< ၄ ဓမ္မရာဇဝင် 4 >

1 ပရောဖက် အမျိုးသား ၏ မယား တယောက် သည်ဧလိရှဲ ထံသို့ လာ၍၊ ကိုယ်တော် ကျွန် ၊ ကျွန်မ ၏ ခင်ပွန်း သေ ပါပြီ။ ကိုယ်တော် ကျွန် သည် ထာဝရဘုရား ကို ရိုသေ သောသူဖြစ် သည်ကို ကိုယ်တော် သိ တော်မူ၏။ ယခုမှာ ကြွေးရှင် သည်ကျွန်မ ၏သား နှစ် ယောက်ကို ကျွန်ခံ စေခြင်းငှါ လာ ပါပြီဟု ကြွေးကြော် လေ၏
ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
2 ဧလိရှဲ ကလည်း ၊ သင့် အဘို့ အဘယ်သို့ ငါပြု ရ မည်နည်း။ သင့် အိမ် ၌ အဘယ် ဥစ္စာရှိ သနည်းဟုမေး လျှင်၊” ကိုယ်တော်” ကျွန် မအိမ် ၌ ဆီ အိုး တလုံးမှတပါး အဘယ်ဥစ္စာမျှ မ ရှိပါဟု ပြောဆို သော်၊
ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊
3 ဧလိရှဲက သွား လော့။ အိမ်နီးချင်း ရှိသမျှ တို့တွင် လပ် သောအိုး တို့ကို ငှါး ယူလော့။ များစွာသော အိုး တို့ကို ငှားယူလော့
ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။
4 ကိုယ်အိမ်သို့ ရောက် သောအခါ ၊ သား တို့ကို ခေါ်၍ တံခါး ကို ပိတ် ပြီးမှ ငှါးယူသော အိုး များအထဲ သို့ ဆီကို အပြည့် လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း၊”
ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊
5 ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏
ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။
6 အိုး များ၌ ဆီပြည့် သောအခါ ၊ အိုး တလုံးကို ယူ ခဲ့ဦးဟုသား အား ဆို လျှင် ၊ အိုး လပ်မ ရှိပါဟု ပြန်ပြော သော် ၊ ဆီ သည် တန့် လျက် နေ၏
အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။
7 ထိုမိန်းမသည်လာ ၍ ဘုရား သခင်၏ လူ ကို ကြားပြော လျှင် ၊ သူက ထိုဆီ ကိုသွား ၍ ရောင်း ပြီးလျှင် ကြွေး ကို ဆပ် လော့။ ကြွင်း သောဆီကို အမှီပြု၍ သင် နှင့် သား တို့သည် အသက် မွေးကြလော့ဟု ဆို ၏
ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
8 တနေ့သ၌ဧလိရှဲ သည်ရှုနင် မြို့သို့ သွား ရာ တွင်၊ ထို မြို့၌ ထင်ရှား သောမိန်းမ တယောက်သည် ဧလိရှဲ ကို ကျွေး ခြင်းငှါ ခေါ် ပင့်လေ၏။ နောက်မှထိုလမ်း သို့ သွား သောအခါခါ ၊ ကျွေး ခြင်းကိုခံ အံ့သောငှါ ထို အိမ်သို့ ဝင် တတ်၏
တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။
9 မိန်းမကလည်း၊ ငါ တို့နေရာလမ်းဖြင့် အစဉ် သွား လာသောဤသူ သည် ဘုရား သခင်၏ သန့်ရှင်း သူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏
မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
10 ၁၀ ဝင်ရိုး အပေါ်မှာ အခန်းငယ် တခုကို လုပ် ကြကုန် အံ့။ သူ့ အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံ တို့ကို ထား ကြကုန် အံ့။ သို့ဖြစ်၍ ၊ သူ သည်ငါ တို့ ဆီ သို့ရောက် သောအခါ ၊ ထို အခန်းထဲ သို့ ဝင် လိမ့်မည်ဟု မိမိ ခင်ပွန်း အား ဆို ၏
၁၀ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြ ကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။
11 ၁၁ တနေ့သ၌ ဧလိရှဲသည် ရောက် သဖြင့် ၊ ထိုအခန်း ထဲသို့ ဝင် ၍ အိပ် နေ၏
၁၁တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်း ထဲသို့ဝင်၍ အိပ်နေ၏။
12 ၁၂ ထို ရှုနင် မြို့သူမိန်းမကို ခေါ် လော့ဟု မိမိ ကျွန် ဂေဟာဇိ အား ဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် ဧလိရှဲ ရှေ့ မှာ ရပ် နေ၏
၁၂ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။
13 ၁၃ ဧလိရှဲက၊ သင်သည်ငါ တို့အဘို့ ဤ မျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့် အဘို့ အဘယ် သို့ပြု ရ မည်နည်း။ သင့် အဘို့ ရှင်ဘုရင် ထံ ၊ ဗိုလ်ချုပ် မင်းထံ ၌ ငါပြော ရမည်လော ဟု ဂေဟာဇိမေးမည်အကြောင်းစီရင် သော်၊” မိန်းမက၊ ကျွန်မ” သည် ကိုယ် အဆွေအမျိုး တို့တွင် နေ ပါဦးမည်ဟု ပြန်ပြော ၏
၁၃ဧလိရှဲက၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း။ သင့်အဘို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
14 ၁၄ ဧလိရှဲကလည်း၊ ဤ မိန်းမအဘို့ အဘယ်သို့ ပြု စရာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဂေဟာဇိ က၊ ဤ မိန်းမ၌ သားသမီး မ ရှိပါ။ သူ့ ခင်ပွန်း လည်း အို လှပြီဟု ဆို သော်၊
၁၄ဧလိရှဲကလည်း၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော်၊
15 ၁၅ တဖန် ခေါ် ဦးလော့ဟုဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် တံခါးဝ မှာ ရပ် နေ၏
၁၅တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။
16 ၁၆ ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏
၁၆ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။
17 ၁၇ ထိုနောက် မိန်းမ သည် ပဋိသန္ဓေ ယူ၍ ဧလိရှဲ ချိန်းချက် သော အချိန်အရွယ် စေ့သောအခါ သား ကို ဘွားမြင် လေ၏
၁၇ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။
18 ၁၈ ထိုသား သည် နို့ ကွာပြီးမှ ၊ တနေ့သ၌ စပါး ရိတ် သောသူတို့ရှိ ရာ မိမိ အဘ ထံသို့ သွား ၍၊ “
၁၈ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊
19 ၁၉ ငါ သည်ခေါင်း နာ၏။ ခေါင်း နာ၏ဟု အဘ အား ပြောဆို လျှင် ၊ အဘက၊ သူငယ် ကို အမိ ထံသို့ ယူ သွားဟု လုလင် အား ပြော ၏
၁၉ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။
20 ၂၀ လုလင်သည်အမိ ထံသို့ ယူ သွား၍ ၊ သူငယ်သည် အမိ ရင်ခွင် ၌ ထိုင် ၍ မွန်းတည့် အချိန်ရှိပြီးမှသေ ၏
၂၀လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
21 ၂၁ အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်း ကို ဘုရားသခင့် လူ ၏ခုတင် ပေါ် မှာထား ပြီး လျှင်၊ တံခါးကို ပိတ် ခဲ့၍ သွား လေ၏
၂၁အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။
22 ၂၂ ခင်ပွန်း ကို လည်း ခေါ် ၍ ၊ ကျွန်ုပ် သည် ဘုရားသခင် ၏လူ ထံသို့ ပြေး ၍ တဖန်ပြန် လာဦးမည်။ လုလင် တယောက် နှင့် မြည်း တစီး ကိုထည့် လိုက်ပါဟုဆို လျှင်၊”
၂၂ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရား သခင်၏လူထံသို့ ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင်၊
23 ၂၃ ခင်ပွန်းက၊ အဘယ် ကြောင့်ယနေ့ သွား ချင် သနည်း။ လဆန်း နေ့မ ဟုတ်၊ ဥပုသ် နေ့လည်း မ ဟုတ်ဟု ဆို သော် ၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏
၂၃ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
24 ၂၄ မြည်း ကို ကုန်းနှီး တင်ပြီးမှ ကျွန် ကို ခေါ် ၍ နှင် သွားလော့။ ငါမပြောလျှင် ငါ့ ကြောင့် အသွား မ နှေးစေနှင့် ဟု ကျွန် အား မှာ ထားသဖြင့်၊””
၂၄မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့်၊
25 ၂၅ ခရီးသွား ၍ ဘုရား သခင်၏ လူ ရှိ ရာ၊ ကရမေလ တောင် ပေါ် သို့ ရောက် သည်ကို ဘုရား သခင်၏ လူ သည် အဝေးကမြင်သောအခါ၊” မိမိ” ကျွန် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမလာ၏
၂၅ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
26 ၂၆ သင်ပြေး ၍ ခရီးဦး ကြိုပြုပြီးလျှင် ၊ ကိုယ်တိုင် မာ ၏လော။ ခင်ပွန်း” မာ ၏လော။ သူငယ်” မာ ၏လော ဟု စေလွှတ်၍ မေးစေသော်၊ မိန်းမကမာ ပါ၏ ဟုဆို ၏
၂၆သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။
27 ၂၇ ဘုရား သခင်၏ လူ ရှိရာတောင် ပေါ် သို့ ရောက် သောအခါ ၊ သူ ၏ ခြေ တို့ကို ဘက် လေ၏။ ဂေဟာဇိ သည် ဆီးတား ခြင်းငှါ ချဉ်း လာလျှင် ၊ ဘုရား သခင်၏ လူ ကသူ့ ကို မ ဆီးတားနှင့်။ သူ သည် စိတ် ညှိုးငယ် ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရား သည် ငါ့ အား မ ပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏
၂၇ဘုရားသခင်၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။
28 ၂၈ မိန်းမကလည်း၊ ကျွန်မသည် ကျွန်မ သခင် ထံမှာ သား ဆုကို တောင်း ပါသလော။ ကျွန်မ” ကိုမုသာ မ သုံးပါ နှင့်ဟု လျှောက် ဆိုသည်မ ဟုတ်လော ဟု ဆို ၏
၂၈မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
29 ၂၉ ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ သင် ၏ခါး ကို စည်း လော့။ ငါ့ တောင်ဝေး ကို ကိုင် ၍ သွား လော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာ တင် လော့ဟု မှာထားလေ၏
၂၉ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
30 ၃၀ အမိ ကလည်း၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မ သွားနိုင်ပါဟု ဆို လျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ၏
၃၀အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
31 ၃၁ ဂေဟာဇိ သည်အရင် သွား ၍ ၊ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာတင် သော်လည်း ၊ သူငယ်သည် အသံ မ ပြုအမှုမ ထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲ ကို ခရီးဦး ကြိုပြု၍ ၊ သူငယ် သည် မ နိုး ပါဟု ပြန်ပြော ၏
၃၁ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။
32 ၃၂ ဧလိရှဲ သည် အိမ် သို့ ရောက် သောအခါ ၊ သူငယ် သေ လျက်၊ မိမိ ခုတင် ပေါ် မှာ တင် ထားလျက်ရှိသည်ကို တွေ့ သဖြင့်၊ “
၃၂ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
33 ၃၃ အထဲသို့ဝင် ၍ နှစ် ယောက်တည်းရှိစေခြင်းငှါ တံခါး ကိုပိတ် လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
၃၃အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
34 ၃၄ သူငယ် ၏အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ် မှာအိပ် လျက် နှုတ် ချင်း၊ မျက်စိ ချင်း၊ လက် ချင်းထပ်လျက် ၊ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် သူငယ် အသား သည် နွေး စရှိ၏
၃၄သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
35 ၃၅ တဖန် ဆင်း ၍ အခန်း ထဲ မှာစင်္ကြံ သွားပြီးလျှင် ၊ ချဉ်း ပြန်၍ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် ၊ သူငယ် သည် ခုနစ် ကြိမ် ချေ ဆတ်၍ မျက်စိ ကိုဖွင့် ၏
၃၅တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။
36 ၃၆ ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမကို ခေါ် လိုက်ဟုဆို သည်အတိုင်း ခေါ် ၍ သူသည် ရောက် လာသောအခါ ၊ ဧလိရှဲ က သင် ၏သား ကို ချီ ယူ လော့ဟု ဆို ၏
၃၆ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
37 ၃၇ မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေ ပေါ် မှာ ပြပ်ဝပ် ဦးချပြီးလျှင် သား ကိုချီ ယူ၍ ထွက် သွား၏
၃၇မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။
38 ၃၈ တဖန် ဧလိရှဲ သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထိုပြည် ၌ အစာ ခေါင်းပါး၏။ ပရောဖက် အမျိုးသား တို့ သည် ဧလိရှဲ ရှေ့ မှာထိုင် ကြစဉ်၊ ပရောဖက် အမျိုးသား တို့ အဘို့ ကြီး သော အိုး ကင်းကိုပြင် ၍ ဟင်း ချက်လော့ဟု မိမိ ကျွန် အား ဆို ၏
၃၈တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
39 ၃၉ တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊”
၃၉တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ် ပင်ကို တွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ၊
40 ၄၀ ထိုဘူးမျိုးကို မ သိ ဘဲဟင်း အိုး ထဲသို့ ခတ်လေ၏။ ဟင်း အိုးစား အံ့ဟု လောင်း ပြီးမှ ဝိုင်း၍စား ကြစဉ်တွင်၊ အိုဘုရား သခင်၏လူ ၊ အိုး ထဲ၌ သေ ဘေးရှိ ပါသည်ဟု အော်ဟစ် ၍ မ စား နိုင် ဘဲ နေကြ၏
၄၀ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။
41 ၄၁ ဧလိရှဲကလည်း၊ မုန့်ညက် ကို ယူ ခဲ့ဟုဆို ၍ အိုး ထဲ မှာ ခတ် ပြီးလျှင် ၊ လူ များစား စရာဘို့လောင်း ဦးလော့ဟု ဆို ပြန်သော် ၊ အိုး ၌ ဘေး မ ရှိ။
၄၁ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲ မှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
42 ၄၂ တဖန် ဗာလရှလိရှ မြို့မှ လူ တယောက်သည် လာ ၍ ၊ အဦး သီးသော မုယော ဆန်ဖြင့် လုပ်သော မုန့် လုံး နှစ်ဆယ် နှင့် အိတ် ၌ ထည့်သော အသီးအနှံ များကို ဘုရား သခင် ၏ လူ ထံသို့ ဆောင် ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များ ကို ကျွေး လော့ဟုဆို လျှင်၊ “
၄၂တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရား သခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင်၊
43 ၄၃ ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊”
၄၃ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
44 ၄၄ ကျွန်သည်လူ များရှေ့ မှာထည့် ၍ ထာဝရဘုရား ၏ စကား တော်နှင့်အညီ ထိုသူတို့သည် ဝစွာစား ကြ၍ ၊ စားစရာကျန်ကြွင်း လျက်ရှိ၏
၄၄ကျွန်သည်လူများရှေ့မှာထည့်၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။

< ၄ ဓမ္မရာဇဝင် 4 >