< ၂ ဓမ္မရာဇဝင် 2 >
1 ၁ ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
And it came to pass after this that David enquired of the Lord, saying, Shall I go up into one of the cities of Juda? and the Lord said to him, Go up. And David said, Whither shall I go up? and he said, To Chebron.
2 ၂ ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။
And David went up there to Chebron, [he] and both his wives, Achinaam the Jezraelitess, and Abigaia the wife of Nabal the Carmelite,
3 ၃ မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။
and the men that were with him, every one and his family; and they lived in the cities of Chebron.
4 ၄ တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
And the men of Judea come, and anoint David there to reign over the house of Juda; and they reported to David, saying, The men of Jabis of the country of Galaad have buried Saul.
5 ၅ ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။
And David sent messengers to the rulers of Jabis of the country of Galaad, and David said to them, Blessed be you of the Lord, because you have wrought this mercy towards your lord, even towards Saul the anointed of the Lord, and you have buried him and Jonathan his son.
6 ၆ ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။
And now may the Lord deal in mercy and truth towards you: and I also will requite towards you this good deed, because you have done this.
7 ၇ ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။
And now let your hands be made strong, and be valiant; for your master Saul is dead, and moreover the house of Juda have anointed me to be king over them.
8 ၈ သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊
But Abenner, the son of Ner, the commander-in-chief of Saul's army, took Jebosthe son of Saul, and brought him up from the camp to Manaem
9 ၉ ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။
and made him king over the land of Galaad, and over Thasiri, and over Jezrael, and over Ephraim, and over Benjamin, and over all Israel.
10 ၁၀ ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။
Jebosthe, Saul's son [was] forty years old, when he reigned over Israel; and he reigned two years, but not over the house of Juda, who followed David.
11 ၁၁ ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။
And the days which David reigned in Chebron over the house of Juda were seven years and six months.
12 ၁၂ တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊
And Abenner the son of Ner went forth, and the servants of Jebosthe the son of Saul, from Manaem to Gabaon.
13 ၁၃ ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။
And Joab the son of Saruia, and the servants of David, went forth from Chebron, and met them at the fountain of Gabaon, at the same place: and these sat down by the fountain on this side, and those by the fountain on that side.
14 ၁၄ အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊
And Abenner said to Joab, Let now the young men arise, and play before us. And Joab said, Let them arise.
15 ၁၅ ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။
And there arose and passed over by number twelve of the children of Benjamin, belonging to Jebosthe the son of Saul, and twelve of the servants of David.
16 ၁၆ သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။
And they seized every one the head of his neighbour with his hand, and his sword [was thrust] into the side of his neighbour, and they fall down together: and the name of that place was called The portion of the treacherous ones, which is in Gabaon.
17 ၁၇ ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
And the battle was very severe on that day; and Abenner and the men of Israel were worsted before the servants of David.
18 ၁၈ ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။
And there were there the three sons of Saruia, Joab, and Abessa, and Asael: and Asael was swift in his feet as a roe in the field.
19 ၁၉ အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။
And Asael followed after Abenner, and turned not to go to the right hand or to the left from following Abenner.
20 ၂၀ အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။
And Abenner looked behind him, and said, Are you Asael himself? and he said, I am.
21 ၂၁ အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။
And Abenner said to him, Turn you to the right hand or to the left, and lay hold for yourself on one of the young men, and take to yourself his armour: but Asel would not turn back from following him.
22 ၂၂ တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊
And Abenner said yet again to Asael, Stand aloof from me, lest I strike you to the ground? and how should I lift up my face to Joab?
23 ၂၃ အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။
And what does this mean? return to Joab your brother? But he would not stand aloof; and Abenner smites him with the hinder end of the spear on the loins, and the spear went out behind him, and he falls there and dies on the spot: and it came to pass that every one that came to the place where Asael fell and died, stood still.
24 ၂၄ ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။
And Joab and Abessa pursued after Abenner, and the sun went down: and they went as far as the hill of Amman, which is in the front of Gai, by the desert way of Gabaon.
25 ၂၅ ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။
And the children of Benjamin who followed Abenner gather themselves together, and they formed themselves into one body, and stood on the top of a hill.
26 ၂၆ ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
And Abenner called Joab, and said, Shall the sword devour perpetually? know you not that it will be bitter at last? How long then will you refuse to tell the people to turn from following our brethren?
27 ၂၇ ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊
And Joab said, As the Lord lives, if you had not spoken, even from the morning the people had gone up every one from following his brother.
28 ၂၈ တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။
And Joab sounded the trumpet, and all the people departed, and did not pursue after Israel, and did not fight any longer.
29 ၂၉ အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။
And Abenner and his men departed at evening, [and went] all that night, and crossed over Jordan, and went along the whole adjacent [country], and they come to the camp.
30 ၃၀ ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။
And Joab returned from following Abenner, and he assembled all the people, and there were missing of the people of David, nineteen men, and Asael.
31 ၃၁ ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။
And the servants of David struck of the children of Benjamin, of the men of Abenner, three hundred and sixty men belonging to him.
32 ၃၂ အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။
And they take up Asael, and bury him in the tomb of his father in Bethleem. And Joab and the men with him went all the night, and the morning rose upon them in Chebron.