< ၂ ပေတရု 1 >
1 ၁ ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။
Simeon Peter, a servant and apostle of Jesus Christ, to those who have obtained a faith as precious as ours through the righteousness of our God and Savior Jesus Christ:
2 ၂ ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။
Grace and peace be multiplied to you in the knowledge of God and of Jesus our Lord.
3 ၃ ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။
His divine power has given us everything we need for life and godliness, through the knowledge of him who called us by glory and virtue.
4 ၄ ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် ၍ အဘိုး ထိုက်သော ဂတိ များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။
Through these he has given us his precious and magnificent promises, so that through them you may become partakers of the divine nature, having escaped from the corruption that is in the world because of evil desires.
5 ၅ ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊
For this very reason, make every effort to supplement your faith with virtue, your virtue with knowledge,
6 ၆ ပညာ ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
your knowledge with self-control, your self-control with endurance, your endurance with godliness,
7 ၇ ထိုမွေ့လျော် ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
your godliness with brotherly affection, and your brotherly affection with love.
8 ၈ အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။
For if you possess these qualities and continue to grow in them, they will keep you from being ineffective and unfruitful in the knowledge of our Lord Jesus Christ.
9 ၉ ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ အပြစ် ဟောင်း ဆေးကြော ကြောင်းကို မေ့လျော့ ၏။
For whoever lacks these qualities is so nearsighted that he is blind, having forgotten the cleansing of his former sins.
10 ၁၀ ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
Therefore, brothers, be all the more diligent to confirm that you are among those whom God has called and chosen, because if you do these things, you will never stumble.
11 ၁၁ ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။ (aiōnios )
For in this way, entry into the eternal kingdom of our Lord and Savior Jesus Christ will be richly provided for you. (aiōnios )
12 ၁၂ ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။
Therefore, I will not neglect to keep reminding you about these things, though you know them and are established in the truth you now have.
13 ၁၃ ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း ၊
I think it is right, as long as I am in this bodily tent, to stir you up by way of reminder,
14 ၁၄ ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။
because I know that this tent will soon be laid aside, as our Lord Jesus Christ made clear to me.
15 ၁၅ ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။
And I will make every effort to ensure that after my departure you will be able to recall these things at any time.
16 ၁၆ ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။
For we did not follow cleverly devised myths when we made known to you the power and coming of our Lord Jesus Christ, but we were eyewitnesses of his majesty.
17 ၁၇ အဘယ်သို့ နည်းဟူမူကား၊ ဤသူ သည် ငါ နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။
For he received honor and glory from God the Father when that voice came to him from the Majestic Glory: “This is my beloved Son, in whom I am well pleased.”
18 ၁၈ ကောင်းကင် က ရောက်လာ သော ထို အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။
We ourselves heard this voice come from heaven when we were with him on the holy mountain.
19 ၁၉ ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍ ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ၌ ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
So we have the prophetic word more fully confirmed. You will do well to pay attention to it, as to a lamp shining in a dark place, until the day dawns and the morning star rises in your hearts.
20 ၂၀ ကျမ်းစာ ၌ပါသော အနာဂတ္တိ စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် မ ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။
First of all, you must understand that no prophecy of Scripture is a matter of one's own interpretation.
21 ၂၁ အကြောင်းမူကား ၊ အနာဂတ္တိ စကားသည် လူ အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြော ကြ၏။
For no prophecy ever came by the will of man, but holy men of God spoke as they were carried along by the Holy Spirit.