< ၂ ဓမ္မရာဇဝင် 19 >

1 ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။
Und es ward Joab angezeigt: Siehe, der König weint und trägt Leid um Absalom!
2 ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊
So wurde an jenem Tage dem ganzen Volke der Sieg zum Leid; denn an jenem Tage hörte das Volk sagen: Der König trauert um seinen Sohn!
3 စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။
Und das Volk stahl sich an jenem Tage in die Stadt hinein, wie ein Volk sich wegstiehlt, das sich schämen muß, weil es im Kampfe geflohen ist.
4 ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။
Der König aber hatte sein Angesicht verhüllt und schrie laut: Mein Sohn Absalom! Absalom, mein Sohn, mein Sohn!
5 ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။
Da kam Joab zum König ins Haus und sprach: Du hast heute alle deine Knechte schamrot gemacht, die heute dir und deinen Söhnen, deinen Töchtern, deinen Weibern und Kebsweibern das Leben gerettet haben;
6 ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။
indem du die liebst, die dich hassen, und hassest, die dich lieben; denn du lässest heute merken, daß dir nichts gelegen ist an den Hauptleuten und Knechten! Denn ich merke heute wohl: wenn nur Absalom lebte und wir alle heute tot wären, das dünkte dich, recht zu sein!
7 ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊
So mache dich nun auf und gehe hinaus und rede mit deinen Knechten freundlich! Denn ich schwöre dir bei dem HERRN: Wenn du nicht hinausgehst, so wird kein Mann diese Nacht bei dir bleiben, und das wird ärger sein für dich als alles Unglück, das über dich gekommen ist, von deiner Jugend an bis hierher!
8 ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။
Da machte sich der König auf und setzte sich ins Tor. Das tat man allem Volke kund und sprach: Siehe, der König sitzt im Tor! Da kam alles Volk vor den König; Israel aber war geflohen, ein jeder in seine Hütte.
9 ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။
Und alles Volk in allen Stämmen Israels zankte sich und sprach: Der König hat uns errettet von der Hand unsrer Feinde, und er hat uns aus der Philister Hand erlöst; dennoch mußte er jetzt vor Absalom aus dem Lande fliehen!
10 ၁၀ ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
Nun aber ist Absalom, den wir über uns gesalbt hatten, im Kampfe umgekommen. Warum sagt ihr denn nun nichts davon, daß ihr den König zurückholen wollt?
11 ၁၁ ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။
Und der König David sandte zu Zadok und Abjatar, den Priestern, und ließ ihnen sagen: Redet mit den Ältesten Judas und sagt zu ihnen: Warum wollt ihr die Letzten sein, den König wieder in sein Haus zu holen? Denn was von ganz Israel geredet wurde, war vor den König in sein Haus gekommen.
12 ၁၂ သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊
Ihr seid meine Brüder, mein Gebein und mein Fleisch; warum wollt ihr denn die Letzten sein, den König wieder zu holen?
13 ၁၃ အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။
Und zu Amasa sprecht: Bist du nicht mein Gebein und Fleisch? Gott tue mir dies und das, wenn du nicht Feldhauptmann sein wirst vor mir dein Leben lang an Joabs Statt!
14 ၁၄ ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။
Und er neigte das Herz aller Männer von Juda wie dasjenige eines Mannes, so daß sie zum König sandten und ihm sagen ließen: Komm wieder, du und alle deine Knechte!
15 ၁၅ ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။
Also kam der König wieder. Und da er an den Jordan kam, waren [die Männer von] Juda gen Gilgal gekommen, um dem König entgegenzugehen und ihn über den Jordan zu führen.
16 ၁၆ ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။
Auch Simei, der Sohn Geras, des Benjaminiters, der zu Bachurim wohnte, eilte mit den Männern Judas hinab, dem König entgegen,
17 ၁၇ သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။
und mit ihm tausend Mann von Benjamin; dazu Ziba, der Knecht des Hauses Sauls, samt seinen fünfzehn Söhnen und zwanzig Knechten; die bereiteten den Weg über den Jordan, vor dem König her.
18 ၁၈ ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊
Es ging nämlich eine Fähre hinüber, um die königliche Familie überzusetzen und also dem König einen Gefallen zu erweisen. Da fiel Simei, der Sohn Geras, vor dem König nieder, als dieser über den Jordan fahren wollte,
19 ၁၉ ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။
und er sprach zum König: Mein Herr, rechne mir die Missetat nicht zu und gedenke nicht an das Böse, was dein Knecht getan hat des Tages, als mein Herr, der König, Jerusalem verließ;
20 ၂၀ ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။
denn dein Knecht erkennt, daß ich gesündigt habe; und siehe, ich bin heute zuerst gekommen, vor dem ganzen Hause Joseph, um meinem Herrn, dem König, zu begegnen!
21 ၂၁ ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊
Aber Abisai, der Sohn der Zeruja, antwortete und sprach: Sollte Simei darum nicht sterben, daß er dem Gesalbten des HERRN geflucht hat?
22 ၂၂ ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊
David aber sprach: Was habe ich mit euch zu schaffen, ihr Söhne der Zeruja, die ihr mir heute zum Satan werden wollt? Sollte heute jemand in Israel getötet werden? Weiß ich denn nicht, daß ich heute König über Israel geworden bin?
23 ၂၃ ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။
Und der König sprach zu Simei: Du sollst nicht sterben! Und der König schwur ihm.
24 ၂၄ ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။
Mephiboset aber, Sauls Sohn, kam auch herab, dem König entgegen. Und er hatte weder seine Füße noch seinen Bart gepflegt, noch seine Kleider gewaschen, seit dem Tage, da der König hinweggegangen war, bis zu dem Tage, da er in Frieden wiederkehrte.
25 ၂၅ ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊
Als er nun von Jerusalem dem König entgegenkam, sprach der König zu ihm: Mephiboset, warum bist du nicht mit mir gezogen?
26 ၂၆ အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။
Er sprach: Mein Herr und König, mein Knecht hat mich betrogen! Denn dein Knecht sprach: Ich will mir einen Esel satteln, damit ich darauf reiten und zum König ziehen kann, denn dein Knecht ist lahm.
27 ၂၇ အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။
Dazu hat er deinen Knecht verleumdet vor meinem Herrn, dem König. Aber mein Herr, der König, ist wie ein Engel Gottes! So tue nur, was dich gut dünkt!
28 ၂၈ ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
Denn als das ganze Haus meines Vaters nichts anderes war als Leute des Todes vor meinem Herrn, dem König, hast du deinen Knecht unter die gesetzt, welche an deinem Tische essen; was habe ich noch weiter zu beanspruchen oder zum König zu schreien?
29 ၂၉ ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။
Der König sprach zu ihm: Was machst du noch weiter Worte? Ich habe es gesagt: Du und Ziba sollt den Landbesitz unter euch teilen!
30 ၃၀ မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။
Mephiboset sprach zum König: Er soll nur alles nehmen, nachdem mein Herr, der König, in Frieden heimgekommen ist!
31 ၃၁ ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။
Und Barsillai, der Gileaditer, war von Roglim herabgekommen, um den König über den Jordan zu geleiten.
32 ၃၂ ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။
Barsillai war aber sehr alt, achtzigjährig, und er hatte den König während seines Aufenthaltes zu Mahanaim mit Speise versorgt; denn er war ein sehr reicher Mann.
33 ၃၃ ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊
Nun sprach der König zu Barsillai: Du sollst mit mir hinüberziehen, und ich will dich zu Jerusalem bei mir versorgen!
34 ၃၄ ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။
Aber Barsillai sprach zum König: Wie lange habe ich noch zu leben, daß ich mit dem König nach Jerusalem hinaufziehen sollte?
35 ၃၅ ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
Ich bin heute achtzig Jahre alt, wie könnte ich noch unterscheiden, was gut oder schlecht ist? Könnte dein Knecht auch schmecken, was ich äße und tränke? Könnte ich noch hören, was die Sänger und Sängerinnen singen? Warum sollte also dein Knecht dem König zur Last fallen?
36 ၃၆ ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။
Dein Knecht möchte nur ein wenig mit dem König über den Jordan gehen; aber warum wollte mir der König eine solche Vergeltung erweisen?
37 ၃၇ ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။
Laß doch deinen Knecht umkehren, daß ich in meiner Stadt, beim Grabe meines Vaters und meiner Mutter, sterben kann! Aber siehe, hier ist dein Knecht Kimham, der möge mit meinem Herrn, dem König, hinüberziehen; demselben tue, was dich gut dünkt!
38 ၃၈ ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။
Der König sprach: Kimham soll mit mir hinüberziehen, so will ich ihm tun, was dir gefällt; auch alles, was du von mir forderst, will ich für dich tun.
39 ၃၉ လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။
Und als alles Volk den Jordan überschritten hatte, ging der König auch hinüber; und der König küßte den Barsillai und segnete ihn. Darauf kehrte dieser wieder an seinen Ort zurück.
40 ၄၀ ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
Der König aber zog nach Gilgal hinüber und Kimham mit ihm; und das ganze Volk von Juda hatte den König hinübergeführt und auch das halbe Volk Israel.
41 ၄၁ တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊
Und siehe, da kamen alle Männer von Israel zum König und sprachen zu ihm: Warum haben dich unsre Brüder, die Männer von Juda, weggestohlen und haben den König und sein Haus über den Jordan geführt und alle Männer Davids mit ihm?
42 ၄၂ ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။
Da antworteten alle Männer von Juda denen von Israel: Weil der König uns näher zugehört! Und was zürnt ihr darum? Haben wir den König gefressen oder ihn für uns in Beschlag genommen?
43 ၄၃ ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။
Aber die Männer Israels antworteten denen von Juda und sprachen: Wir haben zehn Anteile am König und gelten auch bei David mehr als ihr! Warum habt ihr uns denn so gering geachtet? Haben wir nicht zuerst gesagt, wir wollten unsern König wieder holen? Aber die von Juda redeten noch härter als die von Israel.

< ၂ ဓမ္မရာဇဝင် 19 >