< ၂ ဓမ္မရာဇဝင် 12 >
1 ၁ နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
And Yhwh sent Nathan unto David. And he came unto him, and said unto him, There were two men in one city; the one rich, and the other poor.
2 ၂ သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
The rich man had exceeding many flocks and herds:
3 ၃ ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။
But the poor man had nothing, save one little ewe lamb, which he had bought and nourished up: and it grew up together with him, and with his children; it did eat of his own meat, and drank of his own cup, and lay in his bosom, and was unto him as a daughter.
4 ၄ သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊
And there came a traveller unto the rich man, and he spared to take of his own flock and of his own herd, to dress for the wayfaring man that was come unto him; but took the poor man’s lamb, and dressed it for the man that was come to him.
5 ၅ ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
And David’s anger was greatly kindled against the man; and he said to Nathan, As Yhwh liveth, the man that hath done this thing shall surely die:
6 ၆ ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။
And he shall restore the lamb fourfold, because he did this thing, and because he had no pity.
7 ၇ နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။
And Nathan said to David, Thou art the man. Thus saith Yhwh God of Israel, I anointed thee king over Israel, and I delivered thee out of the hand of Saul;
8 ၈ သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။
And I gave thee thy master’s house, and thy master’s wives into thy bosom, and gave thee the house of Israel and of Judah; and if that had been too little, I would moreover have given unto thee such and such things.
9 ၉ သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
Wherefore hast thou despised the commandment of Yhwh, to do evil in his sight? thou hast killed Uriah the Hittite with the sword, and hast taken his wife to be thy wife, and hast slain him with the sword of the children of Ammon.
10 ၁၀ ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
Now therefore the sword shall never depart from thine house; because thou hast despised me, and hast taken the wife of Uriah the Hittite to be thy wife.
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
Thus saith Yhwh, Behold, I will raise up evil against thee out of thine own house, and I will take thy wives before thine eyes, and give them unto thy neighbour, and he shall lie with thy wives in the sight of this sun.
12 ၁၂ သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။
For thou didst it secretly: but I will do this thing before all Israel, and before the sun.
13 ၁၃ ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
And David said unto Nathan, I have sinned against Yhwh. And Nathan said unto David, Yhwh also hath put away thy sin; thou shalt not die.
14 ၁၄ သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊
Howbeit, because by this deed thou hast given great occasion to the enemies of Yhwh to blaspheme, the child also that is born unto thee shall surely die.
15 ၁၅ နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။
And Nathan departed unto his house. And Yhwh struck the child that Uriah’s wife bare unto David, and it was very sick.
16 ၁၆ ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။
David therefore besought God for the child; and David fasted, and went in, and lay all night upon the earth.
17 ၁၇ နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။
And the elders of his house arose, and went to him, to raise him up from the earth: but he would not, neither did he eat bread with them.
18 ၁၈ ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။
And it came to pass on the seventh day, that the child died. And the servants of David feared to tell him that the child was dead: for they said, Behold, while the child was yet alive, we spake unto him, and he would not hearken unto our voice: how will he then vex himself, if we tell him that the child is dead?
19 ၁၉ သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။
But when David saw that his servants whispered, David perceived that the child was dead: therefore David said unto his servants, Is the child dead? And they said, He is dead.
20 ၂၀ ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။
Then David arose from the earth, and washed, and anointed himself, and changed his apparel, and came into the house of Yhwh, and worshipped: then he came to his own house; and when he required, they set bread before him, and he did eat.
21 ၂၁ ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊
Then said his servants unto him, What thing is this that thou hast done? thou didst fast and weep for the child, while it was alive; but when the child was dead, thou didst rise and eat bread.
22 ၂၂ ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။
And he said, While the child was yet alive, I fasted and wept: for I said, Who can tell whether Yhwh will be gracious to me, that the child may live?
23 ၂၃ ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။
But now he is dead, wherefore should I fast? can I bring him back again? I shall go to him, but he shall not return to me.
24 ၂၄ တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
And David comforted Bath–sheba his wife, and went in unto her, and lay with her: and she bare a son, and he called his name Solomon: And Yhwh loved him.
25 ၂၅ ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။
And he sent by the hand of Nathan the prophet; and he called his name Jedidiah, because of Yhwh.
26 ၂၆ ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊
And Joab fought against Rabbah of the children of Ammon, and took the royal city.
27 ၂၇ ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။
And Joab sent messengers to David, and said, I have fought against Rabbah, and have taken the city of waters.
28 ၂၈ ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊
Now therefore gather the rest of the people together, and encamp against the city, and take it: lest I take the city, and it be called after my name.
29 ၂၉ ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။
And David gathered all the people together, and went to Rabbah, and fought against it, and took it.
30 ၃၀ မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
And he took their king’s crown from off his head, the weight whereof was a talent of gold with the precious stones: and it was set on David’s head. And he brought forth the spoil of the city in great abundance.
31 ၃၁ မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။
And he brought forth the people that were therein, and put them under saws, and under harrows of iron, and under axes of iron, and made them pass through the brickkiln: and thus did he unto all the cities of the children of Ammon. So David and all the people returned unto Jerusalem.