< ၄ ဓမ္မရာဇဝင် 21 >

1 မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဟဇ္ဇိဘ အမည် ရှိ၏
Manasses [was] twelve years old when he began to reign, and he reigned fifty-five years in Jerusalem: and his mother's name [was] Apsiba.
2 ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
And he did that which was evil in the eyes of the Lord, according to the abominations of the nations which the Lord cast out from before the children of Israel.
3 ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏
And he built again the high places, which Ezekias his father [had] demolished; and set up an altar to Baal, and made groves as Achaab king of Israel [made them]; and worshipped all the host of heaven, and served them.
4 ယေရုရှလင် မြို့၌ ငါ့ နာမ ကိုငါ တည်စေမည်ဟု ထာဝရဘုရား မိန့် တော်မူသောမြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင် တည်းဟူသော၊ “
And he built an altar in the house of the Lord, whereas he had said, In Jerusalem I will place my name.
5 ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏
And he built an altar to all the host of heaven in the two courts of the house of the Lord.
6 မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
And he caused his sons to pass through the fire, and used divination and auspices, and made groves, and multiplied wizards, so as to do that which was evil in the sight of the Lord, to provoke him to anger.
7 ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏
And he set up the graven image of the grove in the house of which the Lord said to David, and to Solomon his son, In this house, and in Jerusalem which I have chosen out of all the tribes of Israel, will I even place my name for ever.
8 ငါမှာ ထားသမျှ အတိုင်း ငါ့ ကျွန် မောရှေ မှာ ထား သမျှ သော တရား အတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့် ခြင်းငှါ စောင့်ရှောက် လျှင် ၊ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် မှ သူတို့ကို နောက် တဖန် ငါမ ရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊”
And I will not again remove the foot of Israel from the land which I gave to their fathers, [even of those] who shall keep all that I commanded, according to all the commandments which my servant Moses commanded them.
9 သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏
But they hearkened not; and Manasses led them astray to do evil in the sight of the Lord, beyond the nations whom the Lord utterly destroyed from before the children of Israel.
10 ၁၀ ထိုကြောင့် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသည်ကား၊”
And the Lord spoke by his servants the prophets, saying,
11 ၁၁ ယုဒ ရှင်ဘုရင် မနာရှေ သည် သူ့ ရှေ့ မှာ ဖြစ်ဘူး သော အာမောရိ လူတို့ပြု သမျှ ထက် သာ၍ရွံရှာဘွယ် သော ဤ ဒုစရိုက် တို့ကို ပြုသောကြောင့် ၎င်း ၊ မိမိ ရုပ်တု ဆင်းတုအားဖြင့် ယုဒ အမျိုးကို ပြစ်မှား စေသောကြောင့် ၎င်း၊”
Forasmuch as Manasses the king of Juda has wrought all these evil abominations, beyond all that the Amorite did, who lived before [him], and has led Juda also into sin by their idols,
12 ၁၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည်
[it shall] not [be] so. Thus saith the Lord God of Israel, Behold, I bring calamities upon Jerusalem and Juda, so that both the ears of every one that hears shall tingle.
13 ၁၃ ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
And I will stretch out over Jerusalem the measure of Samaria, and the plummet of the house of Achaab: and I will wipe Jerusalem as a jar is wiped, and turned upside down in the wiping.
14 ၁၄ ကျန်ကြွင်း သောငါ့ အမွေ လူတို့ကိုငါစွန့် ၍ ရန်သူ လက် သို့ အပ် သဖြင့် ၊ သူ တို့သည်ရန်သူ အပေါင်း တို့၏ လုယက် နှိပ်စက် ရာ ဖြစ် ကြလိမ့်မည်
And I will reject the remnant of my inheritance, and will deliver them into the hands of their enemies; and they shall be for a plunder and for a spoil to all their enemies:
15 ၁၅ အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏
forasmuch as they have done wickedly in my sight, and have provoked me from the day that I brought out their fathers out of Egypt, even until this day.
16 ၁၆ မနာရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ယုဒ အမျိုးကို ပြစ်မှား စေသော အပြစ် မှတပါး အပြစ် မရှိသော သူအများတို့ကိုသတ် ၍ ယေရုရှလင် မြို့တဘက် မှ တဘက် တိုင်အောင် သူတို့အသွေး နှင့် ပြည့် စေခြင်းငှါပြု၏
Moreover Manasses shed very much innocent blood, until he filled Jerusalem [with it] from one end to the other, beside his sins with which he caused Juda to sin, in doing evil in the eyes of the Lord.
17 ၁၇ မနာရှေ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် ပြစ်မှား သော အပြစ် တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Manasses, and all that he did, and his sin which he sinned, [are] not these things written in the book of the chronicles of the kings of Juda?
18 ၁၈ မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဩဇ ဥယျာဉ် တည်းဟူသော မိမိ အိမ် နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
And Manasses slept with his fathers, and was buried in the garden of his house, [even] in the garden of Oza: and Amos his son reigned in his stead.
19 ၁၉ အာမုန် သည် အသက် နှစ်ဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယုပ္ဘါ မြို့သူဟာရုပ် သမီး မေရှုလမက် အမည် ရှိ၏
Twenty and two years old [was] Amos when he began to reign, and he reigned two years in Jerusalem: and his mother's name [was] Mesollam, daughter of Arus of Jeteba.
20 ၂၀ ထိုမင်း သည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
And he did that which was evil in the sight of the Lord, as Manasses his father did.
21 ၂၁ ခမည်းတော် လိုက် သမျှ သော လမ်း သို့ လိုက် ၏။ ခမည်းတော် ဝတ်ပြု သော ရုပ်တု ဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏
And he walked in all the way in which his father walked, and served the idols which his father served, and worshipped them.
22 ၂၂ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ထာဝရဘုရား ၏ လမ်း တော်ကို လွှဲရှောင် ၏
And he forsook the Lord God of his fathers, and walked not in the way of the Lord.
23 ၂၃ မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကို နန်းတော် ၌ လုပ်ကြံ ကြ၏
And the servants of Amos conspired against him, and slew the king in his house.
24 ၂၄ အာမုန် မင်းကြီး တဘက် ၌ သင်းဖွဲ့ သောသူ အပေါင်း တို့ကို ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌ နန်းတင် ကြ၏
And the people of the land slew all that had conspired against king Amos; and the people of the land made Josias king in his room.
25 ၂၅ အာမုန် ပြုမူသော အမှု အရာ ကြွင်း လေသမျှတို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Amos, [even] all that he did, behold, [are] not these written in the book of the chronicles of the kings of Juda?
26 ၂၆ ဩဇ ဥယျာဉ် တွင် မိမိ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍ ၊ သား တော်ယောရှိ သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
And they buried him in his tomb in the garden of Oza: and Josias his son reigned in his stead.

< ၄ ဓမ္မရာဇဝင် 21 >