< ၄ ဓမ္မရာဇဝင် 9 >

1 ထိုအခါ ပရောဖက် ဧလိရှဲ သည် ပရောဖက် အမျိုးသား တယောက် ကို ခေါ် ၍ ၊ သင် ၏ခါး ကို စည်း လော့။ ဤ ဆီ ဘူး ကိုယူ ၍ ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား လော့
Elisha the prophet called one of the sons of the prophets and told him, “Put your cloak into your belt, take this flask of olive oil, and go to Ramoth-gilead.
2 ရောက် သောအခါ ၊ နိမ်ရှိ သား ယောရှဖတ် ၏သား ယေဟု ကို ရှာ ၍ သူ့ထံသို့ဝင် လျက် ၊ သူ့ ကိုသူ ၏အပေါင်း အဘော်စုထဲ က ထွက် စေ၍ ၊ အတွင်းအခန်း ထဲသို့ ခေါ် ပြီးလျှင်၊ “
Once you get there, look for Jehu, son of Jehoshaphat, son of Nimshi. Go in, get him away from his companions, and take him to an inner room. Get him to leave his friends, lead him to a private room,
3 ဤ ဆီ ဘူး ကိုကိုင် ၍ သူ ၏ခေါင်း ပေါ် ၌ ဆီကို လောင်း လျက် ၊ ထာဝရဘုရား က၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား ၍ ဘိသိက် ပေးသည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါး ကိုဖွင့် ၍ မ ဆိုင်း မလင့် ဘဲ ပြေး လော့ဟု မှာထား လေ၏
take the flask of olive oil, and pour it on his head. Tell him, ‘This is what the Lord says: I anoint you king of Israel.’ Then open the door and run away! Don't wait around!”
4 ထိုပရောဖက် အမျိုးသား လုလင် သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏
So the young prophet went to Ramoth-gilead.
5 ရောက် သောအခါ ၊ ဗိုလ် မင်း တို့သည်အတူ ထိုင် လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟု က၊ ငါ တို့အပေါင်း တွင် အဘယ်သူ အား ပြောစရာ ရှိသနည်းဟုမေး သော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏
When he arrived, he saw the army commanders sitting around. “I've got a message for you, commander,” he said. “For which one of us?” Jehu asked. “For you, commander,” he replied.
6 ထိုအခါ ယေဟုသည် ထ ၍ အိမ် ထဲသို့ ဝင် သဖြင့် ၊ ပရောဖက်သည် သူ ၏ခေါင်း ပေါ် ၌ ဆီ ကိုလောင်း လျက်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ ငါသည် သင့်ကို ထာဝရဘုရား ၏လူ ဣသရေလ အမျိုး၏ ရှင် ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက် ပေး၏
Jehu got up and went inside, where the young prophet poured the olive oil on his head and announced to him, “This is what the Lord, the God of Israel, says: ‘I anoint you king over the Lord's people Israel.
7 ငါ့ ကျွန် ပရောဖက် တို့ကိုသတ် သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်း ကိုသတ် သော အပြစ် အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ် ပေးမည် အကြောင်း၊ သင်သည် သင့် သခင် အာဟပ် အမျိုး ကို လုပ်ကြံ ရမည်
You are going to destroy the family of Ahab, your master. You will avenge the blood my prophets and the blood of all the Lord's servants killed by Jezebel.
8 အာဟပ် အမျိုးသား ရှိသမျှ တို့ကို ပျက်စီး စေခြင်းငှါ ၊ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ အာဟပ် အမျိုးသားယောက်ျား များကို ငါပယ်ဖြတ် မည်
The whole house of Ahab will be eradicated—I will destroy all the males of Ahab's family in Israel, both slave and free.
9 အာဟပ် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး ကဲ့သို့ ၎င်း ၊ အဟိယ ၏သား ဗာရှာ အမျိုး ကဲ့သို့ ၎င်း ဖြစ် စေမည်
I will make the house of Ahab like the house of Jeroboam, son of Nebat, and like the house of Baasha, son of Ahijah.
10 ၁၀ ယေဇဗေလ ကို သင်္ဂြိုလ် သောသူ မရှိ။ ယေဇရေလ မြေကွက် ၌ ၊ ခွေး တို့သည်သူ့ကိုစား ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှတံခါး ကိုဖွင့် ၍ ပြေး ၏
Dogs will eat Jezebel, Ahab's wife, at the plot of ground in Jezreel, and no one will bury her.” Then the young prophet opened the door and ran away.
11 ၁၁ ထိုအခါ ယေဟု သည် မိမိ သခင် ၏ ကျွန် တို့ရှိရာသို့ ထွက် ၍ ၊ တယောက်က၊ ရှိသမျှကောင်း သလော။ ထို” အရူး သည် အဘယ် ကြောင့်လာ သနည်းဟုမေး လျှင်၊ ယေဟုက၊ သင် တို့သည် ထိုသူ ကို၎င်း၊ သူ ပြော သော စကားကို၎င်း သိ ကြ၏ဟုဆို သော်၊ “
When Jehu went back out to the other officers of his master, they asked him, “Is everything fine? Why did this crazy man come to you?” “You know what he's like, and how he goes on and on,” he replied.
12 ၁၂ သူတို့က ငါတို့မသိ။ ပြော ပါလော့ဟု ဆို ပြန်သော် ၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏။ ထာဝရဘုရား က၊ ငါသည်သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊”
“Liar!” they said. “Please tell us what's going on.” “Well, he talked to me about this and that, and he told me, ‘This is what the Lord says: I anoint you king over Israel.’”
13 ၁၃ သူတို့သည် အလျင် အမြန်ထသဖြင့် ၊ အသီးအသီး မိမိ တို့ ဝတ်လုံ ကိုယူ ၍ လှေကား ထိပ် ပေါ် ယေဟု အောက် မှာခင်း လျက် ၊ ယေဟု သည် ရှင် ဘုရင်ဖြစ်တော်မူ၏ဟု တံပိုး မှုတ် ၍ ဟစ်ကြော် ကြ၏
They quickly grabbed their cloaks and spread them on the bare steps. They blew the trumpet and shouted, “Jehu is king!”
14 ၁၄ ထိုသို့ နိမ်ရှိ သား ယောရှဖတ် ၏ သား ယေဟု သည် ယောရံ မင်း တဘက် သင်းဖွဲ့ လေ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ ကြောင့်၊ ယောရံ မင်းနှင့် ဣသရေလ လူ အပေါင်း တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏
So Jehu, son of Jehoshaphat, son of Nimshi, plotted rebellion against Joram. Joram and the whole Israelite army had been defending Ramoth-Gilead against Hazael, king of Aram.
15 ၁၅ သို့ရာတွင် ယောရံ မင်းသည် ရှုရိ ရှင်ဘုရင် ဟာဇေလ ကို စစ်တိုက် သောအခါ ၊ ရှုရိ လူထိခိုက် သော အနာ ကို ပျောက် စေခြင်းငှါ ယေဇရေလ မြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟု ကလည်း ၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့ သွား ၍ သိတင်းကြား ပြောရသော သူတစုံ တယောက်ကိုမျှ မြို့ ထဲ က မ ထွက် မသွားစေနှင့်ဟုစီရင်၏
But Joram had returned to Jezreel to recover from the wounds he'd received fighting against Hazael, king of Aram. So Jehu said, “If you commanders want to make me king, don't let anyone leave town and go and announce it in Jezreel.”
16 ၁၆ ထိုသို့ ယောရံ မင်းသည် ယေဇရေလ မြို့၌ ရှိနေ သောကြောင့် ၊ ယေဟု သည် ရထားကိုစီး ၍ ထို မြို့သို့ သွား၏။ ထိုအခါ ယုဒ ရှင်ဘုရင် အာခဇိ သည်လည်း၊ ယောရံ မင်းကို ကြည့်ရှု အံ့သောငှါ ရောက် လာပြီ
Jehu got on his chariot and went to Jezreel, for Joram was recuperating there. Ahaziah, king of Judah, was there too because he had come to visit Joram.
17 ၁၇ ယေဇရေလ မြို့၌ မျှော်စင် ပေါ် မှာ စောင့် သောသူသည် ရပ် လျက် ၊ ယေဟု နှင့် လိုက် လာသောအလုံးအရင်း ကို မြင် သောအခါ ၊ လူအလုံးအရင်း ကို ငါ မြင် သည်ဟု ဆို လျှင် ၊ ဆီးကြို ခြင်းငှါ သွား၍ ငြိမ်သက် ခြင်း ရှိသလော ဟု မေး မည်အကြောင်း ၊ ယောရံ သည် မြင်းစီး သူရဲတယောက်ကို စေလွှတ် သည်အတိုင်း၊ “
The watchman on the tower in Jezreel saw Jehu's soldiers approaching, and he shouted out, “I see a soldiers coming!” “Choose a horseman,” Joram ordered. “Send him out to meet them and ask, ‘Do you come in peace?’”
18 ၁၈ မြင်းစီး သူရဲသည် ဆီးကြို ခြင်းငှါ သွား ၍ ၊ ငြိမ်သက် ခြင်းရှိသလော ဟု ရှင်ဘုရင် မေး တော်မူကြောင်း ကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက်လော့ ဟုဆို ၏။ စောင့် သောသူကလည်း ၊ မြင်းစီး သူရဲသည်အလုံးအရင်းသို့ ရောက် ၍ ပြန် မ လာပါဟုဆို သော်၊ “
So a horseman rode off to meet Jehu, and said, “This is what the king asks: ‘Do you come in peace?’” “What has peace got to do with you?” Jehu replied. “Turn around and follow me.” The watchman reported, “The messenger has reached them, but he's not returning.”
19 ၁၉ ရှင်ဘုရင်သည် အခြား သော မြင်းစီး သူရဲ တယောက်ကို စေလွှတ် ပြန်၍ ၊ သူသည်ရောက် သောအခါ ၊ ငြိမ်သက် ခြင်းရှိသလောဟု ရှင်ဘုရင် မေး တော်မူကြောင်းကို ပြော ဆိုသော် ၊ ယေဟု က၊ သင် သည် ငြိမ်သက် ခြင်း နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နောက် သို့ လှည့် ၍ လိုက် လော့ဟု ဆို ၏
The king sent out a second horseman. He went up to them and said, “This is what the king asks: ‘Do you come in peace?’” “What has peace got to do with you?” Jehu replied. “Turn around and follow me.”
20 ၂၀ စောင့် သောသူကလည်း ၊ မြင်းစီးသူရဲသည်ရောက် ၍ ပြန် မ လာပါ။ လာသောသူသည် နိမ်ရှိ သား ယေဟု နှင် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏
The watchman reported, “The messenger has reached them, but he's not returning. The driving looks like the driving of Jehu, son of Nimshi—he's a crazy driver!”
21 ၂၁ ယောရံ မင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆို သည်အတိုင်း ၊ မြင်းရထား ကို ပြင်ဆင် ကြ၏။ ဣသရေလ ရှင်ဘုရင် ယောရံ နှင့် ယုဒ ရှင်ဘုရင် အာခဇိ တို့ သည် ရထား တော်တခုစီ စီး လျက် ယေဟု ကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလ မြို့သားနာဗုတ် ၏ မြေကွက် တွင် တွေ့ ကြ၏
“Prepare my chariot!” Joram shouted, and they had his chariot ready. Then Joram, king of Israel, and Ahaziah, king of Judah, set off in their separate chariots, and met Jehu on the plot of ground that was previously owned by Naboth from Jezreel.
22 ၂၂ ယောရံ သည် ယေဟု ကိုမြင် လျှင် ၊ ယေဟု ငြိမ်သက် ခြင်းရှိသလော ဟု မေး သော် ၊ ယေဟုက၊ သင့် အမိ ယေဇဗေလ ပြု သော အဓမ္မမေထုန်အမှု၊ ပြုစား သော အမှုများ သော ကာလ အတွင်းတွင်၊ အဘယ်သို့ သော ငြိမ်သက် ခြင်းရှိ လိမ့်မည်နည်းဟု ပြန်ပြော သော်၊ “
When Joram saw Jehu, he asked him, “Do you come in peace, Jehu?” “What peace can there be with so much prostitution and witchcraft caused by your mother Jezebel?” Jehu replied.
23 ၂၃ ယောရံ က၊ အိုအာခဇိ ၊ ပုန်ကန် မှုပါတကားဟု ဆို လျက် လှည့် ၍ ပြေး ၏
Joram turned around and raced away, shouting out to Ahaziah, “It's treason, Ahaziah!”
24 ၂၄ ယေဟု သည်လည်း လေး ကို တင် ၍ ပစ် သဖြင့်၊ ယောရံ ကို ပခုံး ကြား မှာမှန်၏။ မြှား သည်လည်း နှလုံး ကို ထုတ် ချင်းဖောက်၍ ၊ ယောရံ သည် ရထား တော်ပေါ် မှာ လဲ နေ၏
Jehu picked up his bow and shot Joram between the shoulders. The arrow went through his heart and he collapsed dead in his chariot.
25 ၂၅ ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော
Jehu said to Bidkar his officer, “Pick him up and throw him into the field of Naboth from Jezreel. Remember when you and I were riding together behind his father Ahab how the Lord made this prophecy against him:
26 ၂၆ အကယ် စင်စစ်နာဗုတ် အသွေး ၊ သူ့ သား တို့၏ အသွေး ကို မနေ့ က ငါကြည့် မြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤ မြေကွက် ၌ သင့် ကို အပြစ်နှင့် အလျောက်ငါဒဏ်ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်း ကိုချ ပစ်လော့ဟု မိမိရထားမှုးဗိဒကကို ဆို၏
‘In the same way as I saw the blood of Naboth and the blood of his sons yesterday, says the Lord, so I will certainly repay you on this same plot of ground, says the Lord.’ Now then, following what the Lord has said, pick him up and throw him on the plot of ground.”
27 ၂၇ ထိုအမှုကို ယုဒ ရှင်ဘုရင် အာခဇိ သည်မြင် လျှင် ၊ ဥယျာဉ်စံနန်းလမ်း ဖြင့် ပြေး ၏။ ယေဟု ကလည်း ၊ သူ့ ကို ရထား ပေါ် မှာ ထိုးတော့ဟု လိုက် လျက် ဆို သည်အတိုင်း၊ ဣဗလံ မြို့နား ၊ ဂုရ မြို့သို့သွား သောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါ မြို့သို့ပြေး ၍ သေ ၏
When Ahaziah, king of Judah, saw what happened, he raced up the road toward Beth-haggan. But Jehu chased after him, shouting, “Shoot him too!” So they shot Ahaziah in his chariot on the way up to Gur, near Ibleam. He managed to escape to Megiddo but he died there.
28 ၂၈ သူ ၏ကျွန် တို့သည် အလောင်း ကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ် မြို့ တွင် မိမိ သင်္ချိုင်း ၌ ဘိုးဘေး တို့နှင့်အတူ သင်္ဂြိုဟ် ကြ၏
His servants took him by chariot to Jerusalem and buried him with his forefathers in his tomb in the City of David.
29 ၂၉ ထိုမင်းအာခဇိ သည် အာဟပ် သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ယုဒ နိုင်ငံ၌ နန်း ထိုင်၏
Ahaziah became king of Judah in the eleventh year of the reign of Joram, son of Ahab.
30 ၃၀ ယေဟု သည် ယေဇရေလ မြို့သို့ ရောက် သည်ကို ယေဇဗေလ သည် ကြား လျှင် ၊ မျက်ခမ်း တို့ကို ဆေး သုတ်၍ ဆံပင် ကိုတန်ဆာ ဆင်ပြီးမှ ၊ ပြတင်းပေါက် ဝ၌ ကြည့်ရှု လျက် နေ၏
When Jezebel heard that Jehu had arrived in Jezreel, she put on her black eye-shadow, placed jewelry in her hair, and watched from a window.
31 ၃၁ ယေဟု သည် တံခါးဝ သို့ ဝင် သောအခါ ယေဇဗေလက၊ မိမိ သခင် ကိုသတ် သောဇိမရိ သည် ချမ်းသာ ရသလော ဟု မေး လျှင်၊ “
As Jehu came in through the gate, she shouted down, “Do you come in peace? Or are you like Zimri, a murderer of your master?”
32 ၃၂ ယေဟု သည် မျှော် ကြည့်၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေသနည်း။ အဘယ်သူ ဟုမေး လေသော် ၊ မိန်းမစိုး နှစ် ယောက်သုံး ယောက်တို့သည် ပြတင်းပေါက် ထဲ က ကြည့်ရှု ကြ၏
Jehu looked up at the window and shouted out, “Who is on my side? Anyone?” Two or three eunuchs looked down at him.
33 ၃၃ ယေဟုက၊ သူ့ ကို တွန်း ချလိုက်ဟုဆို သည် အတိုင်း တွန်းချ သဖြင့် ၊ သူ ၏အသွေး သည် နန်းတော်ထရံ အပေါ် ၌၎င်း ၊ မြင်း တို့အပေါ် ၌၎င်း စဉ် ၏။ ယေဟုသည် သူ့ ကိုယ်ကို နင်း လေ၏။ အထဲသို့ဝင်၍၊”
“Throw her down!” he shouted. And they threw her down. Her blood spattered on the wall and on the horses which then trampled her.
34 ၃၄ စား သောက် ပြီးမှ ၊ ထို ကျိန် အပ်သော မိန်းမသည် ရှင်ဘုရင် သမီး ဖြစ်သောကြောင့် ၊ သွား ကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆို သည်အတိုင်း၊ “
Jehu went inside and ate and drank. Then he said, “Please deal with that cursed woman and bury her, for she was a king's daughter.”
35 ၃၅ သင်္ဂြိုဟ် ခြင်းငှါ သွား သောအခါ ၊ ဦးခေါင်းခွံ ၊ ခြေ ဖျား၊ လက်ဝါး တို့ကိုသာ တွေ့ သောကြောင့် ၊ တဖန် လာ၍ ကြားလျှောက်ကြ၏
They went out to bury her but all they found were her skull, her feet, and her hands.
36 ၃၆ ယေဟုက၊ ယေဇရေလ မြေကွက် ၌ ခွေး တို့သည် ယေဇဗေလ ၏အသား ကို စား ကြလိမ့်မည်ဟု ထာဝရဘုရား သည် မိမိ ကျွန် တိရှဘိ မြို့သားဧလိယ အားဖြင့် မိန့် တော်မူသော စကား တော်သည် ဤသို့ပြည့်စုံပြီ
They went back and told Jehu, who said, “This is what the Lord said through his servant Elijah the Tishbite: ‘Dogs will eat Jezebel's flesh on the plot of ground at Jezreel.
37 ၃၇ သို့ဖြစ်၍ ဤ သင်္ချိုင်းသည် ယေဇဗေလ သင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှမ ပြော နိုင်မည်အကြောင်း ၊ သူ၏ အလောင်း ကောင်သည် ယေဇရေလ မြေကွက် တွင် ၊ လယ်ပြင် ၌ နောက်ချေး ကဲ့သို့ ရှိ ရလိမ့်မည်ဟု ဆို၏
Jezebel's body will lie like manure in the field on the plot of ground at Jezreel, so that no one can say: This is where Jezebel is buried.’”

< ၄ ဓမ္မရာဇဝင် 9 >