< ၄ ဓမ္မရာဇဝင် 8 >

1 တဖန် ဧလိရှဲ သည် အထက်က အသက်ရှင် စေ သော သူငယ် ၏အမိ ကို ခေါ် ၍၊ သင် သည် အိမ်သူ အိမ်သားနှင့်တကွ ထ သွား လော့။ တည်းခို ၍ နေနိုင်သော အရပ် တစုံတရပ်၌ တည်းခို ၍နေလော့။ ထာဝရဘုရား သည် အစာ ခေါင်းပါးရာကာလကို မှာ လိုက်တော်မူပြီ။ တပြည်လုံး ၌ ခုနစ် နှစ် ခေါင်းပါး လိမ့်မည်ဟု သတိ ပေး၏
וֶאֱלִישָׁע דִּבֶּר אֶל־הָאִשָּׁה אֲשֶׁר־הֶחֱיָה אֶת־בְּנָהּ לֵאמֹר קוּמִי וּלְכִי (אתי) [אַתְּ] וּבֵיתֵךְ וְגוּרִי בַּאֲשֶׁר תָּגוּרִי כִּֽי־קָרָא יְהֹוָה לָרָעָב וְגַם־בָּא אֶל־הָאָרֶץ שֶׁבַע שָׁנִֽים׃
2 ထိုမိန်းမ သည် ဘုရား သခင့်လူ ၏စကား ကို နားထောင် သဖြင့် ၊ အိမ်သူ အိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိ ပြည် ၌ ခုနစ် နှစ် နေ ၏
וַתָּקׇם הָאִשָּׁה וַתַּעַשׂ כִּדְבַר אִישׁ הָאֱלֹהִים וַתֵּלֶךְ הִיא וּבֵיתָהּ וַתָּגׇר בְּאֶרֶץ־פְּלִשְׁתִּים שֶׁבַע שָׁנִֽים׃
3 ခုနစ် နှစ် စေ့ သောအခါ ၊ ဖိလိတ္တိ ပြည် မှ ပြန် လာ၍ ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံမည့် အကြံနှင့် ရှင်ဘုရင် ထံ သို့သွား ၏
וַיְהִי מִקְצֵה שֶׁבַע שָׁנִים וַתָּשׇׁב הָאִשָּׁה מֵאֶרֶץ פְּלִשְׁתִּים וַתֵּצֵא לִצְעֹק אֶל־הַמֶּלֶךְ אֶל־בֵּיתָהּ וְאֶל־שָׂדָֽהּ׃
4 ထိုအခါ ရှင် ဘုရင်သည် ဘုရား သခင့်လူ ၏ ကျွန် ဂေဟာဇိ နှင့် နှုတ်ဆက် လျက်၊ ဧလိရှဲ ပြု သော အံ့ဩဘွယ် သော အမှုအလုံးစုံ တို့ကို ပြော ပါလော့ဟု မိန့် တော်မူ၍၊ “
וְהַמֶּלֶךְ מְדַבֵּר אֶל־גֵּחֲזִי נַעַר אִישׁ־הָאֱלֹהִים לֵאמֹר סַפְּרָה־נָּא לִי אֵת כׇּל־הַגְּדֹלוֹת אֲשֶׁר־עָשָׂה אֱלִישָֽׁע׃
5 ဧလိရှဲ သည် သေ သောသူ အသက် ရှင်စေ ကြောင်း ကို ဂေဟာဇိ သည် ပြန် လျှောက်စဉ်တွင် ၊ အသက် ရှင် စေသောသူငယ် ၏ အမိ သည်ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင် မင်းကြီး ၊ ဤ မိန်းမ ကား ယခုပြော သော မိန်းမ၊ ဤ သူငယ် ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါသည် ဟု လျှောက်လျှင်၊”
וַיְהִי הוּא מְסַפֵּר לַמֶּלֶךְ אֵת אֲשֶׁר־הֶחֱיָה אֶת־הַמֵּת וְהִנֵּה הָאִשָּׁה אֲשֶׁר־הֶחֱיָה אֶת־בְּנָהּ צֹעֶקֶת אֶל־הַמֶּלֶךְ עַל־בֵּיתָהּ וְעַל־שָׂדָהּ וַיֹּאמֶר גֵּֽחֲזִי אֲדֹנִי הַמֶּלֶךְ זֹאת הָֽאִשָּׁה וְזֶה־בְּנָהּ אֲשֶׁר־הֶחֱיָה אֱלִישָֽׁע׃
6 ရှင် ဘုရင်သည် မိန်းမ ကို မေး ၍ မိန်းမလည်း သက်သေ ခံ၏။ ထိုအခါ ရှင်ဘုရင် က၊ သူ ၏ဥစ္စာ ရှိသမျှ ကို ၎င်း ၊ ပြည် တော်က ထွက် သောနေ့ မှစ၍ ယခု တိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို၎င်း ပြန် ပေးစေဟု မိန့် တော်မူလျက် ၊ သူ၏အမှုကို စောင့်စေခြင်းငှါအရာရှိ တယောက် ကို ခန့်ထား တော်မူ၏
וַיִּשְׁאַל הַמֶּלֶךְ לָאִשָּׁה וַתְּסַפֶּר־לוֹ וַיִּתֶּן־לָהּ הַמֶּלֶךְ סָרִיס אֶחָד לֵאמֹר הָשֵׁיב אֶת־כׇּל־אֲשֶׁר־לָהּ וְאֵת כׇּל־תְּבוּאֹת הַשָּׂדֶה מִיּוֹם עׇזְבָהֿ אֶת־הָאָרֶץ וְעַד־עָֽתָּה׃
7 တဖန် ဧလိရှဲ သည် ဒမာသက် မြို့သို့သွား ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် နာ နေ၏။ ဘုရား သခင် ၏လူ ရောက် ကြောင်း ကို နား တော်လျှောက်လေ သော်၊ “
וַיָּבֹא אֱלִישָׁע דַּמֶּשֶׂק וּבֶן־הֲדַד מֶלֶךְ־אֲרָם חֹלֶה וַיֻּגַּד־לוֹ לֵאמֹר בָּא אִישׁ הָאֱלֹהִים עַד־הֵֽנָּה׃
8 ဟာဇေလ ကို ခေါ် ၍ ၊ သင် သည်လက်ဆောင် ကို ဆောင် လျက် ဘုရား သခင်၏ လူ ကိုခရီးဦး ကြိုပြုပြီးလျှင် ၊ ငါသည်ဤ အနာ မှ ထမြောက် မည်လော ဟု သူ အားဖြင့် ထာဝရဘုရား ကို မေးလျှောက် လော့ဟု စေလွှတ် သည် အတိုင်း၊ “
וַיֹּאמֶר הַמֶּלֶךְ אֶל־חֲזָהאֵל קַח בְּיָדְךָ מִנְחָה וְלֵךְ לִקְרַאת אִישׁ הָאֱלֹהִים וְדָרַשְׁתָּ אֶת־יְהֹוָה מֵאוֹתוֹ לֵאמֹר הַאֶחְיֶה מֵחֳלִי זֶֽה׃
9 ဟာဇေလ သည်ကုလားအုပ် လေးဆယ် အပေါ်မှာ ဒမာသက် ဥစ္စာ များကိုတင် ၍ ၊ လက်ဆောင် ကို ဆောင် သဖြင့် ၊ ဘုရားသခင်၏လူကို ခရီးဦး ကြို ပြုခြင်းငှါ သွား ၍ ရှေ့ တော်၌ ရပ် လျက် ၊ ကိုယ်တော် ၏သား ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် က၊ ငါသည်ဤ အနာ မှ ထမြောက် ရမည်လော ဟု မေးမြန်း စေခြင်းငှါ ၊ ကျွန်တော် ကို စေလွှတ် ပါသည်ဟု ဆို ၏
וַיֵּלֶךְ חֲזָאֵל לִקְרָאתוֹ וַיִּקַּח מִנְחָה בְיָדוֹ וְכׇל־טוּב דַּמֶּשֶׂק מַשָּׂא אַרְבָּעִים גָּמָל וַיָּבֹא וַיַּעֲמֹד לְפָנָיו וַיֹּאמֶר בִּנְךָ בֶן־הֲדַד מֶֽלֶךְ־אֲרָם שְׁלָחַנִי אֵלֶיךָ לֵאמֹר הַאֶחְיֶה מֵחֳלִי זֶֽה׃
10 ၁၀ ဧလိရှဲ ကလည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် ထမြောက် နိုင်ပါ၏ဟု ပြန် လျှောက် လော့။ သို့သော်လည်း ဆက်ဆက် သေရမည်အကြောင်း ကို ထာဝရဘုရား သည် ငါ့ အားပြ တော်မူပြီဟုဆို လျက်၊”
וַיֹּאמֶר אֵלָיו אֱלִישָׁע לֵךְ אֱמׇר־[לוֹ] (לא) חָיֹה תִֽחְיֶה וְהִרְאַנִי יְהֹוָה כִּי־מוֹת יָמֽוּת׃
11 ၁၁ စေ့စေ့ကြည့်ရှု ၍ ဟာဇေလ သည် မျက်နှာ ပျက် လေ၏။ ဘုရား သခင်၏ လူ သည်လည်း မျက်ရည် ကျ၏
וַיַּעֲמֵד אֶת־פָּנָיו וַיָּשֶׂם עַד־בֹּשׁ וַיֵּבְךְּ אִישׁ הָאֱלֹהִֽים׃
12 ၁၂ ဟာဇေလ ကလည်း ၊ သခင် သည် အဘယ် ကြောင့် မျက်ရည် ကျတော်မူသနည်းဟုမေး လျှင် ဧလိရှဲ က၊ သင်သည် ဣသရေလ အမျိုးသား တို့၌ ပြု လတံ့သော ဘေးဥပဒ်တည်းဟူသောသူ တို့ ၏ ရဲတိုက် များကို မီးရှို့ ခြင်း၊ လုလင် များကို ထား နှင့် သတ် ခြင်း၊ သူငယ် များကို မြေပေါ်မှာ ဆောင့် ဖွပ်ခြင်း၊ ကိုယ်ဝန် ဆောင်သော မိန်းမများ၌ ဝမ်းခွဲ ခြင်းကို ပြုလိမ့်မည်ဟု ငါသိ မြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြော သော်၊”
וַיֹּאמֶר חֲזָאֵל מַדּוּעַ אֲדֹנִי בֹכֶה וַיֹּאמֶר כִּֽי־יָדַעְתִּי אֵת אֲשֶׁר־תַּעֲשֶׂה לִבְנֵי יִשְׂרָאֵל רָעָה מִבְצְרֵיהֶם תְּשַׁלַּח בָּאֵשׁ וּבַחֻֽרֵיהֶם בַּחֶרֶב תַּהֲרֹג וְעֹלְלֵיהֶם תְּרַטֵּשׁ וְהָרֹתֵיהֶם תְּבַקֵּֽעַ׃
13 ၁၃ ဟာဇေလ က၊ ကိုယ်တော် ကျွန် သည် ခွေး ဖြစ်လျက် နှင့် ဤ မျှလောက်ကြီး သော အမှု ကို ပြု ရပါလိမ့်မည် လောဟု မေး ပြန်သော်၊ ဧလိရှဲ က၊ သင် သည် ရှုရိ နိုင်ငံကို စိုးစံ ရလိမ့်မည်အကြောင်းကို ထာဝရဘုရား သည် ငါ့ အား ပြ တော်မူပြီဟုဆို ၏
וַיֹּאמֶר חֲזָהאֵל כִּי מָה עַבְדְּךָ הַכֶּלֶב כִּי יַעֲשֶׂה הַדָּבָר הַגָּדוֹל הַזֶּה וַיֹּאמֶר אֱלִישָׁע הִרְאַנִי יְהֹוָה אֹתְךָ מֶלֶךְ עַל־אֲרָֽם׃
14 ၁၄ ဟာဇေလသည်သွား ၍ မိမိ သခင့် ထံ သို့ရောက် သောအခါ ၊ သခင်က၊ ဧလိရှဲ သည် အဘယ်သို့ ဆို သနည်း ဟုမေး လျှင် ၊ ကိုယ်တော် သည် အနာမှ ဆက်ဆက်ထမြောက် တော်မူမည်ဆို ပါသည်ဟု လျှောက် လေ၏
וַיֵּלֶךְ ׀ מֵאֵת אֱלִישָׁע וַיָּבֹא אֶל־אֲדֹנָיו וַיֹּאמֶר לוֹ מָה־אָמַר לְךָ אֱלִישָׁע וַיֹּאמֶר אָמַר לִי חָיֹה תִֽחְיֶֽה׃
15 ၁၅ နက်ဖြန် နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ် ကို ရေ ၌ နှစ် ပြီး လျှင်၊ ရှင် ဘုရင်၏ မျက်နှာ ကို ဖုံးအုပ် သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလ သည် နန်း ထိုင်လေ၏
וַיְהִי מִֽמׇּחֳרָת וַיִּקַּח הַמַּכְבֵּר וַיִּטְבֹּל בַּמַּיִם וַיִּפְרֹשׂ עַל־פָּנָיו וַיָּמֹת וַיִּמְלֹךְ חֲזָהאֵל תַּחְתָּֽיו׃
16 ၁၆ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံငါး နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ သည် နန်း ထိုင်လေ၏
וּבִשְׁנַת חָמֵשׁ לְיוֹרָם בֶּן־אַחְאָב מֶלֶךְ יִשְׂרָאֵל וִיהוֹשָׁפָט מֶלֶךְ יְהוּדָה מָלַךְ יְהוֹרָם בֶּן־יְהוֹשָׁפָט מֶלֶךְ יְהוּדָֽה׃
17 ၁၇ အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ ယေရုရှလင် မြို့၌ မင်း ပြု၍ ရှစ် နှစ် စိုးစံ ၏
בֶּן־שְׁלֹשִׁים וּשְׁתַּיִם שָׁנָה הָיָה בְמׇלְכוֹ וּשְׁמֹנֶה (שנה) [שָׁנִים] מָלַךְ בִּירוּשָׁלָֽ͏ִם׃
18 ၁၈ အာဟပ် သမီး နှင့် စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက်ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
וַיֵּלֶךְ בְּדֶרֶךְ ׀ מַלְכֵי יִשְׂרָאֵל כַּאֲשֶׁר עָשׂוּ בֵּית אַחְאָב כִּי בַּת־אַחְאָב הָיְתָה לּוֹ לְאִשָּׁה וַיַּעַשׂ הָרַע בְּעֵינֵי יְהֹוָֽה׃
19 ၁၉ သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစရှိ သော သား မြေးတို့ ၏မီးခွက် ကို အစဉ် ထွန်းလင်း စေမည်ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒ ပြည်ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏
וְלֹא־אָבָה יְהֹוָה לְהַשְׁחִית אֶת־יְהוּדָה לְמַעַן דָּוִד עַבְדּוֹ כַּאֲשֶׁר אָמַר־לוֹ לָתֵת לוֹ נִיר לְבָנָיו כׇּל־הַיָּמִֽים׃
20 ၂၀ ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သည် ယုဒ ရှင်ဘုရင် ကို ပုန်ကန် ၍ ကိုယ် အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏
בְּיָמָיו פָּשַׁע אֱדוֹם מִתַּחַת יַד־יְהוּדָה וַיַּמְלִכוּ עֲלֵיהֶם מֶֽלֶךְ׃
21 ၂၁ ယဟောရံ မင်းသည် ရထား စီးသူရဲအပေါင်း တို့ နှင့်တကွ ၊ ဇာဣရ မြို့သို့ စစ်ချီ ၍ ညဉ့် အခါဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ သဖြင့် ၊ ဧဒုံလူတို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏
וַיַּעֲבֹר יוֹרָם צָעִירָה וְכׇל־הָרֶכֶב עִמּוֹ וַֽיְהִי־הוּא קָם לַיְלָה וַיַּכֶּה אֶת־אֱדוֹם הַסֹּבֵיב אֵלָיו וְאֵת שָׂרֵי הָרֶכֶב וַיָּנׇס הָעָם לְאֹהָלָֽיו׃
22 ၂၂ သို့သော်လည်း ၊ ဧဒုံ ပြည်သည်ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၏။ထို ကာလ ၌ လိဗန ပြည်သည်လည်း ပုန်ကန် ၏
וַיִּפְשַׁע אֱדוֹם מִתַּחַת יַד־יְהוּדָה עַד הַיּוֹם הַזֶּה אָז תִּפְשַׁע לִבְנָה בָּעֵת הַהִֽיא׃
23 ၂၃ ယဟောရံ ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
וְיֶתֶר דִּבְרֵי יוֹרָם וְכׇל־אֲשֶׁר עָשָׂה הֲלֹא־הֵם כְּתוּבִים עַל־סֵפֶר דִּבְרֵי הַיָּמִים לְמַלְכֵי יְהוּדָֽה׃
24 ၂၄ ယဟောရံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော်အာခဇိ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏
וַיִּשְׁכַּב יוֹרָם עִם־אֲבֹתָיו וַיִּקָּבֵר עִם־אֲבֹתָיו בְּעִיר דָּוִד וַיִּמְלֹךְ אֲחַזְיָהוּ בְנוֹ תַּחְתָּֽיו׃
25 ၂၅ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံဆယ် နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် နန်းထိုင် လေ၏
בִּשְׁנַת שְׁתֵּים־עֶשְׂרֵה שָׁנָה לְיוֹרָם בֶּן־אַחְאָב מֶלֶךְ יִשְׂרָאֵל מָלַךְ אֲחַזְיָהוּ בֶן־יְהוֹרָם מֶלֶךְ יְהוּדָֽה׃
26 ၂၆ အသက်နှစ်ဆယ် နှစ် နှစ် ရှိသော်၊ မင်းပြု ၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ဣသရေလ ရှင်ဘုရင် ဩမရိ မြေး အာသလိ အမည် ရှိ၏
בֶּן־עֶשְׂרִים וּשְׁתַּיִם שָׁנָה אֲחַזְיָהוּ בְמׇלְכוֹ וְשָׁנָה אַחַת מָלַךְ בִּירוּשָׁלָ͏ִם וְשֵׁם אִמּוֹ עֲתַלְיָהוּ בַּת־עׇמְרִי מֶלֶךְ יִשְׂרָאֵֽל׃
27 ၂၇ အာခဇိ သည် အာဟပ် ၏သမက် ဖြစ်သဖြင့် ၊ အာဟပ် အမျိုး လိုက်ရာလမ်း သို့ လိုက် ၍ ၊ အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
וַיֵּלֶךְ בְּדֶרֶךְ בֵּית אַחְאָב וַיַּעַשׂ הָרַע בְּעֵינֵי יְהֹוָה כְּבֵית אַחְאָב כִּי חֲתַן בֵּית־אַחְאָב הֽוּא׃
28 ၂၈ အာဟပ် ၏သား ယောရံ နှင့် ဝိုင်း လျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိ လူတို့သည်ယောရံ ကိုထိခိုက် ကြ၏
וַיֵּלֶךְ אֶת־יוֹרָם בֶּן־אַחְאָב לַמִּלְחָמָה עִם־חֲזָאֵל מֶלֶךְ־אֲרָם בְּרָמֹת גִּלְעָד וַיַּכּוּ אֲרַמִּים אֶת־יוֹרָֽם׃
29 ၂၉ ထိုသို့ရာမုတ် မြို့၌ ရှုရိ ဘုရင် ဟာဇေလ ကိုတိုက် ၍ ၊ ရှုရိ လူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံ မင်းကြီး သည် ယေဇရေလ မြို့သို့ ပြန် သွား၍ နာ လျက်နေစဉ်တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည်လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏
וַיָּשׇׁב יוֹרָם הַמֶּלֶךְ לְהִתְרַפֵּא בְיִזְרְעֶאל מִן־הַמַּכִּים אֲשֶׁר יַכֻּהוּ אֲרַמִּים בָּרָמָה בְּהִלָּחֲמוֹ אֶת־חֲזָהאֵל מֶלֶךְ אֲרָם וַאֲחַזְיָהוּ בֶן־יְהוֹרָם מֶלֶךְ יְהוּדָה יָרַד לִרְאוֹת אֶת־יוֹרָם בֶּן־אַחְאָב בְּיִזְרְעֶאל כִּֽי־חֹלֶה הֽוּא׃

< ၄ ဓမ္မရာဇဝင် 8 >