< ၄ ဓမ္မရာဇဝင် 3 >

1 ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ရှစ် နှစ် တွင် ၊ အာဟပ် သား ယောရံ သည်ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို စိုးစံ ၏
Basi katika mwaka wa kumi na nane wa Yehoshefati mfalme wa Yuda, Yoramu mwana wa Ahabu alianza kutawala juu ta Israeli katika Samaria; alitawala miaka kumi na miwili.
2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ သို့ရာတွင် မိဘ ကဲ့သို့ မ ပြု။ ခမည်း တော်လုပ် သော ဗာလ ရုပ်တု ကို ပယ်ရှား ၏
Alifanya yaliyo maovo usoni kwa Yahwe, lakini si kama baba yake na mama yake; kwa kuwa aliiondoa ile nguzo ya mungu wa Baali ambayo baba yake aliitengeneza.
3 သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှား စေ သော နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ် ကို မ ရှောင် ၊ မှီဝဲ ၏
Hata hivyo alishikilia dhambi za Yeroboamu mwana wa Nebati, ambaye alisababisha Israeli kufanya dhambi; wala hakuziacha mbali nao.
4 မောဘ မင်းကြီး မေရှာ သည်သိုးထိန်း ကြီး ဖြစ် ၍ ၊ ဣသရေလ ရှင်ဘုရင် အား သိုးသငယ် တသိန်း နှင့် အမွေး ပါသောသိုးထီး တသိန်း ကို ဆက် ရ၏
Basi Mesha mfalme wa Moabu alifuga kondoo. Alikuwa akimpatia mfalme wa Israeli kondoo 100, 000 na manyoya ya kondoo dume 100, 000.
5 အာဟပ် သေ သောအခါ ၊ မောဘ မင်းကြီး သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏
Ila baada ya Ahabu kufa, yule mfalme wa Moabu aliasi dhidi ya mfalme wa Israeli.
6 ထိုအခါ ယောရံ မင်းကြီး သည် ရှမာရိ မြို့ထဲ က ထွက် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို စာရင်း ယူ၏
Hivyo Mfalme Joramu alikaondoka Samaria katika muda huo kuwahamasisha Waisraeli wote kwa ajili ya vita.
7 ယုဒ ရှင်ဘုရင် ယောရှဖတ် ထံ သို့လူကိုစေလွှတ် ၍ ၊ မောဘ မင်းကြီး သည် ငါ့ ကို ပုန်ကန် ပြီ။ မောဘ ပြည်ကို စစ်တိုက် ခြင်းငှါ ငါ နှင့်အတူ လိုက် မည်လော ဟု မေး လျှင် ၊ ယောရှဖတ်က ငါလိုက် မည်။ ငါ သည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏ လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏
Akatuma mjumbe kwa Yehoshafati mfalme wa Yuda, akisema, “Mfalme wa Moabu ameasi dhidi yangu. Je mtakwenda pamoja nami kupigana dhidi ya Moabu?” Yehoshafati akajibu, “Nitaenda. Mimi ni kama wewe, watu wangu ni kama watu wako, farasi wangu ni kama farasi wako.”
8 အဘယ် လမ်း ဖြင့် စစ်ချီရမည်နည်းဟုမေး သော် ၊ ဧဒုံ တော လမ်း ဖြင့် ချီ ရမည်ဟုပြန်ပြော ၏
Ndipo akasema, “Tutawashambulia kwa njia gani?” Yehoshafati akajibu, “Kwa njia ya jangwa la Edemu.
9 ထိုသို့ ဣသရေလ ရှင်ဘုရင် ၊ ယုဒ ရှင်ဘုရင် ၊ ဧဒုံ ရှင် ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ် ရက် ခရီး သွား ကြ၏။ ဗိုလ်ခြေ များ သောက်စရာ၊ ပါသောတိရစ္ဆာန် များသောက် စရာ ရေ မ ရှိ။
Hivyo huyo mfalme wa Israeli, Yuda, na Edomu wakazunguka kwa mda wa siku saba. Hapakuwa na maji kwa ajili ya jeshi lao, wala kwa farasi au wanyama.
10 ၁၀ ဣသရေလ ရှင်ဘုရင် က၊ ခက် လှပြီ။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို ၏
Basi mfalme wa Israeli akasema, “Hii ni nini? Yahwe amewaita wafalme watatu ili kutekwa mikononi mwa Moabu?”
11 ၁၁ ယောရှဖတ် ကလည်း၊ ထာဝရဘုရား ၌ မေး လျှောက် မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမ ရှိသလောဟုမေး လျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန် တယောက် က၊ ဧလိယ လက် ထောက် ရှာဖတ် သား ဧလိရှဲ ရှိပါ၏ဟု လျှောက် သော်၊ “
Lakini Yehoshafati akasema, “je hakuna nabii wa Yahwe, ambaye tunaweza kufanya shauri kuhusu Yahwe kupitia yeye?” Mtumishi mmoja wa wafalme wa Israeli akajibu na kusema, “Elisha mwana wa Shafati yuko hapa, ambaye alikuwa akimimina maji kwenye mikono ya Eliya.”
12 ၁၂ ယောရှဖတ် က၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် သူ ၌ရှိ တော်မူသည်ဟုဆို လျက် ၊ ရှင် ဘုရင်သုံးပါးတို့သည် ဧလိရှဲ ထံသို့ သွား ကြ၏
Yehoshafati akasema, “Neno la Yahwe liko pamoja nami.” Hivyo mfalme wa Israeli, Yehoshaphati, na mfalme wa Edomu wakashuka chini kwenda kwake.
13 ၁၃ ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “
Elisha akamwambia mfalme wa Israeli, “Nifanye nini kwa ajili yako? Nenda kwa manabii wa baba na mama yako.” Ndipo mfalme wa Israeli akamwambia, “Hapana, kwa sababu Yahwe amewaita hawa wafalme watatu pamoja ili kuruhusu jeshi la Moabu liwateke.”
14 ၁၄ ဧလိရှဲ က၊ ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ အကယ်၍ယုဒ ရှင်ဘုရင် ယောရှဖတ် ၏ မျက်နှာ ကို ငါ မ ထောက် လျှင်၊ သင့် ကို ငါမ ကြည့် မ မြင် လို
Elisha akajibu, “Kama Yawhe wa majeshi aishivo, ambaye nimesimama mbele zake, hakika kama nisingemheshimu uwepo wa Yehoshafati mfalme wa Yeda, Nisingevuta usikivu kwako, au hata kukutazama.
15 ၁၅ စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီး သောအခါ ၊ ထာဝရဘုရား ၏ လက် တော်သည် ဧလိရှဲ အပေါ် သို့ ရောက် ၍၊ “
Lakini sasa niletee mwanamuziki.” Ndipo alipokuja mpiga muziki alipocheza, mkono wa Yahwe ukaja juu ya Elisha.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ချိုင့် ပတ်လည် ၌ ဆယ် ပေါင်းတို့ကို လုပ် ကြလော့
Akasema, “'Yahwe asema hivi, 'Fanya hili bonde la mto mkavu lijae mahandaki.'
17 ၁၇ အကြောင်း မူကား၊ သင် တို့နှင့် တိရစ္ဆာန် တို့သည် သောက် စရာဘို့ လေ မ လာ ၊ မိုဃ်း မ ရွာ ဘဲ ဤ ချိုင့် သည် ရေ နှင့် ပြည့် လိမ့်မည်
Kwa kuwa Yahwe asema hivi, 'Hutaona upepo, wala hamtaona mvua, bali hili bonde la mto litajaa maji, na mtakunywa, ninyi na mifugo yenu na wanyama wenu wote.'
18 ၁၈ ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည်
Hiki ni kitu rahisi usoni mwa Yahwe. Pia atawapa ushindi juu ya hao Wamoabu.
19 ၁၉ သင်တို့သည် ခိုင်ခံ့ ထူးဆန်းသော မြို့ ရှိသမျှ တို့ကို လုပ်ကြံ ကြလိမ့်မည်။ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြလိမ့်မည်။ ရေ တွင်း ရှိသမျှ တို့ကို မြေ ဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှ တို့ကို ကျောက်ခဲ နှင့် ဖျက် ကြ လိမ့်မည်ဟု မိန့် တော်မူ၏
Mtaiteka kila ngome ya mji na kila mji mzuri, kukata kila mti mzuri, kusimamisha chemichemi zote za maji, na kuharibu kila sehemu nzuri ya nchi na miamba.”
20 ၂၀ နံနက် အချိန် ဘောဇဉ် ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေ သည် ဧဒုံ လမ်း ဖြင့် လာ ၍ တပြည်လုံး ကို လွှမ်း လေ၏
Hivyo asubuhi karibia na mda wa kutoa sadaka ya kuteketeza, yakaja maji kutoka uelekeo wa Edomu; nchi ikajaa maji.
21 ၂၁ ရှင် ဘုရင်တို့သည် စစ်ချီ၍ လာ ကြောင်း ကို မောဘ ပြည်သားအပေါင်း တို့သည် ကြား သောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှ တို့ကို စုဝေး စေ၍ ၊ ပြည် စွန်းနား မှာ တပ်ချ ကြ၏
Ndipo wakati Wamoabu wote waliposikia kwamba wafalme wamekuja kupigana dhidi yao, walikusanyika pamoja, wote waliotakiwa kubeba silaha, na wakasimama mpakani.
22 ၂၂ နံနက် စောစောထ သောအခါ ၊ ရေ ပေါ် မှာ နေ ရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေ သည်အသွေး ကဲ့သို့ နီ သည်ကို မောဘ ပြည်သားတို့သည် မြင် ကြလျှင်၊”
Walitembea asubuhi na mapema na jua likang'aa kwenye maji. Wakati Wamoabu walipoyaona yale maji yaliyowaelekea, yanaonekana mekundu kama damu.
23 ၂၃ အသွေး ဖြစ်၏။ စင်စစ်ရှင် ဘုရင်တို့သည် တယောက် ကိုတယောက်လုပ်ကြံ ၍ သေ ကြပြီ။ သို့ဖြစ်၍ မောဘ ပြည်သားတို့၊ လု ယူကြလော့ဟု ဆို ကြ၏
Wakatamka kwa hasira, “Hii ni damu! Yamkini hao wafalme wameharibiwa, na wameuna wao kwa wao! Sasa basi, Moabu, ngoja tuende tukawateke nyara!”
24 ၂၄ ဣသရေလ တပ် သို့ ရောက် သောအခါ ၊ ဣသရေလ လူတို့သည် ထ ၍ မောဘ ပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် မောဘ ပြည်ထဲသို့ တိုင်အောင်လိုက် ၍ လုပ်ကြံ ကြ၏
Wakati walipokuja kwenye kambi ya Israeli, Waisraeli wakawashtukiza na kuwashambulia Wamoabi, ambao walikimbia mbele yao. Hilo jeshi la Israeli waliwakimbiza hao Wamoabu hadi kwao wakiwaua.
25 ၂၅ မြို့ တို့ကိုဖြိုဖျက် ကြ၏။ ကောင်း သော မြေကွက် ရှိသမျှ တို့အပေါ်မှာ လူ အပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်း ကြ၏။ ရေ တွင်း ရှိသမျှ တို့ကိုလည်း မြေ ဖို့ ၍ ၊ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြ၏။ ကိရဟရက် မြို့၌ သာ မြို့ရိုး ကို ချန် ထားရာတွင်၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ် ကြ၏
Waliiharibu miji, na kila aina ya amani ya nchi kila mtu alirusha jiwe mpaka ulipojaa. Walizuia kila chemichemi ya maji na kukata chini miti mizuri yote. Kir-haresethi tu ndiyo ilichwa na mawe yake. Lakini hao maaskari wakawashambulia na makombeo wakiwazunguka na kuishambulia.
26 ၂၆ မောဘ မင်းကြီး သည် အတိုက်မခံနိုင်သည်ကို သိ သောအခါ ၊ ထား ကိုင် သောသူ ခုနစ် ရာ ကို ခေါ် ၍ ဧဒုံ ရှင်ဘုရင် ၏ တပ် ကို ဖျက် မည်ဟု အားထုတ် သော်လည်း မ ဖျက်နိုင်။
Ndipo Mfalme Mesha wa Moabu alipoona kwamba ameshindwa, alichukua watu hodari wa upanga mia saba pamoja naye kwenda kwa mfalme wa Edomu, lakini walishindwa.
27 ၂၇ နောက်မှ မိမိ ကိုယ်စား နန်း ထိုင်ထိုက်သော သားဦး ကို ယူ ၍ မြို့ရိုး ပေါ် မှာ မီးရှို့ ရာယဇ်ပြု လေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါးအမျက် ထွက်ခြင်း ကို ခံရ သောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ် ပြည် သို့ ပြန်သွား ကြ၏
Ndipo akamchukua mtoto wake wa kwanza, ambaye angetawala baada ya yeye, na akamuudhi kwa kumtoa kama sadaka ya kuteketezwa juu ya ukuta. Hivyo, kulikuwa na hasira kubwa dhidi ya Israeli, na hao Waisraeli, na Jeshi la Israeli likamuacha mfalme Mesha na kurudi kwenye nchi yao.

< ၄ ဓမ္မရာဇဝင် 3 >