< ၂ ဓမ္မရာဇဝင် 19 >
1 ၁ ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။
Soon Joab was told, “The king is crying and mourning for Absalom.”
2 ၂ ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊
Victory that day was turned into mourning for the whole army, because they were told, “The king is grieving for his son.”
3 ၃ စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။
They stole back into town that day like defeated people steal in, ashamed of running away from the battle.
4 ၄ ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။
The king held his face in his hands and sobbed loudly, “My son Absalom! Absalom, my son, my son!”
5 ၅ ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။
Then Joab went inside and told the king, “Today you have humiliated all your men who have saved your life, and the lives of your sons, your daughters, your wives, and your concubines.
6 ၆ ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။
You did this by loving those who hate you and hating those who love you. Today you have made it plain that the commanders and the men don't mean anything to you. Today I'm sure that you'd be quite happy if Absalom was alive and all of us were dead!
7 ၇ ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊
So get up, go out, and thank your men. I swear by the Lord that if you don't, you won't have a man left by tonight. That will be far worse for you than all the disasters you've had from your youth until now.”
8 ၈ ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။
So the king got up and went to sit at the town gate. Everybody was told: “Look, the king is sitting at the town gate.” They all came to see the king. In the meantime the Israelites had run away and gone to their homes.
9 ၉ ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။
Everyone among the tribes of Israel were arguing with each other, saying, “The king rescued us from the persecution of our enemies, he saved us from the Philistines, but now he's had to run from the country because of Absalom.
10 ၁၀ ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
Now Absalom, the man we chose to be our king by anointing him, he's died in battle. Why don't we do something and invite King David to come back?”
11 ၁၁ ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။
King David sent this message to Zadok and Abiathar, the priests: “Tell the elders of Judah, ‘Are you going to be the last people to bring the king back to his palace, since the king has heard that all of Israel wants it?
12 ၁၂ သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊
You are my brothers, my own flesh and blood. Why should you be the last ones to want to bring the king back?’
13 ၁၃ အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။
Tell Amasa, ‘Aren't you my flesh and blood too? May God punish me very severely if from now on you're not the commander of my army instead of Joab!’”
14 ၁၄ ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။
Amasa convinced all the people of Judah to unitedly support David, so they sent a message to the king: “Please come back, you and everyone with you.”
15 ၁၅ ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။
The king began his journey back, and when he arrived at the Jordan, the men of Judah met him at Gilgal to help him cross the river.
16 ၁၆ ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။
Shimei, son of Gera, the Benjamite from Bahurim, hurried down with the men of Judah to meet King David.
17 ၁၇ သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။
With him were one thousand men from the tribe of Benjamin, including Ziba, servant of Saul's family, as well as Ziba's fifteen sons and twenty servants. They rushed down to the Jordan to meet the king.
18 ၁၈ ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊
They crossed at the ford to bring the king's household over and whatever else he wanted. Shimei crossed the Jordan and fell facedown before the king.
19 ၁၉ ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။
“Your Majesty, please forgive me and disregard the wrong that I, your servant, did when Your Majesty left Jerusalem. Please forget all about it.
20 ၂၀ ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။
I, your servant, recognize that I have sinned. But look! Today I'm the first from any of the tribes of Joseph to come down and meet Your Majesty.”
21 ၂၁ ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊
Abishai, son of Zeruiah, said, “Shouldn't Shimei be executed for this, because he cursed the Lord's anointed one?”
22 ၂၂ ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊
But David replied, “What's that got do with you, you sons of Zeruiah? Do you want to be my enemies today? Is this a day to execute anybody in Israel? Aren't I certain that today I'm the king of Israel once more?”
23 ၂၃ ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။
David turned to Shimei and swore an oath to him, “You're not going to die.”
24 ၂၄ ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။
Then Mephibosheth, Saul's grandson, went to meet the king. He had refused to look after his feet or trim his mustache or have his clothes washed from the day the king left until the day of his peaceful return.
25 ၂၅ ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊
When he arrived from Jerusalem to meet the king, the king asked him, “Why didn't you come with me, Mephibosheth?”
26 ၂၆ အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။
Mephibosheth answered, “Your Majesty, my servant Ziba tricked me. I told him, ‘Saddle up my donkey so I can ride her and leave with the king,’ because you know that I'm lame.
27 ၂၇ အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။
Ziba has misrepresented me, your servant, to Your Majesty. However, Your Majesty is like an angel of God, so do what you think best.
28 ၂၈ ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
All my grandfather's family could only expect death from Your Majesty, but you included me, your servant, among those who eat at your table. So what right do I have to ask the king for anything more?”
29 ၂၉ ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။
“Why talk any more about these issues of yours?” David responded. “I've decided that you and Ziba should divide the land.”
30 ၃၀ မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။
Mephibosheth replied to the king, “Let him have it all! I'm just happy that Your Majesty has returned home in peace.”
31 ၃၁ ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။
Barzillai the Gileadite had also came down from Rogelim to help the king cross the Jordan and to make his way onwards from there.
32 ၃၂ ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။
Barzillai was very old, eighty years of age, and because he was a very wealthy man, he had provided the king with food while he was staying in Mahanaim.
33 ၃၃ ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊
The king said to Barzillai, “Cross the Jordan with me, and I will provide for you while you stay with me in Jerusalem.”
34 ၃၄ ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။
“How much longer do you think I have to live so I could go to Jerusalem and stay there with the king?” Barzillai replied.
35 ၃၅ ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
“I'm already eighty. I don't enjoy anything anymore. I can't taste what I eat or drink. I can't hear when people sing. There's no point for me, your servant, to be another burden to Your Majesty!
36 ၃၆ ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။
For your servant to cross the Jordan River with the king is enough reward for me!
37 ၃၇ ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။
Then let your servant go back home, that I may die in my home town near the tomb of my father and mother. But here is your servant, my son Chimham. Let him cross over with Your Majesty, and treat him as you think best.”
38 ၃၈ ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။
The king replied, “Chimham will cross over with me, and I will treat him as you think best, and I will do for you whatever you want.”
39 ၃၉ လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။
So everybody crossed the Jordan first, and then the king crossed over. The king kissed Barzillai and blessed him, and then Barzillai went back home.
40 ၄၀ ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
Then the king carried on to Gilgal, and Chimham went with him. The whole army of Judah and half the army of Israel accompanied the king.
41 ၄၁ တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊
But soon the men of Israel who were there came to the king and asked him, “Why did our brothers, the men of Judah, secretly take Your Majesty away and bring you and your household across the Jordan, together with all your men?”
42 ၄၂ ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။
The men of Judah explained to the men of Israel, “We did this because the king is one of our relatives. Why are you getting upset about this? When did we ever eat the king's food? When did we ever get anything for yourselves?”
43 ၄၃ ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။
“We've got ten shares in the king,” the men of Israel replied, “so we have a greater claim on David than you do. So why do you look down us? Weren't we the first ones to talk about bringing back our king?” But the men of Judah argued even more strongly than the men of Israel.