< ၂ ဓမ္မရာဇဝင် 15 >

1 ထိုနောက် မှအဗရှလုံ သည် ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ မှာ ပြေး ရသောလူ ငါး ဆယ်ကို၎င်းပြင်ဆင် လေ၏။
ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-
2 အဗရှလုံ သည် စောစောထ ၍ တံခါးဝ မှာ ရပ် နေတတ်၏။ အမှု ရှိ သော သူသည် စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့ လာသောအခါ အဗရှလုံ က၊ သင် သည်အဘယ် မြို့ သားဖြစ်သနည်းဟုမေး လျှင် ၊ ထိုသူက ကိုယ်တော် ကျွန် သည် ဤမည်သော ဣသရေလ အမျိုးအနွယ် သားဖြစ်ပါ၏ဟု ပြန်လျှောက် သော်၊
သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-
3 အဗရှလုံ က၊ သင့် အမှု သည် ဟုတ်မှန် လျောက်ပတ် ပေ၏။ သို့သော်လည်း သင့် အမှုကို ရှင်ဘုရင် မှစ၍ အဘယ်သူ မျှနား မထောင်ဟု ပြောဆိုတတ်၏။
အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
4 တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရား စီရင်သော မင်းဖြစ် ပါစေသော။ သို့ဖြစ်လျှင် တရားမှု ရှိ သော အမှုသည် အပေါင်း တို့သည် ငါ့ ထံသို့ လာ ၍ ငါသည် တရား သဖြင့် စီရင်မည်ဟုဆို တတ်၏”
ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။-
5 လူတစုံတယောက် သည် ရိုသေ စွာပြု၍ ချဉ်းကပ် သောအခါ ၊ အဗရှလုံသည် လက် ကိုဆန့် ၍ ထိုသူ ကို ကိုင် လျက် နမ်း လေ့ရှိ၏။
အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။-
6 ထိုသို့စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့လာ သော ဣသရေလ အမျိုးသားအပေါင်း တို့အား အဗရှလုံ ပြု ၍ သူတို့စိတ် နှလုံးကို ခိုး လေ၏။
အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။
7 လေး နှစ် လွန် သောအခါ အဗရှလုံ သည် ရှင်ဘုရင် ထံ တော်သို့ဝင်၍၊ ထာဝရဘုရား သည် အကျွန်ုပ် ကို တဖန်ယေရုရှလင် မြို့သို့ဆောင် တော်မူလျှင် ၊ ထာဝရဘုရား ဝတ် ကိုအကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော် ကျွန် သည် ရှုရိ ပြည် ဂေရှုရ မြို့၌ နေ သောအခါ သစ္စာဂတိ ပြု ပါပြီ။
လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-
8 သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရား အား သစ္စာဂတိပြု သည်အတိုင်း ၊ ဟေဗြုန် မြို့သို့ သွား ၍ သစ္စာဝတ် ကို ဖြေ ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက် လျှင်၊
ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။-
9 ရှင် ဘုရင်က၊ ငြိမ်ဝပ် စွာသွား လော့ဟု မိန့် တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန် မြို့သို့ သွား ၏။
မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-
10 ၁၀ သို့ရာတွင် လျှို့ဝှက် သောသူတို့ကို ဣသရေလ အမျိုးအနွယ် ရှိသမျှ သို့ အနှံ့အပြားစေလွှတ် သဖြင့်၊ သင် တို့သည် တံပိုး မှုတ်သံ ကို ကြား သောအခါ အဗရှလုံ သည် ဟေဗြုန် မြို့၌ နန်း ထိုင်တော်မူပြီဟု ပြောဆို ကြလော့ဟု မှာ ထားလေ၏”
၁၀သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-
11 ၁၁ အဗရှလုံ ခေါ် သော လူ နှစ် ရာတို့သည် ယေရုရှလင် မြို့ထဲက ထွက်သွား ကြ၏။ သူတို့သည် အဘယ် အမှု ကိုမျှ မ သိ ဘဲကောင်း သောစိတ် နှင့် လိုက် ကြ၏။
၁၁အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-
12 ၁၂ ဒါဝိဒ် ၏တိုင်ပင်မတ် ၊ ဂိလော မြို့သားအဟိသောဖေလ သည် မိမိ နေရာဂိလော မြို့ ၌ ယဇ် ပူဇော် လျက်ရှိ၍ အဗရှလုံ ခေါ်လေ၏။ အဗရှလုံ နောက်သို့ လိုက်သောသူတို့ သည် တိုးပွား များပြား သဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
၁၂ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။
13 ၁၃ သိတင်းပြော သောသူတယောက်သည် ဒါဝိဒ် ထံသို့ လာ ၍၊ ဣသရေလ အမျိုးသား တို့၏ စိတ် နှလုံးသည် အဗရှလုံ ဘက် သို့ ပါသွားပါပြီဟု ကြား လျှောက်လေ၏။
၁၃အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။
14 ၁၄ ဒါဝိဒ် ကလည်း ၊ ငါတို့သည် ထ ၍ပြေး ကြကုန်အံ့၊ မပြေးလျှင် အဗရှလုံ လက်နှင့်မ လွတ် ၊ အလျင်အမြန် ထွက် ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်း တိုက်လာသဖြင့် ၊ ငါ တို့ကို ဘေး ပြု၍ မြို့ ကိုလည်း ထား နှင့် လုပ်ကြံ လိမ့်မည်ဟု ယေရုရှလင် မြို့တွင် အထံ တော်၌ရှိသော ကျွန် အပေါင်း တို့အား မိန့် တော်မူ၏။
၁၄ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။
15 ၁၅ ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ အရှင် မင်းကြီး စီရင် တော်မူသမျှ တို့ကို ကိုယ်တော် ကျွန် တို့သည် ပြုပါမည် ဟုလျှောက် ကြလျှင်၊
၁၅ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-
16 ၁၆ ရှင် ဘုရင်သည် နန်းတော်သား အပေါင်း တို့နှင့်တကွ ထွက်သွား ၏။ သို့ရာတွင် နန်း တော်ကို စောင့် စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမ တကျိပ် တို့ကို ထားခဲ့ လေ၏။
၁၆သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။
17 ၁၇ ထိုသို့ ရှင်ဘုရင် နှင့် ကိုယ်တော်၌ပါသောသူ အပေါင်း တို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချ ကြ၏။
၁၇မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-
18 ၁၈ ကျွန် တော်မျိုးအပေါင်း တို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသ မြို့မှ လိုက်လာ သော သူ ခြောက် ရာ တည်းဟူသောဂိတ္တိ လူအပေါင်း နှင့် ခေရသိ လူ၊ ပေလသိ လူအပေါင်း သည် ရှေ့ တော်၌ ချီသွား ကြ၏။
၁၈မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-
19 ၁၉ ထိုအခါ ရှင် ဘုရင်သည် ဂိတ္တိ လူအိတ္တဲ အား လည်း၊ ငါ တို့နှင့် အဘယ်ကြောင့် လိုက် သနည်း။ ရှင်ဘုရင် ထံသို့ပြန် ၍ နေ လော့။ သင် သည် တပါး အမျိုးသား၊ နေရာ မကျ သော ဧည့်သည်ဖြစ်၏။
၁၉မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
20 ၂၀ မနေ့က သာရောက် လာသည်ဖြစ်၍ ၊ ယနေ့ ငါ တို့ နှင့်အတူ အရပ်ရပ်လှည့်လည် ရမည်လော။ ငါ သည် သွား ရသောအခွင့်ရှိသည်အတိုင်း သွား ရသောကြောင့် ၊ သင်သည် အမျိုးသား ချင်းတို့ကို ခေါ်၍ ပြန် လော့။ ကရုဏာ နှင့် သစ္စာ ရှိပါစေသောဟု မိန့် တော်မူ၏။
၂၀ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
21 ၂၁ အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊
၂၁သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
22 ၂၂ ဒါဝိဒ် က၊ ချီ သွား လော့ဟု အိတ္တဲ အား မိန့် တော်မူသဖြင့် ၊ ဂိတ္တိ လူအိတ္တဲ သည် မိမိ ၌ ပါသော လူကြီး လူငယ် အပေါင်း တို့နှင့်တကွ ချီသွား လေ၏။
၂၂ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။-
23 ၂၃ ပြည်သူ ပြည်သားအပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်း တို့ သည် ချီသွား ၍ ၊ ရှင် ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန် ချောင်း ကို ကူး လျှင် ၊ လူ အပေါင်း တို့သည် ကူး ၍တော လမ်း သို့ လိုက်သွားကြ၏။
၂၃ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။
24 ၂၄ ဇာဒုတ် နှင့် လေဝိ လူအပေါင်း တို့သည်လည်း ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက် ရောက်လာ၍ သေတ္တာ တော်ကို ချထား ကြ၏။ လူ အပေါင်း တို့သည် မြို့ ထဲက ထွက် ၍ မ ကုန် မှီတိုင်အောင်အဗျာသာ သည် ယဇ်ပူဇော် လျက် နေ၏။
၂၄ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။-
25 ၂၅ ရှင် ဘုရင်သည် ဇာဒုတ် ကို ခေါ်၍၊ ဘုရား သခင်၏ သေတ္တာ တော်ကို မြို့ ထဲသို့ ပြန်ပို့ လော့။ ထာဝရဘုရား သည် ငါ့ကို စိတ် တော်နှင့်တွေ့လျှင် ငါ့ ကိုပို့ပြန် ၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ် တော်မူရာအရပ်ကို၎င်းပြ တော်မူမည်။
၂၅ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
26 ၂၆ သို့မဟုတ် သင့် ကိုငါအလို မ ရှိဟု ငါ့အားမိန့် တော်မူလျှင် ငါ ရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြု တော်မူစေသတည်းဟူ၍၎င်း၊
၂၆သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-
27 ၂၇ ယဇ်ပုရောဟိတ် ဇာဒုတ် အား လည်း သင် သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် ၊ ထိုသား နှစ် ယောက်ကို ခေါ်၍ မြို့ သို့ငြိမ်ဝပ် စွာ ပြန် သွားလော့။
၂၇ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-
28 ၂၈ သင် တို့ကြား လျှောက်စေသော စကား မ ရောက် မှီ ငါ သည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍နေမည်ဟု မိန့်တော်မူ သည်အတိုင်း၊
၂၈ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။-
29 ၂၉ ဇာဒုတ် နှင့် အဗျာသာ တို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယေရုရှလင် မြို့သို့ ပြန်ပို့ ၍ ထို မြို့၌ နေ ကြ၏။
၂၉ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။
30 ၃၀ ဒါဝိဒ် သည်လည်း ငို လျက် ၊ ဦးခေါင်း ကို ခြုံ လျက် ၊ ခြေနင်း ကိုချွတ်လျက် သံလွင် တောင် ပေါ် သို့ တက် လေ ၏။ နောက်တော်၌ လိုက်သော သူ အပေါင်း တို့သည်လည်း ဦးခေါင်း ကိုခြုံ လျက် ငိုကြွေး လျက် တက် ကြ၏။
၃၀ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-
31 ၃၁ အဗရှလုံ နှင့် ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလ လည်း ပါကြောင်းကို ဒါဝိဒ် သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသောဖေလ ပေးသောအကြံ ကို မိုက် သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်း လေ၏။
၃၁အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
32 ၃၂ တောင်ပေါ် သို့ ရောက် သောအခါ ဒါဝိဒ် သည် ဘုရား သခင်ကို ကိုးကွယ် ၏။ အာခိ မြို့သားဟုရှဲ သည် လည်း အင်္ကျီ ကိုဆုတ် လျက် ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။
၃၂ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။
33 ၃၃ ဒါဝိဒ် ကလည်း ၊ သင်သည်ငါ နှင့်အတူ လိုက် လျှင် ငါ့ ကို နှောက်ရှက် လိမ့်မည်။
၃၃ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။-
34 ၃၄ မြို့ သို့ပြန် ၍ အဗရှလုံ အား ၊ အရှင်မင်းကြီး ၊ ကျွန်တော် သည် ခမည်းတော် ထံ၌ကျွန် ခံ ဘူးသည်နည်းတူကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု လျှောက် လျှင် ၊ အဟိသောဖေလ ပေး သော အကြံ ကို ငါ့ ဘက် မှာနေ၍ ဖျက် နိုင်လိမ့်မည်။
၃၄သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။-
35 ၃၅ မြို့တွင်သင် နှင့်အတူ ယဇ် ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာ တို့သည် ရှိကြသည်မ ဟုတ်လော။ သို့ဖြစ်၍ နန်း တော်၌ ကြား သမျှ ကို ယဇ်ပုရောဟိတ် တို့အား ပြန် ပြောရမည်။
၃၅ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။-
36 ၃၆ သူ တို့၌ ဇာဒုတ် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် သား နှစ် ယောက်ရှိ ကြ၏။ ကြား နိုင်သမျှ ကို ထိုသားတို့တွင် ငါ့ ထံသို့ ပေးလိုက် ရမည်ဟု မိန့် တော်မူသည် အတိုင်း၊
၃၆သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။
37 ၃၇ ဒါဝိဒ် ၏အဆွေ ခင်ပွန်းဟုရှဲ သည် မြို့ သို့ပြန်သွား ၏။ အဗရှလုံ သည်လည်း ယေရုရှလင် မြို့သို့ ဝင် လေ၏။
၃၇သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။

< ၂ ဓမ္မရာဇဝင် 15 >