< ၄ ဓမ္မရာဇဝင် 17 >

1 ယုဒ ရှင်ဘုရင် အာခတ် နန်းစံဆယ် နှစ် နှစ် တွင် ဧလာ သား ဟောရှေ သည် နန်းထိုင် ၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ကိုး နှစ်စိုးစံလေ၏
ယု​ဒ​ဘု​ရင်​အာ​ခတ်​၏​နန်း​စံ​တစ်​ဆယ့်​နှစ်​နှစ် မြောက်​၌ ဧ​လာ​၏​သား​ဟော​ရှေ​သည်​ဣ​သ​ရေ လ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင် ကိုး​နှစ်​နန်း​စံ​လေ​သည်။-
2 ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ သို့သော်လည်း သူ့ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင်ဘုရင် တို့ပြုသောဒုစရိုက်ကိုမမှီ
သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​သော် လည်း မိ​မိ​၏​နောင်​တော်​ဣသ​ရေ​လ​ဘု​ရင် များ​လောက်​မ​ဆိုး​ရွား​ချေ။-
3 ထိုမင်း ကိုအာရှုရိ ရှင်ဘုရင် ရှာလမနေဇာ သည် စစ်ချီ ၍ ဟောရှေ သည် ကျွန် ခံသဖြင့် အခွန် ဆက် ရ၏
အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာလ​မ​နေ​ဇာ​စစ်​ချီ လာ​သော​အ​ခါ ဟော​ရှေ​သည်​အ​ရှုံး​ပေး​ပြီး လျှင်​နှစ်​စဉ်​နှစ်​တိုင်း​အ​ခွန်​ဘဏ္ဍာ​ဆက်​သ လေ​သည်။-
4 နောက် တဖန်နှစ် တိုင်းဆက်ရသောအခွန် ကို မ ဆက်။ သွာအမည်ရှိသောအဲဂုတ္တု” ရှင်ဘုရင် ထံသို့ သံတမန် ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိ ရှင်ဘုရင် သိ သဖြင့် ၊ ဟောရှေ ကိုဘမ်းဆီး ၍ ထောင် ထဲမှာ ချုပ် ထားပြီးလျှင်၊ “
သို့​ရာ​တွင်​နှစ်​တစ်​နှစ်​တွင်​ဟော​ရှေ​သည် အီ​ဂျစ် ဘု​ရင်​သွာ​မင်း​ထံ​သို့​သံ​တ​မန်​များ​စေ​လွှတ်​၍ အ​ကူ​အ​ညီ​တောင်း​ခံ​ပြီး​လျှင် အာ​ရှု​ရိ​ပြည် သို့​အ​ခွန်​ဘဏ္ဍာ​မ​ဆက်​သ​ဘဲ​နေ​၏။ ဤ​အ​ခြင်း အ​ရာ​ကို​ရှာ​လ​မ​နေ​ဇာ​သိ​ရှိ​သော​အ​ခါ ဟော​ရှေ​အား​ဖမ်း​ဆီး​၍​ထောင်​သွင်း​ထား​စေ​၏။
5 ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏
ထို​နောက်​ရှာ​လ​မ​နေ​ဇာ​သည်​ဣသ​ရေ​လ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း ရံ​ထား​၏။ သုံး​နှစ်​မျှ​ကြာ​သော​အ​ခါ၊-
6 ဟောရှေ နန်းစံကိုး နှစ် တွင် ၊ အာရှုရိ ရှင် ဘုရင်သည် ရှမာရိ မြို့ကို ရ ပြီးလျှင် ၊ ဣသရေလ အမျိုးကို အာရှုရိ ပြည်သို့ သိမ်းသွား ၍ ဂေါဇန် မြစ် နား၊ ဟာလ မြို့၊ ဟာဗော် မြို့အစရှိသော မေဒိ နိုင်ငံမြို့ ရွာတို့၌ ထား ၏
ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။
7 အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​သည်​မှာ​ဣသ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​အား​အီ​ဂျစ်​ဘု​ရင်​၏​လက် မှ​ကယ်​ဆယ်​ကာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​အ​ခြား​ဘု​ရား​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ကြ​၏။-
8 သူတို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင် ဘုရင်တို့ ထုံးစံ သို့ လိုက် ကြ၏
ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-
9 မိမိ တို့ ဘုရားသခင် ထာဝရဘုရား တဘက် ၌ မ တရား သောအမှု ကို မထင် မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင် ဖြစ်စေ ၊ ခိုင်ခံ့ သောမြို့ ဖြစ်စေ ၊ မြို့ရွာ အလုံးစုံ တို့၌ မြင့် သောအရပ်ကို တည် ကြ၏
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက် သည့်​အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​အ​ငယ်​ဆုံး​သော​ရွာ​များ​မှ​အ​ကြီး ဆုံး​သော​မြို့​များ​တိုင်​အောင် ရှိ​ရှိ​သ​မျှ​သော မြို့​ရွာ​တို့​တွင်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ ဌာ​န​များ​ကို​တည်​ဆောက်​လျက်၊-
10 ၁၀ ရုပ်တု ဆင်းတုနှင့် အာရှရ ပင်တို့ကို မြင့် သော ကုန်း ရှိသမျှ တို့ အပေါ် မှာ၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် မှာ၎င်း ၊ တည်ထောင် ပြုစုကြ၏
၁၀တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-
11 ၁၁ သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
၁၁ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-
12 ၁၂ ထာဝရဘုရား ပညတ် တော်မူသော အမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော် ခြင်းအမှုကို ပြုကြ၏
၁၂ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။
13 ၁၃ သို့ရာတွင် ထာဝရဘုရား က အဓမ္မ လမ်း တို့ကို ရှောင် ကြလော့။ ငါသည် သင် တို့ဘိုးဘေး တို့၌ ထား သော တရား ၊ ငါ့ ကျွန် ပရောဖက် တို့ဖြင့် ပေး လိုက်သောတရား ကို အကုန် အစင်ကျင့်၍၊ ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ကြလော့ဟု ပရောဖက် များနှင့် အနာဂတ် ဟော ဆရာများတို့ ဖြင့် ဣသရေလ အမျိုး၊ ယုဒ အမျိုး၌ သက်သေခံ တော်မူသော်လည်း၊”
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
14 ၁၄ သူတို့သည်နား မ ထောင်။ မိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ ယုံကြည် သော ဘိုးဘေး တို့ လည်ပင်း ကဲ့သို့ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏
၁၄သို့​ရာ​တွင်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ကြ၊ မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ယုံ​ကြည် ကိုး​စား​မှု​မ​ပြု​သူ​ဘိုး​ဘေး​တို့​ကဲ့​သို့ ခေါင်း​မာ​လျက်​နေ​ကြ​၏။-
15 ၁၅ စီရင် တော်မူချက်၊ ဘိုးဘေး တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ၊ သူ တို့၌ သက်သေခံ တော်မူသောသက်သေ တို့ကို ပယ် ၍ အနတ္တ တရားကို ကျင့် လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင် တပါးအမျိုးသား ကျင့်သကဲ့သို့ မ ကျင့် ကြနှင့်ဟု ထာဝရဘုရား ပညတ် တော်မူ ၏၊ ပတ်လည် ၌နေသောထို အမျိုးသား နောက် သို့ လိုက်ကြ၏
၁၅သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-
16 ၁၆ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏
၁၆သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-
17 ၁၇ သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏
၁၇သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့် ရုပ်​တု​တို့​အား​ပူ​ဇော် ကြ​၏။ နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ နှင့်​တိုင်​ပင်​ကာ​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မှား​ယွင်း​သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု လုပ်​သော​အား​ဖြင့်​ကိုယ်​တော်​၏​အ​မျက်​တော် ကို​လှုံ့​ဆော်​ကြ​၏။-
18 ၁၈ ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက် ထွက်၍ မျက်မှောက် တော်မှ ပယ်ရှား တော်မူ၏။ ယုဒ အမျိုး မှတပါး အခြားသော အမျိုးမ ကျန်ကြွင်း ရ
၁၈ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သူ တို့​အား​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ရှေ့​တော် မှောက်​မှ​နှင်​ထုတ်​တော်​မူ​၏။ ယု​ဒ​နိုင်​ငံ​ကို သာ​ကျန်​ရှိ​စေ​တော်​မူ​၏။
19 ၁၉ ယုဒ အမျိုးမူကား ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ပညတ် တရားတော်ကိုမ စောင့် ၊ ဣသရေလ အမျိုးလိုက် သော ထုံးစံ ဓလေ့သို့ လိုက် ကြ၏
၁၉သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-
20 ၂၀ ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး ရှိသမျှ ကို ရွံရှာ ၍ မျက်မှောက် တော်မှ မ နှင်ထုတ် မှီ တိုင်အောင်ဒဏ်ခတ် တော်မူ၏။ လုယက် သောသူတို့ လက် ၌ အပ် တော်မူ၏
၂၀ထာ​ဝရ​ဘု​ရား​သည်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို​စွန့်​တော်​မူ​၏။ သူ​တို့​အား​မျက် မှောက်​တော်​မှ​နှင်​ထုတ်​၍ ရက်​စက်​သည့်​ရန်​သူ များ​၏​လက်​သို့​အပ်​နှင်း​တော်​မူ​သည့်​တိုင် အောင်​ဒဏ်​ခတ်​တော်​မူ​၏။
21 ၂၁ ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏
၂၁ဣ​သ​ရေ​လ​ပြည်​ကို​ယု​ဒ​ပြည်​မှ​ထာ​ဝရ ဘု​ရား​ခွဲ​ထုတ်​တော်​မူ​လိုက်​သော​အ​ခါ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ကို​မင်း​မြှောက်​ကြ​၏။ သူ​တို့​အား ယေ​ရော​ဗောင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​စေ ရန်​လည်း​ကောင်း၊ ကြောက်​မက်​ဖွယ်​ကောင်း​သည့် အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ကူး​လွန်​စေ​ရန် လည်း​ကောင်း​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​၏။-
22 ၂၂ သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏
၂၂သူ​တို့​သည်​ယေ​ရော​ဗောင်​၏​အ​တု​ကို​ယူ​၍ သူ​ပြု​သ​မျှ​အ​ပြစ်​ကို​ပြု​ကြ​၏။-
23 ၂၃ ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အပေါင်း တို့ဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား တော်မ မူမှီ တိုင်အောင်သူတို့သည် ထို ဒုစရိုက်အပြစ်ကို မ ရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည် မှ အာရှုရိ ပြည်သို့ သိမ်းသွား ခြင်းကိုယနေ့ တိုင်အောင် ခံရကြ၏
၂၃ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား အ​စေ​ခံ​ပ​ရော​ဖက်​များ​အား​ဖြင့် သ​တိ ပေး​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​မျက် မှောက်​တော်​မှ​နှင်​ထုတ်​တော်​မူ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အာ​ရှု​ရိ ပြည်​သို့​ပြည်​နှင်​ဒဏ်​ခံ​ရ​လျက် ထို​ပြည် တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင်​ရ​ကြ​လေ သည်။
24 ၂၄ အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
၂၄အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည်​ဗာ​ဗု​လုန်​မြို့၊ ကု​သ​မြို့၊ အာ​ဝ​မြို့၊ ဟာ​မတ်​မြို့​နှင့်​သေ​ဖ​ရ ဝိမ်​မြို့​တို့​မှ​လူ​တို့​အား​ခေါ်​ဆောင်​၍ ပြည်​နှင် ဒဏ်​သင့်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ ထိုင်​ခဲ့​သော​မြို့​ရွာ​များ​တွင်​နေ​ထိုင်​စေ​လေ သည်။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​မြို့​ရွာ​များ ကို အ​ပိုင်​ရ​လျက်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။-
25 ၂၅ နေရာ ကျစ က ထာဝရဘုရား ကို မ ရိုသေ သောကြောင့် ၊ ခြင်္သေ့ တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက် စေ တော်မူ၏
၂၅ယင်း​သို့​နေ​ထိုင်​စဉ်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ကို​မ​ကိုး​ကွယ်​ကြ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည် ခြင်္သေ့​များ​ကို​စေ​လွှတ်​၍​လူ​အ​ချို့​ကို​ကိုက် သတ်​စေ​တော်​မူ​၏။-
26 ၂၆ ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိ မြို့ ရွာတို့၌ ထား တော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည် စောင့်ဘုရား ၏တရား ကို နား မ လည်သောကြောင့် ၊ ထိုဘုရား သည် ခြင်္သေ့ တို့ကိုစေလွှတ် ၍ နေရာကျ သောသူ တို့ ကိုသတ် ပါသည်ဟု အာရှုရိ ရှင်ဘုရင် အား လျှောက် ကြသော်၊”
၂၆ရှ​မာ​ရိ​ပြည်​သို့​သွား​ရောက်​နေ​ထိုင်​ကြ​သည့် လူ​တို့​သည် ထို​ပြည်​စောင့်​နတ်​ဘု​ရား​၏​တ​ရား ကို​မ​သိ​နား​မ​လည်​ကြ​သ​ဖြင့် ထို​ဘု​ရား သည်​ခြင်္သေ့​များ​ကို​စေ​လွှတ်​၍ သူ​တို့​အား ကိုက်​သတ်​စေ​ကြောင်း​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​ကြား​သိ​သော​အ​ခါ၊-
27 ၂၇ အာရှုရိ ရှင် ဘုရင်က၊ ထို ပြည်မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် ကို ပြန် ပို့ကြ။ သူသည်သွား ၍ ထို ပြည် စောင့်ဘုရား ၏တရား ကို သွန်သင် လျက်နေပါလေ စေဟု မိန့် တော်မူသည်အတိုင်း၊ “
၂၇မင်း​ကြီး​က``ထို​ပြည်​မှ​ငါ​တို့​ဖမ်း​ဆီး​ခဲ့ သော​သုံ့​ပန်း​များ​အ​နက် ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ကို​ပြန်​၍​စေ​လွှတ်​လော့။ လူ​တို့​အား ထို​ပြည်​စောင့်​ဘု​ရား​၏​တ​ရား​ကို​သွန်​သင် ပေး​နိုင်​ရန်​သူ့​အား ထို​ပြည်​သို့​ပြန်​လည် သွား​ရောက်​နေ​ထိုင်​စေ​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။-
28 ၂၈ ရှမာရိ မြို့မှ သိမ်း ခဲ့သော ယဇ်ပုရောဟိတ် တယောက် သည် ပြန်၍ ဗေသလ မြို့၌ နေ လျက် ၊ ထာဝရဘုရား ကို အဘယ် သို့ရိုသေ ရမည်ကို သွန်သင် လေ၏
၂၈သို့​ဖြစ်​၍​ရှ​မာ​ရိ​ပြည်​မှ​သုံ့​ပန်း​များ​အ​နက် ဣ​သ​ရေ​လ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​သည် ဗေ​သ​လ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၍ ထာ​ဝရ ဘု​ရား​အား​အ​ဘယ်​သို့​ကိုး​ကွယ်​ရ​မည်​ကို လူ​တို့​အား​သွန်​သင်​၏။
29 ၂၉ သို့သော်လည်း ထိုလူမျိုး အသီးအသီးတို့သည် မိမိ တို့ဘုရား ကို လုပ် ၍ နေရာ ကျသောမြို့ ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိ မြို့သားလုပ် နှင့်သော အိမ် တို့ ၌ တင် ထားကြ၏
၂၉သို့​ရာ​တွင်​ရှ​မာ​ရိ​ပြည်​တွင်​လာ​ရောက်​နေ​ထိုင် ကြ​သူ​တို့​သည် မိ​မိ​တို့​သက်​ဆိုင်​ရာ​ရုပ်​တု​များ ကို​ပြု​မြဲ​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တည်​ဆောက်​ခဲ့​သည့်​တန်​ဆောင်း​များ​တွင်​ထား ရှိ​ကြ​၏။ ထို​သူ​တို့​သည် အုပ်​စု​အ​လိုက်​သက် ဆိုင်​ရာ​ရုပ်​တု​များ​ကို​မိ​မိ​တို့​နေ​ထိုင်​ရာ မြို့​များ​တွင်​ပြု​လုပ်​ကြ​၏။-
30 ၃၀ ဗာဗုလုန် မြို့သား တို့သည် သုကုတ် ဗေနုတ်ဘုရား၊ ကုသ မြို့သား တို့သည် နေရဂါလ ဘုရား၊ ဟာမတ် မြို့သား တို့သည် အရှိမ ဘုရား၊”
၃၀ဗာ​ဗု​လုန်​မြို့​သား​တို့​က​သု​ကုတ်​ဗေ​နုတ် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊ ကု​သ မြို့​သား​တို့​က​နေ​ရ​ဂါ​လ​ဘု​ရား​ရုပ်​တု များ​ကို​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သား​တို့​က အ​ရှိ​မ​ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း၊-
31 ၃၁ အာဝ မြို့သားတို့သည် နိဗဟာဇ ဘုရားနှင့် တာတက် ဘုရားကို လုပ်ကြ ၏။ သေဖရဝိမ် မြို့သားတို့ သည်လည်း သေဖရဝိမ် မြို့စောင့်ဘုရား အာဒြမ္မေလက် နှင့် အာနမ္မေလက် ဘုရားတို့အား သားသမီး ကိုမီးရှို့ ၍ ပူဇော်ကြ၏
၃၁အာ​ဝ​မြို့​သား​တို့​က နိ​ဗ​ဟာ​ဇ​နှင့်​တာ​တက် ဘု​ရား​ရုပ်​တု​များ​ကို​လည်း​ကောင်း​ပြု​လုပ် ကြ​လေ​သည်။ သေ​ဖ​ရ​ဝိမ်​မြို့​သား​တို့​သည် အာ​ဒြမ္မေ​လက်​နှင့်​အ​နမ္မေ​လက်​ဘု​ရား​တို့​အား မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​ပူ​ဇော်​ကြ​၏။-
32 ၃၂ ထာဝရဘုရား ကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့် သော အရပ်ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား သဖြင့်၊ သူတို့သည် မြင့် သောအရပ် အိမ် တို့၌ လူ များအဘို့ ယဇ်ပူဇော် ကြ၏
၃၂ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​ကို​လည်း​ဝတ်​ပြု ကိုး​ကွယ်​ကြ​ပြီး​လျှင် ရုပ်​တု​များ​ကို​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​များ​တွင်​ယဇ်​ပု​ရော​ဟိတ်​ပြု လုပ်​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မိ​မိ​တို့​အ ထဲ​မှ​လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ကြ​၏။-
33 ၃၃ ထိုသို့ထာဝရဘုရား ကို ရိုသေ ကြ၏။ သိမ်းသွား ခြင်းကို ခံရသောလူမျိုး ပြုသကဲ့သို့ မိမိ တို့ဘုရား ကိုလည်း ဝတ်ပြု ကြ၏
၃၃သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ် ကြ​သော်​လည်း မိ​မိ​တို့​ထွက်​ခွာ​လာ​သည့်​တိုင်း ပြည်​များ​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​အ​ရ​သက် ဆိုင်​ရာ​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ်​ကြ လေ​သည်။
34 ၃၄ ယနေ့ တိုင်အောင် ရှေး ထုံးစံ ဓလေ့သို့ လိုက် ကြသည် ဖြစ်၍ ၊ ထာဝရဘုရား ကို ရိုသေ ရာမ ရောက်။ ဣသရေလ အမျိုးခံရသောစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့၌ ထာဝရဘုရားထားတော်မူသောပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏
၃၄သူ​တို့​သည်​မိ​မိ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း များ​ကို ယ​နေ့​တိုင်​အောင်​ကျင့်​သုံး​လျက်​ရှိ ကြ​၏။ ထာ​ဝရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ ခြင်း​မ​ရှိ​ကြ။ ဣသ​ရေ​လ​ဟူ​သော​နာ​မည် ဖြင့်​ကိုယ်​တော်​သ​မုတ်​တော်​မူ​သော ယာ​ကုပ် ၏​သား​မြေး​တို့​အား​ကိုယ်​တော်​ပေး​အပ်​တော် မူ​ခဲ့​သည့် ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော် များ​ကို​လည်း​မ​လိုက်​နာ​ကြ။-
35 ၃၅ ထာဝရဘုရား သည်ထိုအမျိုးသား တို့နှင့် ပဋိညာဉ် ဖွဲ့ ၍ ၊ သင်တို့သည်အခြား တပါးသောဘုရား တို့ကို မ ရိုသေ ၊ ဦး မ ညွှတ်၊ ဝတ် မ ပြု၊ ယဇ် မ ပူဇော်ရ
၃၅ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့ တော်​မူ​၍``သင်​တို့​သည်​အ​ခြား​ဘု​ရား​များ ကို​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ကြ​နှင့်။ သူ​တို့​ရှေ့​တွင် ဦး​မ​ညွှတ်​ကြ​နှင့်။ သူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​သော်​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​မှု​ကို သော်​လည်း​ကောင်း​မ​ပြု​ကြ​နှင့်၊-
36 ၃၆ သင် တို့ကို ကြီး သောတန်ခိုး ၊ ဆန့် သောလက်ရုံး တော်အားဖြင့် အဲဂုတ္တု ပြည် မှ ကယ်နှုတ် တော်မူသောထာဝရဘုရား ကိုသာ ရိုသေကိုးကွယ် ၍ ယဇ် ပူဇော်ရမည်
၃၆သင်​တို့​သည်​မိ​မိ​တို့​အား​မ​ဟာ​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ တော်​မူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ရ​ကြ​မည်။ သင်​တို့​သည်​ငါ့​အား ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​ယဇ်​များ​ကို​ပူ​ဇော်​ရ ကြ​မည်။-
37 ၃၇ သင် တို့အဘို့ ရေးထား တော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အစဉ် အမြဲစောင့်ရှောက် ရမည်။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
၃၇သင်​တို့​အ​တွက်​ငါ​ရေး​သား​ပေး​သည့်​ပ​ညတ် တော်​များ​နှင့် အ​မိန့်​တော်​များ​ကို​အ​စဉ်​အ​မြဲ လိုက်​နာ​ရ​ကြ​မည်။ သင်​တို့​သည်​အ​ခြား ဘု​ရား​များ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။-
38 ၃၈ သင် တို့နှင့် ငါ ဖွဲ့ သော ပဋိညာဉ် ကို မ မေ့လျော့ ရ။ အခြား တပါးသော ဘုရား တို့ကိုမ ရိုသေ ရ
၃၈သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို မ​မေ့​မ​လျော့​ရ။-
39 ၃၉ သင် တို့၏ဘုရား သခင်ထာဝရဘုရား ကိုသာ ရိုသေ ရမည်။ သို့ပြုလျှင် ရန်သူ အပေါင်း တို့လက် မှ ကယ်နှုတ် တော်မူ မည်ဟု မှာထားတော်မူသော်လည်း၊”
၃၉သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝရ​ဘု​ရား​၏ စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ငါ​သည်​လည်း သင်​တို့​အား ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​မည်'' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။-
40 ၄၀ သူတို့သည်နား မ ထောင်ရှေး ထုံးစံ ဓလေ့သို့လိုက် ကြ၏
၄၀သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။
41 ၄၁ ထိုလူ အမျိုးမျိုးကိုယ်တိုင်မှစ၍၊ သား မြေး မြစ်တို့သည် ထာဝရဘုရား ကိုရိုသေ ကြ၏။ ရုပ်တု ဆင်းတုတို့ကိုလည်း ဝတ်ပြု ကြ၏။ မိရိုးဘလာ သို့လိုက် ၍ ယနေ့ တိုင်အောင် ကျင့် နေကြ၏
၄၁သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​သော်​လည်း မိ​မိ​တို့​၏​ရုပ်​တု​များ ကို​လည်း​ကိုး​ကွယ်​ကြ​၏။ သူ​တို့​၏​သား​မြေး တို့​သည်​လည်း ယ​နေ့​တိုင်​အောင်​ဤ​နည်း အ​တိုင်း​ဆက်​လက်​ပြု​ကျင့်​ကြ​ကုန်​သည်။

< ၄ ဓမ္မရာဇဝင် 17 >