< ၂ ဓမ္မရာဇဝင် 17 >
1 ၁ တဖန် အဟိသောဖေလ က၊ ကျွန်တော်သည် လူ တသောင်း နှစ်ထောင်တို့ကို ရွေးကောက် ပါရစေ။ ယနေ့ညဉ့် ပင် ကျွန်တော်ထ ၍ ဒါဝိဒ် ကိုလိုက် ပါမည်။
Moreover Ahithophel said to Absalom, Let me now choose out twelve thousand men, and I will arise and pursue after David this night;
2 ၂ သူ သည်မော လျက် လက်အားနည်း လျက် နေစဉ် အခါ ကျွန်တော်တိုက် ၍ သူ့ ကိုထိတ်လန့် စေမည်။ သူ ၌ ပါသော လူ အပေါင်း တို့သည် ပြေး ကြ၍ ၊ ရှင်ဘုရင် ကိုသာ ကျွန်တော်လုပ်ကြံ ပါမည်။
And I will come upon him while he [is] weary and weak-handed, and will make him afraid: and all the people that [are] with him shall flee; and I will smite the king only:
3 ၃ လူ အပေါင်းတို့ကို ကိုယ်တော် ထံသို့ ဆောင်ခဲ့ ပါမည်။ ကိုယ်တော် ရှာ သော သူ တယောက်တည်းကိုရလျှင်၊ လူ အပေါင်း တို့သည် ပြန်လာ ၍ ငြိမ်ဝပ် ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
And I will bring back all the people to thee: the man whom thou seekest [is] as if all returned: [so] all the people shall be in peace.
4 ၄ ထိုစကား ကိုအဗရှလုံ နှင့် ဣသရေလ အမျိုး အသက်ကြီး သူတို့သည် နှစ်သက် ကြ၏။
And the saying, pleased Absalom well, and all the elders of Israel.
5 ၅ ထိုအခါ အဗရှလုံ က၊ အာခိ လူဟုရှဲ ကို လည်း ခေါ်ခဲ့။ ငါတို့သည် သူ ၏စကား ကိုနာကြား ကြကုန်အံ့ဟုဆို သည် အတိုင်း၊
Then said Absalom, Call now Hushai the Archite also, and let us hear likewise what he saith.
6 ၆ ဟုရှဲ သည်လာ ၍ အဗရှလုံ က၊ အဟိသောဖေလ သည် ဤ မည်သောအကြံ ကိုပေး ပြီ။ သူ ၏စကား ကို နားထောင် သင့်သလော။ သို့မဟုတ် သင် ပြော လော့ဟုဆို လျှင်၊
And when Hushai had come to Absalom, Absalom spoke to him, saying, Ahithophel hath spoken after this manner: shall we do [after] his saying? if not, speak thou.
7 ၇ ဟုရှဲ က အဟိသောဖေလ ပေး သော အကြံ သည် ယခု ကာလ ၌ မ လျော် ပါ။
And Hushai said to Absalom, The counsel that Ahithophel hath given, [is] not good at this time.
8 ၈ ခမည်းတော် နှင့် သူ ၏လူ တို့သည် ခွန်အား ကြီးသောသူဖြစ်ကြောင်း ကို၎င်း ၊ ယခုမူကား တော ၌ သားငယ် ပျောက်သော ဝံမ ကဲ့သို့ ပြင်းထန် သောစိတ် ရှိကြောင်းကို၎င်း၊ ကိုယ်တော် သိ တော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲ ဖြစ်၍ လူ များတို့နှင့်အတူ မ အိပ် တတ်။
For, said Hushai, thou knowest thy father and his men, that they [are] mighty men, and they [are] chafed in their minds, as a bear robbed of her whelps in the field: and thy father [is] a man of war, and will not lodge with the people.
9 ၉ ယခု မှာသူ သည် မြေတွင်း တစုံတခု ၌ ပုန်း လျက်နေပါလိမ့်မည်။ သို့မဟုတ် အခြားသောအရပ် ၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦး လဲ ၍သေလျှင် ထိုသိတင်းကိုကြား သောသူက၊ အဗရှလုံ နောက် သို့ လိုက်သော သူ သည် ဆုံးရှုံး ကြပြီဟု ကြားပြော ကြပါလိမ့်မည်။
Behold, he is hid now in some pit, or in some [other] place: and it will come to pass, when some of them [are] overthrown at the first, that whosoever heareth it will say, There is a slaughter among the people that follow Absalom.
10 ၁၀ ထိုအခါ ရဲရင့် သောသူ၊ ခြင်္သေ့ နှလုံး ကဲ့သို့ နှလုံး ရှိသော သူသည် စိတ်ပျက် ပါလိမ့်မည်။ ခမည်းတော် သည် ခွန်အား ကြီးသောသူဖြစ်ကြောင်း ကို၎င်း ၊ သူ ၌ ပါသော သူတို့ သည် ရဲရင့် ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြပါ၏။
And he also [that is] valiant, whose heart [is] as the heart of a lion, will utterly melt: for all Israel knoweth that thy father [is] a mighty man, and [they] who [are] with him [are] valiant men.
11 ၁၁ သို့ဖြစ်၍ ကျွန်တော်သည် အကြံ ပေးပါမည်။ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်း တို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကိုယ်တော် ထံ၌ စည်းဝေး ၍ ကိုယ်တော်တိုင်စစ် ချီ တော်မူရမည်။
Therefore I counsel that all Israel should be generally gathered to thee, from Dan even to Beer-sheba, as the sand that [is] by the sea for multitude; and that thou shouldst go to battle in thy own person.
12 ၁၂ ထိုသို့ခမည်းတော်ကိုတွေ့ သော အရပ် တစုံတခု ၌ သူ့ ထံသို့ ရောက် လျှင် ၊ မြေ ပေါ် မှာ နှင်း ကျ သကဲ့သို့ သူ့ ကို လွှမ်းမိုး၍ သူ နှင့် သူ ၌ ရှိသော သူ တယောက် မျှ မ ကျန်ကြွင်း ရ။
So shall we come upon him in some place where he shall be found, and we will light upon him as the dew falleth on the ground: and of him and of all the men that [are] with him there shall not be left so much as one.
13 ၁၃ ၎င်း နည်းခမည်းတော်သည် မြို့ တမြို့ထဲသို့ ဝင်လျှင် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြိုး များကို ယူ ခဲ့၍ ထို မြို့ ၌ ကျောက်စရစ် တခုကိုမျှ မ ကျန် စေခြင်းငှါချိုင့် ထဲသို့ ဆွဲချ ရကြမည်ဟု လျှောက် လေသော်၊
Moreover, if he shall have entered into a city, then shall all Israel bring ropes to that city, and we will draw it into the river, until there is not one small stone found there.
14 ၁၄ အဗရှလုံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့က၊ အာခိ လူဟုရှဲ ပေးသော အကြံ သည်အဟိသောဖေလ ပေးသောအကြံ ထက် သာ၍ ကောင်း သည်ဟု ပြောဆို ကြ၏။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အဗရှလုံ ၌ ဘေး ရောက် စေခြင်းငှါ ၊ အဟိသောဖေလ ပေးသော အကြံ ကောင်း ကို ဖျက် စေမည်အကြောင်း စီရင် တော်မူ၏။
And Absalom and all the men of Israel said, The counsel of Hushai the Archite [is] better than the counsel of Ahithophel. For the LORD had appointed to defeat the good counsel of Ahithophel, to the intent that the LORD might bring evil upon Absalom.
15 ၁၅ ထိုအခါ ဟုရှဲ သည် ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့အား ၊ အဟိသောဖေလ သည် ဤ မည်သော အကြံ ကို အဗရှလုံ နှင့် ဣသရေလ အမျိုးအသက်ကြီး သူတို့ အားပေးပြီ။ ကျွန်ုပ် သည်လည်း ဤ မည်သောအကြံ ကိုပေး ပြီ။
Then said Hushai to Zadok and to Abiathar the priests, Thus and thus did Ahithophel counsel Absalom and the elders of Israel; and thus and thus have I counseled.
16 ၁၆ သို့ဖြစ်၍ ဒါဝိဒ် ထံသို့ အလျင်အမြန် စေလွှတ် ၍ ယနေ့ည မှာ တော လွင်ပြင် ၌ မ နေ ပါနှင့်။ အလျင်အမြန်ကူး သွားပါ။ သို့မဟုတ် လျှင် ရှင်ဘုရင် နှင့် လူ အပေါင်း တို့ သည် ဆုံးရှုံး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြား လျှောက်မည်အကြောင်းမှာလိုက် သဖြင့်၊
Now therefore send quickly, and tell David, saying, Lodge not this night in the plains of the wilderness, but speedily pass over; lest the king be swallowed up, and all the people that [are] with him.
17 ၁၇ ယောနသန် နှင့် အဟိမတ် သည် မြို့ ထဲသို့ ဝင် လျှင် သူတပါးမြင်မည်စိုးသောကြောင့် ၊ အင်္ရောဂေလ ရွာ နား မှာ နေ ရစဉ်တွင်၊ မိန်းမ ကလေးတယောက်သွား ၍ ပြော သည်အတိုင်း သူ တို့သည် ဒါဝိဒ် မင်းကြီး ထံသို့ သွား ၍ လျှောက် ကြ၏။
Now Jonathan and Ahimaaz stayed by En-rogel; for they might not be seen to come into the city: and a maid servant went and told them; and they went and told king David.
18 ၁၈ သို့ရာတွင် လူကလေး တယောက်သည် ထိုသူ တို့ကိုမြင် ၍ အဗရှလုံ အား လျှောက် လေ၏။ သူတို့သည် အလျင်အမြန် သွား ၍ ဗာဟုရိမ် မြို့တွင် အိမ် တအိမ်သို့ ဝင် သဖြင့် ထိုအိမ် ဝင်း ထဲမှာ ရှိသော ရေတွင်း သို့ ဆင်း ၍၊
Nevertheless, a lad saw them, and told Absalom: but they went both of them away quickly, and came to the house of a man in Bahurim, who had a well in his court; into which they descended.
19 ၁၉ မိန်းမ သည်ရေတွင်းဝ ကို ဖုံး ပြီးမှဆန် ကိုလှန်း ၍ ထားသောကြောင့် ထိုအမှု သည် မ ထင်ရှား။
And the woman took and spread a covering over the well's mouth, and spread ground corn upon it; and the thing was not known.
20 ၂၀ အဗရှလုံ ၏ ကျွန် တို့သည်ထိုအိမ် သို့ ရောက် ၍ အဟိမတ် နှင့် ယောနသန် တို့သည် အဘယ်မှာ ရှိသနည်းဟု မိန်းမ အား မေး လျှင် ၊ မိန်းမ က၊ ချောင်း တဘက်သို့ ကူး ကြပြီဟု ပြော သဖြင့် သူတို့သည် ရှာ ၍ မ တွေ့ သောအခါ ယေရုရှလင် မြို့သို့ပြန် သွားကြ၏။
And when Absalom's servants came to the woman to the house, they said, Where [is] Ahimaaz and Jonathan? And the woman said to them, they have gone over the brook of water. And when they had sought and could not find [them], they returned to Jerusalem.
21 ၂၁ ပြန်သွား သောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်း ထဲက တက် ၍ ဒါဝိဒ် မင်းကြီး ထံသို့ သွား ပြီးလျှင် ၊ မြစ် တစ်ဘက်သို့ အလျင်အမြန် ထ ၍ ကြွ တော်မူပါ။ အဟိသောဖေလ သည် ကိုယ်တော် တစ်ဘက် ၌ ဤ မည်သော အကြံ ကိုပေးပါပြီဟု လျှောက် သော်၊
And it came to pass, after they had departed, that they came out of the well, and went and told king David, and said to David, Arise, and pass quickly over the water: for thus hath Ahithophel counseled against you.
22 ၂၂ ဒါဝိဒ် နှင့် လူ အပေါင်း တို့သည် ထ ၍ ယော်ဒန် မြစ်ကိုကူး ကြ၏။ မိုဃ်းလင်း သောအခါ မ ကူး သောသူတယောက် မျှ မရှိ။
Then David arose, and all the people that [were] with him, and they passed over Jordan: by the morning light there lacked not one of them that had not gone over Jordan.
23 ၂၃ အဟိသောဖေလ သည် မိမိ ပေးသောအကြံ သို့ မ လိုက် ကြသည်အကြောင်း ကို သိမြင် သောအခါ ၊ မြည်း ကို ကုန်းနှီးတင် စေပြီးလျှင် ထ ၍ မိမိ နေရင်းမြို့ မိမိ အိမ် သို့ သွား သဖြင့် အိမ်မှု အိမ်ရေးများကို စီရင် ပြီးမှ လည် ကြိုး တပ်၍ သေ လေ၏။ ဘိုးဘေး တို့သင်္ချိုင်း ၌ သဂြိုဟ် ကြ၏။
And when Ahithophel saw that his counsel was not followed, he saddled [his] ass, and arose, and went home to his house, to his city, and put his household in order, and hanged himself, and died. and was buried in the sepulcher of his father.
24 ၂၄ ဒါဝိဒ် သည် မဟာနိမ် မြို့သို့ ရောက် လေ၏။ အဗရှလုံ သည်လည်း ဣသရေလ လူ အပေါင်း တို့နှင့်အတူ ယော်ဒန် မြစ်ကို ကူး လေ၏။
Then David came to Mahanaim. And Absalom passed over Jordan, he and all the men of Israel with him.
25 ၂၅ အဗရှလုံ သည် ဗိုလ်ချုပ်မင်းယွာဘ အရာ ၌ အာမသ ကို ခန့်ထား ၏။ အာမသ ကား၊ ယွာဘ အမိ ဇေရုယာ ၏ ညီမ နာဟတ် သမီး အဘိဂဲလ နှင့် စုံဘက်သော ဣရှမေလ အမျိုး ယေသာ ၏သား ဖြစ်သတည်း။
And Absalom made Amasa captain of the host instead of Joab: which Amasa [was] a man's son, whose name [was] Ithra, an Israelite, that went in to Abigail the daughter of Nahash, sister to Zeruiah, Joab's mother.
26 ၂၆ ဣသရေလ အမျိုးသားတို့နှင့် အဗရှလုံ သည် ဂိလဒ် ပြည် ၌ တပ်ချ ကြ၏။
So Israel and Absalom encamped in the land of Gilead.
27 ၂၇ ဒါဝိဒ် သည် မဟာနိမ် မြို့သို့ ရောက် သောအခါ ၊ အမ္မုန် ပြည် ရဗ္ဗာ မြို့သား နာဟတ် ၏သား ရှောဘိ ၊ လောဒေဗာ မြို့သားအမျေလ ၏သား မာခိရ ၊ ဂိလဒ် အမျိုး ရောဂေလိမ် မြို့သားဗာဇိလဲ တို့က၊
And it came to pass, when David had come to Mahanaim, that Shobi the son of Nahash of Rabbah of the children of Ammon, and Machir the son of Ammiel of Lo-debar, and Barzillai the Gileadite of Rogelim,
28 ၂၈ ထိုလူ တို့သည် တော ၌ ရေစာ ငတ်မွတ် လျက် ပင်ပန်း လျက် နေရပါသည်တကားဟုဆို ၍ ၊ ဒါဝိဒ် နှင့် သူ ၏လူ များ စားစရာဘို့ ဂျုံ ဆန်၊ မုယော ဆန်၊ မုန့်ညက် ၊ ပေါက်ပေါက် မျိုး၊ ပဲ မျိုး၊
Brought beds, and basins, and earthen vessels, and wheat, and barley, and flour, and parched [corn], and beans, and lentils, and parched [pulse],
29 ၂၉ ပျားရည် ၊ နို့ဓမ်း ၊ သိုး ၊ ဒိန်ခဲ နှင့်တကွအိပ်ရာ ၊ လင်ပန်း ၊ မြေခွက် များကို ဆောင် ခဲ့ကြ၏။
And honey, and butter, and sheep, and cheese of cows, for David, and for the people that [were] with him, to eat: for they said, The people [are] hungry, and weary, and thirsty, in the wilderness.