< ၄ ဓမ္မရာဇဝင် 2 >
1 ၁ ထာဝရဘုရား သည် ဧလိယ ကို လေဘွေ အားဖြင့် ကောင်းကင် သို့ ချီ တော်မူချိန်နီးသောအခါ၊ ဧလိယ သည် ဧလိရှဲ နှင့်အတူ ဂိလဂါလ မြို့သို့ သွား ၏
And it comes to pass, at YHWH’s taking up Elijah to the heavens in a whirlwind, that Elijah goes, and Elisha, from Gilgal,
2 ၂ ဧလိယ ကလည်း ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကို ဗေသလ မြို့သို့ စေလွှတ် တော်မူသည် ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလ မြို့သို့သွား ကြ၏
and Elijah says to Elisha, “Please abide here, for YHWH has sent me to Beth-El”; and Elisha says, “YHWH lives, and your soul lives, if I leave you”; and they go down to Beth-El.
3 ၃ ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ကို ခရီးဦးကြိုပြုအံ့သောငှါထွက် လာ၍ ၊ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟု မေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟုပြော ဆို၏
And sons of the prophets who [are] in Beth-El come out to Elisha, and say to him, “Have you known that today YHWH is taking your lord from your head?” And he says, “I also have known—keep silent.”
4 ၄ ဧလိယ ကလည်း ၊ အိုဧလိရှဲ ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယေရိခေါ မြို့သို့ စေလွှတ် တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါ မြို့သို့ သွား ကြ ၏
And Elijah says to him, “Elisha, please abide here, for YHWH has sent me to Jericho”; and he says, “YHWH lives, and your soul lives, if I leave you”; and they come to Jericho.
5 ၅ ထိုမြို့၌ရှိသောပရောဖက် အမျိုးသား တို့သည် ဧလိရှဲ ထံသို့ လာ ၍ ထာဝရဘုရား သည် ကိုယ်တော် သခင် ကို ကိုယ်တော် ခေါင်း မှ ၊ ယနေ့ နှုတ် သွားတော်မူမည်ကို သိ တော်မူသလော ဟုမေး လျှင် ၊ ဟုတ်ကဲ့ငါ သိ ၏။ တိတ်ဆိတ် စွာ နေကြပါဟု ပြော ဆို၏
And sons of the prophets who [are] in Jericho come near to Elisha, and say to him, “Have you known that today YHWH is taking your lord from your head?” And he says, “I also have known—keep silent.”
6 ၆ ဧလိယ ကလည်း ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယော်ဒန် မြစ်သို့ စေလွှတ် တော်မူ သည်ဟုဆို လျှင် ၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက်ရှင် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မ ကွာ ရပါဟု ပြန် ပြောလျက်၊ ထိုသူ နှစ် ယောက်တို့သည် အတူသွား ကြ၏
And Elijah says to him, “Please abide here, for YHWH has sent me to the Jordan”; and he says, “YHWH lives, and your soul lives, if I leave you”; and both of them go on—
7 ၇ ပရောဖက် အမျိုးသား ငါးကျိပ် တို့သည် အဝေး က ကြည့်ရှု ခြင်းငှါ သွား ၍ ရပ် နေကြ၏။ ထို သူနှစ် ယောက်တို့ သည် ယော်ဒန် မြစ်နား မှာ ရပ် နေကြ၏
and fifty men of the sons of the prophets have gone on, and stand opposite [them] far off—and both of them have stood by the Jordan.
8 ၈ ဧလိယ သည် မိမိ ဝတ်လုံ ကိုယူ ၍ လိပ် ပြီးမှ ၊ ရေ ကိုရိုက် သဖြင့် ရေသည် တဘက် တချက်ကွဲ ၍ ၊ ထို သူ နှစ် ယောက်တို့သည် မြေ ပေါ် မှာ ရှောက်သွား ကြ၏
And Elijah takes his robe, and wraps [it] together, and strikes the waters, and they are halved, here and there, and both of them pass over on dry land.
9 ၉ မြစ် တဘက် သို့ ရောက်သောအခါ ၊ ဧလိယ က၊ သင် နှင့် ငါမ ကွာ မှီ ငါ ၌တစုံတခုသောဆုကို တောင်း လော့ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က၊ ကိုယ်တော် ဝိညာဉ် နှစ်ဆ သောအဘို့ ကို အကျွန်ုပ် အပေါ် မှာ ရှိ ပါစေသောဟု တောင်း သော်၊ “
And it comes to pass, at their passing over, that Elijah has said to Elisha, “Ask what I do for you before I am taken from you.” And Elisha says, “Indeed, please let there be a double portion of your spirit to me”;
10 ၁၀ ဧလိယကသင်သည်ရ ခဲသောဆုကို တောင်း ၏။ သင် နှင့် ငါ ကွာ သည်ကို မြင် လျှင် ရ မည်။ သို့မဟုတ် မ ရ ဟု ပြော ဆို၏
and he says, “You have asked a hard thing; if you see me taken from you, it is to you so; and if not, it is not.”
11 ၁၁ ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီး ရထား နှင့် မီး မြင်း တို့သည် ပေါ် လာ၍ ထို သူနှစ် ယောက်တို့ကို ခွဲခွါ သဖြင့် ၊ ဧလိယ သည် လေဘွေ အားဖြင့် ကောင်းကင် သို့ တက် လေ၏
And it comes to pass, they are going, going on and speaking, and behold, a chariot of fire and horses of fire [appear], and they separate between them both, and Elijah goes up to the heavens in a whirlwind.
12 ၁၂ ဧလိရှဲ သည် ကြည့် မြင်လျှင် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဟစ် သော်လည်း ၊ နောက် တဖန် ဧလိယ ကိုမ မြင် ရ။ မိမိ အဝတ် ကို ကိုင် ၍ နှစ် ပိုင်း ဆုတ် လေ၏
And Elisha is seeing, and he is crying, “My father! My father! The chariot of Israel and its horsemen!” And he has not seen him again; and he takes hold on his garments and tears them into two pieces.
13 ၁၃ အောက်သို့ကျ သော ဧလိယ ဝတ်လုံ ကို ကောက် ၍ ပြန် လေ၏။ ယော်ဒန် မြစ်နား မှာ ရပ် ၍၊ “
And he takes up the robe of Elijah that fell from off him, and turns back and stands on the edge of the Jordan,
14 ၁၄ ရေ ကို ဝတ်လုံ နှင့် ရိုက် လျက် ၊ ဧလိယ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် အဘယ် မှာရှိတော်မူသနည်းဟူ၍တဖန် ရိုက် သောအခါ ၊ ရေ သည် တဘက် တချက်ကွဲ သဖြင့် ဧလိရှဲ သည် ကူး သွား၏
and he takes the robe of Elijah that fell from off him, and strikes the waters, and says, “Where [is] YHWH, God of Elijah—even He?” And he strikes the waters, and they are halved, here and there, and Elisha passes over.
15 ၁၅ ယေရိခေါ မြို့မှာ ကြည့်ရှု သော ပရောဖက် အမျိုးသား တို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲ အပေါ် မှာ ကျိန်းဝပ် သည်ဟုဆို လျက် ခရီးဦး ကြိုပြုအံ့သောငှါ သွား ၍ သူ့ ရှေ့ ၌ မြေ ပေါ် မှာ ပြပ်ဝပ် ကြ၏
And they see him—the sons of the prophets who [are] in Jericho—from opposite [them], and they say, “The spirit of Elijah has rested on Elisha”; and they come to meet him, and bow themselves to him to the earth,
16 ၁၆ သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့၌ ခွန်အား ကြီးသောသူ ငါးကျိပ် ရှိ ပါ၏။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင် ကိုရှာ မည်အကြောင်း၊ အခွင့်ပေး တော်မူပါ။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည်သူ့ ကို ချီ ယူ၍ တစုံတခု သောတောင် ပေါ်၌ ဖြစ်စေ၊ ချိုင့် ထဲသို့ ဖြစ်စေချကောင်းချ တော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မ စေလွှတ် ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊”
and say to him, “Now behold, there are fifty men with your servants, sons of valor: please let them go, and they seek your lord, lest the Spirit of YHWH has taken him up, and casts him on one of the hills or into one of the valleys”; and he says, “You do not send.”
17 ၁၇ သူတို့သည် ဧလိရှဲ စိတ် အားလျော့သည် တိုင်အောင် အလွန် တောင်းပန်သောအခါ၊ စေလွှတ် ကြဟု ဆို ၏။ သူတို့သည် လူ ငါးကျိပ် ကို စေလွှတ် သဖြင့် ၊ သုံး ရက် ပတ်လုံးရှာ ၍ မ တွေ့ နိုင်ကြ
And they press on him, until he is ashamed, and he says, “Send”; and they send fifty men, and they seek three days, and have not found him;
18 ၁၈ ဧလိရှဲ သည် ယေရိခေါ မြို့မှာ နေ သေးသည် ဖြစ်၍၊ လူတို့သည် ပြန် လာသောအခါ ၊ မ သွား ကြနှင့်ဟု ငါမြစ်တား သည် မ ဟုတ်လော ဟု ဆို ၏
and they return to him—and he is abiding in Jericho—and he says to them, “Did I not say to you, Do not go?”
19 ၁၉ ထိုမြို့ သား တို့က၊ ကိုယ်တော် မြင် တော်မူသည်အတိုင်း ၊ ဤမြို့ တည် ရာအရပ် သည်သာယာ ပါ၏။ သို့ရာတွင် ရေ မ ကောင်း၊ မြေ လည်း ကိုယ်ဝန် ပျက်စေတတ် ပါသည်ဟု ဧလိရှဲ အား လျှောက် ကြလျှင်၊ “
And the men of the city say to Elisha, “Now behold, the site of the city [is] good, as my lord sees, and the waters [are] bad, and the earth sterile.”
20 ၂၀ ဧလိရှဲက၊ ဘူး သစ် တလုံးကို ဆား ထည့် ၍ ယူ ခဲ့ ကြလော့ဟုဆို သည်အတိုင်း ယူ ခဲ့ကြ၏
And he says, “Bring a new dish to me, and place salt there”; and they bring [it] to him,
21 ၂၁ ဧလိရှဲသည် စမ်း ရေတွင်းသို့ သွား ၍ ဆား ကိုခတ် လျက် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ဤ ရေ ကို ငါ ချိုစေ၏။ နောက် တဖန် သေ စေမည်အကြောင်း၊ ကိုယ်ဝန် ပျက်စေမည်အကြောင်းကို မ ပြု ရဟု၊”
and he goes out to the source of the waters, and casts salt there, and says, “Thus said YHWH: I have given healing to these waters; there is not anymore death and sterility there.”
22 ၂၂ ဧလိရှဲ ဆင့်ဆို သော အမိန့် တော်အတိုင်း ထို ရေ သည် ယနေ့ တိုင်အောင် ချို လေ၏
And the waters are healed to this day, according to the word of Elisha that he spoke.
23 ၂၃ ထို မြို့မှ ဗေသလ မြို့သို့ပြန် ၍ ခရီးသွား စဉ် တွင်၊ လုလင်ပျို တို့သည် မြို့ ထဲ ကထွက် ၍ ၊ ဟေဦးပြည်း ၊ တက် ဦးလော့။ ဟေဦးပြည်း ၊ တက် ဦးလော့ဟု ကဲ့ရဲ့ ကြ၏
And he goes up from there to Beth-El, and he is going up in the way, and little youths have come out from the city, and scoff at him, and say to him, “Go up, bald-head! Go up, bald-head!”
24 ၂၄ ဧလိရှဲ သည် လှည့် ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့် နှင့် ကျိန်ဆို သဖြင့် ၊ ဝံ မနှစ် ကောင်တို့သည် တော ထဲ ကထွက် ၍ လုလင်ပျို လေးကျိပ် နှစ် ယောက်တို့ကို ကိုက် သတ်လေ၏
And he looks behind him, and sees them, and declares them vile in the Name of YHWH, and two bears come out of the forest and ripped apart forty-two of the boys.
25 ၂၅ ထို မြို့မှ ကရမေလ တောင် သို့ ၎င်း၊ ထို တောင်မှ ရှမာရိ မြို့သို့၎င်း အစဉ်အတိုင်းသွား ၏
And he goes from there to the hill of Carmel, and from there he has turned back to Samaria.