< ၄ ဓမ္မရာဇဝင် 5 >
1 ၁ ရှုရိ ရှင်ဘုရင် ၏ ဗိုလ်ချုပ် မင်းနေမန် သည် မိမိ သခင် ထံ မှာမျက်နှာ ရ သောသူ၊ ဘုန်းကြီး သောသူ ဖြစ် ၏။ အကြောင်း မူကား၊ ရှုရိ ပြည်သည် ထိုသူ အားဖြင့် အောင် ရ သောအခွင့်ကို ထာဝရဘုရား ပေး တော်မူပြီ။ ထိုသူ သည် ခွန်အား ကြီးသော စစ်သူရဲ ဖြစ် ၏။ သို့ရာတွင်နူနာ စွဲ၏
၁ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-
2 ၂ ရှုရိ လူတို့သည် အလိုအလျောက်တပ် ဖွဲ့၍ ချီ သွား စဉ်တွင်၊ ဣသရေလ ပြည် မှ ဘမ်း ခဲ့သော မိန်းမ ငယ် တယောက်သည် နေမန် ၏မယား ထံ ၌ ကျွန်ခံ ရ၏
၂ရှုရိအမျိုးသားတို့သည်အခါတစ်ပါးက ဣသ ရေလအမျိုးသားတို့အားလုယက်တိုက်ခိုက်ကြ ရာဝယ် ဣသရေလအမျိုးသမီးသူငယ်မတစ် ယောက်ကိုဖမ်းဆီးရမိခဲ့၏။ သူသည်နေမန် ၏ဇနီးထံတွင်အစေခံရလေသည်။-
3 ၃ ထိုကျွန်မကလည်း၊ ကျွန်မ သခင် သည် ရှမာရိ မြို့ ၌ ရှိသောပရောဖက် ထံ သို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင် ၌ စွဲသော နူနာ ကို ပျောက် စေလိမ့်မည်ဟု မိမိ သခင်မ အား ဆို ၏
၃တစ်နေ့သောအခါသူသည်မိမိ၏သခင်မ အား``ကျွန်မတို့သခင်သည်ရှမာရိမြို့တွင်နေ ထိုင်သူပရောဖက်ထံသို့သွားနိုင်ပါက အဘယ် မျှကောင်းပါမည်နည်း။ ထိုပရောဖက်သည်သခင် ၏ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ လိမ့်မည်'' ဟုပြော၏။-
4 ၄ နေမန်သည် မိမိ အရှင် ထံသို့ ဝင် ၍ ဣသရေလ အမျိုး မိန်းမ ငယ်စကား ကို ပြန် လျှောက်၏
၄ဤစကားကိုကြားသောအခါနေမန်သည်မင်း ကြီးထံသို့သွား၍ သူငယ်မပြောသည့်စကား ကိုသံတော်ဦးတင်၏။-
5 ၅ ရှုရိ ရှင်ဘုရင် ကလည်း သွား လော့။ သွား လော့။ ဣသရေလ ရှင်ဘုရင် ထံသို့ စာ ပေး လိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေ အခွက် တ ရာ၊ ရွှေ အခွက် ခြောက်ဆယ်၊ အဝတ် ဆယ် စုံ ကို ယူ သွား၍၊ “
၅မင်းကြီးက``ဣသရေလဘုရင်ထံသို့သွား၍ဤ စာကိုပေးလော့'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍နေမန် သည်ငွေသားသုံးသောင်း၊ ရွှေသားခြောက်ထောင်နှင့် ဝတ်စားတန်ဆာဆယ်စုံကိုယူ၍ထွက်ခွာသွား လေသည်။-
6 ၆ ဣသရေလ ရှင်ဘုရင် ထံသို့ မိမိအရှင်၏စာ ကို သွင်း လေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ ကျွန် နေမန် ၏နူနာ ကို ပျောက် စေခြင်းငှါ သူ့ ကို ဤ စာ နှင့်အတူ ငါစေလွှတ် သည်ဟု ပါသတည်း
၆သူယူဆောင်သွားသည့်စာတွင်``ယခုစာနှင့်လာသူ ကျွန်ုပ်၏အမှုထမ်းနေမန်၏ရောဂါကိုပျောက်ကင်း အောင်ကုသပေးရန် ဤစာနှင့်တကွအဆွေတော် ထံလွှတ်လိုက်သည်'' ဟုပါရှိ၏။
7 ၇ ဣသရေလ ရှင် ဘုရင်သည် ထိုစာ ကိုကြည့် ပြီးမှ ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ ငါ သည်အသက် ပေးပိုင်၊ နှုတ် ပိုင် သော ဘုရား ဖြစ်သောကြောင့် ၊ ဤသူ သည် လူနူ ကို ချမ်းသာ ပေးစေခြင်းငှါ ငါ့ ထံသို့ စေလွှတ် သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ ကို အဘယ် မျှလောက်ရန် ရှာချင်သည်ကို ကြည့် ကြလော့ဟု ဆို ၏
၇ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
8 ၈ ဣသရေလ ရှင် ဘုရင်သည် မိမိ အဝတ် ကို ဆုတ် သည်ဟု ဘုရား သခင်၏ လူ ဧလိရှဲ သည်ကြား လျှင် ၊ ကိုယ်တော် သည် အဘယ် ကြောင့်အဝတ် ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ ထံသို့ လာ ပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက် ရှိ သည်ကို သိ လိမ့်မည်ဟု ရှင်ဘုရင် ကို မှာ လိုက်လေ၏
၈ပရောဖက်ဧလိရှဲသည်ဤအဖြစ်အပျက်ကို ကြားသိသောအခါ``အဘယ်ကြောင့်အရှင်သည် ဤမျှစိတ်အနှောက်အယှက်ဖြစ်တော်မူရပါ သနည်း။ ဣသရေလပြည်တွင်ပရောဖက်ရှိ ကြောင်းသိစေရန် သူ့အားငါ့ထံသို့လွှတ် လိုက်ပါလော့'' ဟုမင်းကြီးအားမှာလိုက်လေ သည်။
9 ၉ ထိုကြောင့် ၊ နေမန် သည် မြင်း ရထား ကို စီးသွား ၍ ဧလိရှဲ အိမ် ရှေ့ မှာ ရပ် နေ၏
၉သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။-
10 ၁၀ ဧလိရှဲ က၊ သင် သည်သွား ၍ ယော်ဒန် မြစ်၌ ခုနစ် ကြိမ် တိုင်အောင် ရေချိုး လော့။ အသား ပြောင်း ၍ သန့်ရှင်း လိမ့်မည်ဟု လူ ကိုစေလွှတ် ၍ ပြော စေ၏
၁၀ဧလိရှဲကသူ့အား``သင်သည်ယောဒန်မြစ်တွင် ခုနစ်ကြိမ်တိုင်တိုင်ရေချိုးပါလျှင် သင်၏ရောဂါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်'' ဟုအစေခံ ကိုလွှတ်၍ပြောကြားစေ၏။-
11 ၁၁ နေမန် ကလည်း၊ အကယ်၍ပရောဖက်သည် ထွက် လာမည်။ ငါ့ အနား မှာ ရပ် လျက် မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ ကို ခေါ် ၍ မိမိ လက် နှင့် သုံးသပ် သဖြင့် နူနာ ကို ပျောက် စေမည်ဟု ငါထင် ၏
၁၁သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။-
12 ၁၂ ဒမာသက် ပြည်၌အာဗန မြစ်၊ ဖာဖာ မြစ်တို့သည် ဣသရေလ မြစ် အလုံးစုံ ထက် သာ၍ ကောင်းသည် မ ဟုတ် လော ။ ထို” မြစ်၌ ငါရေချိုး ၍ မ သန့်ရှင်း ရသလော ဟု ဆို လျက် အမျက် ထွက်၍ ပြန် သွား ၏
၁၂ထို့ပြင်ဒမာသက်မြို့ရှိအာဗနမြစ်နှင့်ဖာဖာ မြစ်တို့သည် ဣသရေလမြစ်ရှိသမျှထက်ပို၍ ကောင်းသဖြင့် ထိုမြစ်တို့တွင်ရေချိုး၍ရောဂါ ကိုပျောက်ကင်းနိုင်သည်မဟုတ်လော'' ဟုဆို၍ ပြန်လေသည်။
13 ၁၃ ကျွန် တို့သည် ချဉ်း လာ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက် စီရင်လျှင် ပြု တော်မူမည် မ ဟုတ်လော။ ရေချိုး” ၍ သာ သန့်ရှင်း ခြင်းသို့ ရောက် လော့ဟု စီရင် လျှင် အဘယ်မျှ လောက်သာ၍ပြုတော်မူသင့်ပါသည်တကားဟု လျှောက် ကြသော်၊ “
၁၃သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။-
14 ၁၄ နေမန်သည် သွား ၍ ဘုရား သခင်၏ လူ စီရင် သည်အတိုင်း ၊ ယော်ဒန် မြစ်၌ ကိုယ်ကိုခုနစ် ကြိမ် နှစ် သဖြင့် ၊ သူ ၏အသား သည် သူငယ် ၏အသား ကဲ့သို့ ပြောင်း ၍ သန့်ရှင်း ခြင်းသို့ ရောက်၏
၁၄သို့ဖြစ်၍နေမန်သည်ယော်ဒန်မြစ်သို့ဆင်းပြီး လျှင် ဧလိရှဲညွှန်ကြားခဲ့သည့်အတိုင်း ခုနစ်ကြိမ် တိုင်တိုင်မိမိကိုယ်ကိုရေတွင်နှစ်လိုက်သောအခါ ရောဂါလုံးဝပျောက်ကင်းသွားလေသည်။ သူ၏ အသားအရေသည်ကလေးသူငယ်၏အသား အရေကဲ့သို့တောင့်တင်းစိုပြေလာ၏။-
15 ၁၅ သို့ပြီးမှ လိုက် သော သူအပေါင်း တို့နှင့်တကွ ဘုရားသခင် ၏ လူ ထံ သို့ပြန်လာ ၍ သူ့ ရှေ့ ၌ရပ် လျက် ၊ ဣသရေလ ပြည်မှတပါး အဘယ် ပြည် ၌ မျှ ဘုရားသခင် မရှိ သည် ကို ယခု အကျွန်ုပ်သိ ပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန် လှူသော အလှူလက်ဆောင်ကို ခံယူ တော်မူပါဟု တောင်း လျှောက်လေ၏
၁၅သူသည်မိမိ၏နောက်လိုက်နောက်ပါအပေါင်းနှင့် အတူ ဧလိရှဲထံသို့ပြန်သွားပြီးလျှင်'' ဣသရေလ အမျိုးသားတို့၏ဘုရားမှတစ်ပါး အခြားဘုရား မရှိကြောင်းကိုယခုအကျွန်ုပ်သိပါပြီ။ သို့ဖြစ်၍ အရှင်၊ အကျွန်ုပ်ပေးလှူသောလက်ဆောင်ကိုလက်ခံ တော်မူပါ'' ဟုပြော၏။
16 ၁၆ ဧလိရှဲကလည်း၊ ငါကိုးကွယ် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း မ ခံ မယူရဟုဆို လျှင်၊ ခံယူ စေခြင်းငှါ တဖန် တိုက်တွန်း သော်လည်း ငြင်းပယ် လျက်နေ၏
၁၆ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။ နေမန်သည်ဧလိရှဲအားလက်ဆောင်ကိုလက်ခံ ပါရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်းဧလိရှဲ သည်လက်မခံဘဲနေ၏။-
17 ၁၇ နေမန် ကလည်း ၊ သို့ဖြစ်လျှင်ကိုယ်တော် ကျွန် သည် မြည်း နှစ် စီးနှင့် တင် ၍မြေ အနည်းငယ်ကို ယူ ပါရ စေ။ ကိုယ်တော် ကျွန် သည် မီးရှို့ ရာ ယဇ်အစ ရှိသော အဘယ်ယဇ် ကိုမျှ ထာဝရဘုရား မှတပါး အခြား သော ဘုရား အား နောက်တဖန် မ ပူဇော် ပါ
၁၇သို့ဖြစ်၍နေမန်က``အကျွန်ုပ်ပေးလှူသောလက် ဆောင်ကိုအရှင်လက်မခံပါမူ လားနှစ်စီးတင် မြေကိုအကျွန်ုပ်၏နေရင်းပြည်သို့ယူဆောင် သွားခွင့်ပြုတော်မူပါ။ အဘယ်ကြောင့်ဆိုသော်ယခုမှစ၍အကျွန်ုပ် သည် ဘုရားသခင်မှတစ်ပါးအခြားအဘယ် ဘုရားကိုမျှ မီးရှို့ရာယဇ်သို့မဟုတ်အခြား အဘယ်ယဇ်ကိုမျှပူဇော်တော့မည်မဟုတ် သောကြောင့်ဖြစ်ပါ၏။-
18 ၁၈ သို့သော်လည်းအကျွန်ုပ် သခင် သည် ကိုးကွယ်အံ့ဟု ရိမ္မုန် ဘုရား၏ကျောင်း သို့ သွား၍ အကျွန်ုပ် ကို မှီ လျက် ရိမ္မုန် ကျောင်း ၌ ကိုယ်ကို ညွှတ် သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ် လျှင် ၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် ကို အပြစ် လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊”
၁၈ထိုကြောင့်အကျွန်ုပ်သည်မိမိ၏ဘုရင်နှင့်အတူ ရှုရိဘုရားရိမ္မုန်ဗိမာန်သို့လိုက်ပါသွားရောက်၍ ကိုးကွယ်ဝတ်ပြုခဲ့သည့်အပြစ်အတွက်ထာဝရ ဘုရားသည် အကျွန်ုပ်အားအပြစ်လွှတ်တော်မူလိမ့် မည်ဟုမျှော်လင့်ပါ၏။ ထာဝရဘုရားသည်အကျွန်ုပ် အားအမှန်ပင်အပြစ်လွှတ်တော်မူပါလိမ့်မည်'' ဟုဆို၏။
19 ၁၉ ဧလိရှဲက၊ ငြိမ်ဝပ် စွာသွား လော့ဟု ဆို ၏။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ၊”
၁၉ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။ သူသည်သွား၍အဝေးသို့မရောက်မီ၊-
20 ၂၀ ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
၂၀ဧလိရှဲ၏အစေခံဂေဟာဇိက``ငါ့သခင်သည် နေမန်ထံမှအဘယ်အရာကိုမျှမယူဘဲ သူ့ အားထွက်ခွာသွားခွင့်ပြုလေပြီတကား။ သခင် သည်ရှုရိအမျိုးသားပေးလှူသည့်ပစ္စည်းများ ကိုလက်ခံသင့်သည်။ ငါသည်နေမန်၏နောက်သို့ ပြေး၍လိုက်ပြီးလျှင် သူ့ထံမှပစ္စည်းတစ်စုံတစ် ရာကိုရအောင်ယူမည်ဖြစ်ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုပါ၏'' ဟုတစ်ကိုယ်တည်းပြောဆိုကာ၊-
21 ၂၁ နေမန် နောက် သို့ လိုက် လေ၏။ လိုက် ကြောင်း ကို နေမန် သည် မြင် လျှင် ၊ ကြိုဆို အံ့သောငှါ ရထား မှ ဆင်း ၍ ၊ ရှိသမျှကောင်း သလော ဟုမေး သော်၊”
၂၁နေမန်၏နောက်သို့လိုက်လေ၏။ နေမန်သည်မိမိ ၏နောက်သို့လူတစ်ယောက်လိုက်လာသည်ကိုမြင် သောအခါ ထိုသူနှင့်တွေ့ဆုံရန်ရထားပေါ်မှ ဆင်း၍``အရေးကိစ္စတစ်စုံတစ်ရာရှိပါသလော'' ဟုမေး၏။
22 ၂၂ ဂေဟာဇိကကောင်း ပါ၏။ ယခု တွင် ပရောဖက် အမျိုးသား လုလင် နှစ် ယောက်သည် ဧဖရိမ် တောင် မှ ရောက် လာပြီ။ ငွေ အခွက် တဆယ်နှင့် အဝတ် နှစ် စုံ ကို သူ တို့အဘို့ ပေး ပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင် သည် ကျွန်တော် ကိုစေလွှတ် ပါပြီဟု ဆို လျှင်၊ “
၂၂ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
23 ၂၃ နေမန် က၊ အခွက် နှစ်ဆယ်ကို မ ငြင်းယူ ပါလော့ ဟု တိုက်တွန်း လျက် ၊ ငွေ အခွက် နှစ်ဆယ်ကို အိတ် နှစ် လုံး၌ အဝတ် နှစ် စုံ နှင့်တကွ စည်း ၍ မိမိ ကျွန် နှစ် ယောက်အပေါ် မှာ တင် သဖြင့် ၊ သူတို့သည်ဂေဟာဇိ ရှေ့ ၌ ထမ်း သွားရ၏
၂၃နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။-
24 ၂၄ မြို့ရိုး သို့ ရောက် သောအခါ ၊ ထို ဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထား သဖြင့် ၊ ထမ်းသောသူ တို့ကို လွှတ် လိုက်ပြီးမှ၊ “
၂၄သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။-
25 ၂၅ ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “
၂၅သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။ ဂေဟာဇိက``အရှင်၊ ကျွန်တော်အဘယ်ကိုမျှ မသွားပါ'' ဟုပြန်ပြော၏။
26 ၂၆ ဧလိရှဲက၊ ထိုလူသည်သင့် ကို ကြို ဆိုအံ့သောငှါ ၊ ရထား ပေါ် မှ လှည့် သောအခါ ၊ ငါ့ စိတ် ဝိညာဉ်သည် သင်နှင့်အတူ မ လိုက် သလော။ ငွေ ကိုခံယူ ချိန် ရှိသလော။ အဝတ် ၊ သံလွင် ဥယျာဉ်၊ စပျစ် ဥယျာဉ်၊ သိုး နွား ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမကို သိမ်းယူ ချိန်ရှိသလော
၂၆သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။-
27 ၂၇ သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏
၂၇ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။