< ၄ ဓမ္မရာဇဝင် 15 >

1 ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ် ခုနစ် နှစ် တွင်၊ “
In the twenty-seventh year of Jeroboam king of Israel, Azariah son of Amaziah king of Judah began to reign.
2 ယုဒ ရှင်ဘုရင် အာမဇိ သား ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏
Azariah was sixteen years old when he began to reign, and he reigned for fifty-two years in Jerusalem. His mother's name was Jekoliah, and she was from Jerusalem.
3 ထိုမင်းသည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
He did what was right in the eyes of Yahweh, just as his father Amaziah had done.
4 သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
However, the high places were not taken away. The people still sacrificed and burned incense at the high places.
5 ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ရှင် ဘုရင်သည် သေ သည်တိုင်အောင် နူနာ စွဲ ၍ ခြားနား သော နန်း ၌ နေ ရ၏။ သားတော် ယောသံ သည် နန်းတော် ကို အုပ်၍ နိုင်ငံတော်မှုကို စီရင် ရ၏
Yahweh afflicted the king so that he was a leper to the day of his death and lived in a separate house. Jotham, the king's son, was over the household and ruled the people of the land.
6 ဩဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Azariah, all that he did, are they not written in the book of the events of the kings of Judah?
7 ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
So Azariah slept with his ancestors; they buried him with his ancestors in the city of David. Jotham, his son, became king in his place.
8 ယုဒ ရှင်ဘုရင် ဩဇိ နန်းစံ သုံးဆယ် ရှစ် နှစ် တွင် ၊ ယေရောဗောင် သား ဇာခရိ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏
In the thirty-eighth year of Azariah king of Judah, Zechariah son of Jeroboam reigned over Israel in Samaria for six months.
9 ထိုမင်းသည် ဘိုးဘေး ပြု သည်အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသောနေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
He did what was evil in the sight of Yahweh, as his fathers had done. He did not depart from the sins of Jeroboam son of Nebat, who had caused Israel to sin.
10 ၁၀ ယာဖက် သား ရှလ္လုံ သည် ဇာခရိ မင်းတဘက် ၌ သင်းဖွဲ့ ၍ လူ များရှေ့ မှာ သေ အောင်လုပ်ကြံ ပြီးလျှင် သူ ၏ အရာ ၌ နန်း ထိုင်၏
Shallum son of Jabesh conspired against Zechariah, attacked him in Ibleam, and killed him. Then he became king in his place.
11 ၁၁ ဇာခရိ ပြုမူသော အမှု အရာကြွင်း လေသမျှတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Zechariah, they are written in the book of the events of the kings of Israel.
12 ၁၂ ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း
This was the word of Yahweh that he spoke to Jehu, saying, “Your descendants will sit on the throne of Israel to the fourth generation.” That is what happened.
13 ၁၃ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ရှလ္လုံ သည် နန်း ထိုင်၍ ၊ ရှမာရိ မြို့၌ တလ စိုးစံ လေ၏
Shallum son of Jabesh began to reign in the thirty-ninth year of Azariah king of Judah, and he reigned only one month in Samaria.
14 ၁၄ ဂါဒိ သား မေနဟင် သည် တိရဇ မြို့မှ ရှမာရိ မြို့ သို့သွား ၍ ၊ ယာဖက် သား ရှလ္လုံ ကိုသေ အောင် လုပ်ကြံ ပြီးလျှင် ၊ သူ ၏အရာ ၌ နန်း ထိုင်၏
Menahem son of Gadi went up from Tirzah to Samaria. There he attacked Shallum son of Jabesh, in Samaria. He killed him and became king in his place.
15 ၁၅ ရှလ္လုံ ပြုမူသောအမှု အရာကြွင်း လေသမျှတို့နှင့် သင်းဖွဲ့ ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Shallum and the conspiracy that he formed, they are written in the book of the events of the kings of Israel.
16 ၁၆ ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
Then Menahem attacked Tiphsah and all who were there, and the borders around Tirzah, because they did not open up the city to him. So he attacked it, and he ripped open all the pregnant women in that village.
17 ၁၇ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ၊ ဂါဒိ သား မေနဟင် သည် နန်းထိုင် ၍ ၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ဆယ် နှစ် စိုးစံလေ၏
In the thirty-ninth year of Azariah king of Judah, Menahem son of Gadi began to reign over Israel; he reigned ten years in Samaria.
18 ၁၈ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
He did what was evil in the sight of Yahweh. For his whole life, he did not depart from the sins of Jeroboam son of Nebat, who had caused Israel to sin.
19 ၁၉ အာရှုရိ ရှင်ဘုရင် ပုလ သည် ဣသရေလပြည် ကို တိုက်လာ ၏။ မေနဟင် သည် မိမိ အာဏာ တည် စေမည် အကြောင်း ၊ ပုလ မင်းမစစေခြင်းငှါ၊ ငွေ အခွက် တသောင်း ကို ဆက် ရ၏
Then Pul the king of Assyria came against the land, and Menahem gave Pul one thousand talents of silver, so that Pul's support might be with him to strengthen the kingdom of Israel in his hand.
20 ၂၀ အာရှုရိ ရှင်ဘုရင် အား ဆက် စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး၌ ငွေ ခွဲ ၍ ၊ ရ တတ်သော သူတိုင်း အကျပ် ငါးဆယ် စီပေးရ၏။ ထိုကြောင့် အာရှုရိ ရှင် ဘုရင်သည် မ နေ ၊ မိမိပြည် သို့ ပြန်သွား၏
Menahem exacted this money from Israel by requiring each of the wealthy men to pay fifty shekels of silver to him to give to the king of Assyria. So the king of Assyria turned back and did not stay there in the land.
21 ၂၁ မေနဟင် ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Menahem, and all that he did, are they not written in the book of the events of the kings of Israel?
22 ၂၂ မေနဟင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ပေကဟိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
So Menahem slept with his ancestors, and Pekahiah his son became king in his place.
23 ၂၃ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် တွင် ၊ မေနဟင် သား ပေကဟိ သည် နန်းထိုင် ၍၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံလေ၏
In the fiftieth year of Azariah king of Judah, Pekahiah son of Menahem began to reign over Israel in Samaria; he reigned two years.
24 ၂၄ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
He did what was evil in the sight of Yahweh. He did not leave behind the sins of Jeroboam son of Nebat, by which he had caused Israel to sin.
25 ၂၅ အမှုတော်ထမ်းတပ်မှူး ၊ ရေမလိ သား ပေကာ သည် ပေကဟိ မင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘ နှင့် အရေဟ အစရှိသော ဂိလဒ် ပြည်သား ငါးကျိပ် ပါ လျက်၊ ရှမာရိ မြို့၌ နန်းတော် ထဲမှာ သေ အောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏
Pekahiah had an officer named Pekah son of Remaliah, who conspired against him. Along with fifty men of Gilead, Pekah killed Pekahiah as well as Argob and Arieh in Samaria, in the citadel of the king's palace. Pekah killed Pekahiah and became king in his place.
26 ၂၆ ပေကဟိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Pekahiah, all that he did, they are written in the book of the events of the kings of Israel.
27 ၂၇ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏
In the fifty-second year of Azariah king of Judah, Pekah son of Remaliah began to reign over Israel in Samaria; he reigned twenty years.
28 ၂၈ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
He did what was evil in the sight of Yahweh. He did not depart from the sins of Jeroboam son of Nebat, who had caused Israel to sin.
29 ၂၉ ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
In the days of Pekah king of Israel, Tiglath-Pileser king of Assyria came and took Ijon, Abel Beth Maacah, Janoah, Kedesh, Hazor, Gilead, Galilee, and all the land of Naphtali. He carried away the people to Assyria.
30 ၃၀ ဩဇိ သား ယောသံ နန်းစံနှစ်ဆယ် တွင် ၊ ဧလာ သား ဟောရှေ သည် ရေမလိ သား ပေကာ မင်းတဘက်၌ သင်းဖွဲ့ ၍ သေ အောင်လုပ်ကြံ ပြီးမှ ၊ သူ ၏အရာ ၌ နန်းထိုင် ၏
So Hoshea son of Elah formed a conspiracy against Pekah son of Remaliah. He attacked him and killed him. Then he became king in his place, in the twentieth year of Jotham son of Uzziah.
31 ၃၁ ပေကာ ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
As for the other matters concerning Pekah, all that he did, they are written in the book of the events of the kings of Israel.
32 ၃၂ ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ နန်းစံ နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ဩဇိ သား ယောသံ သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍၊”
In the second year of Pekah son of Remaliah, king of Israel, Jotham son of Azariah, king of Judah began to reign.
33 ၃၃ ယေရုရှလင် မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏
He was twenty-five years old when he began to reign; he reigned sixteen years in Jerusalem. His mother's name was Jerushah; she was the daughter of Zadok.
34 ၃၄ ထိုမင်း သည် ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏
Jotham did what was right in the eyes of Yahweh. He followed the example of all his father Azariah had done.
35 ၃၅ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်းကိုမီးရှို့ ကြ၏။ ထို မင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် လေ၏
However, the high places were not taken away. The people still sacrificed and burned incense at the high places. Jotham built the upper gate of the house of Yahweh.
36 ၃၆ ယောသံ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏၊”
As for the other matters concerning Jotham, and all that he did, are they not written in the book of the events of the kings of Judah?
37 ၃၇ ထိုကာလ တွင် ထာဝရဘုရား သည် ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ရေမလိ သား ပေကာ ကို ယုဒ ပြည်သို့ စေလွှတ် တော်မူ၏
In those days Yahweh began to send against Judah Rezin the king of Aram, and Pekah son of Remaliah.
38 ၃၈ ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
Jotham slept with his ancestors and was buried with his ancestors in the city of David, his ancestor. Then Ahaz, his son, became king in his place.

< ၄ ဓမ္မရာဇဝင် 15 >