< ၄ ဓမ္မရာဇဝင် 24 >

1 ယောယကိမ် မင်းလက်ထက် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ယောယကိမ် သည် သုံး နှစ် ကျွန်ခံ ပြီးမှတဖန်လှန်ပြန် ၍ ပုန်ကန် လေ၏
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
2 ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသော စကား တော်အတိုင်း ၊ ယုဒ ပြည်ကို ဖျက်ဆီး စေခြင်းငှါ ၊ ခါလဒဲ တပ်သား ၊ ရှုရိ တပ်သား ၊ မောဘ တပ်သား ၊ အမ္မုန် တပ်သား တို့ကို စစ်ချီ စေတော်မူ ၏
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
3 မနောရှ မင်းပြု မိသမျှ သော အပြစ်၊ “
မနောရှမင်းပြုမိသမျှသောအပြစ်၊
4 အသေ မခံထိုက်သောသူတို့ ကိုသတ် ၍ သူတို့ အသွေး နှင့် ယေရုရှလင် မြို့ကို ပြည့် စေသော အပြစ် များ ကို ထာဝရဘုရား သည် လွှတ် တော်မ မူ။ ယုဒ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား လိုသောငှါ စီရင် တော်မူသည် အတိုင်း သာ ထိုအမှုရောက် သတည်း
အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
5 ယောယကိမ် ပြု မူသော အမှု အရာကြွင်း လေ သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏
ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 ယောယကိမ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ယေခေါနိ သည်ခမည်းတော် အရာ ၌ နန်းထိုင် ၏
ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7 အဲဂုတ္တု မြစ် မှစ၍ ဥဖရတ် မြစ် တိုင်အောင် အဲဂုတ္တု ရှင်ဘုရင် ပိုင်သမျှသောမြေကို ဗာဗုလုန် ရှင်ဘုရင် ယူ သောကြောင့် ၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိ ပြည် မှ မချီမထွက်ရ
အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
8 ယေခေါနိ သည်အသက် ဆယ် ရှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သားဧလနာသန် ၏သမီး နဟုတ္တ အမည် ရှိ၏
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
9 ထိုမင်းသည် ခမည်းတော် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
10 ၁၀ ထို ကာလ ၌ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန် တို့သည် ယေရုရှလင် မြို့သို့စစ်ချီ ၍ ဝိုင်း ထားကြ ၏
၁၀ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ကိုယ်တိုင်ရောက် ၍ ၊ သူ ၏ကျွန် တို့သည် မြို့ ကို ဝိုင်း ထား ကြသောအခါ၊ “
၁၁ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
12 ၁၂ ယုဒ ရှင်ဘုရင် ယေခေါနိ သည် မယ်တော် မှစသော ကျွန် ၊ မှူးမတ် ၊ အရာ ရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင် ထံသို့ ထွက် ၍ ဗာဗုလုန် ရှင် ဘုရင်သည် နန်းစံ ရှစ် နှစ် တွင် ယုဒ ရှင်ဘုရင်ကိုရ ၏
၁၂ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
13 ၁၃ ထာဝရဘုရား မိန့် တော်မူဘူးသည်အတိုင်း ဗိမာန် တော်ဘဏ္ဍာ နှင့် နန်းတော် ဘဏ္ဍာ ရှိသမျှ ကို သိမ်းသွား ၍ ၊ ဗိမာန် တော်အဘို့ ဣသရေလ ရှင်ဘုရင် လုပ် သော ရွှေ တန်ဆာ အလုံးစုံ တို့ကို အပိုင်းပိုင်း ဖြတ်လေ၏
၁၃ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
14 ၁၄ ယေရုရှလင် မြို့သားမှူးမတ် ၊ ခွန်အားကြီးသော စစ်သူရဲ တသောင်း ၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်း တို့ကို သိမ်းသွား ၍ ၊ သာမညဆင်းရဲသား မှတပါး အဘယ်သူမျှမ ကျန်ကြွင်း ရ
၁၄ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
15 ၁၅ ယေခေါနိ နှင့် မယ်တော် အစ ရှိသော မိဖုရား များ၊ အရာရှိ များ၊ အားကြီးသော ပြည်သားများ အပေါင်း၊”
၁၅ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
16 ၁၆ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူ ရှိသမျှ ၊ ခွန်အား ကြီးသော လူခုနစ် ထောင် ၊ အထူးထူး အပြား အပြားသော ဆရာသမား တထောင် တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ လက်ရသိမ်း သွားလေ၏
၁၆စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 ၁၇ ဗာဗုလုန် ရှင် ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိ ကို ဇေဒကိ အမည် ဖြင့်မှည့် ၍ ယေခေါနိ အရာ ၌ နန်းတင် ၏
၁၇ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
18 ၁၈ ဇေဒကိ သည် အသက် နှစ်ဆယ် တ နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သားယေရမိ ၏သမီး ဟာမုတာလ အမည် ရှိ၏
၁၈ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
19 ၁၉ ထိုမင်းသည် ယောယကိမ် ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
၁၉ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
20 ၂၀ ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင့်ထုတ် မှီတိုင်အောင်အမျက် ထွက် တော်မူ၍ ၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏”
၂၀ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။

< ၄ ဓမ္မရာဇဝင် 24 >