< ၂ ဓမ္မရာဇဝင် 11 >
1 ၁ အခါလည်၍ ရှင် ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ် သည် ယွာဘ နှင့် ကျွန် များ၊ ဣသရေလ အမျိုးသားများအပေါင်း တို့ကို စေလွှတ် သဖြင့် ၊ သူတို့သည် အမ္မုန် အမျိုးသား တို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ကြ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့၌ နေ လေ၏။
A, i te takanga o te tau, i te wa ano e haere ai nga kingi ki te whawhai, na ka unga e Rawiri a Ioapa ratou ko ana tangata, ko Iharaira katoa; a huna iho e ratou nga tama a Amona, whakapaea ana a Rapa. Ko Rawiri ia i noho ki Hiruharama.
2 ၂ နောက်တနေ့ညဦးယံ ၌ ဒါဝိဒ် သည် လျောင်းစက် ရာမှ ထ ၍ နန်း တော်မိုး ပေါ် မှာ စင်္ကြံ သွားစဉ်တွင်၊ အလွန် အဆင်း လှ သောမိန်းမ တယောက်ရေချိုး သည်ကို မြင် တော်မူ၏။
A, i te mea ka ahiahi, na ka maranga ake a Rawiri i tona moenga, a haereere ana i runga i te tuanui o te whare o te kingi: na ka kitea iho e ia i te tuanui tetahi wahine e kaukau ana; he ataahua rawa ano te wahine ki te titiro atu.
3 ၃ ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။
Na ka tono tangata te kingi, a ka ui mo taua wahine. Na ko te meatanga, Ehara ianei tenei i a Patehepa tamahine a Eriama, ko te wahine ia a Uria Hiti.
4 ၄ တဖန် လူ ကိုစေလွှတ် သဖြင့် ၊ ထိုမိန်းမကို အထံ တော်သို့ ခေါ် ခဲ့၍ ရှက်တင် လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေး နှင့် စင်ကြယ် အောင်ပြု၍ မိမိ အိမ် သို့ ပြန် ပြီးမှ၊
Na ka unga etahi karere e Rawiri ki te tiki i a ia; a ka haere mai ia ki a ia; a takoto tahi ana raua; kua oti hoki tona poke te pure, a hoki ana ki tona whare.
5 ၅ ပဋိသန္ဓေ ရှိသဖြင့် ဒါဝိဒ် ထံသို့ လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေ ရှိပါ၏ဟု လျှောက် စေသော်၊
Na ka hapu te wahine, a ka tono tangata ki a Rawiri, ka mea, Kua hapu ahau.
6 ၆ ဒါဝိဒ် သည် ယွာဘ ဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိ လူ ဥရိယ ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘ သည်စေလွှတ် ၍၊
Na ka tono tangata a Rawiri ki a Ioapa, ka mea, Tena a Uria Hiti tonoa mai ki ahau. Na tonoa ana e Ioapa a Uria ki a Rawiri.
7 ၇ ဥရိယ ရောက် လာသောအခါ ဒါဝိဒ် က၊ ယွာဘ ကျန်းမာ ၏လော။ လူ များကျန်းမာ ၏လော။ စစ်တိုက် ၍ အောင်မြင် သလောဟုမေးမြန်း ပြီးမှ၊
A, i te taenga mai o Uria ki a ia, ka ui a Rawiri i pehea a Ioapa, i pehea hoki te iwi, a i pehea te whawhai.
8 ၈ သင့် အိမ် သို့ သွား ၍ ခြေ ဆေး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည် နန်း တော်မှ ထွက် ၍ သူ နောက်မှ ခဲဘွယ် စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
Na ka mea a Rawiri ki a Uria, Haere ki raro, ki tou whare ki te horoi i ou waewae. Na ka puta a Uria i te whare o te kingi; a i maua i muri i a ia tetahi kai a te kingi.
9 ၉ သို့ရာတွင် ဥရိယ သည်မိမိ အိမ် သို့ မ သွား ဘဲ၊ မိမိ အရှင် ၏ကျွန် အပေါင်း တို့နှင့်အတူ နန်း တော်တံခါးဝ ၌ အိပ် လေ၏။
Otiia moe ana a Uria ki te tatau o te whare o te kingi i roto i nga tangata katoa a tona ariki, kihai hoki i haere ki raro, ki tona whare.
10 ၁၀ ဥရိယ သည် မိမိ အိမ် သို့ မ သွား ကြောင်းကို နားတော်လျှောက် လျှင် ဒါဝိဒ် က၊ သင်သည်ခရီး သွားရာမှ ရောက် လာသည်မ ဟုတ်လော။ သင့် အိမ် သို့ အဘယ်ကြောင့် မ သွား ဘဲနေသနည်းဟု ဥရိယ ကို မေး သော်၊
A ka korerotia te korero ki a Rawiri, Kihai a Uria i haere ki raro, ki tona whare; na ka mea a Rawiri ki a Uria, He teka ianei katahi ano koe ka tae mai i te haere? he aha koe te haere ai ki raro, ki tou whare?
11 ၁၁ ဥရိယ က၊ သေတ္တာ တော်နှင့် ဣသရေလ အမျိုး၊ ယုဒ အမျိုးသားတို့သည် တဲ ၌ နေ ကြပါ၏။ သခင် ယွာဘ နှင့် သခင် ၏ကျွန် များတို့သည် လွင်ပြင် ၌ တည်း ရကြပါ၏။ ကျွန်တော် သည် ကိုယ် အိမ် သို့ သွား ၍ စား သောက် လျက် မယား နှင့် ပျော်မွေ့ လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ ကျွန်တော်မ ပြု ပါဟု ဒါဝိဒ် အား လျှောက် လေ၏။
Na ka mea a Uria ki a Rawiri, Kei roto te aaka i te tihokahoka, me Iharaira, me Hura; kei te mata ano o te parae toku ariki, a Ioapa ratou ko nga tangata a toku ariki e noho ana; kia haere koia ahau ki toku whare ki te kai, ki te inu, ki te tako to ki taku wahine? e ora ana koe, e ora ana hoki tou wairua, e kore tenei mea e meatia e ahau.
12 ၁၂ ဒါဝိဒ် ကလည်း ၊ ဤ မြို့၌ ယနေ့ နေ ဦးလော့။ နက်ဖြန် နေ့ ငါလွှတ်လိုက် မည်ဟုမိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည်ထို နေ့၊ နက်ဖြန် နေ့၊ ယေရုရှလင် မြို့၌ နေ ၏။
Na ka mea a Rawiri ki a Uria, E noho ki konei i tenei ra ano, a apopo ahau unga ai i a koe. Heoi, noho ana a Uria i taua ra, i te aonga ake ano, ki Hiruharama.
13 ၁၃ ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။
Na ka karangatia ia e Rawiri, a kai ana; a meinga ana e ia kia haurangi: a i te ahiahi ka puta ki waho ki te takoto ki tona takotoranga i roto i nga tangata a tona ariki, kihai hoki i haere ki raro, ki tona whare.
14 ၁၄ နံနက် မှာ ဒါဝိဒ် သည် မှာစာ ကိုရေး ၍ ဥရိယ လက် တွင် ယွာဘ သို့ ပေးလိုက် ၏။
Na i te ata ka tuhituhia he pukapuka e Rawiri ki a Ioapa, o tonoa ana kia kawea e Uria.
15 ၁၅ မှာစာချက် ဟူမူကား ၊ ကျပ်တည်း စွာစစ်တိုက် ရာ တပ်ဦး ၌ ဥရိယ ကို ခန့်ထား ပြီးမှ ၊ သူသည် ရန်သူလက် သို့ ရောက်၍ သေ စေခြင်းငှါ တပ်များကို ရုပ်သိမ်း လော့ဟု ပါသတည်း။
I tuhituhi hoki ia ki te pukapuka, i mea, Me hoatu e koutou a Uria ki mua rawa, ki te wahi e nui rawa ana te whawhai, ka hoki ai i muri i a ia, kia patua ai ia, kia mate ai.
16 ၁၆ အမိန့်တော်အတိုင်း ယွာဘ သည်မြို့ ကို ကြည့်ရှု ပြီးမှ ၊ ခွန်အား ကြီးသော သူရဲ ရှိရာ အရပ် ၌ ဥရိယ ကို ခန့်ထား လေ၏။
Na i a Ioapa e whakapae ana i te pa, ka hoatu e ia a Uria ki te wahi i mohio ai ia kei reira nga toa.
17 ၁၇ မြို့သား တို့သည် ထွက် ၍ ယွာဘ နှင့် စစ် ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ကျွန် အချို့တို့သည် သေ ကြ၏။ ဟိတ္တိ လူဥရိယ သည်လည်း သေ ၏။
Na, ko te putanga atu o nga tangata o te pa ki te whawhai ki a Ioapa, ka hinga etahi o te iwi, etahi o nga tangata ake a Rawiri; i mate ano a Uria Hiti.
18 ၁၈ ထိုနောက် ယွာဘ သည် စစ် သိတင်း အလုံးစုံ ကို ဒါဝိဒ် အား ကြား လျှောက်စေခြင်းငှါလူကိုခေါ်၍၊
Katahi a Ioapa ka tono tangata hei korero ki a Rawiri i nga mea katoa o te whawhai.
19 ၁၉ သင် သည်ရှင်ဘုရင် ထံ တော်၌ စစ် သိတင်း ကို အကုန်အစင် ကြား လျှောက် ပြီးလျှင်၊
I ako ano ia te karere, i mea, E poto i a koe nga mea katoa o te whawhai te korero ki te kingi;
20 ၂၀ ရှင် ဘုရင်သည် အမျက် တော်ထွက် ၍ ၊ သင်တို့သည် စစ် ပြိုင်သောအခါ၊ မြို့ အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်း။ မြို့ရိုး ပေါ် က ပစ် မည်ကို မ သိ လော။
Na ki te ara te riri o te kingi, a ka mea ia ki a koe, He aha koutou i whakatata rawa ai ki te pa tatau ai? kahore ianei koutou i mohio ka kopere mai ratou i te taiepa?
21 ၂၁ ယေရုဗ္ဗေရှက် သား အဘိမလက် ကို အဘယ်သူ လုပ်ကြံ သနည်း။ သေဗက် မြို့မှာ မိန်းမ တယောက်သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို မြို့ရိုး ပေါ် က ပစ်ချ ၍ အဘိမလက်သေ သည်မ ဟုတ်လော။ မြို့ရိုး အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်းဟု မိန့် တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန် ဟိတ္တိ လူ၊ ဥရိယ သေ ကြောင်းကို လျှောက် ရမည် ဟု မှာထား ၍ စေလွှတ်လေ၏။
Na wai a Apimereke tama a Ierupehete i patu? he teka ianei na te wahine i maka te wahi o runga o te kohatu huri ki runga ki a ia i te taiepa, a mate iho ai ki Tepehe? he aha koutou i whakatata atu ai ki te taiepa? Na mea atu, Kua mate ano tau po nonga, a Uria Hiti.
22 ၂၂ ယွာဘ မှာထားသည်အတိုင်း ထိုတမန် သည် သွား ၍ ဒါဝိဒ် အား ကြားလျှောက် သည်ကား၊
Heoi haere ana te karere, a ka tae, korerotia ana e ia ki a Rawiri nga mea katoa i unga ai ia e Ioapa.
23 ၂၃ ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော် တို့ကို နိုင် သဖြင့် ၊ လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင် လှန်၍ တိုက်ကြပါ၏။
I mea hoki te karere ki a Rawiri, I kaha rawa mai aua tangata ki a matou, a puta mai ana ki a matou ki te parae. Na whakaekea atu ana e matou, a tae noa ki te kuwaha o te keti.
24 ၂၄ လေးသမားတို့သည် မြို့ရိုး ပေါ် က ကိုယ်တော် ကျွန် တို့ကို ပစ် ၍ ကိုယ်တော်ကျွန် အချို့သေ ကြပါ၏။ ကိုယ်တော် ကျွန် ဟိတ္တိ လူ၊ ဥရိယ သည်လည်း သေ ပါ၏ဟု လျှောက် လျှင်၊
Na ko te koperenga mai a nga kaikopere i te taiepa ki au tangata, mate iho etahi o nga tangata a te kingi; ko tau pononga hoki, ko Uria Hiti kua mate.
25 ၂၅ ဒါဝိဒ် ကလည်း ၊ ဤ အမှုကြောင့် စိတ် မ ပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ ကို ကျပ်တည်း စွာ တိုက် လျက် လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန် အားဖြင့်ယွာဘ ကို မှာလိုက် လေ၏။
Katahi ka mea a Rawiri ki te karere, Kia penei tau ki atu ki a Ioapa, Kei he tenei mea ki tou whakaaro, he kai noa iho hoki ta te hoari i tetahi, i tetahi: kia kaha tau whawhai ki te pa, whakangaromia. Mau ano ia e whakatenatena.
26 ၂၆ ဥရိယ သေ ကြောင်း ကို သူ၏မယား ကြား သောအခါ ၊ ခင်ပွန်း ကြောင့် ငိုကြွေး မြည်တမ်းလျက် နေ၏။
A, i te rongonga o te wahine a Uria kua mate tana tahu a Uria, ka tangihia e ia tana tahu.
27 ၂၇ ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့် ၊ သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။
A ka pahemo te tangihanga, ka tono tangata a Rawiri ki te tiki i a ia ki tona whare, a ka waiho hei wahine. mana, a ka whanau ta raua tama. Otiia i kino ki ta Ihowa titro taua mea i mea ai a Rawiri.