< ၄ ဓမ္မရာဇဝင် 4 >
1 ၁ ပရောဖက် အမျိုးသား ၏ မယား တယောက် သည်ဧလိရှဲ ထံသို့ လာ၍၊ ကိုယ်တော် ကျွန် ၊ ကျွန်မ ၏ ခင်ပွန်း သေ ပါပြီ။ ကိုယ်တော် ကျွန် သည် ထာဝရဘုရား ကို ရိုသေ သောသူဖြစ် သည်ကို ကိုယ်တော် သိ တော်မူ၏။ ယခုမှာ ကြွေးရှင် သည်ကျွန်မ ၏သား နှစ် ယောက်ကို ကျွန်ခံ စေခြင်းငှါ လာ ပါပြီဟု ကြွေးကြော် လေ၏
Now there cried a certain woman of the wives of the sons of the prophets unto Elisha, saying: 'Thy servant my husband is dead; and thou knowest that thy servant did fear the LORD; and the creditor is come to take unto him my two children to be bondmen.'
2 ၂ ဧလိရှဲ ကလည်း ၊ သင့် အဘို့ အဘယ်သို့ ငါပြု ရ မည်နည်း။ သင့် အိမ် ၌ အဘယ် ဥစ္စာရှိ သနည်းဟုမေး လျှင်၊” ကိုယ်တော်” ကျွန် မအိမ် ၌ ဆီ အိုး တလုံးမှတပါး အဘယ်ဥစ္စာမျှ မ ရှိပါဟု ပြောဆို သော်၊
And Elisha said unto her: 'What shall I do for thee? tell me; what hast thou in the house?' And she said: 'Thy handmaid hath not any thing in the house, save a pot of oil.'
3 ၃ ဧလိရှဲက သွား လော့။ အိမ်နီးချင်း ရှိသမျှ တို့တွင် လပ် သောအိုး တို့ကို ငှါး ယူလော့။ များစွာသော အိုး တို့ကို ငှားယူလော့
Then he said: 'Go, borrow thee vessels abroad of all thy neighbours, even empty vessels; borrow not a few.
4 ၄ ကိုယ်အိမ်သို့ ရောက် သောအခါ ၊ သား တို့ကို ခေါ်၍ တံခါး ကို ပိတ် ပြီးမှ ငှါးယူသော အိုး များအထဲ သို့ ဆီကို အပြည့် လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း၊”
And thou shalt go in, and shut the door upon thee and upon thy sons, and pour out into all those vessels; and thou shalt set aside that which is full.'
5 ၅ ထိုမိန်းမသည် သွား ၍ သား တို့သည် အိုးများကို ယူခဲ့ ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍ တံခါး ကိုပိတ် လျက် ဆီကို လောင်း လေ၏
So she went from him, and shut the door upon her and upon her sons; they brought the vessels to her, and she poured out.
6 ၆ အိုး များ၌ ဆီပြည့် သောအခါ ၊ အိုး တလုံးကို ယူ ခဲ့ဦးဟုသား အား ဆို လျှင် ၊ အိုး လပ်မ ရှိပါဟု ပြန်ပြော သော် ၊ ဆီ သည် တန့် လျက် နေ၏
And it came to pass, when the vessels were full, that she said unto her son: 'Bring me yet a vessel.' And he said unto her: 'There is not a vessel more.' And the oil stayed.
7 ၇ ထိုမိန်းမသည်လာ ၍ ဘုရား သခင်၏ လူ ကို ကြားပြော လျှင် ၊ သူက ထိုဆီ ကိုသွား ၍ ရောင်း ပြီးလျှင် ကြွေး ကို ဆပ် လော့။ ကြွင်း သောဆီကို အမှီပြု၍ သင် နှင့် သား တို့သည် အသက် မွေးကြလော့ဟု ဆို ၏
Then she came and told the man of God. And he said: 'Go, sell the oil, and pay thy debt, and live thou and thy sons of the rest.'
8 ၈ တနေ့သ၌ဧလိရှဲ သည်ရှုနင် မြို့သို့ သွား ရာ တွင်၊ ထို မြို့၌ ထင်ရှား သောမိန်းမ တယောက်သည် ဧလိရှဲ ကို ကျွေး ခြင်းငှါ ခေါ် ပင့်လေ၏။ နောက်မှထိုလမ်း သို့ သွား သောအခါခါ ၊ ကျွေး ခြင်းကိုခံ အံ့သောငှါ ထို အိမ်သို့ ဝင် တတ်၏
And it fell on a day, that Elisha passed to Shunem, where was a great woman; and she constrained him to eat bread. And so it was, that as oft as he passed by, he turned in thither to eat bread.
9 ၉ မိန်းမကလည်း၊ ငါ တို့နေရာလမ်းဖြင့် အစဉ် သွား လာသောဤသူ သည် ဘုရား သခင်၏ သန့်ရှင်း သူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏
And she said unto her husband: 'Behold now, I perceive that this is a holy man of God, that passeth by us continually.
10 ၁၀ ဝင်ရိုး အပေါ်မှာ အခန်းငယ် တခုကို လုပ် ကြကုန် အံ့။ သူ့ အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံ တို့ကို ထား ကြကုန် အံ့။ သို့ဖြစ်၍ ၊ သူ သည်ငါ တို့ ဆီ သို့ရောက် သောအခါ ၊ ထို အခန်းထဲ သို့ ဝင် လိမ့်မည်ဟု မိမိ ခင်ပွန်း အား ဆို ၏
Let us make, I pray thee, a little chamber on the roof; and let us set for him there a bed, and a table, and a stool, and a candlestick; and it shall be, when he cometh to us, that he shall turn in thither.'
11 ၁၁ တနေ့သ၌ ဧလိရှဲသည် ရောက် သဖြင့် ၊ ထိုအခန်း ထဲသို့ ဝင် ၍ အိပ် နေ၏
And it fell on a day, that he came thither, and he turned into the upper chamber and lay there.
12 ၁၂ ထို ရှုနင် မြို့သူမိန်းမကို ခေါ် လော့ဟု မိမိ ကျွန် ဂေဟာဇိ အား ဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် ဧလိရှဲ ရှေ့ မှာ ရပ် နေ၏
And he said to Gehazi his servant: 'Call this Shunammite.' And when he had called her, she stood before him.
13 ၁၃ ဧလိရှဲက၊ သင်သည်ငါ တို့အဘို့ ဤ မျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့် အဘို့ အဘယ် သို့ပြု ရ မည်နည်း။ သင့် အဘို့ ရှင်ဘုရင် ထံ ၊ ဗိုလ်ချုပ် မင်းထံ ၌ ငါပြော ရမည်လော ဟု ဂေဟာဇိမေးမည်အကြောင်းစီရင် သော်၊” မိန်းမက၊ ကျွန်မ” သည် ကိုယ် အဆွေအမျိုး တို့တွင် နေ ပါဦးမည်ဟု ပြန်ပြော ၏
And he said unto him: 'Say now unto her: Behold, thou hast been careful for us with all this care; what is to be done for thee? wouldest thou be spoken for to the king, or to the captain of the host?' And she answered: 'I dwell among mine own people.'
14 ၁၄ ဧလိရှဲကလည်း၊ ဤ မိန်းမအဘို့ အဘယ်သို့ ပြု စရာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဂေဟာဇိ က၊ ဤ မိန်းမ၌ သားသမီး မ ရှိပါ။ သူ့ ခင်ပွန်း လည်း အို လှပြီဟု ဆို သော်၊
And he said: 'What then is to be done for her?' And Gehazi answered: 'Verily she hath no son, and her husband is old.'
15 ၁၅ တဖန် ခေါ် ဦးလော့ဟုဆို သည်အတိုင်း ခေါ် ၍ ၊ မိန်းမ သည် တံခါးဝ မှာ ရပ် နေ၏
And he said: 'Call her.' And when he had called her, she stood in the door.
16 ၁၆ ဧလိရှဲကလည်း၊ သင် သည် နောင် နှစ်အချိန် အရွယ် စေ့သောအခါ သား ကို ဘက်ယမ်း ရလိမ့်မည်ဟု ဆို လျှင်၊ မိန်းမက အိုအရှင်၊ ဘုရား” သခင်၏လူ ၊ ကိုယ်တော် ကျွန် မကို မုသာ မ သုံးပါနှင့်ဟု ပြန်ပြော ၏
And he said: 'At this season, when the time cometh round, thou shalt embrace a son.' And she said: 'Nay, my lord, thou man of God, do not lie unto thy handmaid.'
17 ၁၇ ထိုနောက် မိန်းမ သည် ပဋိသန္ဓေ ယူ၍ ဧလိရှဲ ချိန်းချက် သော အချိန်အရွယ် စေ့သောအခါ သား ကို ဘွားမြင် လေ၏
And the woman conceived, and bore a son at that season, when the time came round, as Elisha had said unto her.
18 ၁၈ ထိုသား သည် နို့ ကွာပြီးမှ ၊ တနေ့သ၌ စပါး ရိတ် သောသူတို့ရှိ ရာ မိမိ အဘ ထံသို့ သွား ၍၊ “
And when the child was grown, it fell on a day, that he went out to his father to the reapers.
19 ၁၉ ငါ သည်ခေါင်း နာ၏။ ခေါင်း နာ၏ဟု အဘ အား ပြောဆို လျှင် ၊ အဘက၊ သူငယ် ကို အမိ ထံသို့ ယူ သွားဟု လုလင် အား ပြော ၏
And he said unto his father: 'My head, my head.' And he said to his servant: 'Carry him to his mother.'
20 ၂၀ လုလင်သည်အမိ ထံသို့ ယူ သွား၍ ၊ သူငယ်သည် အမိ ရင်ခွင် ၌ ထိုင် ၍ မွန်းတည့် အချိန်ရှိပြီးမှသေ ၏
And when he had taken him, and brought him to his mother, he sat on her knees till noon, and then died.
21 ၂၁ အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်း ကို ဘုရားသခင့် လူ ၏ခုတင် ပေါ် မှာထား ပြီး လျှင်၊ တံခါးကို ပိတ် ခဲ့၍ သွား လေ၏
And she went up, and laid him on the bed of the man of God, and shut the door upon him, and went out.
22 ၂၂ ခင်ပွန်း ကို လည်း ခေါ် ၍ ၊ ကျွန်ုပ် သည် ဘုရားသခင် ၏လူ ထံသို့ ပြေး ၍ တဖန်ပြန် လာဦးမည်။ လုလင် တယောက် နှင့် မြည်း တစီး ကိုထည့် လိုက်ပါဟုဆို လျှင်၊”
And she called unto her husband, and said: 'Send me, I pray thee, one of the servants, and one of the asses, that I may run to the man of God, and come back.'
23 ၂၃ ခင်ပွန်းက၊ အဘယ် ကြောင့်ယနေ့ သွား ချင် သနည်း။ လဆန်း နေ့မ ဟုတ်၊ ဥပုသ် နေ့လည်း မ ဟုတ်ဟု ဆို သော် ၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏
And he said: Wherefore wilt thou go to him today? it is neither new moon nor sabbath.' And she said: 'It shall be well.'
24 ၂၄ မြည်း ကို ကုန်းနှီး တင်ပြီးမှ ကျွန် ကို ခေါ် ၍ နှင် သွားလော့။ ငါမပြောလျှင် ငါ့ ကြောင့် အသွား မ နှေးစေနှင့် ဟု ကျွန် အား မှာ ထားသဖြင့်၊””
Then she saddled an ass, and said to her servant: 'Drive, and go forward; slacken me not the riding, except I bid thee.'
25 ၂၅ ခရီးသွား ၍ ဘုရား သခင်၏ လူ ရှိ ရာ၊ ကရမေလ တောင် ပေါ် သို့ ရောက် သည်ကို ဘုရား သခင်၏ လူ သည် အဝေးကမြင်သောအခါ၊” မိမိ” ကျွန် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမလာ၏
So she went, and came unto the man of God to mount Carmel. And it came to pass, when the man of God saw her afar off, that he said to Gehazi his servant: 'Behold, yonder is that Shunammite.
26 ၂၆ သင်ပြေး ၍ ခရီးဦး ကြိုပြုပြီးလျှင် ၊ ကိုယ်တိုင် မာ ၏လော။ ခင်ပွန်း” မာ ၏လော။ သူငယ်” မာ ၏လော ဟု စေလွှတ်၍ မေးစေသော်၊ မိန်းမကမာ ပါ၏ ဟုဆို ၏
Run, I pray thee, now to meet her, and say unto her: Is it well with thee? is it well with thy husband? is it well with the child?' And she answered: 'It is well.'
27 ၂၇ ဘုရား သခင်၏ လူ ရှိရာတောင် ပေါ် သို့ ရောက် သောအခါ ၊ သူ ၏ ခြေ တို့ကို ဘက် လေ၏။ ဂေဟာဇိ သည် ဆီးတား ခြင်းငှါ ချဉ်း လာလျှင် ၊ ဘုရား သခင်၏ လူ ကသူ့ ကို မ ဆီးတားနှင့်။ သူ သည် စိတ် ညှိုးငယ် ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရား သည် ငါ့ အား မ ပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏
And when she came to the man of God to the hill, she caught hold of his feet. And Gehazi came near to thrust her away; but the man of God said: 'Let her alone; for her soul is bitter within her; and the LORD hath hid it from me, and hath not told Me.'
28 ၂၈ မိန်းမကလည်း၊ ကျွန်မသည် ကျွန်မ သခင် ထံမှာ သား ဆုကို တောင်း ပါသလော။ ကျွန်မ” ကိုမုသာ မ သုံးပါ နှင့်ဟု လျှောက် ဆိုသည်မ ဟုတ်လော ဟု ဆို ၏
Then she said: 'Did I desire a son of my lord? did I not say: Do not deceive me?'
29 ၂၉ ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ သင် ၏ခါး ကို စည်း လော့။ ငါ့ တောင်ဝေး ကို ကိုင် ၍ သွား လော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာ တင် လော့ဟု မှာထားလေ၏
Then he said to Gehazi: 'Gird up thy loins, and take my staff in thy hand, and go thy way; if thou meet any man, salute him not; and if any salute thee, answer him not; and lay my staff upon the face of the child.'
30 ၃၀ အမိ ကလည်း၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မ သွားနိုင်ပါဟု ဆို လျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ၏
And the mother of the child said: 'As the LORD liveth, and as thy soul liveth, I will not leave thee.' And he arose, and followed her.
31 ၃၁ ဂေဟာဇိ သည်အရင် သွား ၍ ၊ တောင်ဝေး ကို သူငယ် ၏မျက်နှာ ပေါ် မှာတင် သော်လည်း ၊ သူငယ်သည် အသံ မ ပြုအမှုမ ထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲ ကို ခရီးဦး ကြိုပြု၍ ၊ သူငယ် သည် မ နိုး ပါဟု ပြန်ပြော ၏
And Gehazi passed on before them, and laid the staff upon the face of the child; but there was neither voice, nor hearing. Wherefore he returned to meet him, and told him, saying: 'The child is not awaked.'
32 ၃၂ ဧလိရှဲ သည် အိမ် သို့ ရောက် သောအခါ ၊ သူငယ် သေ လျက်၊ မိမိ ခုတင် ပေါ် မှာ တင် ထားလျက်ရှိသည်ကို တွေ့ သဖြင့်၊ “
And when Elisha was come into the house, behold, the child was dead, and laid upon his bed.
33 ၃၃ အထဲသို့ဝင် ၍ နှစ် ယောက်တည်းရှိစေခြင်းငှါ တံခါး ကိုပိတ် လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
He went in therefore, and shut the door upon them twain, and prayed unto the LORD.
34 ၃၄ သူငယ် ၏အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ် မှာအိပ် လျက် နှုတ် ချင်း၊ မျက်စိ ချင်း၊ လက် ချင်းထပ်လျက် ၊ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် သူငယ် အသား သည် နွေး စရှိ၏
And he went up, and lay upon the child, and put his mouth upon his mouth, and his eyes upon his eyes, and his hands upon his hands; and he stretched himself upon him; and the flesh of the child waxed warm.
35 ၃၅ တဖန် ဆင်း ၍ အခန်း ထဲ မှာစင်္ကြံ သွားပြီးလျှင် ၊ ချဉ်း ပြန်၍ သူငယ် အပေါ် မှာ ကိုယ်ကိုလှန် သဖြင့် ၊ သူငယ် သည် ခုနစ် ကြိမ် ချေ ဆတ်၍ မျက်စိ ကိုဖွင့် ၏
Then he returned, and walked in the house once to and fro; and went up, and stretched himself upon him; and the child sneezed seven times, and the child opened his eyes.
36 ၃၆ ဧလိရှဲသည် ဂေဟာဇိ ကို ခေါ် ၍ ၊ ရှုနင် မြို့သူမိန်းမကို ခေါ် လိုက်ဟုဆို သည်အတိုင်း ခေါ် ၍ သူသည် ရောက် လာသောအခါ ၊ ဧလိရှဲ က သင် ၏သား ကို ချီ ယူ လော့ဟု ဆို ၏
And he called Gehazi, and said: 'Call this Shunammite.' So he called her. And when she was come in unto him, he said: 'Take up thy son.'
37 ၃၇ မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေ ပေါ် မှာ ပြပ်ဝပ် ဦးချပြီးလျှင် သား ကိုချီ ယူ၍ ထွက် သွား၏
Then she went in, and fell at his feet, and bowed down to the ground; and she took up her son, and went out.
38 ၃၈ တဖန် ဧလိရှဲ သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထိုပြည် ၌ အစာ ခေါင်းပါး၏။ ပရောဖက် အမျိုးသား တို့ သည် ဧလိရှဲ ရှေ့ မှာထိုင် ကြစဉ်၊ ပရောဖက် အမျိုးသား တို့ အဘို့ ကြီး သော အိုး ကင်းကိုပြင် ၍ ဟင်း ချက်လော့ဟု မိမိ ကျွန် အား ဆို ၏
And Elisha came again to Gilgal; and there was a dearth in the land; and the sons of the prophets were sitting before him; and he said unto his servant: 'Set on the great pot, and seethe pottage for the sons of the prophets.'
39 ၃၉ တစုံ တယောက်သောသူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ် ခြင်းငှါ လယ်ပြင် သို့ သွား ၍ တော နွယ် ပင်ကို တွေ့ လျှင် ၊ တော ဘူးသီး ပိုက် နိုင်သမျှကို ဆွတ်ယူပြီးမှ၊”
And one went out into the field to gather herbs, and found a wild vine, and gathered thereof wild gourds his lap full, and came and shred them into the pot of pottage; for they knew them not.
40 ၄၀ ထိုဘူးမျိုးကို မ သိ ဘဲဟင်း အိုး ထဲသို့ ခတ်လေ၏။ ဟင်း အိုးစား အံ့ဟု လောင်း ပြီးမှ ဝိုင်း၍စား ကြစဉ်တွင်၊ အိုဘုရား သခင်၏လူ ၊ အိုး ထဲ၌ သေ ဘေးရှိ ပါသည်ဟု အော်ဟစ် ၍ မ စား နိုင် ဘဲ နေကြ၏
So they poured out for the men to eat. And it came to pass, as they were eating of the pottage, that they cried out, and said: 'O man of God, there is death in the pot.' And they could not eat thereof.
41 ၄၁ ဧလိရှဲကလည်း၊ မုန့်ညက် ကို ယူ ခဲ့ဟုဆို ၍ အိုး ထဲ မှာ ခတ် ပြီးလျှင် ၊ လူ များစား စရာဘို့လောင်း ဦးလော့ဟု ဆို ပြန်သော် ၊ အိုး ၌ ဘေး မ ရှိ။
But he said: 'Then bring meal.' And he cast it into the pot; and he said: 'Pour out for the people, that they may eat.' And there was no harm in the pot.
42 ၄၂ တဖန် ဗာလရှလိရှ မြို့မှ လူ တယောက်သည် လာ ၍ ၊ အဦး သီးသော မုယော ဆန်ဖြင့် လုပ်သော မုန့် လုံး နှစ်ဆယ် နှင့် အိတ် ၌ ထည့်သော အသီးအနှံ များကို ဘုရား သခင် ၏ လူ ထံသို့ ဆောင် ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူ များ ကို ကျွေး လော့ဟုဆို လျှင်၊ “
And there came a man from Baal-shalishah, and brought the man of God bread of the first-fruits, twenty loaves of barley, and fresh ears of corn in his sack. And he said: 'Give unto the people, that they may eat.'
43 ၄၃ ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊”
And his servant said: 'How should I set this before a hundred men?' But he said: 'Give the people, that they may eat; for thus saith the LORD: They shall eat, and shall leave thereof.'
44 ၄၄ ကျွန်သည်လူ များရှေ့ မှာထည့် ၍ ထာဝရဘုရား ၏ စကား တော်နှင့်အညီ ထိုသူတို့သည် ဝစွာစား ကြ၍ ၊ စားစရာကျန်ကြွင်း လျက်ရှိ၏
So he set it before them, and they did eat, and left thereof, according to the word of the LORD.