< ၂ ဓမ္မရာဇဝင် 13 >
1 ၁ ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။
And it came to pass after this, that Absalom the son of David had a fair sister, whose name was Tamar; and Amnon the son of David loved her.
2 ၂ ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။
And Amnon was so distressed that he fell sick because of his sister Tamar; for she was a virgin; and it seemed hard to Amnon to do any thing unto her.
3 ၃ ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။
But Amnon had a friend, whose name was Jonadab, the son of Shimeah David's brother; and Jonadab was a very subtle man.
4 ၄ ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။
And he said unto him: 'Why, O son of the king, art thou thus becoming leaner from day to day? wilt thou not tell me?' And Amnon said unto him: 'I love Tamar, my brother Absalom's sister.'
5 ၅ ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊
And Jonadab said unto him: 'Lay thee down on thy bed, and feign thyself sick; and when thy father cometh to see thee, say unto him: Let my sister Tamar come, I pray thee, and give me bread to eat, and dress the food in my sight, that I may see it, and eat it at her hand.'
6 ၆ အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။
So Amnon lay down, and feigned himself sick; and when the king was come to see him, Amnon said unto the king: 'Let my sister Tamar come, I pray thee, and make me a couple of cakes in my sight, that I may eat at her hand.'
7 ၇ ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊
Then David sent home to Tamar, saying: 'Go now to thy brother Amnon's house, and dress him food.'
8 ၈ တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။
So Tamar went to her brother Amnon's house; and he was lying down. And she took dough, and kneaded it, and made cakes in his sight, and did bake the cakes.
9 ၉ ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။
And she took the pan, and poured them out before him; but he refused to eat. And Amnon said: 'Have out all men from me.' And they went out every man from him.
10 ၁၀ တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။
And Amnon said unto Tamar: 'Bring the food into the chamber, that I may eat of thy hand.' And Tamar took the cakes which she had made, and brought them into the chamber to Amnon her brother.
11 ၁၁ ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။
And when she had brought them near unto him to eat, he took hold of her, and said unto her: 'Come lie with me, my sister.'
12 ၁၂ တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။
And she answered him: 'Nay, my brother, do not force me; for no such thing ought to be done in Israel; do not thou this wanton deed.
13 ၁၃ ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
And I, whither shall I carry my shame? and as for thee, thou wilt be as one of the base men in Israel. Now therefore, I pray thee, speak unto the king; for he will not withhold me from thee.'
14 ၁၄ အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။
Howbeit he would not hearken unto her voice; but being stronger than she, he forced her, and lay with her.
15 ၁၅ တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။
Then Amnon hated her with exceeding great hatred; for the hatred wherewith he hated her was greater than the love wherewith he had loved her. And Amnon said unto her: 'Arise, be gone.'
16 ၁၆ နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။
And she said unto him: 'Not so, because this great wrong in putting me forth is worse than the other that thou didst unto me.' But he would not hearken unto her.
17 ၁၇ အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။
Then he called his servant that ministered unto him, and said: 'Put now this woman out from me, and bolt the door after her.' —
18 ၁၈ အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
Now she had a garment of many colours upon her; for with such robes were the king's daughters that were virgins apparelled. — And his servant brought her out, and bolted the door after her.
19 ၁၉ တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။
And Tamar put ashes on her head, and rent her garment of many colours that was on her; and she laid her hand on her head, and went her way, crying aloud as she went.
20 ၂၀ မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။
And Absalom her brother said unto her: 'Hath Amnon thy brother been with thee? but now hold thy peace, my sister: he is thy brother; take not this thing to heart.' So Tamar remained desolate in her brother Absalom's house.
21 ၂၁ ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။
But when king David heard of all these things, he was very wroth.
22 ၂၂ အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
And Absalom spoke unto Amnon neither good nor bad; for Absalom hated Amnon, because he had forced his sister Tamar.
23 ၂၃ ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
And it came to pass after two full years, that Absalom had sheep-shearers in Baal-hazor, which is beside Ephraim; and Absalom invited all the king's sons.
24 ၂၄ အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊
And Absalom came to the king, and said: 'Behold now, thy servant hath sheep-shearers; let the king, I pray thee, and his servants go with thy servant.'
25 ၂၅ ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။
And the king said to Absalom: 'Nay, my son, let us not all go, lest we be burdensome unto thee.' And he pressed him; howbeit he would not go, but blessed him.
26 ၂၆ အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊
Then said Absalom: 'If not, I pray thee, let my brother Amnon go with us.' And the king said unto him: 'Why should he go with thee?'
27 ၂၇ အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။
But Absalom pressed him, and he let Amnon and all the king's sons go with him.
28 ၂၈ အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
And Absalom commanded his servants, saying: 'Mark ye now, when Amnon's heart is merry with wine; and when I say unto you: Smite Amnon, then kill him, fear not; have not I commanded you? be courageous, and be valiant.'
29 ၂၉ သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။
And the servants of Absalom did unto Amnon as Absalom had commanded. Then all the king's sons arose, and every man got him up upon his mule, and fled.
30 ၃၀ သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။
And it came to pass, while they were in the way, that the tidings came to David, saying: 'Absalom hath slain all the king's sons, and there is not one of them left.'
31 ၃၁ ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။
Then the king arose, and rent his garments, and lay on the earth; and all his servants stood by with their clothes rent.
32 ၃၂ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။
And Jonadab, the son of Shimeah David's brother, answered and said: 'Let not my lord suppose that they have killed all the young men the king's sons; for Amnon only is dead; for by the appointment of Absalom this hath been determined from the day that he forced his sister Tamar.
33 ၃၃ ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။
Now therefore let not my lord the king take the thing to his heart, to think that all the king's sons are dead; for Amnon only is dead.'
34 ၃၄ ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။
But Absalom fled. And the young man that kept the watch lifted up his eyes, and looked, and, behold, there came much people in a roundabout way by the hill-side.
35 ၃၅ ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊
And Jonadab said unto the king: 'Behold, the king's sons are come; as thy servant said, so it is.'
36 ၃၆ ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
And it came to pass, as soon as he had made an end of speaking, that, behold, the king's sons came, and lifted up their voice, and wept; and the king also and all his servants wept very sore.
37 ၃၇ အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။
But Absalom fled, and went to Talmai the son of Ammihud, king of Geshur. And David mourned for his son every day.
38 ၃၈ အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။
So Absalom fled, and went to Geshur, and was there three years.
39 ၃၉ တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။
And the soul of king David failed with longing for Absalom; for he was comforted concerning Amnon, seeing he was dead.