< ၄ ဓမ္မရာဇဝင် 10 >
1 ၁ အာဟပ် ၏သား ခုနစ်ကျိပ် တို့သည် ရှမာရိ မြို့၌ ရှိသည်ဖြစ်၍၊ ယေဟု သည် ယေဇရေလ မြို့အုပ် များ၊ အသက်ကြီး သူများ၊ အာဟပ် သားတို့ ကို လုပ်ကျွေးသော သူများရှိ ရာ၊ ရှမာရိ မြို့သို့ စာ ရေး ၍ ပေး လိုက်လေ၏
Now Ahab had seventy sons in Samaria. And Jehu wrote letters, and sent to Samaria, to the rulers of Jezreel, even the elders, and to those who brought up the sons of Ahab, saying,
2 ၂ မှာလိုက်သောစာချက်ဟူမူကား၊ သင် တို့၌ သင် တို့သခင် ၏သား များ၊ စစ်သူရဲ ၊ မြင်း စီးသူရဲများ၊ ခိုင်ခံ့ သောမြို့ ၊ လက်နက် စုံရှိသည်ဖြစ်၍ ၊ ဤ စာ ရောက် သောအခါ၊ “
And now as soon as this letter comes to you, seeing your master's sons are with you, and there are with you chariots and horses, also a fortified city, and armor,
3 ၃ သင် တို့သခင် ၏သား တို့တွင် သာ၍ကောင်း မြတ်တော် သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ရာဇပလ္လင် ပေါ် မှာတင် ပြီးလျှင်၊ သခင် အမျိုး အဘို့ စစ်တိုက် ကြလော့ ဟု မှာလိုက်သတည်း
look ye out for the best and fittest of your master's sons, and set him on his father's throne, and fight for your master's house.
4 ၄ ထိုသူတို့က၊ ရှင်ဘုရင် နှစ် ပါးတို့သည် သူ့ ရှေ့ မှာ မ ခံ မရပ်နိုင်သည် ဖြစ်၍ ၊ ငါ တို့သည် အဘယ် သို့ခံရပ်နိုင် မည်နည်းဟု အလွန် ကြောက် လျက် ဆို ကြ၏
But they were exceedingly afraid, and said, Behold, the two kings did not stand before him. How then shall we stand?
5 ၅ နန်းတော် အုပ်၊ မြို့ အုပ်၊ အသက် ကြီးသူ၊ အာဟပ် သားတို့ကို လုပ် ကျွေးသောသူတို့ ကလည်း ၊ ကျွန်တော် တို့ သည် ကိုယ်တော် ကျွန် ဖြစ်ပါ၏။ မိန့် တော်မူသည်အတိုင်း ပြု ပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကိုမ ချီးမြှောက် ပါ။ အလို တော်ရှိသည်အတိုင်း ပြု တော်မူပါဟု ယေဟုထံသို့ပြန် စာကို ပေးလိုက်ကြ၏
And he who was over the household, and he who was over the city, the elders also, and those who brought up the sons, sent to Jehu, saying, We are thy servants, and will do all that thou shall bid us. We will not make any man king. Do thou that which is good in thine eyes.
6 ၆ ယေဟုကလည်း၊ သင် တို့သည် ငါ၏လူဖြစ်၍ ငါ့ စကား ကို နားထောင် လျှင် ၊ သင် တို့သခင့် သား တို့၏ ဦးခေါင်း များကိုယူ ၍ ယေဇရေလ မြို့၊ ငါ ရှိရာသို့ နက်ဖြန် နေ့ယခု အချိန် ၌ လာ ကြလော့ဟု တဖန်စာပေး လိုက်လေ၏။ ရှင်ဘုရင် ၏သား တော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ်၍၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့၌ ရှိကြ၏
Then he wrote a letter the second time to them, saying, If ye be on my side, and if ye will hearken to my voice, take ye the heads of the men your master's sons, and come to me to Jezreel by tomorrow this time. Now the king's sons, being seventy persons, were with the great men of the city who reared them.
7 ၇ ထိုစာ ရောက် သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ် တို့ကိုယူ ၍ သတ် သဖြင့် ၊ ဦးခေါင်း များကို တောင်း တို့၌ ထည့် ပြီးလျှင် ၊ ယေဇရေလ မြို့၊ ယေဟု ထံသို့ ပေး လိုက် လေ၏
And it came to pass, when the letter came to them, that they took the king's sons, and killed them, even seventy persons, and put their heads in baskets, and sent them to him to Jezreel.
8 ၈ လုလင် တယောက်သည် လာ ၍ ရှင်ဘုရင် သား တို့ ၏ ဦးခေါင်း များကို ဆောင် ခဲ့ပါပြီဟု လျှောက် လျှင် ၊ ယေဟု က၊ မြို့တံခါးဝ မှာ နံနက် တိုင်အောင် နှစ် စုပုံ ထား တော့ဟု ဆို ၏
And a messenger came, and told him, saying, They have brought the heads of the king's sons. And he said, Lay ye them in two heaps at the entrance of the gate until the morning.
9 ၉ နံနက် ရောက်မှယေဟုသည် ထွက် ၍ ရပ် လျက် လူ များတို့အား ၊ အိုဖြောင့်မတ် သောလူတို့၊ ငါ သည် ငါ့ သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ် လေပြီ။ ဤ သူအပေါင်း တို့ကို ကား အဘယ် သူသတ် သနည်း
And it came to pass in the morning, that he went out, and stood, and said to all the people, Ye are righteous. Behold, I conspired against my master, and killed him. But who smote all these?
10 ၁၀ ထာဝရဘုရား သည် အာဟပ် အမျိုး ၌ မိန့် တော်မူ သော စကား တော်တခွန်းမျှမြေ သို့ မ ကျ ရသည် ကို သင်တို့သိ မှတ်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ဧလိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ပြု တော်မူမည်ဟု ဆိုသဖြင့်၊”
Know now that there shall fall to the earth nothing of the word of Jehovah, which Jehovah spoke concerning the house of Ahab, for Jehovah has done that which he spoke by his servant Elijah.
11 ၁၁ ယေဇရေလ မြို့၌ ကျန်ကြွင်း သော အာဟပ် အမျိုးသား အပေါင်း တို့နှင့် သူ ၏ လူကြီးပေါက်ဘော်၊ ယဇ်ပုရောဟိတ် အပေါင်း တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် လေ၏
So Jehu smote all who remained of the house of Ahab in Jezreel, and all his great men, and his familiar friends, and his priests, until he left to him none remaining.
12 ၁၂ နောက်မှ ထ ၍ ရှမာရိ မြို့သို့သွား ၏။ လမ်း နား မှာ ရှိ သောသိုးမွေးညှပ်ရာစရပ်သို့ ရောက် သောအခါ၊ “
And he arose and departed, and went to Samaria. And as he was at the shearing-house of the shepherds in the way,
13 ၁၃ ယုဒ ရှင်ဘုရင် အာခဇိ ၏ ပေါက်ဘော် တို့ကို တွေ့ လျှင် ၊ သင် တို့သည် အဘယ်သူ နည်းဟုမေး သော် ၊ ငါတို့သည် အာခဇိ မင်း၏ ဆွေတော် မျိုးတော်ဖြစ်၏။ ရှင်ဘုရင် ၏ သား တော်တို့နှင့် မိဖုရား ၏ သား တော်တို့ကို နှုတ်ဆက် အံ့သောငှါ သွား သည်ဟု ဆို ကြ၏
Jehu met with the brothers of Ahaziah king of Judah, and said, Who are ye? And they answered, We are the brothers of Ahaziah, and we go down to salute the sons of the king and the sons of the queen.
14 ၁၄ ယေဟုကလည်း၊ အရှင် ဘမ်း ကြဟု စီရင် သည် အတိုင်း ၊ အရှင် ဘမ်း ၍ သိုးမွေး စရပ်တွင်း နား မှာ လေးကျိပ် နှစ် ယောက်တို့ကို တယောက် မျှမ ကျန် စေဘဲ သတ် ကြ၏
And he said, Take them alive. And they took them alive, and killed them at the pit of the shearing-house, even forty-two men; neither did he leave any of them.
15 ၁၅ ထို စရပ်မှ ထွက် သောအခါ ခရီးဦး ကြိုပြုအံ့ ဟု လာ သောရေခပ် သား ယောနဒပ် ကို တွေ့၍ နှုတ်ဆက် သဖြင့် ၊ ငါ့ စိတ် နှလုံးသည် သင့် စိတ် နှလုံးနှင့် သင့်၍ သဘော ဖြောင့်သကဲ့သို့ သင့် စိတ် နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင်၊ ဖြောင့်ပါသည်ဟုလျှောက် ဆိုသော်၊ ထို သို့မှန်လျှင် သင့် လက် ကိုပေး ပါဟုဆို သည်အတိုင်း ၊ လက် ကိုပေး ၍ ယေဟုသည် မိမိ အနားသို့ ရထား ပေါ် မှာ ဆွဲ တင်လျက်၊ “
And when he was departed from there, he came upon on Jehonadab the son of Rechab coming to meet him. And he saluted him, and said to him, Is thy heart right, as my heart is with thy heart? And Jehonadab answered, It is. If it be, give me thy hand. And he gave him his hand, and he took him up to him into the chariot.
16 ၁၆ ငါ နှင့်အတူ လိုက် ၍ ထာဝရဘုရား ဘက် ၌ ငါ့ စိတ်အားကြီး ကြောင်း ကို ကြည့်ရှု လော့ဟုဆို သဖြင့် မိမိ ရထား ကို စီး စေ၏
And he said, Come with me, and see my zeal for Jehovah. So they made him ride in his chariot.
17 ၁၇ ရှမာရိ မြို့သို့ရောက် သောအခါ ၊ ထာဝရဘုရား သည် ဧလိယ အား မိန့် တော်မူသော စကား တော်အတိုင်း ၊ အာဟပ် အမျိုး အကုန် အစင်ပျက်စီး သည်တိုင်အောင် ထို မြို့၌ ကျန်ကြွင်း သမျှတို့ကိုသတ် လေ၏
And when he came to Samaria, he smote all who remained to Ahab in Samaria, till he had destroyed him, according to the word of Jehovah, which he spoke to Elijah.
18 ၁၈ တဖန် ယေဟု သည် လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ အာဟပ် သည် ဗာလ ဘုရားကို အနည်းငယ် သာ ဝတ်ပြု ၏။ ငါယေဟု မူကား များ စွာပြု မည်
And Jehu gathered all the people together, and said to them, Ahab served Baal a little, but Jehu will serve him much.
19 ၁၉ သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏
Now therefore call to me all the prophets of Baal, all his worshippers, and all his priests. Let none be lacking, for I have a great sacrifice to do to Baal. Whoever shall be lacking, he shall not live. But Jehu did it in subtlety, to the intent that he might destroy the worshippers of Baal.
20 ၂၀ ဗာလ ဘုရားအဘို့ ဓမ္မပွဲ ကို ပြင်ဆင် ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏
And Jehu said, Sanctify a solemn assembly for Baal. And they proclaimed it.
21 ၂၁ ဣသရေလ ပြည်တရှောက်လုံး သို့ စေလွှတ် ၍ ၊ ဗာလ တပည့် ရှိသမျှ တို့သည် တယောက် မျှ မ ကြွင်း လာကြ၏။ ဗာလ ကျောင်း ထဲသို့ ဝင် ကြသဖြင့် တကျောင်းလုံး ပြည့် လျက် ရှိ၏
And Jehu sent through all Israel. And all the worshippers of Baal came, so that there was not a man left who did not come. And they came into the house of Baal, and the house of Baal was filled from one end to another.
22 ၂၂ ယေဟုသည် အဝတ် တန်ဆာတိုက်စိုးကို ခေါ်၍၊ ဗာလ ဘုရားတပည့် တို့အဘို့ အဝတ် တန်ဆာကို ထုတ် ကြ ဟုဆို သည်အတိုင်း ထုတ် လေ၏
And he said to him who was over the vestry, Bring forth vestments for all the worshippers of Baal. And he brought forth for them vestments.
23 ၂၃ တဖန် ရေခပ် သား ယောနဒပ် နှင့်အတူ ဗာလ ကျောင်း ထဲသို့ ဝင် ၍ ၊ သင် တို့သည် ထာဝရဘုရား တပည့် တယောက် မျှမပါ၊ ဗာလ ဘုရားတပည့် သက်သက်ရှိစေမည် အကြောင်းကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏
And Jehu went, and Jehonadab the son of Rechab, into the house of Baal. And he said to the worshippers of Baal, Search, and look that there be here with you none of the servants of Jehovah, but the worshippers of Baal only.
24 ၂၄ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကိုပူဇော် ခြင်းငှါ အထဲသို့ဝင် သောအခါ ၊ ယေဟု သည် ကျောင်းပြင် ၌ လူ ရှစ်ကျိပ် ကိုထား ၍ ၊ သင် တို့လက် သို့ ငါ ဆောင် ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင်၊ လွတ် စေသောသူ သည် အသက် သေရမည်ဟု စီရင်၍၊”
And they went in to offer sacrifices and burnt offerings. Now Jehu had appointed for him eighty men outside, and said, If any of the men whom I bring into your hands escape, he who lets him go, his life shall be for the life of him.
25 ၂၅ မီးရှို့ ရာယဇ်ကို ပူဇော် မှုပြီး သောအခါ ၊ ယေဟု က ဝင် ၍ သတ် ကြလော့။ တယောက် ကိုမျှ မ ထွက် စေနှင့်ဟု တပ်သား နှင့် တပ်မှူး တို့အား ဆို သည်အတိုင်း ၊ တပ်သား နှင့် တပ်မှူး တို့ သည် ထား နှင့် လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ် ပြီးမှ၊ “
And it came to pass, as soon as he had made an end of offering the burnt offering, that Jehu said to the guard and to the captains, Go in, and kill them; let none come forth. And they smote them with the edge of the sword. And the guard and the captains cast them out, and went to the city of the house of Baal.
26 ၂၆ ဗာလ ကျောင်း နှင့်ဆိုင်သော မြို့ သို့ သွား ၍ ဗာလ ကျောင်း ထဲကရုပ်တု များကို ထုတ် ပြီးလျှင် မီးရှို့ ကြ၏
And they brought forth the pillars that were in the house of Baal, and burned them.
27 ၂၇ ဗာလ ဆင်းတု ကို၎င်း၊ ကျောင်း ကို၎င်းဖြိုဖျက် ၍ ယနေ့ တိုင်အောင် ကိုယ် သုတ်သင်ရာ အိမ်ဖြစ် စေကြ ၏
And they broke down the pillar of Baal, and broke down the house of Baal, and made it an out-house to this day.
28 ၂၈ ထိုသို့ ယေဟု သည် ဗာလ ကိုဣရေလ ပြည်မှ ပယ်ရှား ဖျက်ဆီးလေ၏
Thus Jehu destroyed Baal out of Israel.
29 ၂၉ သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် တည်းဟူသော ၊ ဗေသလ မြို့နှင့် ဒန် မြို့မှာ ရှိသော ရွှေ နွားသငယ် တို့ကို မ စွန့်။
However from the sins of Jeroboam the son of Nebat, with which he made Israel to sin, Jehu did not depart from after them, namely, the golden calves that were in Bethel, and that were in Dan.
30 ၃၀ ထာဝရဘုရား ကလည်း ၊ သင်သည်ငါ့ ရှေ့ မှာ ဖြောင့် သောအကျင့်ကို ကျင့် ၍ ကောင်းမွန် စွာ ပြုသောကြောင့် ၎င်း၊ ငါ အလို ရှိသမျှ အတိုင်း အာဟပ် အမျိုး ၌ စီရင် သောကြောင့် ၎င်း၊ သင့် သား မြေးလေး ဆက် တိုင်အောင်ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည် ဟု ယေဟု အား မိန့် တော်မူသော်လည်း၊”
And Jehovah said to Jehu, Because thou have done well in executing that which is right in my eyes, and have done to the house of Ahab according to all that was in my heart, thy sons of the fourth generation shall sit on the throne of Israel.
31 ၃၁ ယေဟု သည် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား တရား တော်လမ်းသို့ စိတ် နှလုံးအကြွင်းမဲ့ လိုက် ခြင်းငှါ သတိ မ ပြု။ ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက် တို့ကို မ စွန့်။
But Jehu did not take heed to walk in the law of Jehovah, the God of Israel, with all his heart. He did not depart from the sins of Jeroboam, with which he made Israel to sin.
32 ၃၂ ထိုကာလ တွင် ၊ ထာဝရဘုရား သည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ် တော်မူ၏
In those days Jehovah began to cut off from Israel. And Hazael smote them in all the borders of Israel,
33 ၃၃ ဟာဇေလ သည် ယော်ဒန် မြစ်အရှေ့ ဘက်၊ ဂဒ် အမျိုး၊ ရုဗင် အမျိုး၊ မနာရှေ အမျိုးနေရာ၊ အာနုန် မြစ် နား ၌ရှိသော အာရော် မြို့မှစ၍ ဂိလဒ် ပြည် ၊ ဗာရှန် ပြည် တရှောက်လုံး အရပ်ရပ် တို့ကို လုပ်ကြံ လေ၏
from the Jordan eastward, all the land of Gilead, the Gadites, and the Reubenites, and the Manassites, from Aroer, which is by the valley of the Arnon, even Gilead and Bashan.
34 ၃၄ ယေဟု ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
Now the rest of the acts of Jehu, and all that he did, and all his might, are they not written in the book of the chronicles of the kings of Israel?
35 ၃၅ ယေဟုသည် ရှမာရိ မြို့၌ မင်း ပြု၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ် ရှစ် နှစ် စိုးစံ ပြီးမှ ၊ ဘိုးဘေး တို့နှင့် အိပ်ပျော်၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏
And Jehu slept with his fathers, and they buried him in Samaria. And Jehoahaz his son reigned in his stead.
36 ၃၆ သားတော် ယောခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင်၏
And the time that Jehu reigned over Israel in Samaria was twenty-eight years.