၈ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။-
9 ၉ ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။
၉ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊-
10 ၁၀ လက်ဝဲလက် ၌ ကိုင်သော ထား ကို အာမသ သည်သတိ မ ပြုသောကြောင့် ၊ ဝမ်း ကိုထိုး ၍ အအူ ကိုမြေ ပေါ် မှာ ချ ၏။ ထပ်၍ မ ထိုးသော်လည်း အာမသသေ လေ၏။ ယွာဘ နှင့် ညီ အဘိရှဲ သည် ဗိခရိ သား ရှေဘ ကို လိုက် ကြ၏။
၁၀အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-
11 ၁၁ သူ အနား မှာ ယွာဘ ၏ လူ တယောက်သည် ရပ် ၍ ယွာဘ နှင့် ဒါဝိဒ် ဘက်၌နေသောသူဖြစ်လျှင် ယွာဘ နောက် သို့ လိုက်တော့ဟုဆို ၏။
၁၁ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
12 ၁၂ အာမသ သည် လမ်းမ အလယ် တွင် မိမိအသွေး ၌ လူး လျက်ရှိ၏။ လမ်း၌ သွား လာသောသူ အပေါင်း တို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ၏ လူမြင် သောအခါ၊ အာမသ ကို လမ်းမ က ယူ၍ လယ်ပြင် သို့ ရွှေ့ ပြီးလျှင် အဝတ် နှင့်ဖုံး လေ၏။
၁၂အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။-
13 ၁၃ ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။
၁၃လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
14 ၁၄ ယွာဘသည် ဗက်မာခ ပြည်၊ အာဗေလ မြို့ တိုင်အောင် ဣသရေလ တိုင်း ခရိုင်ရှိသမျှ ကို ရှောက်သွား ၏။ ဗေရိ လူအပေါင်း တို့သည်လည်း စုဝေး ၍ ယွာဘ နောက် သို့ လိုက် ကြ၏။
၁၄ရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။-
15 ၁၅ ရှေဘတည်းခိုသောဗက်မာခ ပြည်၊ အာဗေလမြို့ ကို ဝိုင်းထား ၍၊ ပြင်မြို့ရိုး တစ်ဘက်တချက်၌ မြေရိုး ကို ဖို့ ကြ၏။ ယွာဘ နှင့် သူ၏ လူ အပေါင်း တို့သည် မြို့ရိုး ကို ဖြို ခြင်းငှါ ထိုးဖေါက် ကြ၏။
၁၅ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။-
16 ၁၆ ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊
၁၆ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။-
17 ၁၇ ယွာဘသည် ချဉ်း လာသောအခါ မိန်းမ က၊ သင် သည်ယွာဘ ဟုတ်သလောဟုမေး လျှင်၊ ငါ ဟုတ်သည် ဟုဆို သော် ၊ မိန်းမက၊ ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါဟုဆို ၏။ ယွာဘကလည်း ၊ ငါ နားထောင် လျက် နေသည်ဟုဆို သော်၊
၁၇ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။ ``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊ ``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။ ``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊
18 ၁၈ မိန်းမက၊ အကယ်စင်စစ်အာဗေလ မြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ် ပါလေစေဟု ရှေး ကာလ၌ ဆို တတ်ကြ၏။
၁၈အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။-
19 ၁၉ ကျွန်မ သည် ဣသရေလ အမျိုး၌ အမှု မလုပ်ပါ။ သစ္စာ စောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့ တမြို့ တည်းဟူသောဣသရေလ အမျိုးတွင် အမိ တယောက်ကို ဖျက်ဆီး ခြင်းငှါ ရှာ တော်မူ၏။ ထာဝရဘုရား ၏ အမွေ တော်ကို မျို ခြင်းငှါအဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
၁၉ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
20 ၂၀ ယွာဘ က၊ မျို ခြင်းအမှု၊ ဖျက်ဆီး ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ဝေး ပါစေသော။
၂၀ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
21 ၂၁ ထိုသို့ မ ဟုတ်ပါ။ ဧဖရိမ် တောင် သားဖြစ်သော ဗိခရိ ၏သား ရှေဘ အမည်ရှိသောသူသည် ရှင်ဘုရင် ဒါဝိဒ် ကို ပုန်ကန် ပြီ။ ထိုသူ ကို အပ် လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွား မည်ဟု ပြောဆိုသော်၊ မိန်းမ က၊ သူ ၏ ဦးခေါင်း ကိုကိုယ်တော် ရှေ့ သို့ ပစ်ချ ပါမည်ဟု ဆို ပြီးမှ၊
၂၁ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။ အမျိုးသမီးက``ထိုသူ၏ဦးခေါင်းကိုမြို့ရိုး ပေါ်သို့ကျော်၍ပစ်ချလိုက်ပါမည်'' ဟုဆို ပြီးလျှင်၊-
22 ၂၂ ထိုမိန်းမ သည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်း ကို ဖြတ် ၍ ယွာဘ ရှေ့ သို့ ပစ်ချ ကြ၏။ ယွာဘသည်လည်း တံပိုး မှုတ် သဖြင့် ၊ လူများတို့သည် ထိုမြို့ မှ မိမိ တို့ နေရာ သို့ ပြန်သွား ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ တော်သို့ ပြန်သွား၏။
၂၂မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။
23 ၂၃ ယွာဘ သည် ဣသရေလ တပ်သား အပေါင်း တို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒ သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ် ရ၏။
၂၃ယွာဘသည်တပ်မတော်ဗိုလ်ချုပ်ဖြစ်၍ ယောယဒ၏သားဗေနာယသည် ဒါဝိဒ်၏ ကိုယ်ရံတော်တပ်သားများကိုအုပ်ချုပ် ရ၏။-
24 ၂၄ အဒေါနိရံ သည် အခွန်တော်ဝန် ဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
၂၄အဒေါနိရံသည်ချွေးတပ်ကိုအုပ်ချုပ်ရ ၍အဟိလုပ်၏သားယောရှဖတ်သည်မော် ကွန်းထိန်းဖြစ်၏။-
25 ၂၅ ရှေဝ သည် စာရေးတော်ကြီး ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ် ဖြစ်၏။
၂၅ရှေဝသည်တရားရုံးတော်အတွင်းဝန်ဖြစ် ၍ဇာဒုတ်နှင့်အဗျာသာတို့သည်ယဇ်ပုရော ဟိတ်များဖြစ်ကြ၏။-
26 ၂၆ ယဣရ မြို့သားဣရ သည်နန်းတော်အုပ် ဖြစ် ၏။
၂၆ယာဣရမြို့သားဣရသည်လည်းဒါဝိဒ်၏ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သတည်း။