< ၄ ဓမ္မရာဇဝင် 5 >

1 ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏
E Naaman, chefe do exército do rei da Síria, era um grande homem diante do seu senhor, e de muito respeito; porque por ele o Senhor dera livremente aos siros: e era este varão homem valoroso, porém leproso.
2 ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏
E sairam tropas da Síria, da terra de Israel e, levaram presa uma menina que ficou ao serviço da mulher de Naaman.
3 ထိုကျွန်မကလည်း၊ ကျွန်မ သခင် သည် ရှမာရိ မြို့ ၌ ရှိသောပရောဖက် ထံ သို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင် ၌ စွဲသော နူနာ ကို ပျောက် စေလိမ့်မည်ဟု မိမိ သခင်မ အား ဆို ၏
E disse esta à sua senhora: Oxalá que o meu senhor estivesse diante do profeta que está em Samaria: ele o restauraria da sua lepra.
4 နေမန်သည် မိမိ အရှင် ထံသို့ ဝင် ၍ ဣသရေလ အမျိုး မိန်းမ ငယ်စကား ကို ပြန် လျှောက်၏
Então entrou Naaman e o notificou a seu senhor, dizendo: Assim e assim falou a menina que é da terra de Israel.
5 ရှုရိ ရှင်ဘုရင် ကလည်း သွား လော့။ သွား လော့။ ဣသရေလ ရှင်ဘုရင် ထံသို့ စာ ပေး လိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေ အခွက် တ ရာ၊ ရွှေ အခွက် ခြောက်ဆယ်၊ အဝတ် ဆယ် စုံ ကို ယူ သွား၍၊ “
Então disse o rei da Síria: vai, anda, e enviarei a carta ao rei de Israel. E foi, e tomou na sua mão dez talentos de prata, e seis mil siclos de ouro e dez mudas de vestidos.
6 ဣသရေလ ရှင်ဘုရင် ထံသို့ မိမိအရှင်၏စာ ကို သွင်း လေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ ကျွန် နေမန် ၏နူနာ ကို ပျောက် စေခြင်းငှါ သူ့ ကို ဤ စာ နှင့်အတူ ငါစေလွှတ် သည်ဟု ပါသတည်း
E levou a carta ao rei de Israel, dizendo: Logo, em chegando a ti esta carta, saibas que eu te enviei Naaman, meu servo, para que o restaures da sua lepra.
7 ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏
E sucedeu que, lendo o rei de Israel a carta, rasgou os seus vestidos, e disse: Sou eu Deus, para matar e para vivificar, para que este envie a mim, para eu restaurar a um homem da sua lepra? Pelo que deveras notai, peço-vos, e vede que busca ocasião contra mim.
8 ဣသရေလ ရှင် ဘုရင်သည် မိမိ အဝတ် ကို ဆုတ် သည်ဟု ဘုရား သခင်၏ လူ ဧလိရှဲ သည်ကြား လျှင် ၊ ကိုယ်တော် သည် အဘယ် ကြောင့်အဝတ် ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ ထံသို့ လာ ပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက် ရှိ သည်ကို သိ လိမ့်မည်ဟု ရှင်ဘုရင် ကို မှာ လိုက်လေ၏
Sucedeu porém que, ouvindo Eliseo, homem de Deus, que o rei de Israel rasgara os seus vestidos, mandou dizer ao rei: Porque rasgaste os teus vestidos? deixa-o vir a mim, e saberá que há profeta em Israel.
9 ထိုကြောင့် ၊ နေမန် သည် မြင်း ရထား ကို စီးသွား ၍ ဧလိရှဲ အိမ် ရှေ့ မှာ ရပ် နေ၏
Veio pois Naaman com os seus cavalos, e com o seu carro, e parou à porta da casa de Eliseo.
10 ၁၀ ဧလိရှဲ က၊ သင် သည်သွား ၍ ယော်ဒန် မြစ်၌ ခုနစ် ကြိမ် တိုင်အောင် ရေချိုး လော့။ အသား ပြောင်း ၍ သန့်ရှင်း လိမ့်မည်ဟု လူ ကိုစေလွှတ် ၍ ပြော စေ၏
Então Eliseo lhe mandou um mensageiro, dizendo: vai, e lava-te sete vezes no Jordão, e a tua carne te tornará, e ficarás purificado.
11 ၁၁ နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏
Porém Naaman muito se indignou, e se foi dizendo: Eis que eu dizia comigo: Certamente ele sairá, pôr-se-á em pé, e invocará o nome do Senhor seu Deus, e passará a sua mão sobre o lugar, e restaurará o leproso
12 ၁၂ ဒမာသက် ပြည်၌အာဗန မြစ်၊ ဖာဖာ မြစ်တို့သည် ဣသရေလ မြစ် အလုံးစုံ ထက် သာ၍ ကောင်းသည် မ ဟုတ် လော ။ ထို” မြစ်၌ ငါရေချိုး ၍ မ သန့်ရှင်း ရသလော ဟု ဆို လျက် အမျက် ထွက်၍ ပြန် သွား ၏
Não são porventura Abana e Farfar, rios de Damasco, melhores do que todas as águas de Israel? Não me poderia eu lavar neles, e ficar purificado? E voltou-se, e se foi com indignação.
13 ၁၃ ကျွန် တို့သည် ချဉ်း လာ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက် စီရင်လျှင် ပြု တော်မူမည် မ ဟုတ်လော။ ရေချိုး” ၍ သာ သန့်ရှင်း ခြင်းသို့ ရောက် လော့ဟု စီရင် လျှင် အဘယ်မျှ လောက်သာ၍ပြုတော်မူသင့်ပါသည်တကားဟု လျှောက် ကြသော်၊ “
Então chegaram-se a ele os seus servos, e lhe falaram, e disseram: Meu pai, se o profeta te dissera alguma grande coisa, porventura não a farias? Quanto mais, dizendo-te ele: Lava-te, e ficarás purificado.
14 ၁၄ နေမန်သည် သွား ၍ ဘုရား သခင်၏ လူ စီရင် သည်အတိုင်း ၊ ယော်ဒန် မြစ်၌ ကိုယ်ကိုခုနစ် ကြိမ် နှစ် သဖြင့် ၊ သူ ၏အသား သည် သူငယ် ၏အသား ကဲ့သို့ ပြောင်း ၍ သန့်ရှင်း ခြင်းသို့ ရောက်၏
Então desceu, e mergulhou no Jordão sete vezes, conforme a palavra do homem de Deus: e a sua carne tornou, como a carne dum menino, e ficou purificado.
15 ၁၅ သို့ပြီးမှ လိုက် သော သူအပေါင်း တို့နှင့်တကွ ဘုရားသခင် ၏ လူ ထံ သို့ပြန်လာ ၍ သူ့ ရှေ့ ၌ရပ် လျက် ၊ ဣသရေလ ပြည်မှတပါး အဘယ် ပြည် ၌ မျှ ဘုရားသခင် မရှိ သည် ကို ယခု အကျွန်ုပ်သိ ပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန် လှူသော အလှူလက်ဆောင်ကို ခံယူ တော်မူပါဟု တောင်း လျှောက်လေ၏
Então voltou ao homem de Deus, ele e toda a sua comitiva, e veio, e pôs-se diante dele, e disse: Eis que tenho conhecido que em toda a terra não há Deus senão em Israel: agora pois te peço que tomes uma benção do teu servo
16 ၁၆ ဧလိရှဲကလည်း၊ ငါကိုးကွယ် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း မ ခံ မယူရဟုဆို လျှင်၊ ခံယူ စေခြင်းငှါ တဖန် တိုက်တွန်း သော်လည်း ငြင်းပယ် လျက်နေ၏
Porém ele disse: Vive o Senhor, em cuja presença estou, que a não tomarei. E instou com ele para que a tomasse, mas ele recusou.
17 ၁၇ နေမန် ကလည်း ၊ သို့ဖြစ်လျှင်ကိုယ်တော် ကျွန် သည် မြည်း နှစ် စီးနှင့် တင် ၍မြေ အနည်းငယ်ကို ယူ ပါရ စေ။ ကိုယ်တော် ကျွန် သည် မီးရှို့ ရာ ယဇ်အစ ရှိသော အဘယ်ယဇ် ကိုမျှ ထာဝရဘုရား မှတပါး အခြား သော ဘုရား အား နောက်တဖန် မ ပူဇော် ပါ
E disse Naaman: Quando não, contudo dê-se a este teu servo uma carga de terra dum jugo de mulas; porque nunca mais oferecerá este teu servo holocausto nem sacrifício a outros deuses, senão ao Senhor.
18 ၁၈ သို့သော်လည်းအကျွန်ုပ် သခင် သည် ကိုးကွယ်အံ့ဟု ရိမ္မုန် ဘုရား၏ကျောင်း သို့ သွား၍ အကျွန်ုပ် ကို မှီ လျက် ရိမ္မုန် ကျောင်း ၌ ကိုယ်ကို ညွှတ် သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ် လျှင် ၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် ကို အပြစ် လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊”
Nisto perdoe o Senhor a teu servo: quando meu senhor entra na casa de Rimmon para ali se encurvar, e ele se encosta na minha mão, e eu também me hei de encurvar na casa de Rimmon; quando assim me encurvar na casa de Rimmon, nisto perdoe o Senhor a teu servo.
19 ၁၉ ဧလိရှဲက၊ ငြိမ်ဝပ် စွာသွား လော့ဟု ဆို ၏။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ၊”
E ele lhe disse: vai em paz. E foi-se dele a uma pequena distância.
20 ၂၀ ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
Então Geazi, moço d'Eliseo, homem de Deus, disse: Eis que meu senhor impediu a este syrio Naaman que da sua mão se desse alguma coisa do que trazia; porém, vive o Senhor que hei de correr atráz dele, e tomar dele alguma coisa.
21 ၂၁ နေမန် နောက် သို့ လိုက် လေ၏။ လိုက် ကြောင်း ကို နေမန် သည် မြင် လျှင် ၊ ကြိုဆို အံ့သောငှါ ရထား မှ ဆင်း ၍ ၊ ရှိသမျှကောင်း သလော ဟုမေး သော်၊”
E foi Geazi em alcance de Naaman; e Naaman, vendo que corria atráz dele, saltou do carro a encontra-lo, e disse-lhe: vai tudo bem?
22 ၂၂ ဂေဟာဇိကကောင်း ပါ၏။ ယခု တွင် ပရောဖက် အမျိုးသား လုလင် နှစ် ယောက်သည် ဧဖရိမ် တောင် မှ ရောက် လာပြီ။ ငွေ အခွက် တဆယ်နှင့် အဝတ် နှစ် စုံ ကို သူ တို့အဘို့ ပေး ပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင် သည် ကျွန်တော် ကိုစေလွှတ် ပါပြီဟု ဆို လျှင်၊ “
E ele disse: Tudo vai bem; meu senhor me mandou dizer: Eis que agora mesmo vieram a mim dois mancebos dos filhos dos profetas da montanha de Ephraim; dá-lhes pois um talento de prata e duas mudas de vestidos.
23 ၂၃ နေမန် က၊ အခွက် နှစ်ဆယ်ကို မ ငြင်းယူ ပါလော့ ဟု တိုက်တွန်း လျက် ၊ ငွေ အခွက် နှစ်ဆယ်ကို အိတ် နှစ် လုံး၌ အဝတ် နှစ် စုံ နှင့်တကွ စည်း ၍ မိမိ ကျွန် နှစ် ယောက်အပေါ် မှာ တင် သဖြင့် ၊ သူတို့သည်ဂေဟာဇိ ရှေ့ ၌ ထမ်း သွားရ၏
E disse Naaman: Sê servido tomar dois talentos. E instou com ele, e amarrou dois talentos de prata em dois sacos, com duas mudas de vestidos; e pô-los sobre dois dos seus moços, os quais os levaram diante dele.
24 ၂၄ မြို့ရိုး သို့ ရောက် သောအခါ ၊ ထို ဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထား သဖြင့် ၊ ထမ်းသောသူ တို့ကို လွှတ် လိုက်ပြီးမှ၊ “
E, chegando ele à altura, tomou-os das suas mãos, e os depositou na casa: e despediu aqueles homens, e foram-se.
25 ၂၅ ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “
Então ele entrou, e pôs-se diante de seu senhor. E disse-lhe Eliseo: de onde vens, Geazi? E disse: Teu servo não foi nem a uma nem a outra parte.
26 ၂၆ ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော
Porém ele lhe disse: Porventura não foi contigo o meu coração, quando aquele homem voltou de sobre o seu carro, a encontrar-te? Era isto tempo para tomares prata, e para tomares vestidos, e olivais, e vinhas, e ovelhas, e bois e servos e servas?
27 ၂၇ သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏
Portanto a lepra de Naaman se pegará a ti e à tua semente para sempre. Então saiu de diante dele leproso, branco como a neve.

< ၄ ဓမ္မရာဇဝင် 5 >