< ၄ ဓမ္မရာဇဝင် 12 >
1 ၁ ယေဟု နန်းစံ ခုနစ် နှစ် တွင် ယောရှ သည် အသက် ခုနစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ အနှစ် လေးဆယ် စိုးစံ ၏။ မယ်တော် ကား၊ ဗေရရှေဘ မြို့သူဇိဗိ အမည်ရှိ၏
၁ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2 ၂ ယဇ်ပုရောဟိတ် ယောယဒ သွန်သင် သော ကာလ ပတ်လုံးယောရှ သည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
၂ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
3 ၃ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
၃သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။
4 ၄ ယောရှ မင်းကလည်း ၊ ဗိမာန်တော် ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊”
၄ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
5 ၅ ယဇ် ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံ ယူ၍ ၊ ဗိမာန်တော် ပြိုပျက် ရာရှိသမျှ တို့ကို ပြုပြင် ကြစေဟု ယဇ်ပုရောဟိတ် တို့အား မိန့် တော်မူ ၏
၅ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။
6 ၆ သို့သော်လည်း ယောရှ မင်းကြီး နန်းစံနှစ်ဆယ် သုံး နှစ် တွင်၊ ယဇ် ပုရောဟိတ်တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို မ ပြုပြင် ကြသေး
၆သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး။
7 ၇ ထိုအခါ ယောရှ မင်းကြီး သည် ယဇ်ပုရောဟိတ် ယောယဒ နှင့် အခြားသော ယဇ် ပုရောဟိတ်တို့ကိုခေါ် ၍ ၊ သင် တို့သည် ဗိမာန်တော် ပြိုပျက် ရာတို့ကို အဘယ် ကြောင့်မ ပြုပြင် ဘဲ နေကြသနည်း။ နောက် တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော် ပြိုပျက် ရာတို့ကို ပြုပြင်ဘို့ရာအပ် ကြလော့ဟု ဆိုသည်အတိုင်း၊”
၇ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
8 ၈ ယဇ် ပုရောဟိတ်တို့သည် နောက် တဖန် လူ များ လှူသောငွေ ကို မ ခံ ရ။ ဗိမာန် တော်ပြိုပျက် ရာကိုလည်း မ ပြုပြင် ရဟုဝန်ခံ ကြ၏
၈ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။
9 ၉ ယဇ်ပုရောဟိတ် ယောယဒ သည် သေတ္တာ ကို ယူ ၍ အဖုံး ကို ဖောက် ပြီးလျှင် ၊ ဗိမာန်တော် အထဲသို့ ဝင် သောလမ်းလက်ျာ ဘက် ယဇ် ပလ္လင်နား မှာထား လေ ၏။ ဗိမာန်တော် သို့ဆောင် ခဲ့သော ငွေ ရှိသမျှ ကို တံခါး စောင့် ယဇ် ပုရောဟိတ်တို့သည် သေတ္တာ ထဲ မှာထား ကြ၏
၉ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ၍အဖုံးကို ဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
10 ၁၀ ငွေ များ သည် ကိုသိ မြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ် မင်း သည် လာ ၍ ဗိမာန်တော် ၌စုသောငွေ ကို ထုတ် ထားလျက် စာရင်း ယူ၏
၁၀ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ၍ဗိမာန် တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။
11 ၁၁ ထိုသို့ ချိန် ထားသော ငွေ ကို ဗိမာန်တော် အုပ် အမှု တော်စောင့် တို့၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ် လုပ် သော လက်သမား၊”
၁၁ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ် သော လက်သမား၊
12 ၁၂ ပန်းရန် သမား၊ ကျောက်ဆစ် သမားတို့အတွက် ဗိမာန်တော် ပြိုပျက် ရာကို ပြုပြင် စရာ ကျောက် နှင့် သစ်သား ကိုဝယ် ၍ ကုန်သမျှသောအတွက်ပေးဝေကြ၏
၁၂ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက်ပေးဝေကြ၏။
13 ၁၃ ဗိမာန်တော် အဘို့ငွေ ဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ တို့ကို ထိုငွေ နှင့် မ လုပ် သေး
၁၃ဗိမာန်တော်အဘို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး။
14 ၁၄ အလုပ် လုပ် သောသူတို့အား သာ ပေး ၍ ၊ ဗိမာန်တော် ကို ပြုပြင် ကြ၏
၁၄အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။
15 ၁၅ အလုပ် လုပ် သောသူတို့ အား ပေး စေခြင်းငှါ ၊ ငွေ ကို လက်ခံ သောသူတို့ သည် သစ္စာ စောင့် သောသူဖြစ် သောကြောင့် စာရင်း မ ပေးကြ
၁၅အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။
16 ၁၆ ဒုစရိုက် ငွေ ၊ အပြစ် ငွေ ကိုမူကား ၊ ဗိမာန်တော် သို့ မ သွင်း ဘဲ ယဇ် ပုရောဟိတ်တို့သည် ယူ ကြ၏
၁၆ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
17 ၁၇ ထိုအခါ ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ဂါသ မြို့ ကို စစ်ချီ ၍ တိုက်ယူ ပြီးမှ ၊ ယေရုရှလင် မြို့သို့ ချီ အံ့သောငှါ အားထုတ်လေ၏
၁၇ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ၍ တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ၏။
18 ၁၈ ယုဒ ရှင်ဘုရင် ယောရှ သည် ဘိုးတော် ဘေးတော်တည်းဟူသော ယုဒ ရှင်ဘုရင် ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိ လှူ သမျှ သော တန်ဆာ နှင့် ကိုယ်တိုင် သန့်ရှင်း သမျှသောတန်ဆာများ၊ ဗိမာန်တော် ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့ သမျှ သောရွှေ ကိုယူ၍ ရှုရိ ရှင်ဘုရင် ဟာဇေလ ထံ သို့ပေး လိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင် မြို့ကို ထား၍ သွား ၏
၁၈ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။
19 ၁၉ ယောရှ ပြုမူသောအမှု အရာ ကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၁၉ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
20 ၂၀ ထိုမင်း ၏ကျွန် ရှိမတ် သား ယောဇဗဒ် နှင့် ရှိမရိတ် သား ယဟောဇဗပ် တို့သည် ထ ၍ သင်းဖွဲ့ ပြီးလျှင် ၊ သိလ ရွာသို့ သွား သောလမ်း၊ မိလ္လော စံနန်းတွင်ယောရှ ကို သေ အောင်လုပ်ကြံ ၍၊ “
၂၀ထိုမင်း၏ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ၍၊
21 ၂၁ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏။ သား တော်အာမဇိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
၂၁ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာ မဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။