< ၄ ဓမ္မရာဇဝင် 6 >

1 ပရောဖက် အမျိုးသား တို့က၊ ကိုယ်တော် နှင့်အတူ ယခု နေ သောအရပ် သည် ကျဉ်းမြောင်း ပါ၏
ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။
2 အကျွန်ုပ် တို့သည် ယော်ဒန် မြစ်နား သို့ သွား ပါ ရစေ။ ထို အရပ်၌ ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေ စရာဘို့ လုပ် ပါရစေဟု ဧလိရှဲ ထံ ၌ အခွင့်တောင်း လျှင်၊ သွား ကြလော့ဟု အခွင့် ပေး၏
အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
3 အချို့ကလည်း မ ငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွ တော်မူပါဟု တောင်းပန် လျှင် ၊ ငါ သွား မည်ဟု ဝန်ခံ သည်အတိုင်း၊ “
အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
4 သူ တို့နှင့်အတူ လိုက် လေ၏။ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ သစ်သား ကိုခုတ် ကြ၏
သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
5 တယောက် သောသူသည် ခုတ် စဉ်တွင် ၊ ရေ ထဲသို့ ပုဆိန် ကျ ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထို” ပုဆိန်သည် ငှါး ခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊ “
တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊
6 ဘုရားသခင် ၏လူ က၊ အဘယ် မှာကျ သနည်းဟုမေး သော် ၊ ကျရာအရပ် ကိုပြ ပြီးမှ၊ ဒုတ် ကိုခုတ် ၍ ထို အရပ်၌ ချ သဖြင့် ပုဆိန် သည် ပေါ လောနေ၏
ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
7 ဆယ်ယူ လော့ဟု ဧလိရှဲဆို သည်အတိုင်း ၊ တပည့် သည် လက် ကို ဆန့် ၍ ဆယ်ယူ ၏
ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။
8 တဖန် ရှုရိ ရှင် ဘုရင်သည် ဣသရေလ ပြည်ကို စစ် တိုက်၍ ၊ ဤ မည်သောအရပ် ၌ ငါ တို့သည် တပ်ချ ကြ ကုန်အံ့ဟု ကျွန် တို့နှင့် တိုင်ပင် သောအခါ၊””
တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
9 ဘုရားသခင် ၏လူ သည် ဣသရေလ ရှင်ဘုရင် ထံသို့ လူကိုစေလွှတ် ၍ ၊ ဤ မည်သောအရပ် ကို သတိ ပြုပါ။ ထို အရပ်သို့ ရှုရိ လူတို့သည် လာ ကြပြီဟု၊”
ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
10 ၁၀ သတိ ပေးသောအရပ် သို့ ဣသရေလ ရှင် ဘုရင် သည် လူ ကိုစေလွှတ် ၍ တကြိမ် နှစ်ကြိမ် မက ရန်သူတို့ကို ရှောင် လေ၏
၁၀သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
11 ၁၁ ထို အကြောင်း ကြောင့် ရှုရိ ရှင် ဘုရင်သည် စိတ် ပူပန် ၍ ကျွန် တို့ကို ခေါ် ပြီးလျှင် ၊ ငါ တို့တွင် အဘယ်သူ သည် ဣသရေလ ရှင်ဘုရင် ဘက်၌ နေသည်ကို ငါ့ အား မ ပြ ဘဲနေကြသနည်း ဟုမေး သော်၊
၁၁ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊
12 ၁၂ ကျွန် တယောက် က ၊ ထိုသို့မ ဟုတ်ပါ အရှင် မင်းကြီး ၊ ကိုယ်တော် စက် တော်မူခန်း ထဲ ၌မိန့် တော်မူသော စကား ကိုပင်၊ ဣသရေလ ပြည်၌ ရှိသောပရောဖက် ဧလိရှဲ သည်၊ ဣသရေလ ရှင်ဘုရင် အား ပြန် ပြောတတ်ပါသည် ဟု လျှောက် လေ၏
၁၂ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။
13 ၁၃ ရှင် ဘုရင်ကလည်း ၊ သူ သည်အဘယ် အရပ်၌ ရှိသည်ကို သွား ၍ ချောင်းကြည့် လော့။ သူ့ ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ် မည်ဟု မိန့် တော်မူပြီးမှ ၊ ဒေါသန် မြို့ ၌ ရှိပါသည်ဟု လျှောက် လေ၏
၁၃ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။
14 ၁၄ ထို မြို့သို့ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ များ ကို စေလွှတ် သဖြင့် ၊ ညဉ့် အခါရောက် ၍ မြို့ ကို ဝိုင်း ကြ၏
၁၄ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။
15 ၁၅ နံနက်စောစောဘုရား သခင့်လူ ၏ ကျွန် သည် ထ ၍ ပြင်သို့ ထွက် သောအခါ ၊ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ တို့သည် မြို့ ကို ဝိုင်း လျက် ရှိကြသည်ဖြစ်၍၊ အိုသခင် ၊ အဘယ်သို့ ပြု ရပါမည်နည်းဟု မိမိ သခင် အား ဆို ၏
၁၅နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။
16 ၁၆ ဧလိရှဲကမ စိုးရိမ် နှင့်။ ငါ တို့ဘက် ၌ နေသောသူတို့ သည် ရန်သူ တို့ဘက် ၌ နေသော သူတို့ထက်သာ၍ များ ကြသည်ဟု ဆို လျက်၊ “
၁၆ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊
17 ၁၇ အိုထာဝရဘုရား ၊ ဤသူသည် မြင် နိုင်မည် အကြောင်း သူ ၏မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ထာဝရဘုရား သည် ထိုလုလင် ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ ဧလိရှဲ ပတ်လည် ၌ တတောင် လုံး သည်မီး မြင်း ၊ မီးရထား နှင့် ပြည့် သည်ကို မြင် လေ၏
၁၇အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
18 ၁၈ ရှုရိလူ တို့သည် ရောက် လာသောအခါ ၊ ဧလိရှဲ က၊ အိုထာဝရ ဘုရား ၊ ဤ သူ တို့၏ မျက်စိ မမြင်စေခြင်းငှါ ၊ ဒဏ်ခတ် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ဒဏ်ခတ် တော်မူ၏
၁၈ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။
19 ၁၉ ဧလိရှဲ ကလည်း ၊ ဤ လမ်း မ ဟုတ်။ ဤ မြို့ လည်း မ ဟုတ်။ ငါ့ နောက် သို့လိုက် ကြ။ သင်တို့ရှာ သောသူ ရှိရာသို့ ငါပို့ မည်ဟု ဆို လျက် ရှမာရိ မြို့သို့ ပို့ လေ၏
၁၉ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။
20 ၂၀ မြို့ထဲသို့ ရောက် ပြီးမှ ဧလိရှဲ က၊ အိုထာဝရဘုရား ၊ ဤသူတို့သည် မြင် နိုင်မည်အကြောင်း သူ တို့၏ မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူ တို့၏မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူတို့သည် မြင် ၍ ရှမာရိ မြို့ထဲမှာ ရှိ သည်ဟု သိကြ၏
၂၀မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။
21 ၂၁ ဣသရေလ ရှင်ဘုရင် ကလည်း ၊ အဘ ၊ ထိုသူ တို့ကိုထားနှင့် သတ် ရပါမည်လော ဟု ဧလိရှဲ အား မေး လျှင်၊
၂၁ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
22 ၂၂ မ သတ် ပါနှင့်။ ထား နှင့် ခုတ် လျက် ၊ လေး နှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကိုသတ် ရမည် လော။ သူတို့ရှေ့မှာ မုန့် နှင့် ရေ ကိုထည့် ၍သူတို့သည် စား သောက် ပြီးမှ ၊ မိမိ တို့သခင် ထံသို့ သွား ပါစေဟု ဆို လျှင်၊
၂၂မသတ်ပါနှင့်။ ထားနှင့်ခုတ်လျက်၊ လေးနှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင်၊
23 ၂၃ များ စွာသော စားစရာ ကို ပြင်ဆင် ၍ စား သောက် စေပြီးမှ လွှတ် လိုက်သဖြင့် ၊ သူတို့သည် မိမိ တို့ သခင် ထံသို့ ပြန် သွားကြ၏။ ထိုနောက်မှရှုရိ လူ တို့သည် အလို အလျောက်တပ်ဖွဲ့၍ ဣသရေလ ပြည် သို့ မ လာ ကြ
၂၃များစွာသော စားစရာကို ပြင်ဆင်၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
24 ၂၄ နောက် တဖန်ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် ဗိုလ်ခြေ အပေါင်း ကို စုဝေး စေသဖြင့် စစ်ချီ ၍ ရှမာရိ မြို့ကို ဝိုင်း ထား၏
၂၄နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
25 ၂၅ ကြာမြင့်စွာဝိုင်း ထားသောကြောင့် ၊ ရှမာရိ မြို့၌ အလွန် အစာခေါင်းပါး ၍ ၊ မြည်း ခေါင်း တလုံးကို ငွေ ရှစ် ဆယ်နှင့် ၎င်း၊ ပဲကြမ်း တ ပြည်ကို ငွေ ငါး ကျပ်နှင့် ၎င်း ရောင်းရ ၏
၂၅ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
26 ၂၆ ဣသရေလ ရှင် ဘုရင်သည် မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ်၊ မိန်းမ တယောက်ကအရှင် မင်းကြီး ၊ ကယ်မ တော်မူပါဟု အော်ဟစ် ၏
၂၆ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ်၊ မိန်းမတယောက်ကအရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
27 ၂၇ ရှင်ဘုရင်က၊ ထာဝရဘုရား ကယ်မ တော်မ မူလျှင် ၊ ငါသည် အဘယ်သို့ ကယ်မ နိုင်မည်နည်း။ စပါး နယ်ရာတလင်း၊ စပျစ်သီး နယ်ရာ ကျင်းထဲက ကယ်မရမည်လော ဟူ၍၎င်း၊”
၂၇ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူ လျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ၍၎င်း၊
28 ၂၈ သင် ၌ အဘယ် သို့ဖြစ်သနည်းဟူ၍၎င်း မေး လျှင်၊ မိန်းမက၊ ဤ မိန်းမ သည်ကျွန်မ ဆီ သို့လာ၍၊ သင့် သား ကို ယနေ့ ငါတို့စား ဘို့အပ် ပါ။ နက်ဖြန် နေ့၌ ငါ့ သား ကို စား ရမည်ဟုဆို သည်အတိုင်း၊”
၂၈သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍၎င်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
29 ၂၉ ကျွန်မ ၏သား ကို ပြုတ် ၍ စား ကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မ က ၊ သင် ၏သား ကို ငါတို့စား ဘို့ အပ် ပါဟု တောင်းသော်၊” သူသည် မိမိ” သား ကို ဝှက် ထားပါသည်ဟု လျှောက် လေ၏
၂၉ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
30 ၃၀ ရှင် ဘုရင်သည် ထိုမိန်းမ ၏စကား ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် လေ၏။ မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ် လူ တို့သည်ကြည့် ၍ ၊ အတွင်း ၌ လျှော်တေ အဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင် ရကြ၏
၃၀ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
31 ၃၁ ရှင်ဘုရင်ကလည်း၊ ရှာဖတ် သား ဧလိရှဲ ၏ ဦးခေါင်း သည် ယနေ့ သူ့ ကိုယ်နှင့် မ ကွာဘဲနေလျှင် ၊ ထာဝရဘုရား သည် ထိုမျှမက ၊ ငါ ၌ ပြု တော်မူပါစေသော ဟု ဆို ၏
၃၁ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသော ဟု ဆို၏။
32 ၃၂ ဧလိရှဲ သည် မိမိ အိမ် ၌ ထိုင် ၍ အသက် ကြီးသူတို့ သည် သူ နှင့်အတူ ထိုင် ကြစဉ်၊ ရှင်ဘုရင်သည် မိမိ ရှေ့ မှာ လူ တယောက်ကို စေလွှတ် ၏။ ထိုတမန် မ ရောက် မှီ ဧလိရှဲက၊ လူသတ် ၏သား သည် ငါ့ လည်ပင်း ကို ဖြတ် စေခြင်းငှါ ၊ စေလွှတ် သည်ကို သိမြင် ကြသလော။ ထိုတမန်” ရောက် သောအခါ ၊ တံခါး ကိုပိတ် ၍ ၊ တံခါး နား မှာသူ့ ကို ဆီးတား ကြလော့။ သူ့ နောက် မှာသူ့ သခင် ခြေ သံ မ မြည် သလော ဟု၊”
၃၂ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မှီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန် ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု၊
33 ၃၃ အသက်ကြီး သူတို့အား ပြော စဉ်တွင်၊” ထိုတမန်” သည် ရောက် လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤ အမှုသည် ထာဝရဘုရား စီရင်သော အမှုဖြစ်၏။ ထာဝရဘုရား ကျေးဇူးကို အဘယ် ကြောင့်မြော်လင့် ရသေးသနည်းဟုဆို သော်၊ “
၃၃အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန် သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော်၊

< ၄ ဓမ္မရာဇဝင် 6 >