< ၄ ဓမ္မရာဇဝင် 15 >
1 ၁ ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ် ခုနစ် နှစ် တွင်၊ “
In the twenty and seventh year of Jerobo'am the king of Israel became 'Azaryah, the son of Amazyah king of Judah, king.
2 ၂ ယုဒ ရှင်ဘုရင် အာမဇိ သား ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏
Sixteen years old was he when he became king, and two and fifty years did he reign in Jerusalem. And his mother's name was Yecholyahu of Jerusalem.
3 ၃ ထိုမင်းသည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
And he did what is right in the eyes of the Lord, in accordance with all that Amazyahu his father had done;
4 ၄ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
Nevertheless the high-places were not removed: as yet the people sacrificed and burnt incense on the high-places.
5 ၅ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ရှင် ဘုရင်သည် သေ သည်တိုင်အောင် နူနာ စွဲ ၍ ခြားနား သော နန်း ၌ နေ ရ၏။ သားတော် ယောသံ သည် နန်းတော် ကို အုပ်၍ နိုင်ငံတော်မှုကို စီရင် ရ၏
And the Lord afflicted the king with leprosy, and he was a leper unto the day of his death, and he dwelt in the leper-house. And Jotham the king's son was over the house, [and] judged the people of the land.
6 ၆ ဩဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of 'Azaryahu, and all that he did, behold, they are written in the book of the chronicles of the kings of Judah.
7 ၇ ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
And 'Azaryah slept with his fathers; and they buried him with his fathers in the city of David: and Jotham his son became king in his stead.
8 ၈ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံ သုံးဆယ် ရှစ် နှစ် တွင် ၊ ယေရောဗောင် သား ဇာခရိ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏
In the thirty and eighth year of 'Azaryahu the king of Judah became Zechariah the son of Jerobo'am king over Israel in Samaria [for] six months.
9 ၉ ထိုမင်းသည် ဘိုးဘေး ပြု သည်အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသောနေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
And he did what is evil in the eyes of the Lord, as his fathers had done: he departed not from the sins of Jerobo'am the son of Nebat, who induced Israel to sin.
10 ၁၀ ယာဖက် သား ရှလ္လုံ သည် ဇာခရိ မင်းတဘက် ၌ သင်းဖွဲ့ ၍ လူ များရှေ့ မှာ သေ အောင်လုပ်ကြံ ပြီးလျှင် သူ ၏ အရာ ၌ နန်း ထိုင်၏
And Shallum the son of Yabesh conspired against him, and smote him before the people, and put him to death, and became king in his stead.
11 ၁၁ ဇာခရိ ပြုမူသော အမှု အရာကြွင်း လေသမျှတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Zechariah, behold, they are written in the book of the chronicles of the kings of Israel.
12 ၁၂ ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း
This was the word of the Lord which he spoke unto Jehu, saying, Sons of the fourth generation shall sit after thee on the throne of Israel. And so it came to pass.
13 ၁၃ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ရှလ္လုံ သည် နန်း ထိုင်၍ ၊ ရှမာရိ မြို့၌ တလ စိုးစံ လေ၏
Shallum the son of Yabesh became king in the nine and thirtieth year of 'Uzziyah the king of Judah; and he reigned for the space of one month in Samaria.
14 ၁၄ ဂါဒိ သား မေနဟင် သည် တိရဇ မြို့မှ ရှမာရိ မြို့ သို့သွား ၍ ၊ ယာဖက် သား ရှလ္လုံ ကိုသေ အောင် လုပ်ကြံ ပြီးလျှင် ၊ သူ ၏အရာ ၌ နန်း ထိုင်၏
Then went up Menachem the son of Gadi from Thirzah, and came to Samaria, and smote Shallum the son of Yabesh in Samaria, and put him to death, and became king in his stead.
15 ၁၅ ရှလ္လုံ ပြုမူသောအမှု အရာကြွင်း လေသမျှတို့နှင့် သင်းဖွဲ့ ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Shallum, and his conspiracy which he made, behold, they are written in the book of the chronicles of the kings of Israel.
16 ၁၆ ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
At that time did Menachem smite Thiphsach, and all that was therein, and its territory from Thirzah; because they opened not to him, he smote it; and all the pregnant women therein he ripped up.
17 ၁၇ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ၊ ဂါဒိ သား မေနဟင် သည် နန်းထိုင် ၍ ၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ဆယ် နှစ် စိုးစံလေ၏
In the nine and thirtieth year of 'Azaryah the king of Judah became Menachem the son of Gadi king over Israel, [for] ten years, in Samaria.
18 ၁၈ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
And he did what is evil in the eyes of the Lord: he departed not from the sins of Jerobo'am the son of Nebat, who induced Israel to sin, all his days.
19 ၁၉ အာရှုရိ ရှင်ဘုရင် ပုလ သည် ဣသရေလပြည် ကို တိုက်လာ ၏။ မေနဟင် သည် မိမိ အာဏာ တည် စေမည် အကြောင်း ၊ ပုလ မင်းမစစေခြင်းငှါ၊ ငွေ အခွက် တသောင်း ကို ဆက် ရ၏
[Then] came Pul the king of Assyria against the land: and Menachem gave Pul a thousand talents of silver, that his hand might be with him to strengthen the kingdom in his hand.
20 ၂၀ အာရှုရိ ရှင်ဘုရင် အား ဆက် စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး၌ ငွေ ခွဲ ၍ ၊ ရ တတ်သော သူတိုင်း အကျပ် ငါးဆယ် စီပေးရ၏။ ထိုကြောင့် အာရှုရိ ရှင် ဘုရင်သည် မ နေ ၊ မိမိပြည် သို့ ပြန်သွား၏
And Menachem exacted the money from all Israel, from all the mighty men of the army, to give to the king of Assyria, fifty shekels of silver from every man; and the king of Assyria then returned and stayed not there in the land.
21 ၂၁ မေနဟင် ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Menachem, and all that he did, behold, they are written in the book of the chronicles of the kings of Israel.
22 ၂၂ မေနဟင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ပေကဟိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
And Menachem slept with his fathers; and Pekachyah his son became king in his stead.
23 ၂၃ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် တွင် ၊ မေနဟင် သား ပေကဟိ သည် နန်းထိုင် ၍၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံလေ၏
In the fiftieth year of 'Azaryah the king of Judah became Pekachyah the son of Menachem king over Israel in Samaria, [for] two years.
24 ၂၄ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
And he did what is evil m the eyes of the Lord: he departed not from the sins of Jerobo'am the son of Nebat, who induced Israel to sin.
25 ၂၅ အမှုတော်ထမ်းတပ်မှူး ၊ ရေမလိ သား ပေကာ သည် ပေကဟိ မင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘ နှင့် အရေဟ အစရှိသော ဂိလဒ် ပြည်သား ငါးကျိပ် ပါ လျက်၊ ရှမာရိ မြို့၌ နန်းတော် ထဲမှာ သေ အောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏
And Pekach the son of Remalyahu, an officer of his, conspired against him, and smote him in Samaria, in the fortress of the king's house, with the aid of Argob and the Aryeh, and with him were fifty men of the children of the Gil'adites: and he put him to death, and became king in his stead.
26 ၂၆ ပေကဟိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Pekachyah, and all that he did, behold, they are written in the book of the chronicles of the kings of Israel.
27 ၂၇ ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏
In the fifty-second year of 'Azaryah the king of Judah became Pekach the son of Remalyahu king over Israel in Samaria, [for] twenty years.
28 ၂၈ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
And he did what is evil in the eyes of the Lord: he departed not from the sins of Jerobo'am the son of Nebat, who induced Israel to sin.
29 ၂၉ ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
In the days of Pekach the king of Israel came Tiglath-pilesser the king of Assyria, and took 'Iyon, and Abel-beth, ma'achah, and Yanoach, and Kedesh, and Chazor, and Gil'ad, and Galilee, all the land of Naphtali, and led them away as exiles to Assyria.
30 ၃၀ ဩဇိ သား ယောသံ နန်းစံနှစ်ဆယ် တွင် ၊ ဧလာ သား ဟောရှေ သည် ရေမလိ သား ပေကာ မင်းတဘက်၌ သင်းဖွဲ့ ၍ သေ အောင်လုပ်ကြံ ပြီးမှ ၊ သူ ၏အရာ ၌ နန်းထိုင် ၏
And Hoshea' the son of Elah made a conspiracy against Pekach the son of Remalyahu, and smote him, and put him to death, and became king in his stead, in the twentieth year of Jotham the son of 'Uzziyah.
31 ၃၁ ပေကာ ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
And the rest of the acts of Pekach, and all that he did, behold, they are written in the book of the chronicles of the kings of Israel.
32 ၃၂ ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ နန်းစံ နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ဩဇိ သား ယောသံ သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍၊”
In the second year of Pekach the son of Remalyahu the king of Israel became Jotham, the son of 'Uzziyah the king of Judah, king.
33 ၃၃ ယေရုရှလင် မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏
Five and twenty years old was he when he became king, and sixteen years did he reign in Jerusalem. And his mother's name was Yerusha, the daughter of Zadok.
34 ၃၄ ထိုမင်း သည် ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏
And he did what is right in the eyes of the Lord: in accordance with all that 'Uzziyahu his father had done, [so] did he.
35 ၃၅ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်းကိုမီးရှို့ ကြ၏။ ထို မင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် လေ၏
Nevertheless, the high-places were not removed: as yet the people sacrificed and burnt incense on the high-places. He it was that built the upper gate of the house of the Lord.
36 ၃၆ ယောသံ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏၊”
Now the rest of the acts of Jotham, and all that he did, behold, they are written in the book of the chronicles of the kings of Judah.
37 ၃၇ ထိုကာလ တွင် ထာဝရဘုရား သည် ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ရေမလိ သား ပေကာ ကို ယုဒ ပြည်သို့ စေလွှတ် တော်မူ၏
In those days began the Lord to send against Judah Rezin the king of Syria, and Pekach the son of Remalyahu.
38 ၃၈ ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
And Jotham slept with his fathers, and was buried with his fathers in the city of David his father: and Achaz his son became king in his stead.