< ၄ ဓမ္မရာဇဝင် 11 >
1 ၁ အာခဇိ ၏မယ်တော် အာသလိ သည် မိမိ သား သေ ကြောင်း ကို သိ မြင်သော်၊ ထ ၍ ဆွေတော် မျိုးတော်အပေါင်း တို့ကို သုတ်သင်ပယ်ရှင်း လေ၏
၁အာခဇိမင်း၏မယ်တော်အာသလိသည် မိမိ၏သားတော်အသတ်ခံရကြောင်း သတင်းရသည်နှင့်တစ်ပြိုင်နက် မင်းဆွေ မင်းမျိုးရှိသမျှတို့ကိုသုတ်သင်ပစ်ရန် အမိန့်ပေးလေသည်။-
2 ၂ သို့ရာတွင် အာခဇိ ၏နှမ ယဟောရံ မင်းကြီး သမီး ယောရှေဘ သည် အာခဇိ ၏သား ယောရှ ကို အသေ ခံရသောဆွေတော်မျိုးတော်ထဲက ခိုး ယူ၍ အာသလိ လက် မှ သူ၏အသက် လွတ်စေခြင်းငှါ ၊ သူ နှင့်သူ ၏ နို့ထိန်း ကို အိပ်ခန်း ထဲ၌ ဝှက် ထား၏
၂အာခဇိ၏သားယောရှတစ်ဦးတည်း သာလျှင် လွတ်မြောက်သွား၏။ အခြားသူ များနှင့်အတူသူ့အားသတ်မည့်ဆဲဆဲ ၌ဒွေးတော်ယောရှေဘကကယ်ဆယ်လိုက် လေသည်။ ယောရှေဘသည်ယဟောရံမင်း ၏သမီးဖြစ်၍ အာခဇိနှင့်အဖေတူ အမေကွဲမောင်နှမတော်သတည်း။ သူ သည်ယောရှအသတ်မခံရစေရန်ယောရှ နှင့်အထိန်းတော်အားခေါ်၍ ဗိမာန်တော် အိပ်ခန်းတွင်ဝှက်ထားလေသည်။-
3 ၃ ထိုနောက် ယောရှသည် ခြောက် နှစ် ပတ်လုံးအရီး နှင့်အတူ ဗိမာန် တော်၌ပုန်းရှောင် လျက်နေ၍ ၊ အာသလိ သည် စိုးစံ လေ၏
၃ဘုရင်မအဖြစ်ဖြင့်အာသလိနန်းစံနေစဉ် သူသည်ခြောက်နှစ်တိုင်တိုင် ထိုသူငယ်ကို ကျွေးမွေးပြုစုကာဗိမာန်တော်၌ပုန်း အောင်း၍နေစေ၏။
4 ၄ ခုနစ် နှစ် မြောက် သောအခါ၊ ယောယဒ သည် စေလွှတ် ၍ ၊ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား တို့ကို ခေါ် လေ၏။ ဗိမာန်တော် ထဲသို့ သွင်း ၍ ပဋိညာဉ် ဖွဲ့ ခြင်း၊ ဗိမာန်တော် ၌ သစ္စာ တိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော် ကိုပြ လေ၏
၄သို့ရာတွင်သတ္တမမြောက်သောနှစ်သို့ရောက် သောအခါ ယဇ်ပုရောဟိတ်ယောယဒသည် ဘုရင်မ၏ကိုယ်ရံတော်တပ်မှူးများနှင့် နန်းတော်အစောင့်တပ်မှူးများကိုဗိမာန် တော်သို့ခေါ်ပြီးလျှင် မိမိ၏အကြံအစည် အတိုင်းလိုက်နာကြရန်သစ္စာဆိုစေ၏။ ထို နောက်သူသည်ထိုသူတို့အား အာမဇိ မင်း၏သားတော်ယောရှကိုပြပြီးလျှင်၊-
5 ၅ ယောယဒကလည်း၊ သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ဝင် သောလူသုံးစု တစုသည် နန်းတော် တံခါး ကိုစောင့် ရမည်
၅``ဥပုသ်နေ့၌တာဝန်ထမ်းဆောင်ရန်လာသော အခါ သင်တို့အနက်သုံးပုံတစ်ပုံသည်နန်း တော်ကိုစောင့်ရကြမည်။-
6 ၆ တစု သည် သုရ တံခါး ကို စောင့် ရမည်။ တစု သည် ကင်းနောက် တံခါး ကို စောင့် ရမည်။ ထိုသို့ ဗိမာန်တော် ကို မဖြို မဖျက်စေခြင်းငှါစောင့် ရမည်
၆နောက်သုံးပုံတစ်ပုံမှာသုရတံခါးဝကို စောင့်ရကြမည်။ ကျန်သုံးပုံတစ်ပုံကမူ ကင်းနောက်တံခါးဝကိုစောင့်ရကြမည်။-
7 ၇ ဥပုသ် နေ့၌ ထွက် သောလူသုံးစုတွင် နှစ် စုသည် ရှင်ဘုရင် ပတ်လည် ဗိမာန်တော် ၌စောင့် ရမည်
၇ဥပုသ်နေ့၌အားလပ်ခွင့်ရသောလူနှစ်စု သည်ကား ရှင်ဘုရင်အားကာကွယ်ရန် ဗိမာန် တော်ကိုစောင့်ရကြမည်။-
8 ၈ လူတိုင်း မိမိ လက်နက် ကို ကိုင် လျက် ကိုယ်တော်မြတ်ကို ဝိုင်း၍၊ တပ် ထဲသို့ ဝင် သမျှသောသူတို့ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ၏
၈သူတို့သည်ဋ္ဌားလွတ်ကိုကိုင်ဆောင်ကာရှင် ဘုရင်အား စောင့်ရှောက်ရကြမည်။ မင်းကြီး သွားလေရာသို့သူနှင့်အတူလိုက်ရကြ မည်။ သင်တို့အနီးသို့ချဉ်းကပ်လာသူ မှန် သမျှကိုကွပ်မျက်ရမည်'' ဟုအမိန့်ပေး၏။
9 ၉ ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာ ထားသမျှ အတိုင်း လူတရာ အုပ် တို့သည်ပြု ၍ ၊ ဥပုသ် နေ့၌ထွက် ရသောသူနှင့် ဝင် ရသောသူအသီးအသီး တို့ကို ခေါ် ၍ ယဇ်ပုရောဟိတ် ယောယဒ ထံသို့ ရောက် သောအခါ၊ “
၉တပ်မှူးတို့သည်ယောယဒ၏ညွှန်ကြားချက် များကိုနာခံလျက် မိမိတို့တပ်များမှဥပုသ် နေ့၌တာဝန်ကျသောတပ်သားများနှင့် အား လပ်ခွင့်ရသည့်တပ်သားများကိုသူ၏ထံ သို့ခေါ်ခဲ့ကြ၏။-
10 ၁၀ ဗိမာန်တော် ၌ ရှိသော ဒါဝိဒ် မင်းကြီး ၏ လှံ များ နှင့် ဒိုင်း များကို ယဇ် ပုရောဟိတ်သည်ထုတ်၍ လူတရာ အုပ်တို့အား အပ် လေ၏
၁၀ယောယဒသည်ထိုတပ်သားတို့အားဗိမာန် တော်တွင် ထားရှိသည့်ဒါဝိဒ်မင်း၏လှံနှင့် ဒိုင်းလွှားများကိုပေးအပ်လေသည်။-
11 ၁၁ စောင့် သောသူအပေါင်းတို့သည် လက်နက် ကို ကိုင် လျက် ၊ ရှင် ဘုရင်ကို ဝိုင်း ၍ ယဇ် ပလ္လင်အနား နှင့် ဗိမာန်တော် အနား၌ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် ရပ် ကြ၏
၁၁သူသည်မင်းကြီးကိုကာကွယ်စောင့်ရှောက် ရန်အတွက်ထိုသူတို့အား ဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်ဋ္ဌားလွတ်များ ကိုကိုင်၍နေရာယူစေ၏။-
12 ၁၂ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိ ကျမ်းကို တင် လျက် ၊ ဘိသိတ် ပေးလျက် ၊ ရှင် ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော် ကြ၏
၁၂ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာသရဖူကိုဆောင်းစေပြီး လျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်၏။ ထို့နောက်သူ့အားဘိသိက်ပေး၍ ဘုရင် ဖြစ်ကြောင်းကြေညာလေသည်။ လူတို့သည် လည်းလက်ခုပ်တီးလျက်``မင်းကြီးသက် တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြကုန်၏။
13 ၁၃ အာသလိ သည် တပ်သား ပြုသောအသံ နှင့် လူ များပြုသောအသံကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊ “
၁၃အာသလိဘုရင်မသည်အစောင့်တပ်သား များနှင့် လူတို့၏ကြွေးကြော်သံကိုကြား သဖြင့် ပရိသတ်စုဝေးရာဗိမာန်တော်သို့ အဆောတလျင်လာသောအခါ၊-
14 ၁၄ ရှင် ဘုရင်သည် ယုဒမင်း ထုံးစံ အတိုင်း တိုင် နား မှာရပ် လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကို ဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါတကားဟု အော်ဟစ် လေ၏
၁၄ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
15 ၁၅ ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန်တော် ထဲမှာမ သေ စေနှင့်၊ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကို ထား နှင့် သတ် ကြဟု လူတရာအုပ်၊ တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊”
၁၅ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌ကွပ်မျက်သည်ကိုမလိုလား သဖြင့်``သူ့အားအစောင့်တပ်သားများအကြား မှနေ၍ခေါ်သွားကြလော့၊ သူ့အားကယ်ရန် ကြိုးစားသူမှန်သမျှကိုကွပ်မျက်ကြလော့'' ဟုတပ်မှူးတို့အားအမိန့်ပေးလေသည်။-
16 ၁၆ အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွား သောမြင်း လမ်း ဖြင့် ထုတ် ၍ သတ် ကြ၏
၁၆တပ်မှူးတို့သည်လည်းအာသလိကိုဖမ်း ဆီးပြီးလျှင် နန်းတော်သို့ခေါ်ဆောင်ကာ မြင်းတံခါးဝ၌ကွပ်မျက်ကြ၏။
17 ၁၇ ယောယဒ သည်လည်း ရှင်ဘုရင် နှင့် လူ များတို့ သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ထာဝရဘုရား နှင့် ပဋိညာဉ် ဖွဲ့ စေ၏။ တဖန် ရှင်ဘုရင် နှင့် လူ များ တို့ကို တဦးနှင့်တဦးပဋိညာဉ်ဖွဲ့စေ၏
၁၇ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ထာဝရဘုရား၏လူမျိုး တော်ဖြစ်ကြစေရန်ကိုယ်တော်နှင့်ပဋိညာဉ် ဖွဲ့စေလေသည်။ မင်းကြီးနှင့်ပြည်သူတို့ကို လည်းအပြန်အလှန်ပဋိညာဉ်ဖွဲ့စေ၏။-
18 ၁၈ ပြည်သူ ပြည်သားအပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုအကုန် အစင်ချိုးဖဲ့၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏
၁၈ထိုနောက်ပြည်သူတို့သည်ဗာလဘုရားဗိမာန် ကိုဖြိုဖျက်၍ ယဇ်ပလ္လင်များနှင့်ရုပ်တုများကို ချိုးဖဲ့ပြီးလျှင် ယဇ်ပလ္လင်များ၏ရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုကွပ်မျက်ကြ၏။ ယောယဒသည်ဗိမာန်တော်တွင်အစောင့်များ ချထားပြီးနောက်၊-
19 ၁၉ ယဇ်ပုရောဟိတ် ယောယဒသည်လည်း၊ ဗိမာန်တော် အုပ် များကို ခန့်ထား ပြီးမှ လူတရာ အုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူ ပြည်သားအပေါင်း တို့ကိုခေါ် လျက် ၊ ကင်းတံခါး လမ်း ဖြင့် ရှင် ဘုရင်ကို ဗိမာန်တော် မှ နန်းတော် သို့ပို့ဆောင် ၍ ရာဇ ပလ္လင်တော်ပေါ် မှာ ထိုင် စေ၏
၁၉တပ်မှူးများ၊ ဘုရင်၏ကိုယ်ရံတော်တပ်သား များ၊ နန်းတော်အစောင့်တပ်သားများနှင့်အတူ မင်းကြီးအားနန်းတော်သို့ပို့ဆောင်ရာပြည်သူ တို့သည် သူတို့၏နောက်မှလိုက်ပါလာကြလေ သည်။ မင်းကြီးသည်ကင်းတံခါးဝမှဝင်တော် မူ၍ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူ၏။-
20 ၂၀ နန်းတော် နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏
၂၀အာသလိအားနန်းတော်တွင်လုပ်ကြံနှင့် ပြီးဖြစ်ရာ ပြည်သူအပေါင်းတို့သည်ဝမ်း မြောက်၍မြို့တော်သည်လည်းအေးချမ်း လျက်နေ၏။
၂၁ယောရှသည်အသက်ခုနစ်နှစ်တွင် ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်သတည်း။