< ၂ ဓမ္မရာဇဝင် 12 >

1 နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
Misit ergo Dominus Nathan ad David: qui cum venisset ad eum, dixit ei: Duo viri erant in civitate una, unus dives, et alter pauper.
2 သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
Dives habebat oves, et boves plurimos valde.
3 ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။
Pauper autem nihil habebat omnino, praeter ovem unam parvulam, quam emerat et nutrierat, et quae creverat apud eum cum filiis eius simul, de pane illius comedens, et de calice eius bibens, et in sinu illius dormiens: eratque illi sicut filia.
4 သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊
Cum autem peregrinus quidam venisset ad divitem, parcens ille sumere de ovibus et de bobus suis, ut exhiberet convivium peregrino illi, qui venerat ad se, tulit ovem viri pauperis, et praeparavit cibos homini qui venerat ad se.
5 ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
Iratus autem indignatione David adversus hominem illum nimis, dixit ad Nathan: Vivit Dominus, quoniam filius mortis est vir qui fecit hoc.
6 ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။
Ovem reddet in quadruplum, eo quod fecerit verbum istud, et non pepercerit.
7 နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။
Dixit autem Nathan ad David: Tu es ille vir. Haec dicit Dominus Deus Israel: Ego unxi te in regem super Israel, et ego erui te de manu Saul,
8 သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။
et dedi tibi domum domini tui, et uxores domini tui in sinu tuo, dedique tibi domum Israel et Iuda: et si parva sunt ista, adiiciam tibi multo maiora.
9 သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
Quare ergo contempsisti verbum Domini ut faceres malum in conspectu meo? Uriam Hethaeum percussisti gladio, et uxorem illius accepisti in uxorem tibi, et interfecisti eum gladio filiorum Ammon.
10 ၁၀ ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
Quam ob rem non recedet gladius de domo tua usque in sempiternum, eo quod despexeris me, et tuleris uxorem Uriae Hethaei, ut esset uxor tua.
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
Itaque haec dicit Dominus: Ecce, ego suscitabo super te malum de domo tua, et tollam uxores tuas in oculis tuis, et dabo proximo tuo, et dormiet cum uxoribus tuis in oculis Solis huius.
12 ၁၂ သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။
Tu enim fecisti abscondite: ego autem faciam verbum istud in conspectu omnis Israel, et in conspectu Solis.
13 ၁၃ ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
Et dixit David ad Nathan: Peccavi Domino. Dixitque Nathan ad David: Dominus quoque transtulit peccatum tuum: non morieris.
14 ၁၄ သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊
Verumtamen, quoniam blasphemare fecisti inimicos Domini, propter verbum hoc, filius, qui natus est tibi, morte morietur.
15 ၁၅ နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။
Et reversus est Nathan in domum suam. Percussit quoque Dominus parvulum, quem pepererat uxor Uriae David, et desperatus est.
16 ၁၆ ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။
Deprecatusque est David Dominum pro parvulo: et ieiunavit David ieiunio, et ingressus seorsum, iacuit super terram.
17 ၁၇ နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။
Venerunt autem seniores domus eius, cogentes eum ut surgeret de terra: qui noluit, nec comedit cum eis cibum.
18 ၁၈ ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။
Accidit autem die septima ut moreretur infans: timueruntque servi David nunciare ei quod mortuus esset parvulus. dixerunt enim: Ecce cum parvulus adhuc viveret, loquebamur ad eum, et non audiebat vocem nostram: quanto magis si dixerimus: Mortuus est puer, se affliget?
19 ၁၉ သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။
Cum ergo David audisset servos suos mussitantes, intellexit quod mortuus esset infantulus: dixitque ad servos suos: Num mortuus est puer? Qui responderunt ei: Mortuus est.
20 ၂၀ ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။
Surrexit ergo David de terra: et lotus unctusque est: cumque mutasset vestem, ingressus est domum Domini: et adoravit, et venit in domum suam, petivitque ut ponerent ei panem, et comedit.
21 ၂၁ ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊
Dixerunt autem ei servi sui: Quis est sermo, quem fecisti? propter infantem, cum adhuc viveret, ieiunasti et flebas: mortuo autem puero, surrexisti, et comedisti panem.
22 ၂၂ ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။
Qui ait: Propter infantem, dum adhuc viveret, ieiunavi et flevi: dicebam enim: Quis scit si forte donet eum mihi Dominus, et vivat infans?
23 ၂၃ ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။
Nunc autem quia mortuus est, quare ieiuno? Numquid potero revocare eum amplius? ego vadam magis ad eum: ille vero non revertetur ad me.
24 ၂၄ တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
Et consolatus est David Bethsabee uxorem suam, ingressusque ad eam, dormivit cum ea: quae genuit filium, et vocavit nomen eius Salomon, et Dominus dilexit eum.
25 ၂၅ ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။
Misitque in manu Nathan prophetae, et vocavit nomen eius, Amabilis Domino, eo quod diligeret eum Dominus.
26 ၂၆ ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊
Igitur pugnabat Ioab contra Rabbath filiorum Ammon, et expugnabat urbem regiam.
27 ၂၇ ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။
Misitque Ioab nuncios ad David, dicens: Dimicavi adversum Rabbath, et capienda est Urbs aquarum.
28 ၂၈ ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊
Nunc igitur congrega reliquam partem populi, et obside civitatem, et cape eam: ne, cum a me vastata fuerit urbs, nomini meo ascribatur victoria.
29 ၂၉ ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။
Congregavit itaque David omnem populum, et profectus est adversum Rabbath: cumque dimicasset, cepit eam.
30 ၃၀ မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
Et tulit diadema regis eorum de capite eius, pondo auri talentum, habens gemmas pretiosissimas, et impositum est super caput David. Sed et praedam civitatis asportavit multam valde:
31 ၃၁ မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။
populum quoque eius adducens serravit, et circumegit super eos ferrata carpenta: divisitque cultris, et traduxit in typo laterum: sic fecit universis civitatibus filiorum Ammon: et reversus est David, et omnis exercitus in Ierusalem.

< ၂ ဓမ္မရာဇဝင် 12 >