< ၄ ဓမ္မရာဇဝင် 8 >
1 ၁ တဖန် ဧလိရှဲ သည် အထက်က အသက်ရှင် စေ သော သူငယ် ၏အမိ ကို ခေါ် ၍၊ သင် သည် အိမ်သူ အိမ်သားနှင့်တကွ ထ သွား လော့။ တည်းခို ၍ နေနိုင်သော အရပ် တစုံတရပ်၌ တည်းခို ၍နေလော့။ ထာဝရဘုရား သည် အစာ ခေါင်းပါးရာကာလကို မှာ လိုက်တော်မူပြီ။ တပြည်လုံး ၌ ခုနစ် နှစ် ခေါင်းပါး လိမ့်မည်ဟု သတိ ပေး၏
Now Elisha had said to the woman whose son he had restored to life, “Arise, you and your household; go and live as a foreigner wherever you can. For the LORD has decreed a seven-year famine, and it has already come to the land.”
2 ၂ ထိုမိန်းမ သည် ဘုရား သခင့်လူ ၏စကား ကို နားထောင် သဖြင့် ၊ အိမ်သူ အိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိ ပြည် ၌ ခုနစ် နှစ် နေ ၏
So the woman had proceeded to do as the man of God had instructed. And she and her household lived as foreigners for seven years in the land of the Philistines.
3 ၃ ခုနစ် နှစ် စေ့ သောအခါ ၊ ဖိလိတ္တိ ပြည် မှ ပြန် လာ၍ ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံမည့် အကြံနှင့် ရှင်ဘုရင် ထံ သို့သွား ၏
At the end of seven years, when the woman returned from the land of the Philistines, she went to the king to appeal for her house and her land.
4 ၄ ထိုအခါ ရှင် ဘုရင်သည် ဘုရား သခင့်လူ ၏ ကျွန် ဂေဟာဇိ နှင့် နှုတ်ဆက် လျက်၊ ဧလိရှဲ ပြု သော အံ့ဩဘွယ် သော အမှုအလုံးစုံ တို့ကို ပြော ပါလော့ဟု မိန့် တော်မူ၍၊ “
Now the king had been speaking to Gehazi, the servant of the man of God, saying, “Please relate to me all the great things Elisha has done.”
5 ၅ ဧလိရှဲ သည် သေ သောသူ အသက် ရှင်စေ ကြောင်း ကို ဂေဟာဇိ သည် ပြန် လျှောက်စဉ်တွင် ၊ အသက် ရှင် စေသောသူငယ် ၏ အမိ သည်ကိုယ် အိမ် ၊ ကိုယ် မြေ ကို ရအံ့သောငှါ အသနား တော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင် မင်းကြီး ၊ ဤ မိန်းမ ကား ယခုပြော သော မိန်းမ၊ ဤ သူငယ် ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါသည် ဟု လျှောက်လျှင်၊”
And Gehazi was telling the king how Elisha had brought the dead back to life. Just then the woman whose son Elisha had revived came to appeal to the king for her house and her land. So Gehazi said, “My lord the king, this is the woman, and this is the son Elisha restored to life.”
6 ၆ ရှင် ဘုရင်သည် မိန်းမ ကို မေး ၍ မိန်းမလည်း သက်သေ ခံ၏။ ထိုအခါ ရှင်ဘုရင် က၊ သူ ၏ဥစ္စာ ရှိသမျှ ကို ၎င်း ၊ ပြည် တော်က ထွက် သောနေ့ မှစ၍ ယခု တိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို၎င်း ပြန် ပေးစေဟု မိန့် တော်မူလျက် ၊ သူ၏အမှုကို စောင့်စေခြင်းငှါအရာရှိ တယောက် ကို ခန့်ထား တော်မူ၏
When the king asked the woman, she confirmed it. So the king appointed for her an officer, saying, “Restore all that was hers, along with all the proceeds of the field from the day that she left the country until now.”
7 ၇ တဖန် ဧလိရှဲ သည် ဒမာသက် မြို့သို့သွား ၏။ ထိုအခါ ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် နာ နေ၏။ ဘုရား သခင် ၏လူ ရောက် ကြောင်း ကို နား တော်လျှောက်လေ သော်၊ “
Then Elisha came to Damascus while Ben-hadad king of Aram was sick, and the king was told, “The man of God has come here.”
8 ၈ ဟာဇေလ ကို ခေါ် ၍ ၊ သင် သည်လက်ဆောင် ကို ဆောင် လျက် ဘုရား သခင်၏ လူ ကိုခရီးဦး ကြိုပြုပြီးလျှင် ၊ ငါသည်ဤ အနာ မှ ထမြောက် မည်လော ဟု သူ အားဖြင့် ထာဝရဘုရား ကို မေးလျှောက် လော့ဟု စေလွှတ် သည် အတိုင်း၊ “
So the king said to Hazael, “Take a gift in your hand, go to meet the man of God, and inquire of the LORD through him, ‘Will I recover from this illness?’”
9 ၉ ဟာဇေလ သည်ကုလားအုပ် လေးဆယ် အပေါ်မှာ ဒမာသက် ဥစ္စာ များကိုတင် ၍ ၊ လက်ဆောင် ကို ဆောင် သဖြင့် ၊ ဘုရားသခင်၏လူကို ခရီးဦး ကြို ပြုခြင်းငှါ သွား ၍ ရှေ့ တော်၌ ရပ် လျက် ၊ ကိုယ်တော် ၏သား ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် က၊ ငါသည်ဤ အနာ မှ ထမြောက် ရမည်လော ဟု မေးမြန်း စေခြင်းငှါ ၊ ကျွန်တော် ကို စေလွှတ် ပါသည်ဟု ဆို ၏
So Hazael went to meet Elisha, taking with him a gift of forty camel loads of every good thing from Damascus. And he went in and stood before him and said, “Your son Ben-hadad king of Aram has sent me to ask, ‘Will I recover from this illness?’”
10 ၁၀ ဧလိရှဲ ကလည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် ထမြောက် နိုင်ပါ၏ဟု ပြန် လျှောက် လော့။ သို့သော်လည်း ဆက်ဆက် သေရမည်အကြောင်း ကို ထာဝရဘုရား သည် ငါ့ အားပြ တော်မူပြီဟုဆို လျက်၊”
Elisha answered, “Go and tell him, ‘You will surely recover.’ But the LORD has shown me that in fact he will die.”
11 ၁၁ စေ့စေ့ကြည့်ရှု ၍ ဟာဇေလ သည် မျက်နှာ ပျက် လေ၏။ ဘုရား သခင်၏ လူ သည်လည်း မျက်ရည် ကျ၏
Elisha fixed his gaze steadily on him until Hazael became uncomfortable. Then the man of God began to weep.
12 ၁၂ ဟာဇေလ ကလည်း ၊ သခင် သည် အဘယ် ကြောင့် မျက်ရည် ကျတော်မူသနည်းဟုမေး လျှင် ဧလိရှဲ က၊ သင်သည် ဣသရေလ အမျိုးသား တို့၌ ပြု လတံ့သော ဘေးဥပဒ်တည်းဟူသောသူ တို့ ၏ ရဲတိုက် များကို မီးရှို့ ခြင်း၊ လုလင် များကို ထား နှင့် သတ် ခြင်း၊ သူငယ် များကို မြေပေါ်မှာ ဆောင့် ဖွပ်ခြင်း၊ ကိုယ်ဝန် ဆောင်သော မိန်းမများ၌ ဝမ်းခွဲ ခြင်းကို ပြုလိမ့်မည်ဟု ငါသိ မြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြော သော်၊”
“Why is my lord weeping?” asked Hazael. “Because I know the evil you will do to the Israelites,” Elisha replied. “You will set fire to their fortresses, kill their young men with the sword, dash their little ones to pieces, and rip open their pregnant women.”
13 ၁၃ ဟာဇေလ က၊ ကိုယ်တော် ကျွန် သည် ခွေး ဖြစ်လျက် နှင့် ဤ မျှလောက်ကြီး သော အမှု ကို ပြု ရပါလိမ့်မည် လောဟု မေး ပြန်သော်၊ ဧလိရှဲ က၊ သင် သည် ရှုရိ နိုင်ငံကို စိုးစံ ရလိမ့်မည်အကြောင်းကို ထာဝရဘုရား သည် ငါ့ အား ပြ တော်မူပြီဟုဆို ၏
“But how could your servant, a mere dog, do such a monstrous thing?” said Hazael. And Elisha answered, “The LORD has shown me that you will be king over Aram.”
14 ၁၄ ဟာဇေလသည်သွား ၍ မိမိ သခင့် ထံ သို့ရောက် သောအခါ ၊ သခင်က၊ ဧလိရှဲ သည် အဘယ်သို့ ဆို သနည်း ဟုမေး လျှင် ၊ ကိုယ်တော် သည် အနာမှ ဆက်ဆက်ထမြောက် တော်မူမည်ဆို ပါသည်ဟု လျှောက် လေ၏
So Hazael left Elisha and went to his master, who asked him, “What did Elisha say to you?” And he replied, “He told me that you would surely recover.”
15 ၁၅ နက်ဖြန် နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ် ကို ရေ ၌ နှစ် ပြီး လျှင်၊ ရှင် ဘုရင်၏ မျက်နှာ ကို ဖုံးအုပ် သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလ သည် နန်း ထိုင်လေ၏
But the next day Hazael took a thick cloth, dipped it in water, and spread it over the king’s face. So Ben-hadad died, and Hazael reigned in his place.
16 ၁၆ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံငါး နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သား ယဟောရံ သည် နန်း ထိုင်လေ၏
In the fifth year of the reign of Joram son of Ahab over Israel, Jehoram son of Jehoshaphat succeeded his father as king of Judah.
17 ၁၇ အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ ယေရုရှလင် မြို့၌ မင်း ပြု၍ ရှစ် နှစ် စိုးစံ ၏
Jehoram was thirty-two years old when he became king, and he reigned in Jerusalem eight years.
18 ၁၈ အာဟပ် သမီး နှင့် စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက်ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
And Jehoram walked in the ways of the kings of Israel, just as the house of Ahab had done. For he married a daughter of Ahab and did evil in the sight of the LORD.
19 ၁၉ သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစရှိ သော သား မြေးတို့ ၏မီးခွက် ကို အစဉ် ထွန်းလင်း စေမည်ဟု ဂတိ တော်ရှိသောကြောင့် ၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒ ပြည်ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏
Yet for the sake of His servant David, the LORD was unwilling to destroy Judah, since He had promised to maintain a lamp for David and his descendants forever.
20 ၂၀ ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သည် ယုဒ ရှင်ဘုရင် ကို ပုန်ကန် ၍ ကိုယ် အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏
In the days of Jehoram, Edom rebelled against the hand of Judah and appointed their own king.
21 ၂၁ ယဟောရံ မင်းသည် ရထား စီးသူရဲအပေါင်း တို့ နှင့်တကွ ၊ ဇာဣရ မြို့သို့ စစ်ချီ ၍ ညဉ့် အခါဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ သဖြင့် ၊ ဧဒုံလူတို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏
So Jehoram crossed over to Zair with all his chariots. When the Edomites surrounded him and his chariot commanders, he rose up and attacked by night. His troops, however, fled to their homes.
22 ၂၂ သို့သော်လည်း ၊ ဧဒုံ ပြည်သည်ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၏။ထို ကာလ ၌ လိဗန ပြည်သည်လည်း ပုန်ကန် ၏
So to this day Edom has been in rebellion against the hand of Judah. Likewise, Libnah rebelled at the same time.
23 ၂၃ ယဟောရံ ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the rest of the acts of Jehoram, along with all his accomplishments, are they not written in the book of the Chronicles of the Kings of Judah?
24 ၂၄ ယဟောရံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော်အာခဇိ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏
And Jehoram rested with his fathers and was buried with them in the City of David. And his son Ahaziah reigned in his place.
25 ၂၅ ဣသရေလ ရှင်ဘုရင် အာဟပ် သား ယောရံ နန်းစံဆယ် နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည် နန်းထိုင် လေ၏
In the twelfth year of the reign of Joram son of Ahab over Israel, Ahaziah son of Jehoram became king of Judah.
26 ၂၆ အသက်နှစ်ဆယ် နှစ် နှစ် ရှိသော်၊ မင်းပြု ၍ ယေရုရှလင် မြို့၌ တ နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ဣသရေလ ရှင်ဘုရင် ဩမရိ မြေး အာသလိ အမည် ရှိ၏
Ahaziah was twenty-two years old when he became king, and he reigned in Jerusalem one year. His mother’s name was Athaliah, the granddaughter of Omri king of Israel.
27 ၂၇ အာခဇိ သည် အာဟပ် ၏သမက် ဖြစ်သဖြင့် ၊ အာဟပ် အမျိုး လိုက်ရာလမ်း သို့ လိုက် ၍ ၊ အာဟပ် အမျိုး ကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
And Ahaziah walked in the ways of the house of Ahab and did evil in the sight of the LORD like the house of Ahab, for he was a son-in-law of the house of Ahab.
28 ၂၈ အာဟပ် ၏သား ယောရံ နှင့် ဝိုင်း လျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိ ရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင်၊ ရှုရိ လူတို့သည်ယောရံ ကိုထိခိုက် ကြ၏
Then Ahaziah went with Joram son of Ahab to fight against Hazael king of Aram at Ramoth-gilead, and the Arameans wounded Joram.
29 ၂၉ ထိုသို့ရာမုတ် မြို့၌ ရှုရိ ဘုရင် ဟာဇေလ ကိုတိုက် ၍ ၊ ရှုရိ လူထိခိုက် သော အနာ ပျောက် စေခြင်းငှါ ၊ ယောရံ မင်းကြီး သည် ယေဇရေလ မြို့သို့ ပြန် သွား၍ နာ လျက်နေစဉ်တွင် ၊ ယုဒ ရှင်ဘုရင် ယဟောရံ သား အာခဇိ သည်လည်း ၊ အာဟပ် သား ယောရံ ကို ကြည့်ရှု ခြင်းငှါ ထိုမြို့သို့ ဆင်း သွားလေ၏
So King Joram returned to Jezreel to recover from the wounds that the Arameans had inflicted on him at Ramah when he fought against Hazael king of Aram. Then Ahaziah son of Jehoram king of Judah went down to Jezreel to visit Joram son of Ahab, because Joram had been wounded.