< ၂ ဓမ္မရာဇဝင် 20 >

1 ထိုအခါ ဗင်္ယာမိန် အမျိုးဗိခရိ ၏သား ရှေဘ အမည် ရှိသောအဓမ္မ လူတယောက်ရှိ၏။ ထိုသူသည်တံပိုး မှုတ် ၍၊ အိုဣသရေလ အမျိုး၊ ငါ တို့သည် ဒါဝိဒ် ၌ တဘို့ ကိုမျှ မ ဆိုင်။ ယေရှဲ ၏သား ကို အမွေ မ ခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ သွားကြဟုဆို သဖြင့်၊
Now a worthless man named Sheba son of Bichri, a Benjamite, happened to be there, and he blew the ram’s horn and shouted: “We have no share in David, no inheritance in Jesse’s son. Every man to his tent, O Israel!”
2 ဣသရေလ အမျိုးသား အပေါင်း တို့သည် ဒါဝိဒ် ထံ တော်မှ ထွက် ၍ဗိခရိ သား ရှေဘ နောက် သို့ လိုက်ကြ ၏။ ယုဒ အမျိုးသား တို့မူကား ၊ ယော်ဒန် မြစ်မှ သည် ယေရုရှလင် မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ် ကြ၏။
So all the men of Israel deserted David to follow Sheba son of Bichri. But the men of Judah stayed by their king all the way from the Jordan to Jerusalem.
3 ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။
When David returned to his palace in Jerusalem, he took the ten concubines he had left to care for the palace, and he placed them in a house under guard. He provided for them, but he no longer slept with them. They were confined until the day of their death, living as widows.
4 ရှင် ဘုရင်ကလည်း ၊ သုံး ရက် အတွင်းတွင် ယုဒ လူ တို့ကို စုဝေး စေပြီးလျှင် ၊ ထိုသူတို့နှင့်အတူကိုယ်တိုင်လာ ရမည်ဟု အာမသ အား မိန့် တော်မူ၏။
Then the king said to Amasa, “Summon the men of Judah to come to me within three days, and be here yourself.”
5 အာမသ သည်သွား ၍ ယုဒ လူတို့ကို နှိုးဆော် သဖြင့် ၊ ချိန်းချက် သော အချိန် ကို လွန် စေ၏။
So Amasa went to summon Judah, but he took longer than the time allotted him.
6 ဒါဝိဒ် ကလည်း ၊ အဗရှလုံ ပြုသည်ထက် ဗိခရိ သား ရှေဘ သည်သာ၍အပြစ် ပြုလိမ့်မည်။ သင့် သခင် ၏ ကျွန် တို့ကိုခေါ် ၍ ထိုသူ ကိုလိုက် လော့။ သို့မဟုတ် သူသည် ခိုင်ခံ့ သောမြို့ တစုံတမြို့ထဲသို့ ဝင်၍ ငါ တို့ လက် မှ လွတ် လိမ့်မည်ဟု အဘိရှဲ အား မိန့် တော်မူသည်အတိုင်း၊
And David said to Abishai, “Now Sheba the son of Bichri will do us more harm than Absalom. Take your lord’s servants and pursue him, or he will find fortified cities and elude us.”
7 အဘိရှဲနောက်မှာ ယွာဘ ၏လူ များနှင့် ခေရသိ လူ၊ ပေလသိ လူများမှစ၍ခွန်အား ကြီးသောသူအပေါင်း တို့သည် ဗိခရိ သား ရှေဘ ကို လိုက် အံ့သောငှါ ယေရုရှလင် မြို့မှ ထွက်သွား ကြ၏။
So Joab’s men, along with the Cherethites, the Pelethites, and all the mighty men, marched out of Jerusalem in pursuit of Sheba son of Bichri.
8 ဂိဗောင် မြို့၌ ရှိသော ကျောက် ကြီး သို့ ရောက်ကြသောအခါ၊ အာမသ သည်သူ တို့ ရှေ့ သို့ချီသွား လေ၏။ ယွာဘ သည် မိမိ ဝတ်သော အဝတ် ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ် မှာလည်း ထား ကိုအိမ်နှင့်တကွဆွဲလျက် ထား၏။ သွား စဉ်တွင်ထားသည် လျှော ၍ကျ၏။
And while they were at the great stone in Gibeon, Amasa joined them. Now Joab was dressed in military attire, with a dagger strapped to his belt. And as he stepped forward, he slipped the dagger from its sheath.
9 ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။
“Are you well, my brother?” Joab asked Amasa. And with his right hand Joab grabbed Amasa by the beard to kiss him.
10 ၁၀ လက်ဝဲလက် ၌ ကိုင်သော ထား ကို အာမသ သည်သတိ မ ပြုသောကြောင့် ၊ ဝမ်း ကိုထိုး ၍ အအူ ကိုမြေ ပေါ် မှာ ချ ၏။ ထပ်၍ မ ထိုးသော်လည်း အာမသသေ လေ၏။ ယွာဘ နှင့် ညီ အဘိရှဲ သည် ဗိခရိ သား ရှေဘ ကို လိုက် ကြ၏။
Amasa was not on guard against the dagger in Joab’s hand, and Joab stabbed him in the stomach and spilled out his intestines on the ground. And Joab did not need to strike him again, for Amasa was dead. Then Joab and his brother Abishai pursued Sheba son of Bichri.
11 ၁၁ သူ အနား မှာ ယွာဘ ၏ လူ တယောက်သည် ရပ် ၍ ယွာဘ နှင့် ဒါဝိဒ် ဘက်၌နေသောသူဖြစ်လျှင် ယွာဘ နောက် သို့ လိုက်တော့ဟုဆို ၏။
One of Joab’s young men stood near Amasa and said, “Whoever favors Joab, and whoever is for David, let him follow Joab!”
12 ၁၂ အာမသ သည် လမ်းမ အလယ် တွင် မိမိအသွေး ၌ လူး လျက်ရှိ၏။ လမ်း၌ သွား လာသောသူ အပေါင်း တို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ၏ လူမြင် သောအခါ၊ အာမသ ကို လမ်းမ က ယူ၍ လယ်ပြင် သို့ ရွှေ့ ပြီးလျှင် အဝတ် နှင့်ဖုံး လေ၏။
But Amasa wallowed in his blood in the middle of the road, and when the man saw that all the troops were stopping there, he dragged the body off the road into a field and threw a garment over it.
13 ၁၃ ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။
As soon as Amasa’s body was removed from the road, all the men went on with Joab to pursue Sheba son of Bichri.
14 ၁၄ ယွာဘသည် ဗက်မာခ ပြည်၊ အာဗေလ မြို့ တိုင်အောင် ဣသရေလ တိုင်း ခရိုင်ရှိသမျှ ကို ရှောက်သွား ၏။ ဗေရိ လူအပေါင်း တို့သည်လည်း စုဝေး ၍ ယွာဘ နောက် သို့ လိုက် ကြ၏။
Sheba passed through all the tribes of Israel to Abel-beth-maacah and through the entire region of the Berites, who gathered together and followed him.
15 ၁၅ ရှေဘတည်းခိုသောဗက်မာခ ပြည်၊ အာဗေလမြို့ ကို ဝိုင်းထား ၍၊ ပြင်မြို့ရိုး တစ်ဘက်တချက်၌ မြေရိုး ကို ဖို့ ကြ၏။ ယွာဘ နှင့် သူ၏ လူ အပေါင်း တို့သည် မြို့ရိုး ကို ဖြို ခြင်းငှါ ထိုးဖေါက် ကြ၏။
And Joab’s troops came and besieged Sheba in Abel-beth-maacah and built a siege ramp against the outer rampart of the city. As all the troops with Joab were battering the wall to topple it,
16 ၁၆ ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊
a wise woman called out from the city, “Listen! Listen! Please tell Joab to come here so that I may speak with him.”
17 ၁၇ ယွာဘသည် ချဉ်း လာသောအခါ မိန်းမ က၊ သင် သည်ယွာဘ ဟုတ်သလောဟုမေး လျှင်၊ ငါ ဟုတ်သည် ဟုဆို သော် ၊ မိန်းမက၊ ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါဟုဆို ၏။ ယွာဘကလည်း ၊ ငါ နားထောင် လျက် နေသည်ဟုဆို သော်၊
When he had come near to her, the woman asked, “Are you Joab?” “I am,” he replied. “Listen to the words of your servant,” she said. “I am listening,” he answered.
18 ၁၈ မိန်းမက၊ အကယ်စင်စစ်အာဗေလ မြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ် ပါလေစေဟု ရှေး ကာလ၌ ဆို တတ်ကြ၏။
Then the woman said, “Long ago they used to say, ‘Seek counsel at Abel,’ and that is how disputes were settled.
19 ၁၉ ကျွန်မ သည် ဣသရေလ အမျိုး၌ အမှု မလုပ်ပါ။ သစ္စာ စောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့ တမြို့ တည်းဟူသောဣသရေလ အမျိုးတွင် အမိ တယောက်ကို ဖျက်ဆီး ခြင်းငှါ ရှာ တော်မူ၏။ ထာဝရဘုရား ၏ အမွေ တော်ကို မျို ခြင်းငှါအဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
I am among the peaceable and faithful in Israel, but you are trying to destroy a city that is a mother in Israel. Why would you swallow up the LORD’s inheritance?”
20 ၂၀ ယွာဘ က၊ မျို ခြင်းအမှု၊ ဖျက်ဆီး ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ဝေး ပါစေသော။
“Far be it!” Joab declared. “Far be it from me to swallow up or destroy!
21 ၂၁ ထိုသို့ မ ဟုတ်ပါ။ ဧဖရိမ် တောင် သားဖြစ်သော ဗိခရိ ၏သား ရှေဘ အမည်ရှိသောသူသည် ရှင်ဘုရင် ဒါဝိဒ် ကို ပုန်ကန် ပြီ။ ထိုသူ ကို အပ် လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွား မည်ဟု ပြောဆိုသော်၊ မိန်းမ က၊ သူ ၏ ဦးခေါင်း ကိုကိုယ်တော် ရှေ့ သို့ ပစ်ချ ပါမည်ဟု ဆို ပြီးမှ၊
That is not the case. But a man named Sheba son of Bichri, from the hill country of Ephraim, has lifted up his hand against the king, against David. Deliver him alone, and I will depart from the city.” “Look,” the woman replied, “his head will be thrown to you over the wall.”
22 ၂၂ ထိုမိန်းမ သည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်း ကို ဖြတ် ၍ ယွာဘ ရှေ့ သို့ ပစ်ချ ကြ၏။ ယွာဘသည်လည်း တံပိုး မှုတ် သဖြင့် ၊ လူများတို့သည် ထိုမြို့ မှ မိမိ တို့ နေရာ သို့ ပြန်သွား ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ တော်သို့ ပြန်သွား၏။
Then the woman went to all the people with her wise counsel, and they cut off the head of Sheba son of Bichri and threw it to Joab. So he blew the ram’s horn and his men dispersed from the city, each to his own home. And Joab returned to the king in Jerusalem.
23 ၂၃ ယွာဘ သည် ဣသရေလ တပ်သား အပေါင်း တို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒ သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ် ရ၏။
Now Joab was over the whole army of Israel; Benaiah son of Jehoiada was over the Cherethites and Pelethites;
24 ၂၄ အဒေါနိရံ သည် အခွန်တော်ဝန် ဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
Adoram was in charge of the forced labor; Jehoshaphat son of Ahilud was the recorder;
25 ၂၅ ရှေဝ သည် စာရေးတော်ကြီး ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ် ဖြစ်၏။
Sheva was the scribe; Zadok and Abiathar were priests;
26 ၂၆ ယဣရ မြို့သားဣရ သည်နန်းတော်အုပ် ဖြစ် ၏။
and Ira the Jairite was David’s priest.

< ၂ ဓမ္မရာဇဝင် 20 >