< ၄ ဓမ္မရာဇဝင် 7 >

1 ဧလိရှဲ က၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နက်ဖြန် နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏
And Elisaie said, Hear you the word of the Lord; Thus says the Lord, As at this time, to-morrow a measure of fine flour [shall be sold] for a shekel, and two measures of barley for a shekel, in the gates of Samaria.
2 ရှင်ဘုရင် မှီ ခြင်းကို ခံရသောအမတ် က၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရား သခင် ၏လူ အားဆို သော်၊ ဘုရားသခင်၏လူက၊ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟု ပြန်ပြော ၏
And the officer on whose hand the king rested, answered Elisaie, and said, Behold, [if] the Lord shall make flood-gates in heaven, might this thing be? and Elisaie said, Behold, you shall see with your eyes, but shall not eat thereof.
3 ထိုအခါ မြို့ တံခါးဝ ၌ ထိုင်လျက်ရှိ သောလူ နူ လေး ယောက်တို့က၊ ငါတို့သည် သေ သည်တိုင်အောင် အဘယ် ကြောင့်ဤ အရပ်၌ ထိုင် ရမည်နည်း
And there were four leprous men by the gate of the city: and one said to his neighbour, Why sit we here until we die?
4 မြို့ ထဲသို့ဝင် လျှင် အစာခေါင်းပါး သောကြောင့် သေ ရမည်။ ဤ အရပ်၌ ထိုင်လျက်နေ လျှင် လည်း သေ ရ မည်။ သို့ဖြစ်၍ ရှုရိ တပ် သို့ ဝင် စားကြကုန်အံ့။ သူတို့သည် အသက် ရှင်စေလျှင် ရှင် ရမည်။ သတ် လျှင် သေ ရမည်ဟု တိုင်ပင် ပြီးလျှင်၊ “
If we should say, Let us go into the city, then [there is] famine in the city, and we shall die there: and if we sit here, then we shall die. Now then come, and let us fall upon the camp of the Syrians: if they should take us alive, then we shall live; and if they should put us to death, then we shall [only] die.
5 မိုဃ်း မလင်းမှီထ ၍ ရှုရိ တပ် သို့ သွား ကြ၏။ တပ် ဦး သို့ ရောက် သောအခါ အဘယ်သူ ကိုမျှ မ တွေ့ ကြ
And they rose up while it was yet night, to go into the camp of Syria; and they came into a part of the camp of Syria, and behold, there [was] no man there.
6 အကြောင်း မူကား၊ ရှုရိ လူ တို့သည်ရထား စီးသူရဲ၊ မြင်း စီးသူရဲ၊ များစွာ သော ဗိုလ်ခြေ အသံ ကိုကြား စေခြင်းငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့်၊ သူတို့ကဣသရေလ ရှင် ဘုရင်သည် ငါ တို့ကို တိုက် စေခြင်းငှါ ၊ ဟိတ္တိ မင်း များ၊ အဲဂုတ္တု မင်း များတို့ကို ငှါး ပြီဟု တယောက် ကိုတယောက်ဆို လျက်၊ “
For the Lord had made the army of Syria to hear a sound of chariots, and a sound of horses, [even] the sound of a great host: and [each] man said to his fellow, Now has the king of Israel hired against us the kings of the Chettites, and the kings of Egypt, to come against us.
7 မိုဃ်း မလင်းမှီထ ၍ သူ တို့တဲ ၊ မြင်း ၊ မြည်း အစရှိသော တတပ်လုံး ကို စွန့်ပစ် ၍ ကိုယ် အသက် လွတ် အောင် ပြေး ကြ၏
And they arose and fled while it was yet dark, and left their tents, and their horses, and their asses in the camp, as they were, and fled for their lives.
8 လူနူ တို့သည် တပ် ဦး သို့ ရောက် သောအခါ ၊ တဲ တခု ထဲသို့ ဝင် ၍ စား သောက် ပြီးမှ ၊ ရွှေ ငွေ အဝတ် တန်ဆာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏။ နောက် တဖန် အခြား သောတဲ သို့ ဝင် ၍ ၊ ဥစ္စာများကို ယူ သွားပြီးလျှင် ဝှက် ထားကြ၏
And these lepers entered a little way into the camp, and went into one tent, and ate and drank, and took thence silver, and gold, and raiment; and they went and returned thence, and entered into another tent, and took thence, and went and hid [the spoil].
9 သို့ရာတွင် ၊ ငါ တို့သည်ကောင်းမွန် စွာ မ ပြု ပါ တကား။ ယခု နေ့ သည် ကောင်း သော သိတင်းကို ကြားပြောရသောနေ့ ဖြစ်လျက် ၊ ငါ တို့သည် မ ကြားမပြော ဘဲ နေပါပြီတကား။ မိုဃ်းလင်း သည်တိုင်အောင် မပြောဘဲ နေလျှင် အမှု တစုံတခုရောက် လိမ့်မည်။ သို့ဖြစ်၍ နန်းတော် ၌ သိတင်းကြားပြော အံ့သောငှါ ငါတို့သည် သွား ကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊”
And [one] man said to his neighbour, We are not doing [well] thus: this day is a day of glad tidings, and we hold our peace, and are waiting till the morning light, and shall find mischief: now them come, and let us go into [the city], and report to the house of the king.
10 ၁၀ မြို့ သို့သွား ၍ တံခါး ပြင်၌ ဟစ် ခေါ်လျက် ၊ ငါတို့ သည် ရှုရိ တပ် သို့ ရောက် ၍ အဘယ်သူကိုမျှ မ တွေ့။ လူ” သံ ကိုမကြား။ မြင်း ၊ မြည်း တို့ကို ချည်နှောင် လျက် ၊ တဲ များလည်း တတ်တိုင်း ရှိသည်ကိုတွေ့ပါ၏ဟု ကြား ပြောသည်အတိုင်း၊”
So they went and cried towards the gate of the city, and reported to them, saying, We went into the camp of Syria, and, behold, there is not there a man, nor voice of man, only horses tied and asses, and their tents as they were.
11 ၁၁ တံခါး စောင့်တို့သည် တယောက်ကိုတယောက်ဟစ် ၍ ၊ ထိုသိတင်းသည် နန်းတော် ထဲ သို့ ရောက် လေ၏
And the porters cried aloud, and reported to the house of the king within.
12 ၁၂ မိုဃ်း မလင်းမှီ ရှင် ဘုရင်သည်ထ ၍ ၊ ရှုရိ လူတို့ သည် ငါ တို့၌ အဘယ်သို့ ပြု လိုသည်ကို ငါပြော မည်။ သူတို့က မြို့ ပြင်သို့ ထွက် သော မြို့သားတို့ကို အရှင် ဘမ်း ပြီးမှ ၊ မြို့ ထဲ သို့ ဝင် မည်အကြံ ရှိ၍ ၊ ငါ တို့ငတ်မွတ် ကြောင်း ကို သိ သောကြောင့် ၊ မိမိတို့တပ် ပြင်သို့ ထွက် ၍ တော ၌ ပုန်းရှောင် လျက် နေကြသည်ဟုဆို လျှင်၊
And the king rose up by night, and said to his servants, I will now tell you what the Syrians have done to us. They knew that we are hungry; and they have gone forth from the camp and hidden themselves in the field, saying, They will come out of the city, and we shall catch them alive, and go into the city.
13 ၁၃ ကျွန် တယောက် က၊ မြို့ ၌ ကျန်ကြွင်း သော မြင်း ငါး စီးကိုပေး တော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ဖြစ်ပါ ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကိုပေး တော်မူပါဟုလျှောက်ပြီးမှ၊”
And one of his servants answered and said, Let them now take five of the horses that were left, which were left here; behold, they are the number left to all the multitude of Israel; and we will send there and see.
14 ၁၄ ရထား မြင်း နှစ် စီးကို ယူ ပြီးလျှင် သွား ၍ ကြည့်ရှု လော့ဟု ရှင် ဘုရင်သည် ရှုရိ ဗိုလ်ခြေ နောက် သို့ စေလွှတ် သည်အတိုင်း၊ “
So they took two horsemen; and the king of Israel sent after the king of Syria, saying, Go, and see.
15 ၁၅ ယော်ဒန် မြစ်တိုင်အောင် လိုက် ကြ၏။ ရှုရိ လူတို့ သည် အလျင် အမြန်ပြေးရာတွင် ၊ ပစ် ခဲ့သော အဝတ် တန်ဆာ တို့သည် လမ်း ၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန် လာ၍ နား တော်လျှောက်ကြ၏
And they went after them even to Jordan: and, behold, all the way was full of garments and vessels, which the Syrians had cast away in their panic. and the messengers returned, and brought word to the king.
16 ၁၆ ထိုအခါ မြို့သား တို့သည် ထွက် ၍ ရှုရိ တဲ တို့ကို လုယူ ကြ၏။ ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရောင်းကြ၏
And the people went out, and plundered the camp of Syria: and a measure of fine flour was sold for a shekel, according to the word of the Lord, and two measures of barley for a shekel.
17 ၁၇ ရှင်ဘုရင် မှီ ခြင်းကိုခံရသောအမတ် သည်၊ အမိန့် တော်အတိုင်း တံခါး တော်ကို စောင့် သည်တွင် ၊ ထွက်ဝင်သောသူ တို့ နင်း မိ၍ ဘုရား သခင်၏လူ သည် ရှင်ဘုရင် ရောက် လာသောအခါ ပြော ဆိုနှင့်သည် အတိုင်း ၊ ထိုအမတ်သေ လေ၏
And the king appointed the officer on whose hand the king leaned [to have charge] over the gate: and the people trampled on him in the gate, and he died, as the man of God [had] said, who spoke when the messenger came down to him.
18 ၁၈ ဘုရား သခင်၏ လူ က၊ နက်ဖြန် နေ့ယခုအချိန် ရောက် လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရ လိမ့်မည်ဟု ရှင်ဘုရင် အား ဆင့်ဆို သည်အတိုင်း ဖြစ် ၏
So it came to pass as Elisaie had spoken to the king, saying, Two measures of barley [shall be sold] for a shekel, and a measure of fine flour for a shekel; and it shall be as at this time to-morrow in the gate of Samaria.
19 ၁၉ အမတ်ကလည်း၊ ထာဝရဘုရား သည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက် တို့ကို ဖွင့်လှစ် တော်မူလျှင် ၊ ထိုသို့ ဖြစ် နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအား ဆို၍၊ ဘုရား သခင်၏လူ က သင် သည်ကိုယ် မျက်စိ နှင့် မြင် ရသော်လည်း မ စား ရဟုပြန်ပြော သည် အတိုင်း၊ “
And the officer answered Elisaie, and said, Behold, [if] the Lord makes flood-gates in heaven, shall this thing be? and Elisaie said, Behold, you shall see [it] with your eyes, but you shall not eat thereof.
20 ၂၀ ထို အမတ်၌ ဖြစ် ၏။ မြို့တံခါးဝ မှာ မြို့သား တို့ နင်း ခြင်းကို ခံရ၍ သေ လေ၏
And it was so: for the people trampled on him in the gate, and he died.

< ၄ ဓမ္မရာဇဝင် 7 >