< ၂ ဓမ္မရာဇဝင် 14 >

1 ထိုသို့ ရှင်ဘုရင် ၏ စိတ် နှလုံးသည် အဗရှလုံ သို့ ပါသွားကြောင်း ကို ဇေရုယာ သား ယွာဘ သည် ရိပ်မိ သောအခါ၊
Yowab, ɗan Zeruhiya ya gane cewa zuriyar sarki ta koma ga Absalom.
2 တေကော မြို့သို့ စေလွှတ် ၍ ပညာရှိ သောမိန်းမ ကို ခေါ် ပြီးလျှင် ၊ သင်သည် ဆီ မ လိမ်း ပါနှင့်။ စိတ် မသာညည်းတွားဟန်ပြု၍ မသာ အဝတ် ကို ဝတ် ပါတော့။ လူသေ အတွက် ကြာမြင့် စွာ ငိုကြွေး သောမိန်းမ ယောင်ဆောင် လျက်၊
Saboda haka Yowab ya aiki wani zuwa Tekowa, ya sa a zo da wata mace mai hikima. Ya ce mata, “Ki yi kamar kina makoki. Ki sa rigar makoki, kada kuwa ki shafa mai. Ki yi kamar macen da ta yi kwanaki da yawa, tana makokin matattu.
3 ရှင်ဘုရင် ထံ တော်သို့ဝင် ၍ ဤသို့ လျှောက် ရမည်ဟု သွန်သင် လေ၏။
Sa’an nan ki je wurin sarki, ki ce masa haka.” Sai Yowab ya faɗa mata duk abin da za tă faɗa.
4 ထိုတေကော မြို့သူမိန်းမ သည် အထံ တော်သို့ ဝင်၍ မြေ ပေါ် မှာ ပြပ်ဝပ် ရှိခိုး လျက် ၊ အရှင်မင်းကြီး ၊ ကယ်မ သနားတော်မူပါဟု လျှောက် လေ၏။
Da macen da ta fito daga Tekowa ta je wajen sarki, sai ta rusuna har ƙasa don bangirma, sai ta ce, “Ka taimake ni, ya sarki!”
5 ရှင်ဘုရင် ကလည်း ၊ အဘယ် အမှုရှိသနည်းဟုမေး တော်မူလျှင် မိန်းမ က၊ ကျွန်တော်မ သည် လင် သေ သော မုတ်ဆိုးမ ဖြစ်ပါ၏။
Sarki ya ce mata, “Mece ce matsalarki?” Sai ta ce, “Tabbatacce, ni gwauruwa ce; mijina ya mutu.
6 ကိုယ်တော် ကျွန် မ၌ သား နှစ် ယောက်ရှိပါ၏။ ထိုသားနှစ် ယောက်တို့သည် ခိုက်ရန် ပြုကြပါ၏။ ဖျန်ဖြေ သောသူမ ရှိသောကြောင့် တယောက် သည် တယောက် ကို သေ သည်တိုင်အောင်လုပ်ကြံ ပါ၏။
Baiwarka tana da’ya’ya maza biyu. Suka yi faɗa da juna a fili, kuma ba wanda yake can don yă raba su. Ɗayan ya bugi ɗayan, ya kashe shi.
7 ယခု မှာ အဆွေအမျိုး အပေါင်း တို့သည် ကိုယ်တော် ကျွန် မတဘက် ၌ထ ကြ၍ အစ်ကို ကို သတ် သောသူကိုသေစားသေစေ ခြင်းငှါ အပ် ရမည်။ အမွေခံ ကိုလည်း ငါတို့ပယ်ရှင်း မည်ဟုဆို ကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ ၌ ကျန်ကြွင်း သေးသော မီးခဲ ကို သူတို့သည် သတ် ကြပါလိမ့်မည်။ ကျွန်တော်မ လင် ၏အမည် ကို၎င်း ၊ အကျန် အကြွင်းကို၎င်း၊ မြေကြီး ပေါ် က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက် လေသော်၊
To, ga duk iyali sun hau kan baiwarka, suna cewa, ‘Ki ba mu ɗayan da ya kashe ɗan’uwansa mu kashe don ran ɗan’uwansa da ya kashe; sa’an nan za mu hallaka magājin shi ma.’ Za su kashe garwashin wuta mai ci da nake da shi kaɗai, su bar mijina ba suna, ba jika, a duniya.”
8 ရှင် ဘုရင်က သင့် အိမ် သို့ ပြန်သွား လော့။ သင့်အမှုကို ငါ စီရင် မည်ဟု မိန်းမ အား မိန့် တော်မူ၏”
Sarki ya ce wa macen, “Koma gida, zan ba da umarni a madadinki.”
9 တေကော မြို့သူမိန်းမ ကလည်း ၊ အိုအရှင်မင်းကြီး ၊ ကျွန်တော်မ နှင့် ကျွန်တော်မ အဆွေအမျိုး ၌ အပြစ် ရောက်ပါစေ။ ရှင်ဘုရင် နှင့် ရာဇ ပလ္လင်တော်သည် အပြစ် လွတ်ပါစေဟုလျှောက် လျှင်၊
Amma macen da ta fito daga Tekowa ta ce, “Ranka yă daɗe, sarki! Bari alhakin shari’arka yă kasance a kaina da gidan mahaifina, kai sarki da gidan mulkinka, ba ku da laifi a ciki.”
10 ၁၀ ရှင် ဘုရင်က၊ သင် ၌ အပြစ် တင်သောသူကို ငါ့ ထံသို့ ခေါ် ခဲ့လော့။ နောက် တဖန်သင့် ကို မ နှောင့်ရှက် ရဟု မိန့် တော်မူသော်၊
Sai sarki ya ce, “In wani ya yi miki magana, ki kawo shi wurina, ba zai kuwa ƙara damunki ba.”
11 ၁၁ မိန်းမက၊ သေစားသေစေ သောသူတို့သည် ကျွန်တော်မ ၏သား ကိုသတ် မည်ဟု စိုးရိမ်ပါသည်ဖြစ်၍ ၊ သူတို့သည်အထူးသဖြင့်မ ဖျက်ဆီး စေခြင်းငှါအရှင်မင်းကြီးသည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို အောက်မေ့ တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင့် သား ၏ဆံပင် တပင်မျှ မြေ ပေါ်သို့ မ ကျ ရဟု မိန့် တော်မူ၏”
Sai ta ce, “To, bari sarki yă rantse da Ubangiji Allahnsa don yă hana mai ramako yin ƙarin hallakawar da aka yi, domin kada a hallaka ɗana.” Sai ya ce, “Muddin Ubangiji yana a raye, babu gashi guda na ɗanki da zai fāɗi ƙasa.”
12 ၁၂ တဖန် မိန်းမ ကလည်း၊ ကိုယ်တော် ကျွန် မသည် အရှင် မင်းကြီး အား စကား တခွန်းလျှောက် ရသောအခွင့် ကိုပေး တော်မူပါဟု တောင်းပန် လျှင် ၊ လျှောက် လော့ဟု မိန့် တော်မူ၏”
Sai matar ta ce, “Bari baiwarka ta ƙara yin magana sau ɗayan nan wa ranka yă daɗe.” Ya ce, “Ki faɗa.”
13 ၁၃ မိန်းမ ကလည်း ၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရား သခင်၏ လူ တို့တစ်ဘက် ၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ် သောသူကို တဖန်ခေါ် တော်မ မူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။
Matar ta ce, “To, don me ka yi wa mutanen Allah irin wannan abu? Sa’ad da sarki ya ce haka, ashe, ba ka hukunta kanka ke nan ba, tun da yake sarki bai yarda ɗansa yă komo gida ba?
14 ၁၄ ငါတို့သည် သေ အံ့သောသူဖြစ် ကြ၏။ မြေ ပေါ် မှာသွန် ပြီးလျှင်နောက်တဖန်ကျုံး ၍ မ ယူနိုင်သောရေ နှင့် တူ ကြပါ၏။ ဘုရား သခင်သည် လူမျက်နှာကို မ ထောက် သော်လည်း ၊ နှင်ထုတ် ခြင်းကိုခံရသောသူသည် အစဉ် နှင်ထုတ် ခြင်းကိုခံ ၍ မ နေရမည်အကြောင်း ကြံစည် တော်မူ၏။
Kamar ruwan da ya zuba a ƙasa, wanda ba a iya kwasa, haka dole mu mutu. Amma Allah ba ya ɗaukan rai; a maimako, yakan ƙirƙiro hanyoyi domin mutumin da aka kora kada yă kasance yasasshe daga gare shi.
15 ၁၅ သို့ဖြစ်၍ ကျွန်တော်မသည် လာ ၍ဤ အမှု ကို အရှင် မင်းကြီး အား လျှောက် ရသည်အကြောင်း မှာ၊ ကျွန်တော်မ ကြောက် အောင် လူ များတို့သည်ပြုကြပါ၏။ ကိုယ်တော် ကျွန် မကလည်း ၊ ရှင်ဘုရင် ကို ငါလျှောက် မည်။ ရှင် ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြု ကောင်း ပြုတော်မူမည်။
“Yanzu ga shi na zo don in faɗa wannan wa ranka yă daɗe sarki, don mutane sun tsorata ni. Baiwarka ta yi tunani ta ce, ‘Zan yi magana wa sarki; wataƙila yă yi abin da baiwarsa ta roƙa.
16 ၁၆ ငါ နှင့် ငါ့ သား ကိုဘုရား သခင်၏ အမွေ တော်မြေပေါ်က သုတ်သင်ပယ်ရှင်း သောသူ ၏လက် မှ ငါ့ကို နှုတ် အံ့သောငှါ နားထောင် တော်မူလိမ့်မည်ဟု ဆို ပါ၏။
Wataƙila sarki zai yarda yă ceci baiwarsa daga hannun mutumin nan da yake ƙoƙari yă hallaka ni da ɗana daga gādon da Allah ya ba mu.’
17 ၁၇ ကိုယ်တော် ကျွန် မကလည်း ၊ ငါ့ သခင် အရှင်မင်းကြီး ၏ အမိန့် တော်ကြောင့် ချမ်းသာ ရ မည်။ ဘုရား သခင်၏ကောင်းကင် တမန်ကဲ့သို့ ငါ့ သခင် အရှင် မင်းကြီးသည် ကောင်း မကောင်း ကို ပိုင်းခြား ၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိ တော်မူလိမ့်မည်ဟု လျှောက် လေ၏။
“Yanzu kuwa baiwarka tana cewa, ‘Bari magana ranka yă daɗe sarki yă ba ni hutu, gama ranka yă daɗe sarki yana kama da mala’ikan Allah cikin rarrabe nagarta da mugunta. Bari Ubangiji Allahnka yă kasance tare da kai.’”
18 ၁၈ ထိုအခါ ရှင် ဘုရင်က၊ ငါ မေးမြန်း သည်အမှု ကို မ ထိမ် မဝှက်ပါနှင့် ဟုအမိန့် ရှိသော် ၊ မိန်းမ က အရှင် မင်းကြီး အမိန့် ရှိတော်မူပါဟု လျှောက် လေ၏”
Sai sarki ya ce wa matar, “Kada ki ɓoye mini kome daga abin da zan tambaye ki.” Matar ta ce, “Bari ranka yă daɗe sarki yă yi tambaya.”
19 ၁၉ ရှင် ဘုရင်ကလည်း ၊ ဤ အမှု၌ ယွာဘ သည် သင့် အားအကြံပေးသည်မဟုတ်လောဟုမေး သော် ၊ မိန်းမ က အိုအရှင် မင်းကြီး ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း၊ အရှင် မင်းကြီး မိန့် တော်မူသော စကားလမ်းမှ လက်ျာ ဘက်လက်ဝဲ ဘက်သို့ အဘယ်သူမျှမ လွှဲနိုင် ရာ။ အကယ်စင်စစ် ကိုယ်တော် ကျွန် ယွာဘ သည် ကျွန်တော်မ ကို မှာ ထား၍ ဤ စကား အလုံးစုံ တို့ကို သွန်သင် ပါ၏။
Sarki ya ce, “Anya, babu hannun Yowab a cikin dukan wannan?” Matar ta ce, “Muddin kana a raye, ranka yă daɗe sarki, ba wanda zai juya dama ko hagu daga wani abin da ranka yă daɗe sarki ya faɗa. I, bawanka Yowab ne ya umarce ni in yi wannan, shi ne kuma ya sa kalmomin nan a bakin baiwarka.
20 ၂၀ ပရိယာယ်ပြု၍ ဤသို့ အယောင်ဆောင် စေခြင်းငှါ ကိုယ်တော် ကျွန် ယွာဘ သည် စီရင် ပါ၏။ အရှင်သခင် သည်လည်း မြေကြီး ပေါ် မှာ ရှိသမျှ တို့ကို သိ နိုင်သည် တိုင်အောင်ဘုရား သခင်၏ ကောင်းကင်တမန် သည် ပညာရှိ သကဲ့သို့ ပညာရှိ တော်မူသည်ဟု ပြန်လျှောက် လေ၏”
Bawanka Yowab ne ya yi haka don yă daidaita al’amura. Ranka yă daɗe yana da hikima iri ta mala’ikan Allah, ya san dukan kome da yake faruwa a ƙasar.”
21 ၂၁ ထိုအခါ ရှင် ဘုရင်က၊ ဤ အမှု ကို ငါစီရင် ရ၏။ သင်သွား ၍ ထို လုလင် အဗရှလုံ ကို တဖန်ခေါ်ရမည်ဟု ယွာဘ အား မိန့် တော်မူ၏။
Sarki ya ce wa Yowab, “To, da kyau, zan yi haka. Je ka, ka dawo da saurayin nan Absalom.”
22 ၂၂ ယွာဘ သည်လည်း မြေ ပေါ် မှာ ဦးချ ပြပ်ဝပ် လျက် ၊ ကျွန်တော် သခင် အရှင်မင်းကြီး ၊ ကိုယ်တော် ကျွန် အသနား တော်ခံသည်အတိုင်း အရှင်မင်းကြီး ပြု တော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာရ ကြောင်း ကို ကျွန်တော်သိ ပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
Yowab ya rusuna har ƙasa don bangirma, ya kuma yi wa sarki kyakkyawar fata. Yowab ya ce, “Yau, bawanka ya sani ya sami tagomashi a gare ka, ranka yă daɗe sarki, gama sarki ya ji roƙon bawansa.”
23 ၂၃ ထိုနောက် ယွာဘ သည်ထ ၍ ဂေရှုရ မြို့သို့ သွား သဖြင့် ၊ အဗရှလုံ ကို ယေရုရှလင် မြို့သို့ဆောင် ခဲ့လေ၏။
Sa’an nan Yowab ya tafi Geshur ya dawo da Absalom Urushalima.
24 ၂၄ ရှင် ဘုရင်ကလည်း ၊ မိမိ အိမ် သို့ သွား စေ။ ငါ့ မျက်နှာ ကို မ မြင် စေနှင့်ဟု အမိန့် တော်ရှိသည်အတိုင်း ၊ အဗရှလုံ သည် မိမိ အိမ် သို့ သွား ၍ ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရ။
Amma sarki ya ce, “Yă tafi gidansa; kada yă zo yă gan ni.” Saboda haka Absalom ya tafi gidansa, bai kuwa je ganin sarki ba.
25 ၂၅ ဣသရေလ အမျိုး တမျိုးလုံး တွင် အဗရှလုံ ကဲ့သို့ အဆင်းလှ ၍ ချီးမွမ်း ရသောသူတယောက်မျှမ ရှိ။ ခြေဘဝါး မှ သည် ဦးထိပ် တိုင်အောင် အပြစ် တခုမျှမ ရှိ။
A cikin dukan Isra’ila babu wanda ake yabon kyansa kamar Absalom. Tun daga kansa har zuwa tafin ƙafansa babu tabo a jikinsa.
26 ၂၆ ဆံပင်လေး သောကြောင့် ၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ် သုံးဆယ်ရတတ်၏။
A duk sa’ad da ya aske gashin kansa (yakan aske kansa lokaci-lokaci sa’ad da ya yi masa nauyi) yakan auna shi, nauyin gashin kuwa yakan kai wajen shekel ɗari biyu a ma’aunin da ake awo.
27 ၂၇ အဗရှလုံ သည် သား သုံး ယောက်နှင့် တာမာ အမည် ရှိသောသမီး တယောက် ကိုမြင် လေ၏။ သမီးသည် အလွန်လှ သောသူဖြစ် ၏။
Aka haifa wa Absalom’ya’ya uku maza da’ya mace guda. Sunanta Tamar, ta kuwa zama kyakkyawan mace ƙwarai.
28 ၂၈ အဗရှလုံ သည် ရှင်ဘုရင် ၏ မျက်နှာ တော်ကို မ မြင် ရဘဲနှစ်နှစ် ပတ်လုံးယေရုရှလင် မြို့၌ နေ ပြီးမှ၊
Absalom ya zauna a Urushalima shekara biyu amma ba tare da ganin fuskar sarki ba.
29 ၂၉ ယွာဘ ကိုရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မ လာ။
Sai Absalom ya aika a kira masa Yowab don yă aike shi wurin sarki, amma Yowab ya ƙi zuwa. Saboda haka ya sāke aika sau na biyu, amma ya ƙi yă zo.
30 ၃၀ ဒုတိယ အကြိမ်ခေါ်သော်လည်း မ လာ။ ထိုကြောင့် ကျွန် တို့အား ၊ ယွာဘ ၏ လယ် သည် ငါတို့နေရာ နှင့်နီးပြီ။ မုယော စပါးရှိ၏။ သွား ၍ မီး ရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ ၏ကျွန် တို့သည် မီး ရှို့ ကြ၏။
Sai ya ce wa bayinsa, “Duba, gonar Yowab tana gab da tawa, kuma yana da sha’ir a can. Ku je ku sa mata wuta.” Sai bayin Absalom suka sa wa gonar wuta.
31 ၃၁ ထိုအခါ ယွာဘ သည် အဗရှလုံ အိမ် သို့ ထ သွား ၍ ၊ ကိုယ်တော် ၏ ကျွန် တို့သည် ကျွန်တော် လယ် ကို အဘယ်ကြောင့် မီး ရှို့ ကြသနည်းဟုမေး သော်၊
Sa’an nan Yowab ya tafi gidan Absalom ya ce masa, “Me ya sa bayinka suka sa wa gonata wuta?”
32 ၃၂ အဗရှလုံ က၊ ငါသည် ဂေရှုရ မြို့မှ အဘယ်ကြောင့် လာ ရသနည်း။ ထို မြို့၌ ယခုတိုင်အောင်နေကောင်း သည်ဟု လျှောက် စေခြင်းငှါ ၊ သင့် ကို ရှင်ဘုရင် ထံ တော်သို့ စေလွှတ် မည်ဟု ငါခေါ်၏။ ယခု မှာ ရှင်ဘုရင် ၏ မျက်နှာ တော်ကို ငါမြင် ရပါစေ။ အပြစ် ရှိ လျှင် သတ် တော်မူပါစေဟု ယွာဘ အား ပြောဆို သော်၊
Absalom ya ce wa Yowab, “Kai, na aika, ‘Ka zo nan don in aike ka wurin sarki ka tambaya, “Me ya sa na dawo daga Geshur? Ai, ya fi mini a ce ina can har yanzu!”’ Yanzu kuwa, ina so in ga sarki, kuma idan na yi wani laifi, to, yă kashe ni.”
33 ၃၃ ယွာဘ သည် ရှင်ဘုရင် ထံ တော်သို့ သွား ၍ လျှောက် သဖြင့် ၊ အဗရှလုံ ကို ခေါ် တော်မူ၏။ အဗရှလုံ သည်လာ ၍ ရှင်ဘုရင် ရှေ့ တော်၌ ဦးချ ပြပ်ဝပ်၏။ ရှင် ဘုရင်သည် သူကို နမ်း တော်မူ၏။
Saboda haka Yowab ya tafi wurin sarki ya gaya masa wannan. Sai sarki ya aika aka zo da Absalom, ya kuma rusuna da fuskarsa har ƙasa a gaban sarki. Sarki kuwa ya sumbaci Absalom.

< ၂ ဓမ္မရာဇဝင် 14 >