< ၂ ဓမ္မရာဇဝင် 13 >

1 ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။
And it happened after this that Abessalom the son of David had a very beautiful sister, and her name [was] Themar; and Amnon the son of David loved her.
2 ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။
And Amnon was distressed even to sickness, because of Themar his sister; for she was a virgin, and it seemed very difficult for Amnon to do anything to her.
3 ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။
And Amnon had a friend, and his name [was] Jonadab, the son of Samaa the brother of David: and Jonadab [was] a very cunning man.
4 ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။
And he said to him, What ails you that you are thus weak? O son of the king, morning by morning? will you not tell me? and Ammon said, I love Themar the sister of my brother Abessalom.
5 ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊
And Jonadab said to him, Lie upon your bed, and make yourself sick, and your father shall come in to see you; and you shall say to him, Let, I pray you, Themar my sister come, and feed me with morsels, and let her prepare food before my eyes, that I may see and eat at her hands.
6 အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။
So Ammon lay down, and made himself sick; and the king came in to see him: and Amnon said to the king, Let, I pray you, my sister Themar come to me, and make a couple of cakes in my sight, and I will eat them at her hand.
7 ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊
And David sent to Themar to the house, saying, Go now to your brother's house, and dress him food.
8 တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။
And Themar went to the house of her brother Amnon, and he [was] lying down: and she took the dough and kneaded it, and made cakes in his sight, and baked the cakes.
9 ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။
And she took the frying pan and poured them out before him, but he would not eat. And Amnon said, Send out every man from about me. And they removed every man from about him.
10 ၁၀ တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။
And Amnon said to Themar, Bring in the food into the closet, and I will eat of your hand. And Themar took the cakes which she had made, and brought them to her brother Amnon into the chamber.
11 ၁၁ ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။
And she brought [them] to him to eat, and he caught hold of her, and said to her, Come, lie with me, my sister.
12 ၁၂ တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။
And she said to him, Nay, my brother, do not humble me, for it ought not to be so done in Israel; do not this folly.
13 ၁၃ ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
And I, whither shall I remove my reproach? and you shall be as one of the fools in Israel. And now, speak, I pray you, to the king, for surely he will not keep me from you.
14 ၁၄ အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။
But Amnon would not listen to her voice; and he prevailed against her, and humbled her, and lay with her.
15 ၁၅ တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။
Then Amnon hated her with very great hatred; for the hatred with which he hated her was greater than the love with which he had loved her, for the last wickedness was greater than the first: and Amnon said to her, Rise, and be gone.
16 ၁၆ နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။
And Themar spoke to him concerning this great mischief, greater, [said she], than the other that you did me, to send me away: but Amnon would not listen to her voice.
17 ၁၇ အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။
And he called his servant who had charge of the house, and said to him, Put now this [woman] out from me, and shut the door after her.
18 ၁၈ အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
And she had on her a variegated robe, for so were the king's daughters that were virgins attired in their apparel: and his servant led her forth, and shut the door after her.
19 ၁၉ တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။
And Themar took ashes, and put them on her head; and she tore the variegated garment that was upon her: and she laid her hands on her head, and went crying continually.
20 ၂၀ မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။
And Abessalom her brother said to her, Has your brother Amnon been with you? now then, my sister, be silent, for he is your brother: be not careful to mention this matter. So Themar lived as a widow in the house of her brother Abessalom.
21 ၂၁ ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။
And king David heard of all these things, and was very angry; but he did not grieve the spirit of his son Amnon, because be loved him, for he was his firstborn.
22 ၂၂ အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
And Abessalom spoke not to Amnon, good or bad, because Abessalom hated Amnon, on account of his humbling his sister Themar.
23 ၂၃ ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
And it came to pass at the end of two whole years, that they were shearing [sheep] for Abessalom in Belasor near Ephraim: and Abessalom invited all the king's sons.
24 ၂၄ အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊
And Abessalom came to the king, and said, Behold, your servant has a sheep-shearing; let now the king and his servants go with your servant.
25 ၂၅ ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။
And the king said to Abessalom, Nay, my son, let us not all go, and let us not be burdensome to you. And he pressed him; but he would not go, but blessed him.
26 ၂၆ အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊
And Abessalom said to him, And if not, let I pray you, my brother Amnon go with us. And the king said to him, Why should he go with you?
27 ၂၇ အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။
And Abessalom pressed him, and he sent with him Amnon and all the king's sons; and Abessalom made a banquet like the banquet of the king.
28 ၂၈ အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
And Abessalom charged his servants, saying, Mark when the heart of Amnon shall be merry with wine, and I shall say to you, Strike Amnon, and kill him: fear not; for is it not I that command you? Be courageous, and be valiant.
29 ၂၉ သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။
And the servants of Abessalom did to Amnon as Abessalom commanded them: and all the sons of the king rose up, and they mounted every man his mule, and fled.
30 ၃၀ သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။
And it came to pass, when they were in the way, that a report came to David, saying, Abessalom has slain all the king's sons, and there is not one of them left.
31 ၃၁ ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။
Then the king arose, and tore his garments, and lay upon the ground: and all his servants that were standing round him tore their garments.
32 ၃၂ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။
And Jonadab the son of Samaa brother of David, answered and said, Let not my Lord the king say that he has slain all the young men the sons of the king, for Amnon only of them all is dead; for he was appointed [to death] by the mouth of Abessalom from the day that he humbled his sister Themar.
33 ၃၃ ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။
And now let not my lord the king take the matter to heart, saying, All the king's sons are dead: for Amnon only of them is dead.
34 ၃၄ ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။
And Abessalom escaped: and the young man the watchman, lifted up his eyes, and looked; and, behold, much people went in the way behind him from the side of the mountain in the descent: and the watchman came and told the king, and said, I have seen men by the way of Oronen, by the side of the mountain.
35 ၃၅ ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊
And Jonadab said to the king, Behold, the king's sons are present: according to the word of your servant, so has it happened.
36 ၃၆ ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
And it came to pass when he had finished speaking, that, behold, the king's sons came, and lifted up their voices and wept: and the king also and all his servants wept with a very great weeping.
37 ၃၇ အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။
But Abessalom fled, and went to Tholmi son of Emiud the king of Gedsur to the land of Chamaachad: and king David mourned for his son continually.
38 ၃၈ အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။
So Abessalom fled, and departed to Gedsur, and was there three years.
39 ၃၉ တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။
And king David ceased to go out after Abessalom, for he was comforted concerning Amnon, touching his death.

< ၂ ဓမ္မရာဇဝင် 13 >