< ၄ ဓမ္မရာဇဝင် 21 >
1 ၁ မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဟဇ္ဇိဘ အမည် ရှိ၏
[was] a son of Two [plus] ten year[s] Manasseh when became king he and fifty and five year[s] he reigned in Jerusalem and [the] name of mother his [was] Hephzi-bah.
2 ၂ ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
And he did the evil in [the] eyes of Yahweh according to [the] abominations of the nations which he had dispossessed Yahweh from before [the] people of Israel.
3 ၃ ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏
And he returned and he built the high places which he had destroyed Hezekiah father his and he set up altars to Baal and he made an Asherah pole just as he had done Ahab [the] king of Israel and he bowed down to all [the] host of the heavens and he served them.
4 ၄ ယေရုရှလင် မြို့၌ ငါ့ နာမ ကိုငါ တည်စေမည်ဟု ထာဝရဘုရား မိန့် တော်မူသောမြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင် တည်းဟူသော၊ “
And he built altars in [the] house of Yahweh which he had said Yahweh in Jerusalem I will put name my.
5 ၅ ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏
And he built altars to all [the] host of the heavens in [the] two [the] courtyards of [the] house of Yahweh.
6 ၆ မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
And he made pass son his in the fire and he practiced soothsaying and he practiced divination and he dealt with necromancer and soothsayers he increased to do the evil in [the] eyes of Yahweh to provoke [him] to anger.
7 ၇ ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏
And he put [the] image of Asherah which he had made in the house which he had said Yahweh to David and to Solomon son his in the house this and in Jerusalem which I have chosen from all [the] tribes of Israel I will put name my for ever.
8 ၈ ငါမှာ ထားသမျှ အတိုင်း ငါ့ ကျွန် မောရှေ မှာ ထား သမျှ သော တရား အတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့် ခြင်းငှါ စောင့်ရှောက် လျှင် ၊ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် မှ သူတို့ကို နောက် တဖန် ငါမ ရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊”
And not I will repeat to make wander [the] foot of Israel from the ground which I gave to ancestors their only - if they will take care to do according to all that I have commanded them and to all the law which he commanded them servant my Moses.
9 ၉ သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏
And not they listened and he misled them Manasseh to do evil more than the nations which he had destroyed Yahweh from before [the] people of Israel.
10 ၁၀ ထိုကြောင့် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသည်ကား၊”
And he spoke Yahweh by [the] hand of servants his the prophets saying.
11 ၁၁ ယုဒ ရှင်ဘုရင် မနာရှေ သည် သူ့ ရှေ့ မှာ ဖြစ်ဘူး သော အာမောရိ လူတို့ပြု သမျှ ထက် သာ၍ရွံရှာဘွယ် သော ဤ ဒုစရိုက် တို့ကို ပြုသောကြောင့် ၎င်း ၊ မိမိ ရုပ်တု ဆင်းတုအားဖြင့် ယုဒ အမျိုးကို ပြစ်မှား စေသောကြောင့် ၎င်း၊”
Because that he has done Manasseh [the] king of Judah the abominations these he has done evil more than all that they did the Amorite[s] who [was] before him and he has caused to sin also Judah with idols his.
12 ၁၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည်
Therefore thus he says Yahweh [the] God of Israel here I [am] about to bring calamity on Jerusalem and Judah which every ([one who] hears of it *Q(K)*) they will tingle [the] two ears his.
13 ၁၃ ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
And I will stretch out over Jerusalem [the] measuring-line of Samaria and [the] leveling tool of [the] house of Ahab and I will wipe clean Jerusalem just as someone wipes clean the bowl he wipes [it] clean and he turns [it] over on face its.
14 ၁၄ ကျန်ကြွင်း သောငါ့ အမွေ လူတို့ကိုငါစွန့် ၍ ရန်သူ လက် သို့ အပ် သဖြင့် ၊ သူ တို့သည်ရန်သူ အပေါင်း တို့၏ လုယက် နှိပ်စက် ရာ ဖြစ် ကြလိမ့်မည်
And I will abandon [the] remnant of inheritance my and I will give them in [the] hand of enemies their and they will become spoil and plunder to all enemies their.
15 ၁၅ အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏
Because that they have done the evil in view my and they have been provoking to anger me since the day when they came out ancestors their from Egypt and until the day this.
16 ၁၆ မနာရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ယုဒ အမျိုးကို ပြစ်မှား စေသော အပြစ် မှတပါး အပြစ် မရှိသော သူအများတို့ကိုသတ် ၍ ယေရုရှလင် မြို့တဘက် မှ တဘက် တိုင်အောင် သူတို့အသွေး နှင့် ပြည့် စေခြင်းငှါပြု၏
And also blood innocent he shed Manasseh much very until that he had filled Jerusalem mouth to mouth apart from sin his which he caused to sin Judah to do the evil in [the] eyes of Yahweh.
17 ၁၇ မနာရှေ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် ပြစ်မှား သော အပြစ် တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And [the] rest of [the] matters of Manasseh and all that he did and sin his which he sinned ¿ not [are] they written on [the] scroll of [the] matters of the days of [the] kings of Judah.
18 ၁၈ မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဩဇ ဥယျာဉ် တည်းဟူသော မိမိ အိမ် နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
And he lay down Manasseh with ancestors his and he was buried in [the] garden of house his in [the] garden of Uzzah and he became king Amon son his in place of him.
19 ၁၉ အာမုန် သည် အသက် နှစ်ဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယုပ္ဘါ မြို့သူဟာရုပ် သမီး မေရှုလမက် အမည် ရှိ၏
[was] a son of Twenty and two year[s] Amon when became king he and two years he reigned in Jerusalem and [the] name of mother his [was] Meshullemeth [the] daughter of Haruz from Jotbah.
20 ၂၀ ထိုမင်း သည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
And he did the evil in [the] eyes of Yahweh just as he had done Manasseh father his.
21 ၂၁ ခမည်းတော် လိုက် သမျှ သော လမ်း သို့ လိုက် ၏။ ခမည်းတော် ဝတ်ပြု သော ရုပ်တု ဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏
And he walked in all the way which he had walked father his and he served the idols which he had served father his and he bowed down to them.
22 ၂၂ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ထာဝရဘုရား ၏ လမ်း တော်ကို လွှဲရှောင် ၏
And he forsook Yahweh [the] God of ancestors his and not he walked in [the] way of Yahweh.
23 ၂၃ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကို နန်းတော် ၌ လုပ်ကြံ ကြ၏
And they conspired [the] servants of Amon on him and they killed the king in own house his.
24 ၂၄ အာမုန် မင်းကြီး တဘက် ၌ သင်းဖွဲ့ သောသူ အပေါင်း တို့ကို ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌ နန်းတင် ကြ၏
And it struck down [the] people of the land all those [who] had conspired on the king Amon and they made king [the] people of the land Josiah son his in place of him.
25 ၂၅ အာမုန် ပြုမူသော အမှု အရာ ကြွင်း လေသမျှတို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And [the] rest of [the] matters of Amon which he did ¿ not [are] they written on [the] scroll of [the] matters of the days of [the] kings of Judah.
26 ၂၆ ဩဇ ဥယျာဉ် တွင် မိမိ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍ ၊ သား တော်ယောရှိ သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
(And someone buried *LB(ah)*) him in grave his in [the] garden of Uzzah and he became king Josiah son his in place of him.