< ၂ ဓမ္မရာဇဝင် 18 >

1 ဒါဝိဒ် သည် မိမိ ၌ ပါသောလူ တို့ကိုရေတွက် ၍ တထောင် အုပ်၊ တရာ အုပ်တို့ကို ခန့်ထား ၏။
And David marshalled the people that were with him, and set captains of thousands and captains of hundreds over them.
2 လူ သုံးစု တစုကို ယွာဘ ၌ ၎င်း ၊ တစုကို ဇေရုယာ သား ယွာဘ ညီ အဘိရှဲ ၌ ၎င်း၊ တစုကိုဂိတ္တိ လူ အိတ္တဲ ၌ ၎င်း အပ် ၍ ၊ ငါ့ ကိုယ်တိုင်ချီသွား မည်ဟု လူ များတို့အား မိန့် တော်မူ ၏။
And David sent forth the people, a third part under the hand of Joab, and a third part under the hand of Abishai the son of Zeruiah, Joab's brother, and a third part under the hand of Ittai the Gittite. And the king said to the people, I will surely go forth with you myself also.
3 လူ များတို့ကလည်း ၊ ကိုယ်တိုင်ကြွ တော်မ မူပါနှင့်။ ကျွန်တော်တို့ပြေး သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကျွန်တော် တို့ တဝက် သေ သော်လည်း သူတို့သည်အမှုမ ထား ကြပါ။ ကိုယ်တော်မူကား၊ ကျွန်တော် တို့ တသောင်း ထက် မြတ်တော်မူ၏။ သို့ဖြစ်၍ ကျွန်တော် တို့ကို မြို့ ထဲက မစ တော်မူလျှင်သာ၍ ကောင်းပါလိမ့်မည်ဟု လျှောက် ကြ၏။
But the people said, Thou shalt not go forth, for if we should in any case flee, they will not care for us; neither if half of us die, will they care for us; for thou art worth ten thousand of us; and now it is better that thou succour us out of the city.
4 ရှင်ဘုရင် ကလည်း ၊ ငါသည်သင် တို့အလို သို့ လိုက်မည်ဟု မိန့် တော်မူ၍ တံခါးဝ နား မှာ ရပ် တော်မူလျှင် ၊ လူ အပေါင်း တို့သည် တရာ တပ်၊ တထောင် တပ်အားဖြင့် ချီသွား ကြ၏။
And the king said to them, I will do what is good in your sight. And the king stood by the gate-side, and all the people came out by hundreds and by thousands.
5 ရှင် ဘုရင်ကလည်း ၊ ငါ့ မျက်နှာကို ထောက်၍ ငါ့သားအဗရှလုံ ကို ဖြည်းညှင်း စွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲ တို့ကို မှာ ထားတော်မူ၏။ ထိုသို့ ရှင် ဘုရင်သည် အဗရှလုံ အတွက် ဗိုလ်မင်း အပေါင်း တို့ကို မှာ ထား တော်မူသောအခါ ၊ လူ အပေါင်း တို့သည် ကြား ကြ၏။
And the king commanded Joab and Abishai and Ittai, saying, [Deal] gently for my sake with the young man Absalom. And all the people heard when the king gave all the captains charge concerning Absalom.
6 ထိုသို့ လူ များတို့သည် ဣသရေလ လူတို့ကို စစ်တိုက် အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ် တော ၌ စစ်ပြိုင် ကြ၏။
And the people went out into the field against Israel; and the battle was in the forest of Ephraim.
7 ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ ရှေ့ မှာ ရှုံး ၍ ထို နေ့ခြင်းတွင် ကြီးစွာ သောလုပ်ကြံ ခြင်းအားဖြင့်လူနှစ် သောင်းသေကြ၏။
And the people of Israel were routed before the servants of David, and there was a great slaughter there that day: twenty thousand men.
8 မြေ တပြင်လုံး အနှံ့အပြား တိုက် ကြသဖြင့် ထို နေ့၌ လူချင်းသတ်၍ သေသည်ထက် တော ၌ ဆုံးရှုံး သော သူသာ၍များ ကြ၏။
And the battle was there scattered over the face of all the country; and the forest devoured more people that day than the sword devoured.
9 ဒါဝိဒ် ၏ ကျွန် တို့သည် အဗရှလုံ ကိုတွေ့ ကြ၏။ သူသည်မြည်း ကို စီး လျက် ပင်မြည်း သည် ကြီး သော သပိတ် ပင်အကိုင်း အခက်အောက် သို့ဝင် ၍၊ အဗရှလုံ ၏ ခေါင်း သည်သပိတ် ပင်၌ ငြိ သဖြင့် ၊ မိုဃ်း နှင့် မြေကြီး စပ်ကြား မှာ တွဲလွဲဆွဲ လျက်နေ၍ ၊ မြည်း သည် အလိုအလျောက်သွား လေ၏။
And Absalom found himself in the presence of David's servants. And Absalom was riding upon a mule, and the mule went under the thick boughs of the great terebinth, and his head caught in the terebinth, and he was taken up between the heaven and the earth; and the mule that was under him went away.
10 ၁၀ မြင် သော သူ တယောက် သည် ယွာဘ ထံသို့ သွား၍၊ သပိတ် ပင်၌ အဗရှလုံ ဆွဲ နေသည်ကို ကျွန်တော်မြင် ခဲ့သည်ဟု ကြားပြော လျှင်၊
And a man saw it, and told Joab, and said, Behold, I saw Absalom hanging in a terebinth.
11 ၁၁ ယွာဘ က၊ သင်သည် မြင် ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ ကို ထိုး ၍ မြေကြီး ပေါ်သို့ မ ချခဲ့ သနည်း။ ထိုသို့ပြုလျှင် ငွေ အကျပ်တဆယ် နှင့် ခါးစည်း ကို ငါပေး ပြီဟု ပြောဆို သော်၊
And Joab said to the man that told him, And behold, thou sawest [him], and why didst thou not smite him there to the ground? and I would have given thee ten silver pieces and a girdle.
12 ၁၂ ထိုသူက ကျွန်တော်သည် ကိုယ် လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏သား ကို မ ပြု နိုင်ပါ။ အကြောင်းမူကား ၊ ကျွန်တော် တို့ကြား သည့် အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သား အဗရှလုံ ကို စောင့်မ ကြလော့ဟု ကိုယ်တော် နှင့် အဘိရှဲ ၊ အိတ္တဲ တို့ကို မှာထား တော်မူပြီ။
And the man said to Joab, Though I should receive a thousand silver pieces in my hand, yet would I not put forth my hand against the king's son; for in our hearing the king charged thee and Abishai and Ittai, saying, Take care, whoever it be [of you], of the young man Absalom.
13 ၁၃ ကျွန်တော်ပြု မိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက် ရှုံးပါပြီ။ ရှင်ဘုရင် မ သိသော အမှု တစုံတခု မျှမ ရှိ။ ကိုယ်တော် သည်လည်း ကျွန်တော်တစ်ဘက် ၌ နေ ပါလိမ့်မည်ဟု ပြောဆို သော်၊
Or I should have acted falsely against mine own life, for there is no matter concealed from the king, and thou wouldest have set thyself against [me].
14 ၁၄ ယွာဘ က၊ သင် နှင့်အတူ ငါမ နေ အားဟု ဆို လျက် လှံယဉ် သုံး စင်း ကိုကိုင်ယူ ၍ သပိတ် ပင်အလယ် ၌ အသက် ရှင်လျက်ရှိသောအဗရှလုံ ၏ နှလုံး ကို ထုတ်ချင်းခပ် ထိုးလေ၏။
Then said Joab, I may not tarry thus with thee. And he took three spears in his hand, and thrust them into Absalom's body, while he was yet alive in the midst of the terebinth.
15 ၁၅ လက်နက် ဆောင် လုလင် တကျိပ် တို့သည်လည်း ဝိုင်း ၍ အဗရှလုံ ကို အသေ သတ်ကြ၏။
And ten young men that bore Joab's armour surrounded and smote Absalom, and killed him.
16 ၁၆ ယွာဘ သည်လည်း တံပိုး မှုတ် ၍ လူ တို့ကို ဆီးတား သဖြင့် ဣသရေလ လူတို့ကို လိုက် ရာမှ ပြန်လာ ကြ၏။
And Joab blew the trumpet, and the people returned from pursuing after Israel; for Joab kept back the people.
17 ၁၇ အဗရှလုံ ကိုလည်း ယူ ၍ တော ၌ နက် သော မြေတွင်း ထဲသို့ ချ ပြီးမှ ကျောက် ပုံ ကြီး ကို ပုံထား ကြ၏။ ဣသရေလ လူအပေါင်း တို့သည် အသီးအသီး မိမိ တို့ အိမ် သို့ ပြေး ကြ၏။
And they took Absalom, and cast him into a great pit in the wood, and raised a very great heap of stones upon him. And all Israel fled every one to his tent.
18 ၁၈ အဗရှလုံ သည် အသက် ရှင်စဉ် အခါ၊ ငါ ၏နာမ သည် မ ပျောက်အမြဲတည်မည်အကြောင်း ၊ သား မ ရှိဟု ဆို လျက် ရှင်ဘုရင် ချိုင့် တွင် ကိုယ် အဘို့ ကျောက်တိုင် ကို စိုက် ၍ မိမိ နာမ ဖြင့်သမုတ် သောကြောင့် ၊ ယနေ့ တိုင်အောင် အဗရှလုံ အောင်တိုင် ဟူ၍တွင် သတည်း၊
Now Absalom in his lifetime had taken and reared up for himself a monument, which is in the king's dale; for he said, I have no son to keep my name in remembrance; and he called the monument after his own name; and it is called unto this day, Absalom's memorial.
19 ၁၉ ထိုအခါ ဇာဒုတ် ၏သား အဟိမတ် က၊ ထာဝရဘုရား သည် ရှင် ဘုရင်၏ ရန်သူ တို့ကို အပြစ်အလျောက်စီရင် တော်မူကြောင်း ကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်း လျှင်၊
And Ahimaaz the son of Zadok said, Let me run, I pray, and carry the king the news that Jehovah has avenged him of his enemies.
20 ၂၀ ယွာဘ က၊ ယနေ့ သင် သည် သိတင်းမ ကြား မလျှောက်ရ။ အခြား သောနေ့ ၌ ကြားလျှောက် ရမည်။ ရှင်ဘုရင် ၏ သား တော်သေ သောကြောင့် ယနေ့ သင်သည် သိတင်း မ ကြားမလျှောက်ရဟု ဆို ပြီးမှ၊
And Joab said to him, Thou shalt not be a bearer of news to-day, but thou shalt carry the news another day; but to-day thou shalt carry no news, because the king's son is dead.
21 ၂၁ ကုရှိ အား သင်မြင် သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက် လော့ဟုဆို သည်အတိုင်း ၊ ကုရှိ သည် ယွာဘ အား ဦးညွှတ် ၍ ပြေး လေ၏။
Then said Joab to the Cushite, Go, tell the king what thou hast seen. And the Cushite bowed himself to Joab, and ran.
22 ၂၂ တဖန် ဇာဒုတ် သား အဟိမတ် က၊ သို့သော်လည်း ကျွန်တော် သည် ကုရှိ နောက် မှာ ပြေး ပါရစေဟု အခွင့်တောင်း ပြန်လျှင် ၊ ယွာဘ က ငါ့ သား ဝမ်းမြောက် စရာ သိတင်းမ ဟုတ်သည်ဖြစ်၍ အဘယ်ကြောင့် ပြေး သွားချင် သနည်းဟု ဆို သော်လည်း၊
And Ahimaaz the son of Zadok said yet again to Joab, Come what may, let me, I pray thee, also run after the Cushite. And Joab said, Why wilt thou run, my son, seeing that there is no news suited [to thee]?
23 ၂၃ ပြေး ပါရစေဟု တဖန် အခွင့်တောင်း သောကြောင့် ပြေး လော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ် သည် လွင်ပြင် လမ်း ၌ပြေး ၍ ကုရှိ ကိုလွန် လေ၏။
— But, come what may, let me run. And he said to him, Run. And Ahimaaz ran by the way of the plain, and outstripped the Cushite.
24 ၂၄ ဒါဝိဒ် သည် မြို့တံခါး နှစ် ထပ်ကြား မှာထိုင် ၍နေ၏။ ကင်းစောင့် တယောက်သည် မြို့ရိုး တံခါး အပေါ်ပြအိုးမိုး အောက်သို့ တက် ၍ မြော် ကြည့် သဖြင့် လူ တယောက် တည်းပြေး လာသည်ကို မြင် သောအခါ၊
And David sat between the two gates; and the watchman went up to the roof of the gate, on to the wall, and lifted up his eyes and looked, and behold, a man running alone.
25 ၂၅ ရှင်ဘုရင် အား ဟစ် ၍ လျှောက် လေ၏။ ရှင် ဘုရင်ကလည်း ၊ တယောက် တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။ ထိုသူသည် ပြေးလာ ၍ အနီး သို့ ရောက်သောအခါ၊
And the watchman cried, and told the king. And the king said, If he be alone, there is news in his mouth. And he came on and drew near.
26 ၂၆ ကင်းစောင့် သည်လည်း အခြား သောသူ ပြေး လာသည်ကိုမြင် ၍ ၊ အခြားသောသူ တယောက် တည်း ပြေး လာပါသည်ဟု တံခါး သို့ လှည့်၍ ဟစ် လျှင် ၊ ရှင် ဘုရင်က ထိုသူ ၌လည်း သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိ၏။
And the watchman saw another man running; and the watchman called to the porter and said, Behold a man running alone. And the king said, He also is a bearer of news.
27 ၂၇ ကင်းစောင့် ကလည်း ၊ ရှေ့ လာသောသူ ၏ပြေး ခြင်းသည် ဇာဒုတ် သား အဟိမတ် ပြေး ခြင်းနှင့် တူသည် ကို ကျွန်တော် ထင် ပါသည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က သူသည် လူ ကောင်း ဖြစ်၏။ ကောင်း သော သိတင်း ပါလိမ့်မည်ဟု အမိန့် ရှိပြန်၏။
And the watchman said, I see the running of the foremost like the running of Ahimaaz the son of Zadok. And the king said, He is a good man; and comes with good news.
28 ၂၈ အဟိမတ် ကလည်း ၊ ချမ်းသာ ရပါ၏ဟုဟစ် လျက် ရှင်ဘုရင် ရှေ့ မြေ ပေါ် မှာ ပြပ်ဝပ် လျက် ၊ အရှင် မင်းကြီး ကို ပုန်ကန်သောလူ တို့ကို အပ် တော်မူသော ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက် လေ၏။
And Ahimaaz called and said to the king, Peace! And he fell down to the earth on his face before the king, and said, Blessed be Jehovah thy God, who has delivered up the men that lifted up their hand against my lord the king.
29 ၂၉ ရှင် ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံ သည် ဘေး လွတ်၏လောဟု မေး တော်မူလျှင် အဟိမတ် က၊ အရှင်မင်းကြီး ၏ ကျွန် ယွာဘ သည် ကိုယ်တော် ကျွန် ကိုစေလွှတ် သောအခါရုန်းရင်းခတ် ခြင်းအမှုကို ကျွန်တော် မြင် သော်လည်း သေချာစွာမ သိ ရပါဟု လျှောက် သော်၊
And the king said, Is it well with the young man Absalom? And Ahimaaz said, I saw a great tumult when Joab sent the king's servant, and me thy servant; but I knew not what it was.
30 ၃၀ ရှင် ဘုရင်က၊ ဤ အနားမှာ ရွှေ့ ၍နေ လော့ဟု မိန့် တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေ လေ၏။
And the king said, Turn aside [and] stand here. And he turned aside and stood still.
31 ၃၁ တဖန် ကုရှိ ရောက် လာ၍ အရှင် မင်းကြီး ၊ သိတင်း ပါပါ၏။ ကိုယ်တော် ကို ပုန်ကန် သော သူအပေါင်း တို့ကို ထာဝရဘုရား သည် ထိုသူ၏ အပြစ်အလျောက်ယနေ့ စီရင် တော်မူပြီဟု လျှောက် လျှင်၊
And behold, the Cushite came; and the Cushite said, Let my lord the king receive good tidings, for Jehovah has avenged thee this day of all them that rose up against thee.
32 ၃၂ ရှင် ဘုရင်က၊ ငါ့သား အဗရှလုံ သည် ဘေး လွတ် ၏လော ဟု မေး တော်မူသော်၊ ကုရှိ က အရှင် မင်းကြီး ၏ ရန်သူ များ၊ ကိုယ်တော် ကို ညှဉ်းဆဲ ခြင်းငှါ ပုန်ကန် သောသူများအပေါင်း တို့သည် ထိုလုလင် ကဲ့သို့ ဖြစ် ကြ ပါစေသောဟု ပြန်လျှောက် လေ၏။
And the king said to the Cushite, Is it well with the young man Absalom? And the Cushite said, The enemies of my lord the king, and all that rise against thee for evil, be as that young man.
33 ၃၃ ရှင် ဘုရင်သည် အလွန်ကြင်နာ သောစိတ် ရှိသဖြင့် မြို့တံခါး အပေါ် ၌ရှိသောတဲသို့ တက် ၍ တက်စဉ်တွင်၊ အိုငါ့ သား အဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား အဗရှလုံ ၊ သင့် ကိုယ်စား ငါ မသေ ပါလေတကား။ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ငိုကြွေး လေ၏။
And the king was much moved, and went up to the upper chamber of the gate, and wept; and as he went, he said thus: O my son Absalom, my son, my son Absalom! would God I had died in thy stead, O Absalom, my son, my son!

< ၂ ဓမ္မရာဇဝင် 18 >