< ၂ ဓမ္မရာဇဝင် 10 >
1 ၁ ထိုနောက် အမ္မုန် ရှင် ဘုရင်သည် သေ ၍ သား တော်ဟာနုန် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
此後,亞捫人的王死了,他兒子哈嫩接續他作王。
2 ၂ ဒါဝိဒ် ကလည်း ၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့် ၊ သူ၏သား ၌ ငါကျေးဇူး ပြု မည်ဟုဆို လျက် ၊ သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ ကျွန် တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ကျွန် တို့သည် အမ္မုန် ပြည် သို့ရောက် ကြ၏။
大衛說:「我要照哈嫩的父親拿轄厚待我的恩典厚待哈嫩。」於是大衛差遣臣僕,為他喪父安慰他。大衛的臣僕到了亞捫人的境內。
3 ၃ အမ္မုန် အမျိုး မှူးမတ် တို့သည် မိမိ တို့အရှင် ဟာနုန် ထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေ သောသူတို့ ကိုစေလွှတ် ရာတွင် ခမည်းတော် ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့ တော်ကိုစစ်ဆေး စူးစမ်း ၍ ဖျက်ဆီး ခြင်းငှာ သာသူ ၏ကျွန် တို့ကိုစေလွှတ် သည် မ ဟုတ်လော ဟု လျှောက် ကြသော်၊
但亞捫人的首領對他們的主哈嫩說:「大衛差人來安慰你,你想他是尊敬你父親嗎?他差臣僕來不是詳察窺探、要傾覆這城嗎?」
4 ၄ ဟာနုန် သည် ဒါဝိဒ် ၏ကျွန် တို့ကို ယူ ပြီးလျှင် ၊ မုတ်ဆိတ် တခြမ်း ကိုရိတ် ၍ အဝတ် ကိုတင်ပါး တိုင်အောင် ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။
哈嫩便將大衛臣僕的鬍鬚剃去一半,又割斷他們下半截的衣服,使他們露出下體,打發他們回去。
5 ၅ ထိုသိတင်းကို ဒါဝိဒ် သည်ကြား သောအခါ ၊ ထိုလူ တို့သည် အလွန် ရှက် သောကြောင့် သူ တို့ကို ဆီးကြို စေခြင်းငှါ စေလွှတ် ၍ ၊ သင် တို့သည် မုတ်ဆိတ် မ ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက် မှပြန် လာကြလော့ဟု မှာ ထားတော်မူ၏။
有人告訴大衛,他就差人去迎接他們,(因為他們甚覺羞恥),告訴他們說:「可以住在耶利哥,等到鬍鬚長起再回來。」
6 ၆ အမ္မုန် အမျိုးသား တို့က၊ ငါတို့သည်ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသောရှုရိ လူခြေသည် သူရဲနှစ် သောင်း၊ မာခ မင်းကြီး ၏ လူ တထောင် ၊ တောဘ မြို့သား တသောင်း နှစ်ထောင်တို့ကို ငှား ကြ၏။
亞捫人知道大衛憎惡他們,就打發人去,招募伯‧利合的亞蘭人和瑣巴的亞蘭人,步兵二萬,與瑪迦王的人一千、陀伯人一萬二千。
7 ၇ ထိုသိတင်းကို ဒါဝိဒ် သည်ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသောသူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။
大衛聽見了,就差派約押統帶勇猛的全軍出去。
8 ၈ အမ္မုန် အမျိုးသား တို့သည် ထွက် ၍ မြို့တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ ဇောဘမြို့၊ ရဟောဘ မြို့၊ တောဘ မြို့မှလာသော ရှုရိ လူနှင့် မာခါ မင်းကြီး၏ လူတို့သည် လွင်ပြင် ၌ တခြားစီ နေကြ၏။
亞捫人出來,在城門前擺陣;瑣巴與利合的亞蘭人、陀伯人,並瑪迦人,另在郊野擺陣。
9 ၉ ယွာဘ သည်လည်း ၊ ရှေ့ ၌၎င်း ၊ နောက် ၌ ၎င်း စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့ တဘက်၌စစ်ခင်းကျင်း ၏။
約押看見敵人在他前後擺陣,就從以色列軍中挑選精兵,使他們對着亞蘭人擺陣。
10 ၁၀ ကြွင်း သောသူတို့ကို အမ္မုန် အမျိုးသား တို့တစ်ဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီ အဘိရှဲ လက် သို့ အပ် လျက်၊
其餘的兵交與他兄弟亞比篩,對着亞捫人擺陣。
11 ၁၁ ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။
約押對亞比篩說:「亞蘭人若強過我,你就來幫助我;亞捫人若強過你,我就去幫助你。
12 ၁၂ ရဲရင့် သောစိတ်ရှိ၍ ငါ တို့လူမျိုး ၊ ငါ တို့ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလိုတော်ရှိသည် အတိုင်းစီရင် တော်မူ စေသတည်းဟု ဆို ပြီးမှ၊
我們都當剛強,為本國的民和上帝的城邑作大丈夫。願耶和華憑他的意旨而行!」
13 ၁၃ သူ ၌ ပါသော လူများနှင့်တကွရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်း သွားသောအခါ ၊ ရှုရိလူတို့သည် ပြေး ကြ၏။
於是,約押和跟隨他的人前進攻打亞蘭人;亞蘭人在約押面前逃跑。
14 ၁၄ ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူတို့သည်လည်း အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း အမ္မုန် ပြည်မှ ထွက် ၍ ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
亞捫人見亞蘭人逃跑,他們也在亞比篩面前逃跑進城。約押就離開亞捫人那裏,回耶路撒冷去了。
15 ၁၅ ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင် တဖန် စည်းဝေး ကြ၏။
亞蘭人見自己被以色列人打敗,就又聚集。
16 ၁၆ ဟာဒဒေဇာ မင်းသည်လည်း စေလွှတ် ၍ ၊ မြစ် တစ်ဘက် ၌ နေသော ရှုရိ လူတို့ကိုခေါ် သဖြင့် ၊ သူတို့သည် ဟေလံ မြို့သို့ရောက် လာကြ၏။ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။
哈大底謝差遣人,將大河那邊的亞蘭人調來;他們到了希蘭,哈大底謝的將軍朔法率領他們。
17 ၁၇ ထိုသိတင်းကိုကြား လျှင် ၊ ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ၊ ယော်ဒန် မြစ် ကို ကူး သဖြင့် ဟေလံ မြို့သို့ ရောက် လေ၏။ ရှုရိ လူတို့သည် ဒါဝိဒ် တစ်ဘက်၌ စစ်ခင်းကျင်း ၍ တိုက် သောအခါ၊
有人告訴大衛,他就聚集以色列眾人,過約旦河,來到希蘭。亞蘭人迎着大衛擺陣,與他打仗。
18 ၁၈ ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်၊ ခြေသည်သူရဲလေးသောင်း တို့ကိုသတ် ၍ ၊ ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း ထိခိုက် သဖြင့် သူသည် ထို အရပ်၌ သေ ၏။
亞蘭人在以色列人面前逃跑;大衛殺了亞蘭七百輛戰車的人,四萬馬兵,又殺了亞蘭的將軍朔法。
19 ၁၉ ဟာဒဒေဇာ ၌ ကျွန် ခံသောမင်းကြီး အပေါင်း တို့သည် ဣသရေလ အမျိုးရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်၊ ဣသရေလ အမျိုးနှင့် မိဿဟာယ ဖွဲ့၍ ကျွန် ခံကြ၏။ ထိုသို့ ရှုရိ လူတို့သည် နောက် တဖန် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ဝံ့ကြ။
屬哈大底謝的諸王見自己被以色列人打敗,就與以色列人和好,歸服他們。於是亞蘭人不敢再幫助亞捫人了。