< ၄ ဓမ္မရာဇဝင် 10 >

1 အာဟပ် ၏သား ခုနစ်ကျိပ် တို့သည် ရှမာရိ မြို့၌ ရှိသည်ဖြစ်၍၊ ယေဟု သည် ယေဇရေလ မြို့အုပ် များ၊ အသက်ကြီး သူများ၊ အာဟပ် သားတို့ ကို လုပ်ကျွေးသော သူများရှိ ရာ၊ ရှမာရိ မြို့သို့ စာ ရေး ၍ ပေး လိုက်လေ၏
အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စားရေး၍ ပေးလိုက်လေ၏။
2 မှာလိုက်သောစာချက်ဟူမူကား၊ သင် တို့၌ သင် တို့သခင် ၏သား များ၊ စစ်သူရဲ ၊ မြင်း စီးသူရဲများ၊ ခိုင်ခံ့ သောမြို့ ၊ လက်နက် စုံရှိသည်ဖြစ်၍ ၊ ဤ စာ ရောက် သောအခါ၊ “
မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
3 သင် တို့သခင် ၏သား တို့တွင် သာ၍ကောင်း မြတ်တော် သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ရာဇပလ္လင် ပေါ် မှာတင် ပြီးလျှင်၊ သခင် အမျိုး အဘို့ စစ်တိုက် ကြလော့ ဟု မှာလိုက်သတည်း
သင်တို့သခင်၏သားတို့တွင်သာ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင်၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း။
4 ထိုသူတို့က၊ ရှင်ဘုရင် နှစ် ပါးတို့သည် သူ့ ရှေ့ မှာ မ ခံ မရပ်နိုင်သည် ဖြစ်၍ ၊ ငါ တို့သည် အဘယ် သို့ခံရပ်နိုင် မည်နည်းဟု အလွန် ကြောက် လျက် ဆို ကြ၏
ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
5 နန်းတော် အုပ်၊ မြို့ အုပ်၊ အသက် ကြီးသူ၊ အာဟပ် သားတို့ကို လုပ် ကျွေးသောသူတို့ ကလည်း ၊ ကျွန်တော် တို့ သည် ကိုယ်တော် ကျွန် ဖြစ်ပါ၏။ မိန့် တော်မူသည်အတိုင်း ပြု ပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကိုမ ချီးမြှောက် ပါ။ အလို တော်ရှိသည်အတိုင်း ပြု တော်မူပါဟု ယေဟုထံသို့ပြန် စာကို ပေးလိုက်ကြ၏
နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ၏။
6 ယေဟုကလည်း၊ သင် တို့သည် ငါ၏လူဖြစ်၍ ငါ့ စကား ကို နားထောင် လျှင် ၊ သင် တို့သခင့် သား တို့၏ ဦးခေါင်း များကိုယူ ၍ ယေဇရေလ မြို့၊ ငါ ရှိရာသို့ နက်ဖြန် နေ့ယခု အချိန် ၌ လာ ကြလော့ဟု တဖန်စာပေး လိုက်လေ၏။ ရှင်ဘုရင် ၏သား တော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏
ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရလေမြို့၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန်၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏။
7 ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏
ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။
8 လုလင် တယောက်သည် လာ ၍ ရှင်ဘုရင် သား တို့ ၏ ဦးခေါင်း များကို ဆောင် ခဲ့ပါပြီဟု လျှောက် လျှင် ၊ ယေဟု က၊ မြို့တံခါးဝ မှာ နံနက် တိုင်အောင် နှစ် စုပုံ ထား တော့ဟု ဆို ၏
လုလင်တယောက်သည် လာ၍ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟု က၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
9 နံနက် ရောက်မှယေဟုသည် ထွက် ၍ ရပ် လျက် လူ များတို့အား ၊ အိုဖြောင့်မတ် သောလူတို့၊ ငါ သည် ငါ့ သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ် လေပြီ။ ဤ သူအပေါင်း တို့ကို ကား အဘယ် သူသတ် သနည်း
နံနက်ရောက်မှယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင် တဘက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း။
10 ၁၀ ထာဝရဘုရား သည် အာဟပ် အမျိုး ၌ မိန့် တော်မူ သော စကား တော်တခွန်းမျှမြေ သို့ မ ကျ ရသည် ကို သင်တို့သိ မှတ်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ဧလိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ပြု တော်မူမည်ဟု ဆိုသဖြင့်၊”
၁၀ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
11 ၁၁ ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏
၁၁ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ၏။
12 ၁၂ နောက်မှ ထ ၍ ရှမာရိ မြို့သို့သွား ၏။ လမ်း နား မှာ ရှိ သောသိုးမွေးညှပ်ရာစရပ်သို့ ရောက် သောအခါ၊ “
၁၂နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ၊
13 ၁၃ ယုဒ ရှင်ဘုရင် အာခဇိ ၏ ပေါက်ဘော် တို့ကို တွေ့ လျှင် ၊ သင် တို့သည် အဘယ်သူ နည်းဟုမေး သော် ၊ ငါတို့သည် အာခဇိ မင်း၏ ဆွေတော် မျိုးတော်ဖြစ်၏။ ရှင်ဘုရင် ၏ သား တော်တို့နှင့် မိဖုရား ၏ သား တော်တို့ကို နှုတ်ဆက် အံ့သောငှါ သွား သည်ဟု ဆို ကြ၏
၁၃ယုဒရှင်ဘုရင်အာခဇိ၏ ပေါက်ဘော်တို့ကို တွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော်ဖြစ်၏။ ရှင်ဘုရင်၏ သားတော်တို့နှင့် မိဖုရား၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ၏။
14 ၁၄ ယေဟုကလည်း၊ အရှင် ဘမ်း ကြဟု စီရင် သည် အတိုင်း ၊ အရှင် ဘမ်း ၍ သိုးမွေး စရပ်တွင်း နား မှာ လေးကျိပ် နှစ် ယောက်တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် ကြ၏
၁၄ယေဟုကလည်း၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း၊ အရှင်ဘမ်း၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ၏။
15 ၁၅ ထို စရပ်မှ ထွက် သောအခါ ခရီးဦး ကြိုပြုအံ့ ဟု လာ သောရေခပ် သား ယောနဒပ် ကို တွေ့၍ နှုတ်ဆက် သဖြင့် ၊ ငါ့ စိတ် နှလုံးသည် သင့် စိတ် နှလုံးနှင့် သင့်၍ သဘော ဖြောင့်သကဲ့သို့ သင့် စိတ် နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက် ဆိုသော်၊ ထို သို့မှန်လျှင် သင့် လက် ကိုပေး ပါဟုဆို သည်အတိုင်း ၊ လက် ကိုပေး ၍ ယေဟုသည် မိမိ အနားသို့ ရထား ပေါ် မှာ ဆွဲ တင်လျက်၊ “
၁၅ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့၍နှုတ်ဆက် သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း၊ လက်ကိုပေး၍ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
16 ၁၆ ငါ နှင့်အတူ လိုက် ၍ ထာဝရဘုရား ဘက် ၌ ငါ့ စိတ်အားကြီး ကြောင်း ကို ကြည့်ရှု လော့ဟုဆို သဖြင့် မိမိ ရထား ကို စီး စေ၏
၁၆ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ၏။
17 ၁၇ ရှမာရိ မြို့သို့ရောက် သောအခါ ၊ ထာဝရဘုရား သည် ဧလိယ အား မိန့် တော်မူသော စကား တော်အတိုင်း ၊ အာဟပ် အမျိုး အကုန် အစင်ပျက်စီး သည်တိုင်အောင် ထို မြို့၌ ကျန်ကြွင်း သမျှတို့ကိုသတ် လေ၏
၁၇ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ၏။
18 ၁၈ တဖန် ယေဟု သည် လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ အာဟပ် သည် ဗာလ ဘုရားကို အနည်းငယ် သာ ဝတ်ပြု ၏။ ငါယေဟု မူကား များ စွာပြု မည်
၁၈တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
19 ၁၉ သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏
၁၉သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။
20 ၂၀ ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏
၂၀ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။
21 ၂၁ ဣသရေလ ပြည်တရှောက်လုံး သို့ စေလွှတ် ၍ ၊ ဗာလ တပည့် ရှိသမျှ တို့သည် တယောက် မျှ မ ကြွင်း လာကြ၏။ ဗာလ ကျောင်း ထဲသို့ ဝင် ကြသဖြင့် တကျောင်းလုံး ပြည့် လျက် ရှိ၏
၂၁ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။
22 ၂၂ ယေဟုသည် အဝတ် တန်ဆာတိုက်စိုးကို ခေါ်၍၊ ဗာလ ဘုရားတပည့် တို့အဘို့ အဝတ် တန်ဆာကို ထုတ် ကြ ဟုဆို သည်အတိုင်း ထုတ် လေ၏
၂၂ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။
23 ၂၃ တဖန် ရေခပ် သား ယောနဒပ် နှင့်အတူ ဗာလ ကျောင်း ထဲသို့ ဝင် ၍ ၊ သင် တို့သည် ထာဝရဘုရား တပည့် တယောက် မျှမပါ၊ ဗာလ ဘုရားတပည့် သက်သက်ရှိစေမည် အကြောင်းကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏
၂၃တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။
24 ၂၄ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကိုပူဇော် ခြင်းငှါ အထဲသို့ဝင် သောအခါ ၊ ယေဟု သည် ကျောင်းပြင် ၌ လူ ရှစ်ကျိပ် ကိုထား ၍ ၊ သင် တို့လက် သို့ ငါ ဆောင် ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ် စေသောသူ သည် အသက် သေရမည်ဟု စီရင်၍၊”
၂၄မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင်၍၊
25 ၂၅ မီးရှို့ ရာယဇ်ကို ပူဇော် မှုပြီး သောအခါ ၊ ယေဟု က ဝင် ၍ သတ် ကြလော့။ တယောက် ကိုမျှ မ ထွက် စေနှင့်ဟု တပ်သား နှင့် တပ်မှူး တို့အား ဆို သည်အတိုင်း ၊ တပ်သား နှင့် တပ်မှူး တို့ သည် ထား နှင့် လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ် ပြီးမှ၊ “
၂၅မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
26 ၂၆ ဗာလ ကျောင်း နှင့်ဆိုင်သော မြို့ သို့ သွား ၍ ဗာလ ကျောင်း ထဲကရုပ်တု များကို ထုတ် ပြီးလျှင် မီးရှို့ ကြ၏
၂၆ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
27 ၂၇ ဗာလ ဆင်းတု ကို၎င်း၊ ကျောင်း ကို၎င်းဖြိုဖျက် ၍ ယနေ့ တိုင်အောင် ကိုယ် သုတ်သင်ရာ အိမ်ဖြစ် စေကြ ၏
၂၇ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။
28 ၂၈ ထိုသို့ ယေဟု သည် ဗာလ ကိုဣရေလ ပြည်မှ ပယ်ရှား ဖျက်ဆီးလေ၏
၂၈ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
29 ၂၉ သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် တည်းဟူသော ၊ ဗေသလ မြို့နှင့် ဒန် မြို့မှာ ရှိသော ရွှေ နွားသငယ် တို့ကို မ စွန့်။
၂၉သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
30 ၃၀ ထာဝရဘုရား ကလည်း ၊ သင်သည်ငါ့ ရှေ့ မှာ ဖြောင့် သောအကျင့်ကို ကျင့် ၍ ကောင်းမွန် စွာ ပြုသောကြောင့် ၎င်း၊ ငါ အလို ရှိသမျှ အတိုင်း အာဟပ် အမျိုး ၌ စီရင် သောကြောင့် ၎င်း၊ သင့် သား မြေးလေး ဆက် တိုင်အောင်ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည် ဟု ယေဟု အား မိန့် တော်မူသော်လည်း၊”
၃၀ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်၎င်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး၌ စီရင်သောကြောင့်၎င်း၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
31 ၃၁ ယေဟု သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား တရား တော်လမ်းသို့ စိတ် နှလုံးအကြွင်းမဲ့ လိုက် ခြင်းငှါ သတိ မ ပြု။ ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက် တို့ကို မ စွန့်။
၃၁ယေဟုသည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
32 ၃၂ ထိုကာလ တွင် ၊ ထာဝရဘုရား သည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ် တော်မူ၏
၃၂ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ၏။
33 ၃၃ ဟာဇေလ သည် ယော်ဒန် မြစ်အရှေ့ ဘက်၊ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုးနေရာ၊ အာနုန် မြစ် နား ၌ရှိသော အာရော် မြို့မှစ၍ ဂိလဒ် ပြည် ၊ ဗာရှန် ပြည် တရှောက်လုံး အရပ်ရပ် တို့ကို လုပ်ကြံ လေ၏
၃၃ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးနေရာ၊ အာနုန်မြစ် နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
34 ၃၄ ယေဟု ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
၃၄ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
35 ၃၅ ယေဟုသည် ရှမာရိ မြို့၌ မင်း ပြု၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ် ရှစ် နှစ် စိုးစံ ပြီးမှ ၊ ဘိုးဘေး တို့နှင့် အိပ်ပျော်၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏
၃၅ယေဟုသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
36 ၃၆ သားတော် ယောခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင်၏
၃၆

< ၄ ဓမ္မရာဇဝင် 10 >