< ၄ ဓမ္မရာဇဝင် 23 >

1 ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊ “
ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
2 ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ဗိမာန် တော်သို့တက် ၍ ၊ ဗိမာန် တော်၌ တွေ့ သော ပဋိညာဉ် ကျမ်း စာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏
ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
3 ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ် နှလုံး အကြွင်းမဲ့ စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု တိုင် နား မှာ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။ လူ အပေါင်း တို့သည်လည်း ထိုအဓိဋ္ဌာန် ကို ဝန်ခံ ကြ၏
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ၏။
4 နောက် တဖန်ယဇ်ပုရောဟိတ် မင်း ဟိလခိ ၊ ဒုတိယ ယဇ် ပုရောဟိတ်များနှင့် တံခါး စောင့် များတို့သည် ဗာလ ဘုရား၊ အာရှရ ပင်၊ မိုဃ်း ကောင်းကင်တန်ဆာ အဘို့ လုပ် သမျှ သောအသုံး အဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ် မည်အကြောင်း ရှင်ဘုရင် စီရင် သဖြင့်၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် တော ၌ မီးရှို့ ၍ ပြာ ကို ဗေသလ မြို့သို့ ဆောင် သွားကြ၏
နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
5 ယေရုရှလင် မြို့ပတ်လည် အစရှိသော ယုဒ မြို့ရွာ ၌ မြင့် သော အရပ်တို့အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒ ရှင်ဘုရင် ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကို၎င်း၊ ဗာလ ဘုရား၊ နေ လ ရာသီ စောင့် အစ ရှိသော မိုဃ်း ကောင်းကင်တန်ဆာ တို့အား နံ့သာပေါင်းကို မီးရှို့ သောသူတို့ ကို၎င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ၏
ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
6 အာရှရပင် ကိုလည်း ဗိမာန် တော်ထဲက ထုတ် ၍ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် ချောင်း သို့ ယူသွားသဖြင့်၊ ထိုချောင်းနား မှာ မီးရှို့ ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့် ကို ဆင်းရဲသားသင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ၏
အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
7 မိန်းမ တို့သည် အာရှရ ပင်အဘို့ ကုလားကာ ကို ရက် ရာအရပ် ဗိမာန် တော်နား မှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက် တော်မူ၏
မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
8 ယဇ် ပုရောဟိတ်အပေါင်း တို့ကို ယုဒ မြို့ရွာ တို့မှ ခေါ် ခဲ့၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ ရာမြင့် သော အရပ်များကို ဂေဗ မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ညစ်ညူး စေတော်မူ၏။ ယေရုရှလင်မြို့ ဝန် ယောရှု ၏ တံခါး ဝ လက်ဝဲ ဘက်နား မှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက် တော်မူ၏
ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှ မခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာမြင့်သော အရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညှုးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏ တံခါးဝလက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ ကုန်း တို့ကိုလည်း ဖြိုဖျက်တော်မူ၏။
9 မြင့် သောအရပ်နှင့် ဆိုင်သော ယဇ် ပုရောဟိတ်တို့သည်၊ ယေရုရှလင် မြို့ဗိမာန်တော် ယဇ် ပလ္လင်နားသို့ မ ချဉ်း ရဘဲ၊ အပေါင်း အဘော်တို့နှင့် တဆေး မဲ့မုန့်ကို စား ရသော အခွင့်သာရှိကြ၏
မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ၏။
10 ၁၀ အဘယ်သူမျှမိမိ သား သမီး ကို မောလုတ် ဘုရား အား မီး ဖြင့် မ ပူဇော် နိုင်မည်အကြောင်း ၊ ဟိန္နုံ သား၏ ချိုင့်၌ ရှိသောတောဖက် အရပ်ကိုလည်း ညစ်ညှုး စေတော်မူ ၏
၁၀အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ၏။
11 ၁၁ ယုဒ ရှင် ဘုရင်တို့သည် နေ ကို ပူဇော် ၍ ၊ ဗိမာန် တော်ဝင်း ပြင် အရာရှိ နာသမ္မေလက် အိမ် နား ၊ ဝင်း တော် တံခါးဝ၌ ထားသော မြင်း တို့ကိုလည်း ပယ်ရှား ၍ နေ ရထား တို့ကိုလည်း မီးရှို့ တော်မူ၏
၁၁ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
12 ၁၂ ယုဒ ရှင် ဘုရင်တို့သည် အာဟပ် မင်းတိုက် တော် အထက်ဆင့် အပေါ် မှာတည် ထားသော ယဇ် ပလ္လင်တို့နှင့် မနာရှေ မင်းသည် ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် တည် ထားသော ပလ္လင် တို့ကို ရှင်ဘုရင် ဖြိုချ ချေဖျက်၍ အမှုန့် ကို ကေဒြုန် ချောင်း ထဲသို့ ပစ် တော်မူ၏
၁၂ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။
13 ၁၃ ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ယေရုရှလင် မြို့အရှေ့ ၊ ဖျက်ဆီး ခြင်းတောင် လက်ျာ ဘက်၌ ရွံရှာ ဘွယ်သော ဇိဒုန် ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘ ဘုရား ခေမုရှ ၊ ရွံရှာဘွယ် သော အမ္မုန် ဘုရားမိလကုံ အဘို့ တည် သော ကုန်း တို့ကိုလည်း ရှင်ဘုရင် ညစ်ညှုး စေတော်မူ၏
၁၃ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ၏။
14 ၁၄ ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရ ပင်တို့ကို ခုတ်လှဲ ပြီးမှ ၊ သူ တို့တည် ရာအရပ်များကို လူ သေအရိုး တို့ နှင့် ပြည့် စေတော်မူ၏
၁၄ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ၏။
15 ၁၅ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် သည်၊ ဗေသလ မြို့၌ တည် သော ကုန်း နှင့် ယဇ် ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ ပြီးမှ ညက်ညက် ခြေတော်မူ၏။ အာရှရ ပင်ကိုလည်း မီးရှို့ တော်မူ၏
၁၅ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
16 ၁၆ ယောရှိ မင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထို တောင် ပေါ် မှာရှိသော သင်္ချိုင်း ကို မြင် သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်း ထဲက လူသေအရိုး တို့ကို ထုတ် ပြီးလျှင် ၊ ထို အမှု ကို အထက်ကဘော်ပြ သော ဘုရား သခင်၏လူ ဆင့်ဆို သော ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ အရိုးတို့ကို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ၍ ညစ်ညူး စေတော်မူ ၏
၁၆ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကို စေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင်၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ညစ်ညူးစေတော် မူ၏။
17 ၁၇ ယောရှိမင်းကလည်း၊ ငါ မြင် သော ထို မှတ်ကျောက် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ မြို့ သား တို့က၊ ကိုယ်တော်သည် ဗေသလ ယဇ် ပလ္လင်၌ ပြု တော်မူသော အမှု ကို၊ ယုဒ ပြည်မှ လာ ၍ ဘော်ပြ သော ဘုရား သခင်၏ လူ သင်္ချိုင်း ဖြစ်ပါသည်ဟု ပြန် လျှောက်ကြသော်၊ “
၁၇ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင်၌ပြုတော်မူသော အမှုကို၊ ယုဒပြည်မှလာ၍ ဘော်ပြသော ဘုရားသခင်၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
18 ၁၈ ရှင် ဘုရင်က ၊ ရှိ စေလော့။ ထိုသူ ၏အရိုး တို့ကို အဘယ်သူ မျှမ ရွှေ့ စေနှင့်ဟု မိန့် တော်မူသည်အတိုင်း သူ ၏ အရိုး တို့နှင့် ရှမာရိ မြို့မှ လာ သောပရောဖက် အရိုး တို့ကို ရှိ စေကြ၏
၁၈ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ၏။
19 ၁၉ ဣသရေလ ရှင် ဘုရင်တို့သည် အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိ မြို့ရွာ တို့၌ မြင့် သောအရပ်ပေါ်မှာ တည် လုပ်သော အိမ် ရှိသမျှ တို့ကိုလည်း ယောရှိ မင်းသည် ပယ်ရှား ၍ ၊ ဗေသလ မြို့၌ ပြု သမျှ အတိုင်း ပြု တော်မူ၏
၁၉ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သောအိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည် ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။
20 ၂၀ မြင့် သော အရပ်နှင့် ဆိုင်သောယဇ် ပုရောဟိတ်အပေါင်း တို့ကိုလည်း ယဇ် ပလ္လင်ပေါ် မှာ ကွပ်မျက် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ ပြီးမှယေရုရှလင် မြို့သို့ ပြန် တော်မူ ၏
၂၀မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ၏။
21 ၂၁ တဖန် ရှင်ဘုရင် ကလည်း၊ ဤ ပဋိညာဉ် ကျမ်းစာ ၌ လာ သည်အတိုင်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ပသခါ ပွဲကို ဆောင် ကြလော့ဟု လူ အပေါင်း တို့ကို မိန့် တော်မူ၏
၂၁တဖန်ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ ၌လာသည်အတိုင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ၏။
22 ၂၂ အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုး သော တရားသူကြီး လက်ထက် မှစ၍ ၊ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် လက်ထက် ကာလပတ်လုံး ၊ ထိုသို့ သော ပသခါ ပွဲကို တခါ မျှမဆောင် ကြ
၂၂အကယ်၍ ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက် ကာလပတ်လုံး၊ ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ။
23 ၂၃ ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ထို ပွဲ ကို ယေရုရှလင် မြို့၌ ထာဝရဘုရား အား ဆောင် ကြသတည်း
၂၃ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
24 ၂၄ ထို မှတပါး၊ ဗိမာန် တော်၌ ယဇ်ပုရောဟိတ် ဟိလခိ တွေ့ သော ကျမ်းစာ ၌ ပါ သောစကား အတိုင်း ကျင့် လိုသောငှါ ၊ ယောရှိ မင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တု မှစ၍ ရုပ်တု ဆင်းတုများကို၎င်း ၊ ယေရုရှလင် မြို့နှင့် ယုဒ ပြည် လုံးတွင် ရွံရှာဘွယ် သောအရာ တွေ့ သမျှ တို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏
၂၄ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လို သောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှ စ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။
25 ၂၅ မောရှေ တရား ၌ ပါသမျှ ကို ကျင့်သဖြင့်၊ စိတ်နှလုံး အကြွင်းမဲ့ အစွမ်း သတ္တိရှိသမျှ နှင့် ထာဝရဘုရား အထံ တော်သို့ ပြောင်းလဲ ၍ ၊ ယောရှိ မင်းနှင့် တူသော ရှင်ဘုရင် တယောက် မျှ မ ဖြစ် စဖူး။ နောင် ကာလ၌လည်း မ ပေါ် မရှိ
၂၅မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့်၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
26 ၂၆ သို့ရာတွင် မနာရှေ သည် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှား သော အပြစ် ရှိသမျှ တို့ကြောင့် ၊ ယုဒ အမျိုး၌ ပြင်းစွာ အမျက် ထွက်၍ စိတ် တော်မ ပြေ။
၂၆သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာ အမျက်ထွက်၍ စိတ်တော်မပြေ။
27 ၂၇ ဣသရေလ အမျိုးကို ငါ့ မျက်မှောက် မှ ပယ်ရှား သကဲ့သို့ ယုဒ အမျိုးကိုလည်း ငါပယ်ရှား မည်။ ငါရွေးချယ် သော ယေရုရှလင် မြို့ကို၎င်း ၊ အကြင်ဗိမာန်၌ငါ့ နာမ ကို ငါတည် စေမည်ဟု ငါဆို သော ဗိမာန် ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့် တော်မူ၏
၂၇ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို၎င်း၊ အကြင်ဗိမာန်၌ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ၏။
28 ၂၈ ယောရှိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၂၈ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
29 ၂၉ ထိုမင်း လက်ထက် ၌ အဲဂုတ္တု ဖာရော ဘုရင် နေခေါ သည် ဥဖရတ် မြစ် တိုင်အောင် အာရှုရိ ရှင်ဘုရင် ကို စစ်ချီ ၍ ၊ ယောရှိ မင်းကြီး သည် ဆီးတား ခြင်းငှါ ထွက် ရာတွင်၊ မေဂိဒ္ဒေါ မြို့မှာ မင်း ချင်းတွေ့ သောအခါ ၊ ယောရှိ မင်း သည် အသက် ဆုံးလေ၏
၂၉ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်း သည် အသက်ဆုံးလေ၏။
30 ၃၀ ကျွန် တို့သည် ရထား တော်ပေါ်မှာ တင် ပြီးလျှင် ၊ မင်းကြီး သေ စဉ်တွင် မေဂိဒ္ဒေါ မြို့မှ ယေရုရှလင် မြို့သို့ ဆောင် သွား၍ သင်္ချိုင်း တော်၌ သင်္ဂြိုဟ် ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ဘိသိတ် ပေးလျက် ခမည်းတော် အရာ ၌ နန်းတင် ကြ၏
၃၀ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
31 ၃၁ ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား ၊ လိဗန မြို့သားယေရမိ ၏ သမီး ဟာမုတာလ အမည် ရှိ၏
၃၁ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။
32 ၃၂ ထို မင်းသည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
၃၂ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
33 ၃၃ ဖာရော နေခေါ သည် ထိုမင်း ကို ယေရုရှလင် မြို့မှာ မင်း မပြုစေခြင်းငှါ ဟာမတ် ပြည် ၊ ရိဗလ မြို့မှာ အကျဉ်း ထား၍ ၊ ယုဒပြည် ၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကိုအခွန် တောင်း လေ၏
၃၃ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။
34 ၃၄ ဖာရော နေခေါ သည်လည်း ၊ ယောရှိ သား ဧလျာကိမ် ကို ခမည်းတော် အရာ ၌ နန်းတင် ၍ ယောယကိမ် အမည် သစ်ကိုပေး ၏။ ယောခတ် ကို အဲဂုတ္တု ပြည်သို့ယူ သွား၍ ထို ပြည်၌ ယောခတ်သည်သေ ၏
၃၄ဖာရော နေခေါသည်လည်း၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။
35 ၃၅ ယောယကိမ် သည်လည်း ဖာရော ဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေ ငွေ ခွဲ၍ ဖာရော ဘုရင် အား အခွန် ဆက်ရ၏။ ပြည်သူ ပြည်သားအသီးအသီးတို့ကို ရွှေ ငွေ ခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရော နေခေါ အား ဆက် လေ၏
၃၅ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင် အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရောနေခေါအား ဆက်လေ၏။
36 ၃၆ ယောယကိမ် သည် အသက်နှစ်ဆယ် ငါး နှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ရုမ မြို့သားပေဒဲယ ၏သမီး ဇေဗုဒ အမည် ရှိ၏
၃၆ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
37 ၃၇ ထိုမင်း သည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
၃၇ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။

< ၄ ဓမ္မရာဇဝင် 23 >